iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီး မ်ားအတြက္ မွန္ကန္သင့္ေတာ္တဲ့ သေႏၶတားနည္း တစ္ခုကို ေရြးခ်ယ္ရတာ အေတာ္ေလးခက္တဲ့ ကိစၥတစ္ရပ္ပါပဲ။ဘာလို႔လဲ ဆိုေတာ့ အိမ္ ေထာင္ျပဳျပီး သေႏၶတားေတာ့မယ္ဆိုရင္ ဆရာ၀န္နဲ႔ ေသေသ ခ်ာခ်ာ သြားေရာက္ေဆြးေႏြး အစစ္ေဆးခံသူ အေရအတြက္ဟာ အရမ္းနည္းျပီး လြယ္လြယ္ကူကူ ေဆးကတ္ပဲ ၀ယ္ေသာက္လိုက္သူေတြ၊ သူမ်ားထိုးလို႔ သံုးလေဆးပဲ ေျပးထိုးသူေတြ အေရအတြက္က သိသိသာသာ မ်ားေနၾကပါတယ္။

ဒီလိုလုပ္ရင္ အဆင္ေျပရင္ ေတာ္ေသးရဲ့။ အဆင္မေျပရင္ ေရရွည္မွာ က်န္းမာေရး လူမွဳေရး ျပႆနာ အမ်ိဳးမ်ိဳး ၾကံဳရတတ္ၾကတာ အားလံုး အသိပါပဲ။

အမ်ားဆံုး ၾကားရတဲ့ ျပႆနာေတြက ရာသီ ပံုမွန္မလာျခင္း၊ ေသြးဆင္းမ်ားျခင္း၊ နည္းျခင္း၊ အသားအေရ ညစ္ႏြမ္းျခင္း၊ အ၀လြန္လာျခင္း၊ ပိန္ေျခာက္သြားျခင္း စတာေတြ ျဖစ္တတ္ၾကပါတယ္။

ဘာေၾကာင့္ ဒီလိုျဖစ္ရသလဲ ဆိုေတာ့ မိမိနဲ႔ကိုက္ညီျပီး အက်ိဳးရွိတဲ့ သေႏၶတားနည္း ကို သိပၸံနည္း က်က် မေရြးခ်ယ္ပဲ ၾကံဳသလို အဆင္ေျပသလို လုပ္ၾကလို႔ပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီေဆာင္းပါးမွာ ယေန႔ေခတ္ အလြယ္တကူ ရရွိႏိုင္ျပီး အသံုးမ်ားတဲ့ သေႏၶတားနည္း မ်ားအေၾကာင္း ေသခ်ာရွင္းလင္းဖြင့္ဆို ေရးသားျပီး အားသာခ်က္ အားနည္းခ်က္မ်ား၊ မေရြးခ်ယ္သင့္တဲ့ အခ်က္မ်ားကို စုစည္း တင္ျပေပးလိုက္ပါတယ္။

သေႏၶတားနည္း အမ်ိဳးမ်ိဳးကို ေ၀ဖန္သံုးသပ္ တင္ျပျခင္း မျပဳခင္ မွန္ကန္စြာ သေႏၶတားျခင္း နဲ႔ ယေန႔ လူ႔အဖြဲ႔အစည္းမ်ားအေၾကာင္း အနည္းငယ္ ေဆြးေႏြးေဖာ္ျပလိုပါတယ္။

ယေန႔ ကမၻာၾကီးမွာ သားသမီး ဆိုတာ ရတနာပဲေလ ဆိုျပီး ရသေလာက္ ယူမယ္ ဆိုတာမ်ိဳးက မသင့္ေတာ္ေတာ့ဘူးလို႔ ထင္ျမင္လာၾကပါတယ္။ သီးျခား ဘ၀တစ္ခုစီကို ပိုင္ဆိုင္ ေလွ်ာက္လွမ္းရမယ့္ လြတ္လပ္ေသာ သက္ရွိလူသားမ်ားျဖစ္တဲ့ သားသမီးေတြကို ေလာကအလယ္မွာ လူတစ္လံုး သူတစ္လံုး တင့္တယ္ ၀င့္ထယ္ႏိုင္ေစဖို႔ အတြက္ ေျမေတာင္ေျမွာက္ေပးဖို႔ တာ၀န္ဟာ အတိုင္းအတာ တစ္ခုအထိ မိဘေတြမွာ ရွိပါတယ္။

ဒါေၾကာင့္ ေယဘုယ်သေဘာ ေျပာရရင္ သားသမီး မ်ားမ်ား ေမြးျခင္းဟာ ျပဳစုပ်ိဳးေထာင္ ထိန္းေက်ာင္း ႏိုင္စြမ္းဘက္မွာ အားနည္းေစဖို႔ ဦးတည္ သြားေနပါတယ္ဆိုရင္ စာရွဳသူမ်ား သေဘာတူမယ္ ထင္ပါတယ္။

ဒါ့အျပင္ ေနာက္ထပ္ဆိုးက်ိဳးေတြ အေနနဲ႔ မိသားစု စီးပြားေရး ထိခိုက္ျခင္း၊ မိခင္ က်န္းမာေရး ထိခိုက္ျခင္း၊ မိခင္ ဖခင္မ်ား အရြယ္လြန္ခ်ိန္တြင္ မေတာ္တဆ ကေလးရသြားပါက ဥာဏ္ရည္မမီ သို႔မဟုတ္ မ်ိဳးရိုးဗီဇဆိုင္ရာ error ပါတဲ့ ေ၀ဒနာရွင္ေလးေတြ (ဥပမာ ေရွးက မြန္ဂိုေရာဂါ ေခၚ ေဒါင္းေရာဂါ Down’s Syndrome) ေလးေတြ ေမြးလာႏိုင္ျခင္း၊ မိခင္ေသဆံုးႏွဳန္း (MMR) ျမင့္မားလာျခင္း စတဲ့ ေနာက္ကလိုက္ ကုစားေပးရခက္တဲ့ ဆိုးက်ိဳးေတြ အထိပါ ျဖစ္လာႏိုင္တာမို႔ မလိုလားအပ္တဲ့ သေႏၶေတြကိုတားဖို႔ လိုအပ္ပါတယ္။

ဒါေတြဟာ မိသားစု တစ္ခုခ်င္းစီကေနစလို႔ တိုင္းျပည္အတြက္ပါ ထိခိုက္ေစတဲ့ အႏုတ္လကၡဏာမ်ား ျဖစ္လို႔ ေခတ္မီတဲ့ အျမင္ရွိသူတိုင္းဟာ ယေန႔ေခတ္မွာ သားသမီး မ်ားျပားစြာ မယူတတ္ၾကေတာ့ပါဘူး။

ဒီေနရာမွာ ကမၻာ့ေနရာ ေဒသအလိုက္ ႏိုင္ငံအလိုက္ ကြာျခားခ်က္ေတြေတာ့ ရွိပါတယ္။ တရုတ္ႏိုင္ငံလို လူဦးေရ အဆမတန္ မ်ားေနျပီး လူဦးေရ တိုးႏွဳန္းလည္း ျမင့္မားတဲ့ ႏိုင္ငံေတြမွာ ရိုးရိုး သေႏၶတားနည္းေတာင္ မဟုတ္ေတာ့ဘဲ တစ္အိမ္ေထာင္ ကေလးဘယ္ႏွေယာက္ အတိအက်ပဲ ယူရမယ္၊ ပိုယူရင္ အေရးယူ ဒဏ္တပ္မယ္ ဆိုတဲ့ မိသားစုဦးေရအစီအစဥ္ (Family Planning) ေတာင္ လုပ္ေနရပါတယ္။

ဒါေပမဲ့ ဟန္ေဂရီ၊ ဂ်ပန္၊ ဥေရာပေျမာက္ပိုင္းႏိုင္ငံ အခ်ိဳ႕ေတြမွာက်ေတာ့ တိုင္းျပည္ရဲ့ အိမ္ေထာင္ျပဳႏွဳန္း ကေလးယူႏွဳန္းေတြ က်ဆင္းေနကာ သက္ၾကီးရြယ္အို ရာခိုင္ႏွဳန္းေတြ တက္လာလို႔ အစိုးရက ကေလးယူရင္ အားလပ္ရက္ရွည္စတဲ့ အခြင့္အလမ္း ေထာက္ပံ့ေၾကးေပးတာေတြ၊ လွံဳ႕ေဆာ္တာေတြ လုပ္ေနရတာမ်ိဳးေတြလည္း ဆန္႔က်င္ဖက္ အေနအထား အေနနဲ႔ ရွိေနပါတယ္။

ဒါေပမဲ့ ဒါေတြဟာ ႏိုင္ငံအနည္းစုပဲ ျဖစ္ျပီး စားနပ္ရိကၡာ၊ အလုပ္အကိုင္ စတာေတြ တန္ဖိုးၾကီးလာတဲ့ ယေန႔ေခတ္မွာ ကေလးေတြ အမ်ားၾကီးေမြးလို႔ ျဖစ္လာမယ့္ ဆုတ္ယုတ္ထိခိုက္မွဳ (Negative Impact) နဲ႔ တိုင္းျပည္အေပၚ လူမွဳေရး ၀န္ထုပ္၀န္ပိုး (Social Burden on The Nation) ျဖစ္ေစမွာ စိုးရိမ္မိတဲ့ ႏိုင္ငံ အေရအတြက္ကေတာ့ ပိုမ်ားေနတယ္လို႔ သိရပါတယ္။

အေၾကာင္းရင္းကလည္း ရွင္းေနပါတယ္။ အထက္မွာ ဆိုခဲ့တဲ့ ေကာင္းက်ိဳး ဆိုးျပစ္ေတြကို နားလည္ လိုက္နာႏိုင္တဲ့ လူဦးေရ ရာခိုင္ႏွဳန္း အမ်ားစုရွိတဲ့ ဖြံ႔ျဖိဳးျပီး ႏိုင္ငံမ်ား သို႔မဟုတ္ သူတို႔ကိုယ္ သူတို႔ ၀င့္ၾကြားျပီး ေခၚတဲ့ ပထမကမၻာႏိုင္ငံမ်ား (Developed Countries or First World Countries) ဟာ လူမွဳေရး ၀န္ထုပ္၀န္ပိုး (social burden) ေတြ အပိနည္းလို႔ တိုးတက္သထက္ ပိုတိုးတက္လာၾကသလို ဖြံ႔ျဖိဳးဆဲႏိုင္ငံမ်ား သို႔မဟုတ္ ဖြံ႔ျဖိဳးျပီးႏိုင္ငံမ်ားက ႏွိမ္ေခၚၾကတဲ့ တတိယကမၻာႏိုင္ငံမ်ား (Developing Countries or Third World Countries) ေတြက်ေတာ့ လူမွဳေရး က်န္းမာေရး ၀န္ထုပ္၀န္ပိုးေတြ ပိသထက္ပိျပီး သူတို႔ ႏွိမ္ေခၚထားသလိုမ်ိဳး တကယ္ပဲ “ကမၻာျခားခဲ့တာ မင္းနဲ႔ငါ” ျဖစ္သထက္ ျဖစ္လာျခင္းကို တားဆီးဖို႔ ဖြံ႔ျဖိဳးဆဲ ႏိုင္ငံမ်ား အေနနဲ႔ မ်ိဳးဆက္ပြား က်န္းမာေရး ဆိုင္ရာ အသိပညာ ျဖန္႔ေ၀ျခင္း (Reproductive Health Education) ကို မျဖစ္မေန လုပ္ေနၾကပါတယ္။

တစ္ခု ကံေကာင္းတာက ျမန္မာႏိုင္ငံ ဟာ စားနပ္ရိကၡာ၊ ေျမေနရာ အက်ယ္အ၀န္း၊ သဘာ၀သယံဇာတ စတဲ့ အခ်က္ေတြ ေပါမ်ားစြာ ရရွိႏိုင္ေသးတဲ့အတြက္ တရုတ္လို မိသားစုဦးေရ အစီအစဥ္ (Family Planning) လုပ္စရာ မလိုေသးဘဲ သားဆက္ျခားျခင္း (Birth Spacing) သာ လုပ္ဖို႔လိုတယ္ ဆိုတာပါပဲ။

