iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးေတြအေနနဲ႕ ကိုယ္တြဲေနတဲ့ ကိုယ့္ခ်စ္သူက ကိုယ့္အတြက္ မွန္ကန္တဲ့ ခ်စ္သူ ဟုတ္ရဲ႕လားဆုိျပီး မၾကာခဏ ေတြးမိတတ္ၾကပါတယ္။

သင့္ခ်စ္သူဟာ သင့္အေပၚ တကယ္အခ်စ္စစ္ အခ်စ္မွန္နဲ႕ ခ်စ္မခ်စ္၊ သင့္အတြက္ Mr.Right ျဖစ္မျဖစ္ ဒီအခ်က္ (၆)ခ်က္က အတည္ျပဳေပးႏိုင္ပါတယ္။

၁။ သူဟာ သင့္အတြက္ အစစအရာရာ အားလံုး နားလည္သိတတ္ေနသူပါ။

သူနဲ႔ စၾကိဳက္ျပီးတဲ႔ေနာက္ ၊ပထမဆံုး သင္ခံစားရမွာက ၊ သူဟာ သင္နဲ႕ပတ္သက္ရင္ ဘာမဆိုသိေနတယ္ ဆုိတာပါပဲ။ သင့္စိတ္ကုိသိတယ္။

သင္တစ္ခုခုဆို ဘယ္လိုခံစားရမယ္ ဆုိတာမ်ိဳး သူသိတယ္။ သင့္လိုအပ္ခ်က္ ဘာဆုိတာလည္း သူသိေနတတ္တယ္။

၂။ သူဟာ သင့္ကို ေရရွည္အတြက္ စဥ္းစားေရြးခ်ယ္ထားတဲ႔ သူတစ္ေယာက္ပါ။

ႏွစ္ဦးသားစတြဲျပီးကတည္းက တစ္လျပီးတစ္လ ခ်စ္ျခင္းသံေယာဇဥ္ႀကိဳးေတြ ပိုခုိင္ျမဲလာတယ္။ သင့္ကို သူဘယ္လိုေရရွည္အတြက္ စဥ္းစားထားေၾကာင့္ အိပ္မက္ေတြ ဖြင့္ဟလာမယ္။

အနာဂတ္ခရီးမွာ သင္တုိ႕ႏွစ္ေယာက္ဘယ္လို အေနအထားမ်ိဳး ေလ်ွာက္လွမ္းသြားၾကမယ္ဆုိတာမ်ိဳး သူ ၾကိဳစဥ္းစားထားျပီးျပီ ျဖစ္တယ္။

သင့္လိုအပ္ခ်က္ေတြကို သူျဖည့္ဆည္းေပးလာတယ္။ သင့္ကိုေပးထားတဲ့ ကတိေတြတည္ႏိုင္ေအာင္ ၊ အျမဲၾကိဳးစားလုပ္ေဆာင္တတ္တယ္။

၃။ သင္ကိုယ္တုိင္လည္း အခ်စ္ခံရတဲ့ လူတစ္ေယာက္အျဖစ္ ခံစားမိလာမယ္။

သူ ျပဳလုပ္ေပးလုိက္တဲ့ အရာရာတုိင္းဟာ သင့္အတြက္ ေက်နပ္ေပ်ာ္ရႊင္မႈေတြရရွိတယ္။ သင့္ကမ႓ာမွာ ခ်စ္ျခင္းေတြျပည့္ေနတယ္လုိ႕ ခံစားလာရတယ္။

သူက "ခ်စ္တယ္" လို႕ ဖြင့္ဟလိုက္တုိင္းမွာလည္း ဒါ ပါးစပ္ထဲရွိလို႕ ေျပာေနတာ မဟုတ္ပဲ တကယ္ပါလားလို႕ သင္ေသခ်ာသိလာတယ္။

သူဟာ သင့္အတြက္ဆို ဘာမဆို ျဖည့္ဆည္းေပးဖုိ႕ အျမဲအသင့္ရွိမွန္းသိလာတဲ့အခါ ငါအခ်စ္ခံရတဲ့ ဘ၀ေလး ရရွိေနပါလားရယ္လုိ႕ သင္အျမဲ ၾကည္ႏူးမိေနတယ္။

၄။ သူဟာ သင့္ကို လြတ္လပ္မႈလည္း ေပးထားတယ္။

ခ်စ္ေတာ့ခ်စ္ပါရဲ႕။ ဘာမွလုပ္ခြင့္မေပးဘူး၊ နားလည္မႈလည္း မေပးဘူးဆုိရင္ သင္ဟာ ၾကာရွည္မွာ စိတ္ညစ္