အၾကမ္းဖ်ဥ္း ေျပာရရင္ သာမန္က်န္းမာေရးနဲ႔ မိခင္တစ္ေယာက္ဟာ ကေလးတစ္ေယာက္ နဲ႔ တစ္ေယာက္ အနည္းဆံုး ၂ ႏွစ္ေတာ့ျခားျပီး ေမြးသင့္ပါတယ္။

အေၾကာင္းရင္းက မိခင္ေလာင္းရဲ့ ကိုယ္ထဲမွာ သိုေလွာင္ထားတဲ့ သံဓာတ္ (Iron) ပမာဏဟာ ကေလးတစ္ေယာက္ ေမြးျပီးရင္ အေတာ္ေလး သံုးစြဲ ကုန္ခမ္းသြားျပီး ရာသီလာရင္လည္း လစဥ္ဆံုးရွံဳးမွဳ ရွိေနတာေၾကာင့္ ပံုမွန္ အာဟာရေကာင္းတဲ့ သူဆိုရင္ေတာင္ သံဓာတ္က ကေလးတစ္ခါေမြးျပီး တစ္ႏွစ္ခြဲ ႏွစ္ႏွစ္ေလာက္ ၾကာမွ ျပန္ျပည့္ႏိုင္တာကို ေတြ႔ရွိထားရပါတယ္။

သံဓာတ္ဟာ သေႏၶသားရဲ့ ဦးေႏွာက္ဥာဏ္ရည္ ဖြ႔ံျဖိဳးမွဳအတြက္ အေတာ္ေလး အေရးပါတဲ့ အခန္းက႑က ပါသလို ခႏၶာကိုယ္ ပံုမွန္ ၾကီးထြားေရးမွာလည္း မခ်ိဳ႕တဲ့ဖို႔ လိုအပ္တဲ့ သတၱဳဓာတ္ တစ္မ်ိဳးပါပဲ။ သားအိမ္ရဲ့ ကိုယ္၀န္ ေဆာင္ႏိုင္စြမ္း၊ ေမြးကင္းစ သို႔မဟုတ္ အခါလည္ ကေလးကို ကိုယ္ဖိရင္ဖိ ေစာင့္ေရွာက္ရန္လိုအပ္မွဳ၊ မိသားစု စီးပြားေရး စတဲ့ မ်ားျပားလွတဲ့ လိုအပ္ခ်က္ေတြကို ထည့္သြင္းတြက္ခ်က္ရမွာ ျဖစ္ပါတယ္။

ျခြင္းခ်က္အေနနဲ႔ သားဦးကို အသက္ၾကီးမွ စေမြးသူေတြ (က်န္းမာေရး အျမင္အရ အသက္ ၃၅ ႏွစ္နဲ႔ အထက္မွာ သားဦးေမြးတာကို ဆိုလိုပါတယ္) လိုမ်ိဳး ေနာက္ကေလး အခ်ိန္မီယူမွ ရမယ့္သူေတြကေတာ့ ဆရာ၀န္နဲ႔ တိုင္ပင္ျပီး ေသခ်ာ ဂရုတစိုက္လုပ္ျပီး ယူသင့္ပါတယ္။

ဒါေတြအားလံုးကေတာ့ သားဆက္ျခားျခင္းဟာ ယေန႔ေခတ္မွာ မျဖစ္မေန လိုအပ္လာတဲ့ အေၾကာင္း တင္ျပေဆြးေႏြးေပးခဲ့တာ ျဖစ္ပါတယ္။ စာေရးသူ အခ်ဳပ္သေဘာ ဆိုလိုခ်င္တာက အမ်ိဳးသမီး အမ်ားစုဟာ ဘ၀မွာ အိမ္ေထာင္ျပဳၾကမွာ ျဖစ္ျပီး အားလံုးနီးပါးကလည္း သားဆက္ျခားဖို႔ သေႏၶတားနည္း တစ္မ်ိဳးမ်ိဳး မျဖစ္မေန သံုးစြဲၾကရမွာပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ အမ်ိဳးသမီး တစ္ဦးခ်င္းစီရဲ့ က်န္းမာေရးအတြက္ သေႏၶတားနည္းကို တတ္ႏိုင္သမွ် မိမိဘာသာ မွန္မွန္ကန္ကန္ စဥ္းစား ေရြးခ်ယ္သံုးစြဲႏိုင္ဖို႔ ရည္ရြယ္ကာ အေထာက္အကူျပဳ အခ်က္မ်ားကို တင္ျပေပးလိုက္ပါတယ္။

အေၾကာင္းေၾကာင္းေၾကာင့္ ဆရာ၀န္နဲ႔ ျပသတိုင္ပင္ ေဆြးေႏြးျခင္း မလုပ္ႏိုင္ေသးသူေတြ၊ အရမ္းေ၀းလံေခါင္ဖ်ားတဲ့ ေနရာ တစ္ခုခုမွာ ေရာက္ေနျပီး ေဆးထိုးတာေတာင္ က်န္းမာေရးမွဴးနဲ႔ ထိုးေနရသူေတြ၊ အိမ္ေထာင္ျပဳေတာ့မယ့္ ခ်စ္သူစံုတြဲေတြ၊ လက္ရွိ သေႏၶတားနည္းနဲ႔ အဆင္မေျပလို႔ ေျပာင္းသံုးခ်င္ေနတဲ့ သူေတြအတြက္ အတိုင္းအတာ တစ္ခုအထိ အဆင္ေျပ အသံုး၀င္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

(၁) လစဥ္ပံုမွန္ေသာက္ ေဆးကတ္မ်ား

ေဆးကတ္လို႔ အမ်ားသိၾကတဲ့ သေႏၶတား ေသာက္ေဆးမ်ားဟာ တစ္လစာခန္႔ အလံုးေရ ၂၈ လံုး ပတ္၀န္းက်င္ ပါရွိၾကျပီး ရာသီလာျပီး ေနာက္ေန႔ကစလို႔ တစ္ေန႔ တစ္လံုး အခ်ိန္မွန္မွန္ ေသာက္ရမွာ ျဖစ္ပါတယ္။

ေဆးဆိုင္တိုင္းမွာ လြယ္လင့္တကူ ေစ်းသက္သာစြာ ၀ယ္ယူႏိုင္တဲ့ အမ်ိဳးအစားပါပဲ။ ဒီေဆးလံုးေလးေတြ ထဲမွာ မ မ်ိဳးပြားေဟာ္မုန္း ႏွစ္ခုျဖစ္တဲ့ ပရိုဂ်က္စတီရုန္း (Progesterone) နဲ႔ အီစထရိုဂ်င္ (Estrogen) တို႔ကို ထည့္သြင္းထားတာ ျဖစ္ပါတယ္။

အရြယ္ေရာက္ျပီး အမ်ိဳးသမီးေတြရဲ့ ဓမၼတာ စက္၀န္း အစရက္ပိုင္းမွာ (အစဆိုသည္မွာ ရာသီလာျခင္းအဆံုး၏ ေနာက္ရက္ကို ဆိုလိုသည္) ေသြးတြင္း အီစထရိုဂ်င္ ပမာဏ ျမင့္တက္လာျပီး သားအိမ္ရဲ့ အတြင္း နံရံေတြဟာ ထူလာျပီး ကိုယ္၀န္ေဆာင္ဖို႔ အဆင္သင့္ ျပင္ဆင္ျခင္းကို ျဖစ္ေစပါတယ္။

ရာသီလာျပီး လံုး၀ျပီးသြားတဲ့ ရက္ကေန စတြက္ရင္ ၁၃ ရက္ ေျမာက္ေန႔ကေန ၁၅ ရက္ေျမာက္ေန႔ (၁၄±၁ ရက္) ေလာက္ ၾကားထဲမွာ အီစထရိုဂ်င္ ပမာဏ အျမင့္မားဆံုး ေရာက္ရွိျပီး သားဥေၾကြျခင္း (Ovulation) ျဖစ္ပြားပါတယ္။

(ဒါေပမဲ့ အမ်ိဳးသမီးတစ္ေယာက္နဲ႔ တစ္ေယာက္ ရာသီစက္၀န္းအလ်ား ရက္ပမာဏ မတူၾကသလို (၂၈ ရက္မွ ၃၂ ရက္အထိ ကြဲျပားႏိုင္သည္) စိတ္ပိုင္းဆိုင္ရာ အေနအထားေတြကလည္း သားဥေၾကြျခင္းကို လႊမ္းမိုးလို႔ အမ်ိဳးသမီး တစ္ေယာက္တည္းမွာေတာင္ တစ္လနဲ႔ တစ္လ အဲဒီရက္ မတူၾကလို႔ ရာသီလာရက္ မမွန္တဲ့သူေတြမွာ ရက္ေရွာင္တဲ့နည္းဟာ သံုးဖို႔မလြယ္တဲ့ သေဘာရွိပါတယ္။

မွန္တဲ့ သူေတြမွာေတာ့ အၾကမ္းဖ်ဥ္း မလာခင္ တစ္ပတ္ လာျပီးတစ္ပတ္ safe ျဖစ္တယ္လို႔ ဆိုႏိုင္ပါတယ္။ ဒါေပမဲ့ ဒီနည္းရဲ့ အားနည္းခ်က္က အလယ္ရက္ေတြမွာ ကြန္ဒံုးသံုးရျခင္း၊ ရက္တြက္မွားလွ်င္ သို႔မဟုတ္ ဓမၼတာစက္၀န္း မူမမွန္ျဖစ္ခဲ့လွ်င္ အခန္႔မသင့္ ကေလးရသြားနိုင္တဲ့ ျဖစ္ႏိုင္ေခ် မ်ားတာပဲ ျဖစ္ပါတယ္။

ဂ်ာမန္ မ်ိဳးဆက္ပြား က်န္းမာေရးေဗဒ ပညာရွင္မ်ားရဲ့ ေလ့လာေတြ႔ရွိခ်က္ တစ္ခုအရ အခ်ိဳ႕ေသာ အမ်ိဳးသမီးေတြဟာ အထြတ္အထိပ္ စိတ္ေက်နပ္မွဳ Orgasm အရမ္းျမင့္မားစြာ ရရွိသြားရင္ သူ႔ရက္ မဟုတ္ေပမယ့္လည္း သားဥက တူတူေနျပီး နာရီပိုင္းအတြင္း ေၾကြတတ္လို႔ ထူးထူးျခားျခား ကိုယ္၀န္ ရသြားတတ္ၾကတာမ်ိဳးလည္း ရွိပါသတဲ့။ ရွားေတာ့ရွားပါတယ္)

အထက္မွာ ဆိုခဲ့တာကို ျပန္ဆက္ပါ့မယ္။ သားဥေၾကြျခင္း ျဖစ္ျပီးတာနဲ႔ ပရိုဂ်က္စတီရုန္း ပမာဏက စတင္ ျမင့္မားလာပါတယ္။ ပရိုဂ်က္စတီရုန္းကေန သားအိမ္ေပၚမွာ ဖန္တီးေပးလိုက္တဲ့ အေနအထားေၾကာင့္ သားဥေၾကြတဲ့ ရက္ကေန ေနာက္ထပ္ ၇ ရက္ေလာက္အထိ ကိုယ္၀န္ရႏိုင္စြမ္း ရွိေနေစပါတယ္။

သေႏၶေအာင္ျခင္းသာ ျဖစ္ပြားျဖစ္ခဲ့မယ္ ဆိုရင္ ပရိုဂ်က္စတီရုန္းက ဖန္တီးျပင္ဆင္ေပးထားတဲ့ သားအိမ္နံရံမွာ သေႏၶသားရဲ့ အစျဖစ္တဲ့ သေႏၶေအာင္ဥေလးဟာ တြယ္ကပ္ျပီး ကိုယ္၀န္အျဖစ္ ဆက္လက္ ၾကီးထြားသြားမွာ ျဖစ္ပါတယ္။

အဲလို ၾကီးထြားလာမယ့္ သက္ရွိေလးကို ေကြ်းေမြးေစာင့္ေရွာက္ဖို႔ ေသြးေၾကာ အသစ္ေတြ၊ တစ္သွ်ဴးအသစ္ေတြ အမ်ားၾကီး သားအိမ္ထဲမွာ လစဥ္ ျဖစ္ေပၚျမဲ ျဖစ္ပါတယ္။ အထူးဧည့္သည္ တစ္ေယာက္အတြက္ အခ်ိန္မွန္ ျပင္ဆင္ထားတဲ့ အိမ္တစ္လံုးလိုပဲေပါ့။ ဒါေပမဲ့ သူတို႔ေမွ်ာ္လင့္ထားတဲ့ ဧည့္သည္ဟာ အခ်ိန္မီ ေရာက္မလာဘူး ဆိုရင္ မ မ်ိဳးပြားေဟာ္မုန္း ႏွစ္ခုစလံုးရဲ့ ပမာဏဟာ ေလ်ာ့နည္း က်ဆင္းသြားျပီး အခုနက ေျပာခဲ့တဲ့ ေသြးေၾကာ အသစ္ေတြ တစ္သွ်ဴးအသစ္ေတြ အားလံုး ျပန္လည္ ေၾကြက်ကုန္ကာ ေသြး အျဖစ္ ျပန္လည္ ဆင္းသက္လာျခင္းကို ရာသီလာျခင္းလို႔ ေခၚတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ သေႏၶတား ေဆးကတ္ေတြ အားလံုးရဲ့ အာနိသင္ သေဘာက အီစထရိုဂ်င္ေကာ ပရိုဂ်က္စတီရုန္း ေဟာ္မုန္းႏွစ္မ်ိဳး စလံုးရဲ့ ပမာဏဏကို သိသိသာသာ ၀ုန္းကနဲ ထိုးတက္တာမ်ိဳး မျဖစ္ေအာင္ ကိန္းေသပမာဏ (Constant Level) မွာ ထိန္းထားျပီး သားဥေၾကြျခင္းကို မျဖစ္ေအာင္လုပ္ျပီး သေႏၶတားေပးတာ ျဖစ္ပါတယ္။

တားေဆးႏွစ္မ်ိဳး ရွိပါတယ္။ ပရိုဂ်က္စတီရုန္းနဲ႔ ဆင္တူတဲ့ ပရိုဂ်က္စတင္ သီးသန္႔ပါတဲ့ေဆးကတ္ (Progestin-only Pills) နဲ႔ အီစထရိုဂ်င္ေရာ ပရိုဂ်က္စတင္ေကာ ပါ၀င္တဲ့ ေပါင္းစပ္ေဆးကတ္ (Combination Pills) ဆိုျပီး ႏွစ္မ်ိဳးပါ။ ပံုမွန္ ေဆးဆိုင္ေတြမွာ လူတိုင္း ၀ယ္ေသာက္ေနၾကတာ လူသံုးပိုမ်ားတာက ေပါင္းစပ္ေဆးကတ္ေတြပဲ ျဖစ္ပါတယ္။

ေပါင္းစပ္ေဆးကတ္

ေပါင္းစပ္ေဆးကတ္ေတြကေတာ့ ထုပ္ပိုးပံု၊ ပါ၀င္ပံု နည္းစနစ္ေတြကို လိုက္ျပီး ေဆးတစ္လံုးစီကို ပမာဏ တူတူပါတဲ့ monophasic နဲ႔ ဓမၼတာစက္၀န္းရဲ့ အေနအထားကို လိုက္ျပီး တြက္ထည့္ထားတဲ့ multiphasic ဆိုျပီး ႏွစ္မ်ိဳး ရွိပါတယ္။ Monophasic အမ်ိဳးအစားကို ပိုအသံုးမ်ားၾကတယ္လို႔ သိရပါတယ္။ ၂၈ လံုး၊ ၂၁ လံုး၊ မ်ိဳးဆက္သစ္ ေဆးကတ္ေတြမွာဆို ၂၄ လံုး စသျဖင့္ အမ်ိဳးမ်ိဳး ေစ်းကြက္ထဲမွာ ရႏိုင္ပါတယ္။ ၃ လစာ ၈၄ လံုး ပါတဲ့ ကတ္မ်ိဳးလည္း ရွိပါတယ္။ ဒီေဆးက်ေတာ့ ၃ လမွ တစ္ခါသာ ရာသီလာေစမွာ ျဖစ္ပါတယ္။

အားသာခ်က္မ်ား

ရာသီေသြး မွန္မွန္ လာေစလို႔ အသားအေရ ညွိဳးႏြမ္းေျခာက္ေသြ႔တဲ့ ျပႆနာ မၾကံဳရပါဘူး။ ရက္လဲ တိတိက်က် ျဖစ္ေစျပီး ေဆးကတ္ကုန္ခ်ိန္မွာ လာလို႔ အဆင္ေျပပါတယ္။ ရာသီလာရင္ ကိုက္တဲ့ခဲတဲ့ ဒဏ္ေတြလည္း အေတာ္ေလး နည္းသြားပါတယ္။ ကာလလဲ တိုသြားလို႔ ေနရထိုင္ရတာ ပိုအဆင္ေျပ လာပါတယ္။

တစ္ခ်ိဳ႕ အမ်ိဳးသမီးေတြ အပ်ိဳစင္ေပမယ့္ ဒီလို ေ၀ဒနာမ်ိဳး အရမ္းဆိုးရင္ တားေဆးကတ္ေတြနဲ႔ မီးယပ္အထူးကုမ်ားက ကုသတတ္ၾကတာ ဒါေၾကာင့္ ျဖစ္ပါတယ္။

အထူးအားသာခ်က္ တစ္ရပ္အေနနဲ႔ကေတာ့ မိသားစု မ်ိဳးရိုးမွာ သားအိမ္ကင္ဆာ၊ သားဥအိမ္ကင္ဆာ ရွိခဲ့ၾကဖူးသူေတြ ေသာက္ရင္ ဒါေတြ ကာကြယ္ျပီးသား ျဖစ္ေစတယ္ ဆိုတဲ့ အခ်က္ပါပဲ။

ပံုမွန္ လာေနက်ထက္ ေသြးဆံုးရွံဳးမွဳ နည္းသြားေစလို႔ သံဓာတ္ခ်ိဳ႕တဲ့ ေသြးအားနည္းျခင္းကိုပါ အနည္းငယ္ ကာကြယ္ေပးႏိုင္ပါတယ္။ နည္းသြားတယ္ ဆိုျပီး စိုးရိမ္စရာ မလိုပါဘူး။ ေနရာလြဲျပီး သေႏၶတည္ျခင္း အႏၱရာယ္ကို အတိုင္းအတာ တစ္ခုအထိ ကာကြယ္ေပးႏိုင္ပါတယ္။ ၀က္ျခံ ထြက္ျခင္းကို ကာကြယ္ေပးပါတယ္။ ေသြးဆံုးျပီးေနာက္ ေပါင္ထိပ္ရိုး က်ိဳးျခင္း ျဖစ္တန္စြမ္းေတြ က်ဆင္းေစပါတယ္။

အားနည္းခ်က္မ်ား

ပ်ိဳ႕ခ်င္ အန္ခ်င္တာေတြ ေခါင္းကိုက္တာေတြ ခံစားရတတ္ပါတယ္။ ေမ့တတ္ရင္၊ ရာသီလာျပီးျပီးခ်င္း ေန႔မွာ စမေသာက္ျဖစ္ရင္ ျပႆနာရွိႏိုင္ပါတယ္။ (ေမ့သြားခဲ့ရင္ အလြယ္ကူဆံုး စိတ္အခ်ရဆံုး နည္းလမ္းက ၁၄ ရက္ ကြန္ဒံုး အကာအကြယ္ယူျပီး ကတ္အသစ္ျပန္စ ေသာက္တာပါပဲ)

ေခါင္းတစ္ျခမ္းကိုက္ေရာဂါ၊ အတက္ေရာဂါ၊ အေၾကာင္းရင္းမရွိဘဲ ခဏခဏ ေသြးဆင္းတတ္ သူေတြ၊ ေသြးတိုးေရာဂါ၊ ေျခသလံုး ေသြးေၾကာပိတ္ေရာဂါ၊ အ၀လြန္ေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ ေက်ာက္ကပ္နဲ႔ ေက်ာက္ကပ္ အထက္က အက္ဒရီနယ္ဂလင္း ေရာဂါ ရွိသူေတြနဲ႔ မသင့္ေတာ္သလို တီဘီေရာဂါ ရွိလို႔ ေဆးေသာက္ေနရသူေတြ အသည္းေရာဂါ တစ္ခုခု ရွိသူေတြ ေလဖ်န္းဖူးသူေတြ ဟာလည္း လံုး၀မေသာက္သင့္ပါဘူး။

အထက္မွာ ေျပာခဲ့တဲ့ ကင္ဆာေတြကို ကာကြယ္တယ္ ဆိုေပမယ့္ ရင္သားကင္ဆာ ျဖစ္ႏိုင္ေျခက်ေတာ့ ျမင့္လာေစတယ္လို႔ က်န္းမာေရး ပညာရွင္မ်ားက အခိုင္အမာ ယူဆထားျပီး ေလ့လာခ်က္မ်ား ျပဳလုပ္ဆဲပါ။

ဒါ့အျပင္ ေဆးလိပ္ေသာက္သူ၊ အသက္ ၃၅ ႏွစ္ေက်ာ္ျပီးသူ၊ ကေလးႏို႔တိုက္ေန သူမ်ား၊ ရင္သားအက်ိတ္ ျဖစ္ဖူးသူ၊ ေသြးခဲေရာဂါ ရွိသူမ်ားလည္း မေသာက္သင့္ပါ။ ၀လာတယ္ လို႔ ေျပာၾကသူေတြ မ်ားသလို ပိန္သြားတယ္ လို႔ ေျပာၾကသူေတြလည္း ေတြ႔ရပါတယ္။

ေနာက္ျပီး ေဆးေသာက္တဲ့ အခ်ိန္ မွန္ဖို႔လိုပါတယ္။ ဥပမာ ညဆို ညပဲ ဆက္တိုက္၊ မနက္ဆို မနက္ပဲ ဆက္တိုက္ ေသာက္ရပါတယ္။ ေသြးစက္ကေလးေတြ ခဏခဏ ဆင္းတတ္လို႔ အသြားအလာမွာေတာ့ အေႏွာင့္အယွက္ အနည္းငယ္ ျဖစ္တတ္ပါတယ္။

အခ်ိဳ႕လူေတြမွာ ေယာက်္ားနဲ႔ အတူေနလိုစိတ္ က်ဆင္းေစပါတယ္။ စိတ္အေျပာင္းအလဲေတြ ခံစားရတတ္ပါတယ္။ ရင္သားေတြ တင္းျပီး နာျခင္း၊ မ်က္ကပ္မွန္ သံုးသူမ်ား အရင္လို အဆင္မေျပ ျဖစ္ျခင္း စတာေတြ ျဖစ္တတ္တယ္လို႔ ေလ့လာ ေတြ႔ရွိထားရပါတယ္။

သင့္ေတာ္သူမ်ား

တီဘီေဆး ေသာက္ေနရသူ မဟုတ္သူမ်ား၊ အသည္းေရာဂါ တစ္ခုခု၊ ေသြးေၾကာပိတ္ေရာဂါ၊ ေသြးတိုးေရာဂါ မရွိသူမ်ား၊ သားအိမ္ကင္ဆာ၊ သားဥအိမ္ကင္ဆာ မ်ိဳးရိုးရွိသူမ်ား၊ ၃ လထိုးေဆးႏွင့္ အဆင္မေျပသူမ်ား၊ အထက္ပါ ျပႆနာမ်ား မရွိေသာ ေထြေထြထူးထူး က်န္းမာေရး ျပႆနာ မရွိေသာ ငယ္ရြယ္သူမ်ား

ပရိုဂ်က္စတင္ သီးသန္႔ပါေသာ ေဆးကတ္

Progestin-only pills ေတြမွာ အာနိသင္ သံုးပိုင္းပါပါတယ္။ ပထမတစ္ခု အေနနဲ႔ ခႏၶာကိုယ္ကို ကိုယ္၀န္ရွိေနသေယာင္ သိမွတ္ေစျပီး သားဥေၾကြျခင္းကို တားဆီးထားပါတယ္။ ဒုတိယ အေနနဲ႔ သားအိမ္ကို သေႏၶမတြယ္ႏိုင္ေအာင္ အေနအထား ျပဳျပင္လိုက္ပါတယ္။ ေနာက္ဆံုး တစ္ခု အေနနဲ႔ မအဂၤါလမ္းေၾကာင္းနဲ႔ သားအိမ္ၾကား ၀င္ေပါက္ကို အဖိုမ်ိဳးပြားဆဲလ္ (Sperm) သုက္ေကာင္ေတြ မ၀င္ေရာက္ႏိုင္ေအာင္ အက်ိအခၽြဲေတြ ထူထပ္ပိတ္ဆို႔ေစပါတယ္။

အားသာခ်က္မ်ား

ေခါင္းတစ္ျခမ္းကိုက္၊ ေသြးတိုး၊ ႏွလံုး၊ ႏွလံုးေသြးေၾကာပိတ္ေရာဂါ ရွိသူမ်ားအတြက္ ဆရာ၀န္မ်ားမွ ညႊန္ၾကားေပးေလ့ရွိပါတယ္။ ေဆးလိပ္စြဲေနသူ၊ အသက္ ၃၅ ႏွစ္ေက်ာ္သူ၊ အ၀လြန္သူ အမ်ိဳးသမီးမ်ား ဆရာ၀န္ညႊန္ၾကားရင္ ေရြးခ်ယ္သင့္ပါတယ္။ ႏို႔တိုက္မိခင္မ်ား အတြက္လည္း သင့္ေတာ္ပါတယ္။

အားနည္းခ်က္မ်ား

ပံုမွန္မဟုတ္တဲ့အစက္ေလးေတြ ဆင္းတာတို႔ ေပၚလိုက္ ေပ်ာက္လိုက္ ျဖစ္တာ တို႔ အခ်ိဳ႕အမ်ိဳးသမီးေတြမွာ ျဖစ္တတ္ပါတယ္။ အခ်ိဳ႕က်ေတာ့ စားခ်င္ေသာက္ခ်င္ စိတ္ တခ်ိန္လံုး ေပၚေန ဗိုက္ခဏခဏ ဆာလို႔ အ၀လြန္လာတတ္ပါတယ္။ ပိန္သြားတတ္သူေတြလဲ ေတြ႔ရပါတယ္။ ေဆးေသာက္ခ်ိန္ တိက်ဖို႔ အထူးသျဖင့္ လိုအပ္ပါတယ္။ ၃ နာရီထက္ ပိုျပီး ေစာတာ ေနာက္က်တာ ျဖစ္လို႔ မရပါဘူး။ ျဖစ္ခဲ့ရင္ ၂ ရက္တိတိ အမ်ိဳးသား က ကြန္ဒံုး သံုးေပးဖို႔ လိုသြားပါတယ္။ ရင္သားကင္ဆာ နဲ႔ ဆက္စပ္မွဳ ခိုင္ခိုင္မာမာ ရွိတယ္လို႔ မေတြ႔ရေသးေပမယ့္ ရင္သားအလံုးအက်ိတ္ ေရာဂါရွိျပီးသူေတြေတာ့ လံုး၀ မေသာက္သင့္ပါဘူး။ စိတ္ဓာတ္ က်လြယ္ျဖစ္တတ္ပါတယ္။ ၀က္ျခံကို မကာကြယ္ႏိုင္ပါ။ ဒီေဆးေသာက္ေနတုန္း ကိုယ္၀န္ရသြားတာ ဆိုရင္ ေနရာမွားျပီး သေႏၶတည္တာ ျဖစ္ဖို႔ ပံုမွန္ထက္ နီးစပ္ပါတယ္။

အထူးသတိျပဳရန္

ေဆးကတ္ႏွစ္မ်ိဳးလံုး အခ်ိန္မွန္ ေသာက္ႏိုင္ရင္ အေကာင္းဆံုး ပါပဲ။ ေနာက္ျပီး ေဆးေသာက္ရင္ လက္ဖက္ရည္၊ ေရေႏြးၾကမ္း၊ ေကာ္ဖီတို႔နဲ႔ လံုး၀ မေသာက္ပါနဲ႔။ ပိုးသတ္ေဆးေခၚ ပဋိဇီ၀ေဆးေတြနဲ႔ ေရာမေသာက္ဘဲ အနည္းဆံုး ၂ နာရီ ျခားေသာက္ပါ။ ေဆးေသာက္ေနရင္းနဲ႔ ကိုယ္၀န္ ရသြားတတ္တာ ဒါမ်ိဳးေတြ မသိဘဲ လြဲလို႔ ျဖစ္ပါတယ္။

(၂) ထိုးေဆးမ်ား

အသံုးမ်ားျပီး အစြမ္းထက္တဲ့ နည္းတစ္နည္းကေတာ့ ထိုးေဆးနည္းပါပဲ။ သူကလည္း ေသာက္ေဆးေတြလိုပဲ ေဟာ္မုန္းေတြ ပါ၀င္တဲ့ ထိုးေဆးေတြပါပဲ။ လက္ရွိ အသံုးျပဳေနၾကတဲ့ ေဆး ၃ မ်ိဳး ရွိျပီး ဒီပိုလို႔ အရပ္ေခၚ ေခၚၾကတဲ့ Depo-Provera ထိုးေဆးကေတာ့ အသံုးအမ်ားဆံုး ထိုးေဆးျဖစ္ပါတယ္။ သူဟာလည္း ေသာက္ေဆးထဲက ဒုတိယအမ်ိဳးအစားလို ပရိုဂ်က္စတင္ သီးသန္႔ အမ်ိဳးအစား ျဖစ္ပါတယ္။ ၁၂ ပတ္ (သံုးလ)ေဆး၊ ၈ ပတ္ (ႏွစ္လ)ေဆး ဆိုျပီး ႏွစ္မ်ိဳး ရွိပါတယ္။ အီစထရိုဂ်င္နဲ႔ ေပါင္းစပ္ထားတဲ့ ပထမေသာက္ေဆးနဲ႔ ဆင္တူတဲ့ ထိုးေဆး ကေတာ့ တစ္လထိုးေဆးလို႔ လူသိမ်ားပါတယ္။ အာနိသင္ ရက္ ၃၀ ရွိပါတယ္။ ဒီပိုလို ရာသီမလာတဲ့ အျဖစ္မ်ိဳး မရွိဘဲ လစဥ္ ပံုမွန္လာေစပါတယ္။ အာနိသင္ကေတာ့ ေဆးကတ္နဲ႔ တူတူပါပဲ။

၃ လေဆး၊ ၂ လေဆးမ်ား၏ အားသာခ်က္မ်ား

ေန႔စဥ္ ဂရုတစိုက္ ေသာက္ရန္ မလိုသျဖင့္ အလုပ္မ်ားသူ၊ ေမ့တတ္သူမ်ား အတြက္ အထူးသင့္ေတာ္ပါတယ္။ စထိုးျပီးတဲ့ ရက္ကစလို႔ တူတူေနႏိုင္ျပီ ျဖစ္ပါတယ္။ ပရိုဂ်က္စတင္ သီးသန္႔ေဆးကတ္နဲ႔ က်န္တာေတြ တူပါတယ္။ ရင္သားကင္ဆာအတြက္ အႏၱရာယ္နည္းတယ္လို႔ သိရပါတယ္။

အားနည္းခ်က္မ်ား

ေဆးထိုးရက္ လံုး၀ ေနာက္က်လို႔ မရပါ။ ေသြးေပၚရက္ ၾကာတာေတြ၊ အဆင္းမ်ားတာေတြ ျဖစ္တတ္ပါတယ္။ ေခါင္းကိုက္တတ္ပါတယ္။ ေလးလံ ငိုက္ျမည္းတတ္ပါတယ္။ တခါတေလ ႏံုးသလို ခံစားရတတ္ပါတယ္။ ၀ လာတတ္ပါတယ္။ ကေလးလိုခ်င္လို႔ ရပ္လိုက္ရင္ ခ်က္ခ်င္းျပန္မရတတ္ဘဲ လအနည္းငယ္ကေန တစ္ႏွစ္ေလာက္အထိ ျပန္ေစာင့္ရတတ္ပါတယ္။

၁ လေဆး၏ အားသာခ်က္ႏွင့္ အားနည္းခ်က္မ်ား

ရာသီ မွန္မွန္ လာေစျပီး ေပါင္းစပ္ေဆးကတ္နဲ႔ က်န္တဲ့ ေကာင္းက်ိဳးေတြ တူပါတယ္။ အားနည္းခ်က္အေနနဲ႔ ရက္အတိအက်မွာ ထိုးဖို႔ လိုသလို ေသြးတိုး၊ ေသြးေၾကာပိတ္ ေရာဂါရွိသူ၊ က်န္းမာေရး မေကာင္းသူမ်ားအတြက္ အဆင္မေျပဘူး၊ ၃ လေဆးေလာက္ စိတ္မခ်ရဘူးလို႔ လက္ေတြ႔သံုးစြဲေနသူ ေဆးေလာကသား အခ်ိဳ႕က ေျပာၾကပါတယ္။ ဒီပို ထိုးေဆးနဲ႔လည္း ဆိုးက်ိဳးေ၀ဒနာ အခ်ိဳ႕ တူပါတယ္။

(၃) IUD ေခၚ သားအိမ္တြင္းထည့္ သေႏၶတားပစၥည္း

အရင္တုန္းက Intra-Utrine Contraceptive Device (IUCD) လို႔ ေခၚတဲ့ IUD ေခၚ ပစၥည္းေတြဟာ ယေန႔ေခတ္မွာ အထူး ေခတ္စားလာပါတယ္။ ဂ်ာနယ္စာမ်က္ႏွာေတြ ေပၚမွာလည္း ခဏခဏ ေတြ႔ေနရလို႔ အက်ယ္ျဖန္႔ မေရးေတာ့ပါဘူး။ ေနာက္ျပီး IUD က ရိုးရိုးနဲ႔ ေဟာ္မုန္းထုတ္ေပးတဲ့ IUD ဆိုျပီး ႏွစ္မ်ိဳး ရွိေပမယ့္ ျမန္မာႏိုင္ငံမွာ ရိုးရိုးIUD ပဲ တြင္က်ယ္ေနတာမို႔ ရိုးရိုးIUD အေၾကာင္းပဲ ေဆြးေႏြးသြားပါ့မယ္။

အားသာခ်က္မ်ား

ထည့္သြင္းခ်ိန္ ၅ မိနစ္မွ ၁၅ မိနစ္အထိပဲ ၾကာပါတယ္။ ေစ်းလဲ မမ်ားလွသလို ပစၥည္း အမ်ိဳးအစားအလိုက္ ၃ ႏွစ္ ကေန ၅ ႏွစ္ေလာက္ ခံတဲ့ အတြက္ ေငြကုန္ေၾကးက် သက္သာပါတယ္။ ထိုးေဆး၊ စားေဆး မ်ားလို ေဟာ္မုန္းမ်ား၏ ေဘးထြက္ဆိုးက်ိဳးမ်ား ဘာမွ မရွိပါ။ ထည့္ျပီးျပီးခ်င္းကို သေႏၶတားျပီးသား ျဖစ္သြားပါတယ္။ အမ်ိဳးသားနဲ႔ တူတူေနရာမွာလည္း ေထြေထြထူးထူး အေႏွာင့္အယွက္ မရွိပါဘူး။ အခ်ိန္မေရြး ထည့္သြင္းႏိုင္ ျပန္ထုတ္ႏိုင္ပါတယ္။ ေသာက္ေဆးလို ေန႔စဥ္၊ ထိုးေဆးလို လစဥ္ အာရံုစိုက္စရာ ဘာမွ မရွိပါဘူး။ အိမ္ေထာင္ေစာေစာက်ျပီး ကေလးလည္း မ်ားမ်ား ေမြးျပီးေနာက္ အရြယ္ေကာင္းေသးသူေတြ၊ ကင္ဆာမ်ိဳးရိုး ရွိသူေတြ၊ အ၀လြန္မွာ ေၾကာက္သူေတြ ေရြးသင့္ပါတယ္။

အားနည္းခ်က္မ်ား

ေမြးလမ္းေၾကာင္းကေန သားအိမ္ထဲကို ထည့္သြင္းရတဲ့ နည္းလမ္း မို႔ မဂၤလာဦးမွာ ပထမဆံုး သံုးဖို႔ အဆင္မေျပပါဘူး။ ထည့္ျပီးျပီးခ်င္း ကသိကေအာက္ နာသလိုလို ရက္ပိုင္းေလာက္ေတာ့ တခ်ိဳ႕လူေတြ ခံစားရတတ္ပါတယ္။ ေၾကးစား လိင္ေဖ်ာ္ေျဖေရး လုပ္သူမ်ား၊ အေဖာ္အဖက္ မ်ားသူမ်ား မသင့္ေတာ္ပါဘူး။ ယားယံ ေရာင္ယမ္းျခင္း အျဖဴဆင္းျခင္းမ်ား ခဏခဏ ျဖစ္တတ္သူမ်ား ဆရာ၀န္နဲ႔ ေပ်ာက္ေအာင္ကုျပီးမွ ထည့္ရပါမယ္။

ဒီပစၥည္းဟာ ကိုယ္၀န္ ကိုသာ တားႏိုင္ျပီး လိင္မွတစ္ဆင့္ ကူးစက္တတ္ေသာ ေရာဂါမ်ားကို လံုး၀ မကာကြယ္ႏိုင္ဘူး၊ ပိုေတာင္ ဆိုးေစတယ္၊ ဒီေရာဂါေတြ ျဖစ္လာရင္ ခ်က္ခ်င္း ထုတ္ပစ္ရမယ္ဆိုတာ သတိခ်ပ္ရပါမယ္။

ေနာက္ျပီး IUD ထည့္ထားရင္ ရာသီလာခ်ိန္မွာ မ်ားတတ္ပါတယ္။ အီစထရိုဂ်င္ မပါလို႔ ခါးကိုက္၊ ဆီးစပ္ကိုက္၊ စိတ္ရွဳပ္ေထြးျခင္း ေ၀ဒနာေတြကိုလည္း မသက္သာေစပါဘူး။ ေနရာမွားျပီး သေႏၶတည္ျခင္း (Ectopic Pregnancy) ျဖစ္ဖူးသူေတြ လံုး၀ မသင့္ေတာ္သလို မျဖစ္ဖူးသူေတြလည္း IUD ထည့္ထားရင္ ျဖစ္တန္စြမ္း မဆိုစေလာက္ေလး ရွိပါတယ္။

ဒါေပမဲ့ ကိုယ္၀န္စရွိျပီး ၂ လအတြင္း အာထရာေဆာင္း ရိုက္တတ္တဲ့ သူေတြမွာေတာ့ ေစာေစာ သိႏိုင္လို႔ အခ်ိန္မီ ကုသႏိုင္မွာပါ။
Credit : Myawady Health
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အမျိုးသမီး များအတွက် မှန်ကန်သင့်တော်တဲ့ သန္ဓေတားနည်း တစ်ခုကို ရွေးချယ်ရတာ အတော်လေးခက်တဲ့ ကိစ္စတစ်ရပ်ပါပဲ။ဘာလို့လဲ ဆိုတော့ အိမ်ထောင်ပြုပြီး သန္ဓေတားတော့မယ်ဆိုရင် ဆရာဝန်နဲ့ သေသေ ချာချာ သွားရောက်ဆွေးနွေး အစစ်ဆေးခံသူ အရေအတွက်ဟာ အရမ်းနည်းပြီး လွယ်လွယ်ကူကူ ဆေးကတ်ပဲ ဝယ်သောက်လိုက်သူတွေ၊ သူများထိုးလို့ သုံးလဆေးပဲ ပြေးထိုးသူတွေ အရေအတွက်က သိသိသာသာ များနေကြပါတယ်။

ဒီလိုလုပ်ရင် အဆင်ပြေရင် တော်သေးရဲ့။ အဆင်မပြေရင် ရေရှည်မှာ ကျန်းမာရေး လူမှုရေး ပြဿနာ အမျိုးမျိုး ကြုံရတတ်ကြတာ အားလုံး အသိပါပဲ။

အများဆုံး ကြားရတဲ့ ပြဿနာတွေက ရာသီ ပုံမှန်မလာခြင်း၊ သွေးဆင်းများခြင်း၊ နည်းခြင်း၊ အသားအရေ ညစ်နွမ်းခြင်း၊ အဝလွန်လာခြင်း၊ ပိန်ခြောက်သွားခြင်း စတာတွေ ဖြစ်တတ်ကြပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရသလဲ ဆိုတော့ မိမိနဲ့ကိုက်ညီပြီး အကျိုးရှိတဲ့ သန္ဓေတားနည်း ကို သိပ္ပံနည်း ကျကျ မရွေးချယ်ပဲ ကြုံသလို အဆင်ပြေသလို လုပ်ကြလို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီဆောင်းပါးမှာ ယနေ့ခေတ် အလွယ်တကူ ရရှိနိုင်ပြီး အသုံးများတဲ့ သန္ဓေတားနည်း များအကြောင်း သေချာရှင်းလင်းဖွင့်ဆို ရေးသားပြီး အားသာချက် အားနည်းချက်များ၊ မရွေးချယ်သင့်တဲ့ အချက်များကို စုစည်း တင်ပြပေးလိုက်ပါတယ်။

သန္ဓေတားနည်း အမျိုးမျိုးကို ဝေဖန်သုံးသပ် တင်ပြခြင်း မပြုခင် မှန်ကန်စွာ သန္ဓေတားခြင်း နဲ့ ယနေ့ လူ့အဖွဲ့အစည်းများအကြောင်း အနည်းငယ် ဆွေးနွေးဖော်ပြလိုပါတယ်။

ယနေ့ ကမ္ဘာကြီးမှာ သားသမီး ဆိုတာ ရတနာပဲလေ ဆိုပြီး ရသလောက် ယူမယ် ဆိုတာမျိုးက မသင့်တော်တော့ဘူးလို့ ထင်မြင်လာကြပါတယ်။ သီးခြား ဘဝတစ်ခုစီကို ပိုင်ဆိုင် လျှောက်လှမ်းရမယ့် လွတ်လပ်သော သက်ရှိလူသားများဖြစ်တဲ့ သားသမီးတွေကို လောကအလယ်မှာ လူတစ်လုံး သူတစ်လုံး တင့်တယ် ဝင့်ထယ်နိုင်စေဖို့ အတွက် မြေတောင်မြှောက်ပေးဖို့ တာဝန်ဟာ အတိုင်းအတာ တစ်ခုအထိ မိဘတွေမှာ ရှိပါတယ်။

ဒါကြောင့် ယေဘုယျသဘော ပြောရရင် သားသမီး များများ မွေးခြင်းဟာ ပြုစုပျိုးထောင် ထိန်းကျောင်း နိုင်စွမ်းဘက်မှာ အားနည်းစေဖို့ ဦးတည် သွားနေပါတယ်ဆိုရင် စာရှုသူများ သဘောတူမယ် ထင်ပါတယ်။

ဒါ့အပြင် နောက်ထပ်ဆိုးကျိုးတွေ အနေနဲ့ မိသားစု စီးပွားရေး ထိခိုက်ခြင်း၊ မိခင် ကျန်းမာရေး ထိခိုက်ခြင်း၊ မိခင် ဖခင်များ အရွယ်လွန်ချိန်တွင် မတော်တဆ ကလေးရသွားပါက ဉာဏ်ရည်မမီ သို့မဟုတ် မျိုးရိုးဗီဇဆိုင်ရာ error ပါတဲ့ ဝေဒနာရှင်လေးတွေ (ဥပမာ ရှေးက မွန်ဂိုရောဂါ ခေါ် ဒေါင်းရောဂါ Down’s Syndrome) လေးတွေ မွေးလာနိုင်ခြင်း၊ မိခင်သေဆုံးနှုန်း (MMR) မြင့်မားလာခြင်း စတဲ့ နောက်ကလိုက် ကုစားပေးရခက်တဲ့ ဆိုးကျိုးတွေ အထိပါ ဖြစ်လာနိုင်တာမို့ မလိုလားအပ်တဲ့ သန္ဓေတွေကိုတားဖို့ လိုအပ်ပါတယ်။

ဒါတွေဟာ မိသားစု တစ်ခုချင်းစီကနေစလို့ တိုင်းပြည်အတွက်ပါ ထိခိုက်စေတဲ့ အနုတ်လက္ခဏာများ ဖြစ်လို့ ခေတ်မီတဲ့ အမြင်ရှိသူတိုင်းဟာ ယနေ့ခေတ်မှာ သားသမီး များပြားစွာ မယူတတ်ကြတော့ပါဘူး။

ဒီနေရာမှာ ကမ္ဘာ့နေရာ ဒေသအလိုက် နိုင်ငံအလိုက် ကွာခြားချက်တွေတော့ ရှိပါတယ်။ တရုတ်နိုင်ငံလို လူဦးရေ အဆမတန် များနေပြီး လူဦးရေ တိုးနှုန်းလည်း မြင့်မားတဲ့ နိုင်ငံတွေမှာ ရိုးရိုး သန္ဓေတားနည်းတောင် မဟုတ်တော့ဘဲ တစ်အိမ်ထောင် ကလေးဘယ်နှယောက် အတိအကျပဲ ယူရမယ်၊ ပိုယူရင် အရေးယူ ဒဏ်တပ်မယ် ဆိုတဲ့ မိသားစုဦးရေအစီအစဉ် (Family Planning) တောင် လုပ်နေရပါတယ်။

ဒါပေမဲ့ ဟန်ဂေရီ၊ ဂျပန်၊ ဥရောပမြောက်ပိုင်းနိုင်ငံ အချို့တွေမှာကျတော့ တိုင်းပြည်ရဲ့ အိမ်ထောင်ပြုနှုန်း ကလေးယူနှုန်းတွေ ကျဆင်းနေကာ သက်ကြီးရွယ်အို ရာခိုင်နှုန်းတွေ တက်လာလို့ အစိုးရက ကလေးယူရင် အားလပ်ရက်ရှည်စတဲ့ အခွင့်အလမ်း ထောက်ပံ့ကြေးပေးတာတွေ၊ လှုံ့ဆော်တာတွေ လုပ်နေရတာမျိုးတွေလည်း ဆန့်ကျင်ဖက် အနေအထား အနေနဲ့ ရှိနေပါတယ်။

ဒါပေမဲ့ ဒါတွေဟာ နိုင်ငံအနည်းစုပဲ ဖြစ်ပြီး စားနပ်ရိက္ခာ၊ အလုပ်အကိုင် စတာတွေ တန်ဖိုးကြီးလာတဲ့ ယနေ့ခေတ်မှာ ကလေးတွေ အများကြီးမွေးလို့ ဖြစ်လာမယ့် ဆုတ်ယုတ်ထိခိုက်မှု (Negative Impact) နဲ့ တိုင်းပြည်အပေါ် လူမှုရေး ဝန်ထုပ်ဝန်ပိုး (Social Burden on The Nation) ဖြစ်စေမှာ စိုးရိမ်မိတဲ့ နိုင်ငံ အရေအတွက်ကတော့ ပိုများနေတယ်လို့ သိရပါတယ်။

အကြောင်းရင်းကလည်း ရှင်းနေပါတယ်။ အထက်မှာ ဆိုခဲ့တဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို နားလည် လိုက်နာနိုင်တဲ့ လူဦးရေ ရာခိုင်နှုန်း အများစုရှိတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံများ သို့မဟုတ် သူတို့ကိုယ် သူတို့ ဝင့်ကြွားပြီး ခေါ်တဲ့ ပထမကမ္ဘာနိုင်ငံများ (Developed Countries or First World Countries) ဟာ လူမှုရေး ဝန်ထုပ်ဝန်ပိုး (social burden) တွေ အပိနည်းလို့ တိုးတက်သထက် ပိုတိုးတက်လာကြသလို ဖွံ့ဖြိုးဆဲနိုင်ငံများ သို့မဟုတ် ဖွံ့ဖြိုးပြီးနိုင်ငံများက နှိမ်ခေါ်ကြတဲ့ တတိယကမ္ဘာနိုင်ငံများ (Developing Countries or Third World Countries) တွေကျတော့ လူမှုရေး ကျန်းမာရေး ဝန်ထုပ်ဝန်ပိုးတွေ ပိသထက်ပိပြီး သူတို့ နှိမ်ခေါ်ထားသလိုမျိုး တကယ်ပဲ “ကမ္ဘာခြားခဲ့တာ မင်းနဲ့ငါ” ဖြစ်သထက် ဖြစ်လာခြင်းကို တားဆီးဖို့ ဖွံ့ဖြိုးဆဲ နိုင်ငံများ အနေနဲ့ မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ အသိပညာ ဖြန့်ဝေခြင်း (Reproductive Health Education) ကို မဖြစ်မနေ လုပ်နေကြပါတယ်။

တစ်ခု ကံကောင်းတာက မြန်မာနိုင်ငံ ဟာ စားနပ်ရိက္ခာ၊ မြေနေရာ အကျယ်အဝန်း၊ သဘာဝသယံဇာတ စတဲ့ အချက်တွေ ပေါများစွာ ရရှိနိုင်သေးတဲ့အတွက် တရုတ်လို မိသားစုဦးရေ အစီအစဉ် (Family Planning) လုပ်စရာ မလိုသေးဘဲ သားဆက်ခြားခြင်း (Birth Spacing) သာ လုပ်ဖို့လိုတယ် ဆိုတာပါပဲ။

အကြမ်းဖျဉ်း ပြောရရင် သာမန်ကျန်းမာရေးနဲ့ မိခင်တစ်ယောက်ဟာ ကလေးတစ်ယောက် နဲ့ တစ်ယောက် အနည်းဆုံး ၂ နှစ်တော့ခြားပြီး မွေးသင့်ပါတယ်။

အကြောင်းရင်းက မိခင်လောင်းရဲ့ ကိုယ်ထဲမှာ သိုလှောင်ထားတဲ့ သံဓာတ် (Iron) ပမာဏဟာ ကလေးတစ်ယောက် မွေးပြီးရင် အတော်လေး သုံးစွဲ ကုန်ခမ်းသွားပြီး ရာသီလာရင်လည်း လစဉ်ဆုံးရှုံးမှု ရှိနေတာကြောင့် ပုံမှန် အာဟာရကောင်းတဲ့ သူဆိုရင်တောင် သံဓာတ်က ကလေးတစ်ခါမွေးပြီး တစ်နှစ်ခွဲ နှစ်နှစ်လောက် ကြာမှ ပြန်ပြည့်နိုင်တာကို တွေ့ရှိထားရပါတယ်။

သံဓာတ်ဟာ သန္ဓေသားရဲ့ ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးမှုအတွက် အတော်လေး အရေးပါတဲ့ အခန်းကဏ္ဍက ပါသလို ခန္ဓာကိုယ် ပုံမှန် ကြီးထွားရေးမှာလည်း မချို့တဲ့ဖို့ လိုအပ်တဲ့ သတ္တုဓာတ် တစ်မျိုးပါပဲ။ သားအိမ်ရဲ့ ကိုယ်ဝန် ဆောင်နိုင်စွမ်း၊ မွေးကင်းစ သို့မဟုတ် အခါလည် ကလေးကို ကိုယ်ဖိရင်ဖိ စောင့်ရှောက်ရန်လိုအပ်မှု၊ မိသားစု စီးပွားရေး စတဲ့ များပြားလှတဲ့ လိုအပ်ချက်တွေကို ထည့်သွင်းတွက်ချက်ရမှာ ဖြစ်ပါတယ်။

ခြွင်းချက်အနေနဲ့ သားဦးကို အသက်ကြီးမှ စမွေးသူတွေ (ကျန်းမာရေး အမြင်အရ အသက် ၃၅ နှစ်နဲ့ အထက်မှာ သားဦးမွေးတာကို ဆိုလိုပါတယ်) လိုမျိုး နောက်ကလေး အချိန်မီယူမှ ရမယ့်သူတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သေချာ ဂရုတစိုက်လုပ်ပြီး ယူသင့်ပါတယ်။

ဒါတွေအားလုံးကတော့ သားဆက်ခြားခြင်းဟာ ယနေ့ခေတ်မှာ မဖြစ်မနေ လိုအပ်လာတဲ့ အကြောင်း တင်ပြဆွေးနွေးပေးခဲ့တာ ဖြစ်ပါတယ်။ စာရေးသူ အချုပ်သဘော ဆိုလိုချင်တာက အမျိုးသမီး အများစုဟာ ဘဝမှာ အိမ်ထောင်ပြုကြမှာ ဖြစ်ပြီး အားလုံးနီးပါးကလည်း သားဆက်ခြားဖို့ သန္ဓေတားနည်း တစ်မျိုးမျိုး မဖြစ်မနေ သုံးစွဲကြရမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အမျိုးသမီး တစ်ဦးချင်းစီရဲ့ ကျန်းမာရေးအတွက် သန္ဓေတားနည်းကို တတ်နိုင်သမျှ မိမိဘာသာ မှန်မှန်ကန်ကန် စဉ်းစား ရွေးချယ်သုံးစွဲနိုင်ဖို့ ရည်ရွယ်ကာ အထောက်အကူပြု အချက်များကို တင်ပြပေးလိုက်ပါတယ်။

အကြောင်းကြောင်းကြောင့် ဆရာဝန်နဲ့ ပြသတိုင်ပင် ဆွေးနွေးခြင်း မလုပ်နိုင်သေးသူတွေ၊ အရမ်းဝေးလံခေါင်ဖျားတဲ့ နေရာ တစ်ခုခုမှာ ရောက်နေပြီး ဆေးထိုးတာတောင် ကျန်းမာရေးမှူးနဲ့ ထိုးနေရသူတွေ၊ အိမ်ထောင်ပြုတော့မယ့် ချစ်သူစုံတွဲတွေ၊ လက်ရှိ သန္ဓေတားနည်းနဲ့ အဆင်မပြေလို့ ပြောင်းသုံးချင်နေတဲ့ သူတွေအတွက် အတိုင်းအတာ တစ်ခုအထိ အဆင်ပြေ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

(၁) လစဉ်ပုံမှန်သောက် ဆေးကတ်များ

ဆေးကတ်လို့ အများသိကြတဲ့ သန္ဓေတား သောက်ဆေးများဟာ တစ်လစာခန့် အလုံးရေ ၂၈ လုံး ပတ်ဝန်းကျင် ပါရှိကြပြီး ရာသီလာပြီး နောက်နေ့ကစလို့ တစ်နေ့ တစ်လုံး အချိန်မှန်မှန် သောက်ရမှာ ဖြစ်ပါတယ်။

ဆေးဆိုင်တိုင်းမှာ လွယ်လင့်တကူ ဈေးသက်သာစွာ ဝယ်ယူနိုင်တဲ့ အမျိုးအစားပါပဲ။ ဒီဆေးလုံးလေးတွေ ထဲမှာ မ မျိုးပွားဟော်မုန်း နှစ်ခုဖြစ်တဲ့ ပရိုဂျက်စတီရုန်း (Progesterone) နဲ့ အီစထရိုဂျင် (Estrogen) တို့ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။

အရွယ်ရောက်ပြီး အမျိုးသမီးတွေရဲ့ ဓမ္မတာ စက်ဝန်း အစရက်ပိုင်းမှာ (အစဆိုသည်မှာ ရာသီလာခြင်းအဆုံး၏ နောက်ရက်ကို ဆိုလိုသည်) သွေးတွင်း အီစထရိုဂျင် ပမာဏ မြင့်တက်လာပြီး သားအိမ်ရဲ့ အတွင်း နံရံတွေဟာ ထူလာပြီး ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့် ပြင်ဆင်ခြင်းကို ဖြစ်စေပါတယ်။

ရာသီလာပြီး လုံးဝပြီးသွားတဲ့ ရက်ကနေ စတွက်ရင် ၁၃ ရက် မြောက်နေ့ကနေ ၁၅ ရက်မြောက်နေ့ (၁၄±၁ ရက်) လောက် ကြားထဲမှာ အီစထရိုဂျင် ပမာဏ အမြင့်မားဆုံး ရောက်ရှိပြီး သားဥကြွေခြင်း (Ovulation) ဖြစ်ပွားပါတယ်။

(ဒါပေမဲ့ အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက် ရာသီစက်ဝန်းအလျား ရက်ပမာဏ မတူကြသလို (၂၈ ရက်မှ ၃၂ ရက်အထိ ကွဲပြားနိုင်သည်) စိတ်ပိုင်းဆိုင်ရာ အနေအထားတွေကလည်း သားဥကြွေခြင်းကို လွှမ်းမိုးလို့ အမျိုးသမီး တစ်ယောက်တည်းမှာတောင် တစ်လနဲ့ တစ်လ အဲဒီရက် မတူကြလို့ ရာသီလာရက် မမှန်တဲ့သူတွေမှာ ရက်ရှောင်တဲ့နည်းဟာ သုံးဖို့မလွယ်တဲ့ သဘောရှိပါတယ်။

မှန်တဲ့ သူတွေမှာတော့ အကြမ်းဖျဉ်း မလာခင် တစ်ပတ် လာပြီးတစ်ပတ် safe ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒီနည်းရဲ့ အားနည်းချက်က အလယ်ရက်တွေမှာ ကွန်ဒုံးသုံးရခြင်း၊ ရက်တွက်မှားလျှင် သို့မဟုတ် ဓမ္မတာစက်ဝန်း မူမမှန်ဖြစ်ခဲ့လျှင် အခန့်မသင့် ကလေးရသွားနိုင်တဲ့ ဖြစ်နိုင်ချေ များတာပဲ ဖြစ်ပါတယ်။

ဂျာမန် မျိုးဆက်ပွား ကျန်းမာရေးဗေဒ ပညာရှင်များရဲ့ လေ့လာတွေ့ရှိချက် တစ်ခုအရ အချို့သော အမျိုးသမီးတွေဟာ အထွတ်အထိပ် စိတ်ကျေနပ်မှု Orgasm အရမ်းမြင့်မားစွာ ရရှိသွားရင် သူ့ရက် မဟုတ်ပေမယ့်လည်း သားဥက တူတူနေပြီး နာရီပိုင်းအတွင်း ကြွေတတ်လို့ ထူးထူးခြားခြား ကိုယ်ဝန် ရသွားတတ်ကြတာမျိုးလည်း ရှိပါသတဲ့။ ရှားတော့ရှားပါတယ်)

အထက်မှာ ဆိုခဲ့တာကို ပြန်ဆက်ပါ့မယ်။ သားဥကြွေခြင်း ဖြစ်ပြီးတာနဲ့ ပရိုဂျက်စတီရုန်း ပမာဏက စတင် မြင့်မားလာပါတယ်။ ပရိုဂျက်စတီရုန်းကနေ သားအိမ်ပေါ်မှာ ဖန်တီးပေးလိုက်တဲ့ အနေအထားကြောင့် သားဥကြွေတဲ့ ရက်ကနေ နောက်ထပ် ၇ ရက်လောက်အထိ ကိုယ်ဝန်ရနိုင်စွမ်း ရှိနေစေပါတယ်။

သန္ဓေအောင်ခြင်းသာ ဖြစ်ပွားဖြစ်ခဲ့မယ် ဆိုရင် ပရိုဂျက်စတီရုန်းက ဖန်တီးပြင်ဆင်ပေးထားတဲ့ သားအိမ်နံရံမှာ သန္ဓေသားရဲ့ အစဖြစ်တဲ့ သန္ဓေအောင်ဥလေးဟာ တွယ်ကပ်ပြီး ကိုယ်ဝန်အဖြစ် ဆက်လက် ကြီးထွားသွားမှာ ဖြစ်ပါတယ်။

အဲလို ကြီးထွားလာမယ့် သက်ရှိလေးကို ကျွေးမွေးစောင့်ရှောက်ဖို့ သွေးကြော အသစ်တွေ၊ တစ်သျှူးအသစ်တွေ အများကြီး သားအိမ်ထဲမှာ လစဉ် ဖြစ်ပေါ်မြဲ ဖြစ်ပါတယ်။ အထူးဧည့်သည် တစ်ယောက်အတွက် အချိန်မှန် ပြင်ဆင်ထားတဲ့ အိမ်တစ်လုံးလိုပဲပေါ့။ ဒါပေမဲ့ သူတို့မျှော်လင့်ထားတဲ့ ဧည့်သည်ဟာ အချိန်မီ ရောက်မလာဘူး ဆိုရင် မ မျိုးပွားဟော်မုန်း နှစ်ခုစလုံးရဲ့ ပမာဏဟာ လျော့နည်း ကျဆင်းသွားပြီး အခုနက ပြောခဲ့တဲ့ သွေးကြော အသစ်တွေ တစ်သျှူးအသစ်တွေ အားလုံး ပြန်လည် ကြွေကျကုန်ကာ သွေး အဖြစ် ပြန်လည် ဆင်းသက်လာခြင်းကို ရာသီလာခြင်းလို့ ခေါ်တာ ဖြစ်ပါတယ်။

ဒါကြောင့် သန္ဓေတား ဆေးကတ်တွေ အားလုံးရဲ့ အာနိသင် သဘောက အီစထရိုဂျင်ကော ပရိုဂျက်စတီရုန်း ဟော်မုန်းနှစ်မျိုး စလုံးရဲ့ ပမာဏဏကို သိသိသာသာ ဝုန်းကနဲ ထိုးတက်တာမျိုး မဖြစ်အောင် ကိန်းသေပမာဏ (Constant Level) မှာ ထိန်းထားပြီး သားဥကြွေခြင်းကို မဖြစ်အောင်လုပ်ပြီး သန္ဓေတားပေးတာ ဖြစ်ပါတယ်။

တားဆေးနှစ်မျိုး ရှိပါတယ်။ ပရိုဂျက်စတီရုန်းနဲ့ ဆင်တူတဲ့ ပရိုဂျက်စတင် သီးသန့်ပါတဲ့ဆေးကတ် (Progestin-only Pills) နဲ့ အီစထရိုဂျင်ရော ပရိုဂျက်စတင်ကော ပါဝင်တဲ့ ပေါင်းစပ်ဆေးကတ် (Combination Pills) ဆိုပြီး နှစ်မျိုးပါ။ ပုံမှန် ဆေးဆိုင်တွေမှာ လူတိုင်း ဝယ်သောက်နေကြတာ လူသုံးပိုများတာက ပေါင်းစပ်ဆေးကတ်တွေပဲ ဖြစ်ပါတယ်။

ပေါင်းစပ်ဆေးကတ်

ပေါင်းစပ်ဆေးကတ်တွေကတော့ ထုပ်ပိုးပုံ၊ ပါဝင်ပုံ နည်းစနစ်တွေကို လိုက်ပြီး ဆေးတစ်လုံးစီကို ပမာဏ တူတူပါတဲ့ monophasic နဲ့ ဓမ္မတာစက်ဝန်းရဲ့ အနေအထားကို လိုက်ပြီး တွက်ထည့်ထားတဲ့ multiphasic ဆိုပြီး နှစ်မျိုး ရှိပါတယ်။ Monophasic အမျိုးအစားကို ပိုအသုံးများကြတယ်လို့ သိရပါတယ်။ ၂၈ လုံး၊ ၂၁ လုံး၊ မျိုးဆက်သစ် ဆေးကတ်တွေမှာဆို ၂၄ လုံး စသဖြင့် အမျိုးမျိုး ဈေးကွက်ထဲမှာ ရနိုင်ပါတယ်။ ၃ လစာ ၈၄ လုံး ပါတဲ့ ကတ်မျိုးလည်း ရှိပါတယ်။ ဒီဆေးကျတော့ ၃ လမှ တစ်ခါသာ ရာသီလာစေမှာ ဖြစ်ပါတယ်။

အားသာချက်များ

ရာသီသွေး မှန်မှန် လာစေလို့ အသားအရေ ညှိုးနွမ်းခြောက်သွေ့တဲ့ ပြဿနာ မကြုံရပါဘူး။ ရက်လဲ တိတိကျကျ ဖြစ်စေပြီး ဆေးကတ်ကုန်ချိန်မှာ လာလို့ အဆင်ပြေပါတယ်။ ရာသီလာရင် ကိုက်တဲ့ခဲတဲ့ ဒဏ်တွေလည်း အတော်လေး နည်းသွားပါတယ်။ ကာလလဲ တိုသွားလို့ နေရထိုင်ရတာ ပိုအဆင်ပြေ လာပါတယ်။

တစ်ချို့ အမျိုးသမီးတွေ အပျိုစင်ပေမယ့် ဒီလို ဝေဒနာမျိုး အရမ်းဆိုးရင် တားဆေးကတ်တွေနဲ့ မီးယပ်အထူးကုများက ကုသတတ်ကြတာ ဒါကြောင့် ဖြစ်ပါတယ်။

အထူးအားသာချက် တစ်ရပ်အနေနဲ့ကတော့ မိသားစု မျိုးရိုးမှာ သားအိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ ရှိခဲ့ကြဖူးသူတွေ သောက်ရင် ဒါတွေ ကာကွယ်ပြီးသား ဖြစ်စေတယ် ဆိုတဲ့ အချက်ပါပဲ။

ပုံမှန် လာနေကျထက် သွေးဆုံးရှုံးမှု နည်းသွားစေလို့ သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်းကိုပါ အနည်းငယ် ကာကွယ်ပေးနိုင်ပါတယ်။ နည်းသွားတယ် ဆိုပြီး စိုးရိမ်စရာ မလိုပါဘူး။ နေရာလွဲပြီး သန္ဓေတည်ခြင်း အန္တရာယ်ကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ ဝက်ခြံ ထွက်ခြင်းကို ကာကွယ်ပေးပါတယ်။ သွေးဆုံးပြီးနောက် ပေါင်ထိပ်ရိုး ကျိုးခြင်း ဖြစ်တန်စွမ်းတွေ ကျဆင်းစေပါတယ်။

အားနည်းချက်များ

ပျို့ချင် အန်ချင်တာတွေ ခေါင်းကိုက်တာတွေ ခံစားရတတ်ပါတယ်။ မေ့တတ်ရင်၊ ရာသီလာပြီးပြီးချင်း နေ့မှာ စမသောက်ဖြစ်ရင် ပြဿနာရှိနိုင်ပါတယ်။ (မေ့သွားခဲ့ရင် အလွယ်ကူဆုံး စိတ်အချရဆုံး နည်းလမ်းက ၁၄ ရက် ကွန်ဒုံး အကာအကွယ်ယူပြီး ကတ်အသစ်ပြန်စ သောက်တာပါပဲ)

ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ အတက်ရောဂါ၊ အကြောင်းရင်းမရှိဘဲ ခဏခဏ သွေးဆင်းတတ် သူတွေ၊ သွေးတိုးရောဂါ၊ ခြေသလုံး သွေးကြောပိတ်ရောဂါ၊ အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်နဲ့ ကျောက်ကပ် အထက်က အက်ဒရီနယ်ဂလင်း ရောဂါ ရှိသူတွေနဲ့ မသင့်တော်သလို တီဘီရောဂါ ရှိလို့ ဆေးသောက်နေရသူတွေ အသည်းရောဂါ တစ်ခုခု ရှိသူတွေ လေဖျန်းဖူးသူတွေ ဟာလည်း လုံးဝမသောက်သင့်ပါဘူး။

အထက်မှာ ပြောခဲ့တဲ့ ကင်ဆာတွေကို ကာကွယ်တယ် ဆိုပေမယ့် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကျတော့ မြင့်လာစေတယ်လို့ ကျန်းမာရေး ပညာရှင်များက အခိုင်အမာ ယူဆထားပြီး လေ့လာချက်များ ပြုလုပ်ဆဲပါ။

ဒါ့အပြင် ဆေးလိပ်သောက်သူ၊ အသက် ၃၅ နှစ်ကျော်ပြီးသူ၊ ကလေးနို့တိုက်နေ သူများ၊ ရင်သားအကျိတ် ဖြစ်ဖူးသူ၊ သွေးခဲရောဂါ ရှိသူများလည်း မသောက်သင့်ပါ။ ဝလာတယ် လို့ ပြောကြသူတွေ များသလို ပိန်သွားတယ် လို့ ပြောကြသူတွေလည်း တွေ့ရပါတယ်။

နောက်ပြီး ဆေးသောက်တဲ့ အချိန် မှန်ဖို့လိုပါတယ်။ ဥပမာ ညဆို ညပဲ ဆက်တိုက်၊ မနက်ဆို မနက်ပဲ ဆက်တိုက် သောက်ရပါတယ်။ သွေးစက်ကလေးတွေ ခဏခဏ ဆင်းတတ်လို့ အသွားအလာမှာတော့ အနှောင့်အယှက် အနည်းငယ် ဖြစ်တတ်ပါတယ်။

အချို့လူတွေမှာ ယောကျ်ားနဲ့ အတူနေလိုစိတ် ကျဆင်းစေပါတယ်။ စိတ်အပြောင်းအလဲတွေ ခံစားရတတ်ပါတယ်။ ရင်သားတွေ တင်းပြီး နာခြင်း၊ မျက်ကပ်မှန် သုံးသူများ အရင်လို အဆင်မပြေ ဖြစ်ခြင်း စတာတွေ ဖြစ်တတ်တယ်လို့ လေ့လာ တွေ့ရှိထားရပါတယ်။

သင့်တော်သူများ

တီဘီဆေး သောက်နေရသူ မဟုတ်သူများ၊ အသည်းရောဂါ တစ်ခုခု၊ သွေးကြောပိတ်ရောဂါ၊ သွေးတိုးရောဂါ မရှိသူများ၊ သားအိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ မျိုးရိုးရှိသူများ၊ ၃ လထိုးဆေးနှင့် အဆင်မပြေသူများ၊ အထက်ပါ ပြဿနာများ မရှိသော ထွေထွေထူးထူး ကျန်းမာရေး ပြဿနာ မရှိသော ငယ်ရွယ်သူများ

ပရိုဂျက်စတင် သီးသန့်ပါသော ဆေးကတ်

Progestin-only pills တွေမှာ အာနိသင် သုံးပိုင်းပါပါတယ်။ ပထမတစ်ခု အနေနဲ့ ခန္ဓာကိုယ်ကို ကိုယ်ဝန်ရှိနေသယောင် သိမှတ်စေပြီး သားဥကြွေခြင်းကို တားဆီးထားပါတယ်။ ဒုတိယ အနေနဲ့ သားအိမ်ကို သန္ဓေမတွယ်နိုင်အောင် အနေအထား ပြုပြင်လိုက်ပါတယ်။ နောက်ဆုံး တစ်ခု အနေနဲ့ မအင်္ဂါလမ်းကြောင်းနဲ့ သားအိမ်ကြား ဝင်ပေါက်ကို အဖိုမျိုးပွားဆဲလ် (Sperm) သုက်ကောင်တွေ မဝင်ရောက်နိုင်အောင် အကျိအချွဲတွေ ထူထပ်ပိတ်ဆို့စေပါတယ်။

အားသာချက်များ

ခေါင်းတစ်ခြမ်းကိုက်၊ သွေးတိုး၊ နှလုံး၊ နှလုံးသွေးကြောပိတ်ရောဂါ ရှိသူများအတွက် ဆရာဝန်များမှ ညွှန်ကြားပေးလေ့ရှိပါတယ်။ ဆေးလိပ်စွဲနေသူ၊ အသက် ၃၅ နှစ်ကျော်သူ၊ အဝလွန်သူ အမျိုးသမီးများ ဆရာဝန်ညွှန်ကြားရင် ရွေးချယ်သင့်ပါတယ်။ နို့တိုက်မိခင်များ အတွက်လည်း သင့်တော်ပါတယ်။

အားနည်းချက်များ

ပုံမှန်မဟုတ်တဲ့အစက်လေးတွေ ဆင်းတာတို့ ပေါ်လိုက် ပျောက်လိုက် ဖြစ်တာ တို့ အချို့အမျိုးသမီးတွေမှာ ဖြစ်တတ်ပါတယ်။ အချို့ကျတော့ စားချင်သောက်ချင် စိတ် တချိန်လုံး ပေါ်နေ ဗိုက်ခဏခဏ ဆာလို့ အဝလွန်လာတတ်ပါတယ်။ ပိန်သွားတတ်သူတွေလဲ တွေ့ရပါတယ်။ ဆေးသောက်ချိန် တိကျဖို့ အထူးသဖြင့် လိုအပ်ပါတယ်။ ၃ နာရီထက် ပိုပြီး စောတာ နောက်ကျတာ ဖြစ်လို့ မရပါဘူး။ ဖြစ်ခဲ့ရင် ၂ ရက်တိတိ အမျိုးသား က ကွန်ဒုံး သုံးပေးဖို့ လိုသွားပါတယ်။ ရင်သားကင်ဆာ နဲ့ ဆက်စပ်မှု ခိုင်ခိုင်မာမာ ရှိတယ်လို့ မတွေ့ရသေးပေမယ့် ရင်သားအလုံးအကျိတ် ရောဂါရှိပြီးသူတွေတော့ လုံး၀ မသောက်သင့်ပါဘူး။ စိတ်ဓာတ် ကျလွယ်ဖြစ်တတ်ပါတယ်။ ဝက်ခြံကို မကာကွယ်နိုင်ပါ။ ဒီဆေးသောက်နေတုန်း ကိုယ်ဝန်ရသွားတာ ဆိုရင် နေရာမှားပြီး သန္ဓေတည်တာ ဖြစ်ဖို့ ပုံမှန်ထက် နီးစပ်ပါတယ်။

အထူးသတိပြုရန်

ဆေးကတ်နှစ်မျိုးလုံး အချိန်မှန် သောက်နိုင်ရင် အကောင်းဆုံး ပါပဲ။ နောက်ပြီး ဆေးသောက်ရင် လက်ဖက်ရည်၊ ရေနွေးကြမ်း၊ ကော်ဖီတို့နဲ့ လုံး၀ မသောက်ပါနဲ့။ ပိုးသတ်ဆေးခေါ် ပဋိဇီဝဆေးတွေနဲ့ ရောမသောက်ဘဲ အနည်းဆုံး ၂ နာရီ ခြားသောက်ပါ။ ဆေးသောက်နေရင်းနဲ့ ကိုယ်ဝန် ရသွားတတ်တာ ဒါမျိုးတွေ မသိဘဲ လွဲလို့ ဖြစ်ပါတယ်။

(၂) ထိုးဆေးများ

အသုံးများပြီး အစွမ်းထက်တဲ့ နည်းတစ်နည်းကတော့ ထိုးဆေးနည်းပါပဲ။ သူကလည်း သောက်ဆေးတွေလိုပဲ ဟော်မုန်းတွေ ပါဝင်တဲ့ ထိုးဆေးတွေပါပဲ။ လက်ရှိ အသုံးပြုနေကြတဲ့ ဆေး ၃ မျိုး ရှိပြီး ဒီပိုလို့ အရပ်ခေါ် ခေါ်ကြတဲ့ Depo-Provera ထိုးဆေးကတော့ အသုံးအများဆုံး ထိုးဆေးဖြစ်ပါတယ်။ သူဟာလည်း သောက်ဆေးထဲက ဒုတိယအမျိုးအစားလို ပရိုဂျက်စတင် သီးသန့် အမျိုးအစား ဖြစ်ပါတယ်။ ၁၂ ပတ် (သုံးလ)ဆေး၊ ၈ ပတ် (နှစ်လ)ဆေး ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အီစထရိုဂျင်နဲ့ ပေါင်းစပ်ထားတဲ့ ပထမသောက်ဆေးနဲ့ ဆင်တူတဲ့ ထိုးဆေး ကတော့ တစ်လထိုးဆေးလို့ လူသိများပါတယ်။ အာနိသင် ရက် ၃၀ ရှိပါတယ်။ ဒီပိုလို ရာသီမလာတဲ့ အဖြစ်မျိုး မရှိဘဲ လစဉ် ပုံမှန်လာစေပါတယ်။ အာနိသင်ကတော့ ဆေးကတ်နဲ့ တူတူပါပဲ။

၃ လဆေး၊ ၂ လဆေးများ၏ အားသာချက်များ

နေ့စဉ် ဂရုတစိုက် သောက်ရန် မလိုသဖြင့် အလုပ်များသူ၊ မေ့တတ်သူများ အတွက် အထူးသင့်တော်ပါတယ်။ စထိုးပြီးတဲ့ ရက်ကစလို့ တူတူနေနိုင်ပြီ ဖြစ်ပါတယ်။ ပရိုဂျက်စတင် သီးသန့်ဆေးကတ်နဲ့ ကျန်တာတွေ တူပါတယ်။ ရင်သားကင်ဆာအတွက် အန္တရာယ်နည်းတယ်လို့ သိရပါတယ်။

အားနည်းချက်များ

ဆေးထိုးရက် လုံး၀ နောက်ကျလို့ မရပါ။ သွေးပေါ်ရက် ကြာတာတွေ၊ အဆင်းများတာတွေ ဖြစ်တတ်ပါတယ်။ ခေါင်းကိုက်တတ်ပါတယ်။ လေးလံ ငိုက်မြည်းတတ်ပါတယ်။ တခါတလေ နုံးသလို ခံစားရတတ်ပါတယ်။ ၀ လာတတ်ပါတယ်။ ကလေးလိုချင်လို့ ရပ်လိုက်ရင် ချက်ချင်းပြန်မရတတ်ဘဲ လအနည်းငယ်ကနေ တစ်နှစ်လောက်အထိ ပြန်စောင့်ရတတ်ပါတယ်။

၁ လဆေး၏ အားသာချက်နှင့် အားနည်းချက်များ

ရာသီ မှန်မှန် လာစေပြီး ပေါင်းစပ်ဆေးကတ်နဲ့ ကျန်တဲ့ ကောင်းကျိုးတွေ တူပါတယ်။ အားနည်းချက်အနေနဲ့ ရက်အတိအကျမှာ ထိုးဖို့ လိုသလို သွေးတိုး၊ သွေးကြောပိတ် ရောဂါရှိသူ၊ ကျန်းမာရေး မကောင်းသူများအတွက် အဆင်မပြေဘူး၊ ၃ လဆေးလောက် စိတ်မချရဘူးလို့ လက်တွေ့သုံးစွဲနေသူ ဆေးလောကသား အချို့က ပြောကြပါတယ်။ ဒီပို ထိုးဆေးနဲ့လည်း ဆိုးကျိုးဝေဒနာ အချို့ တူပါတယ်။

(၃) IUD ခေါ် သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း

အရင်တုန်းက Intra-Utrine Contraceptive Device (IUCD) လို့ ခေါ်တဲ့ IUD ခေါ် ပစ္စည်းတွေဟာ ယနေ့ခေတ်မှာ အထူး ခေတ်စားလာပါတယ်။ ဂျာနယ်စာမျက်နှာတွေ ပေါ်မှာလည်း ခဏခဏ တွေ့နေရလို့ အကျယ်ဖြန့် မရေးတော့ပါဘူး။ နောက်ပြီး IUD က ရိုးရိုးနဲ့ ဟော်မုန်းထုတ်ပေးတဲ့ IUD ဆိုပြီး နှစ်မျိုး ရှိပေမယ့် မြန်မာနိုင်ငံမှာ ရိုးရိုးIUD ပဲ တွင်ကျယ်နေတာမို့ ရိုးရိုးIUD အကြောင်းပဲ ဆွေးနွေးသွားပါ့မယ်။

အားသာချက်များ

ထည့်သွင်းချိန် ၅ မိနစ်မှ ၁၅ မိနစ်အထိပဲ ကြာပါတယ်။ ဈေးလဲ မများလှသလို ပစ္စည်း အမျိုးအစားအလိုက် ၃ နှစ် ကနေ ၅ နှစ်လောက် ခံတဲ့ အတွက် ငွေကုန်ကြေးကျ သက်သာပါတယ်။ ထိုးဆေး၊ စားဆေး များလို ဟော်မုန်းများ၏ ဘေးထွက်ဆိုးကျိုးများ ဘာမှ မရှိပါ။ ထည့်ပြီးပြီးချင်းကို သန္ဓေတားပြီးသား ဖြစ်သွားပါတယ်။ အမျိုးသားနဲ့ တူတူနေရာမှာလည်း ထွေထွေထူးထူး အနှောင့်အယှက် မရှိပါဘူး။ အချိန်မရွေး ထည့်သွင်းနိုင် ပြန်ထုတ်နိုင်ပါတယ်။ သောက်ဆေးလို နေ့စဉ်၊ ထိုးဆေးလို လစဉ် အာရုံစိုက်စရာ ဘာမှ မရှိပါဘူး။ အိမ်ထောင်စောစောကျပြီး ကလေးလည်း များများ မွေးပြီးနောက် အရွယ်ကောင်းသေးသူတွေ၊ ကင်ဆာမျိုးရိုး ရှိသူတွေ၊ အဝလွန်မှာ ကြောက်သူတွေ ရွေးသင့်ပါတယ်။

အားနည်းချက်များ

မွေးလမ်းကြောင်းကနေ သားအိမ်ထဲကို ထည့်သွင်းရတဲ့ နည်းလမ်း မို့ မင်္ဂလာဦးမှာ ပထမဆုံး သုံးဖို့ အဆင်မပြေပါဘူး။ ထည့်ပြီးပြီးချင်း ကသိကအောက် နာသလိုလို ရက်ပိုင်းလောက်တော့ တချို့လူတွေ ခံစားရတတ်ပါတယ်။ ကြေးစား လိင်ဖျော်ဖြေရေး လုပ်သူများ၊ အဖော်အဖက် များသူများ မသင့်တော်ပါဘူး။ ယားယံ ရောင်ယမ်းခြင်း အဖြူဆင်းခြင်းများ ခဏခဏ ဖြစ်တတ်သူများ ဆရာဝန်နဲ့ ပျောက်အောင်ကုပြီးမှ ထည့်ရပါမယ်။

ဒီပစ္စည်းဟာ ကိုယ်ဝန် ကိုသာ တားနိုင်ပြီး လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို လုံး၀ မကာကွယ်နိုင်ဘူး၊ ပိုတောင် ဆိုးစေတယ်၊ ဒီရောဂါတွေ ဖြစ်လာရင် ချက်ချင်း ထုတ်ပစ်ရမယ်ဆိုတာ သတိချပ်ရပါမယ်။

နောက်ပြီး IUD ထည့်ထားရင် ရာသီလာချိန်မှာ များတတ်ပါတယ်။ အီစထရိုဂျင် မပါလို့ ခါးကိုက်၊ ဆီးစပ်ကိုက်၊ စိတ်ရှုပ်ထွေးခြင်း ဝေဒနာတွေကိုလည်း မသက်သာစေပါဘူး။ နေရာမှားပြီး သန္ဓေတည်ခြင်း (Ectopic Pregnancy) ဖြစ်ဖူးသူတွေ လုံး၀ မသင့်တော်သလို မဖြစ်ဖူးသူတွေလည်း IUD ထည့်ထားရင် ဖြစ်တန်စွမ်း မဆိုစလောက်လေး ရှိပါတယ်။

ဒါပေမဲ့ ကိုယ်ဝန်စရှိပြီး ၂ လအတွင်း အာထရာဆောင်း ရိုက်တတ်တဲ့ သူတွေမှာတော့ စောစော သိနိုင်လို့ အချိန်မီ ကုသနိုင်မှာပါ။
Credit : Myawady Health

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top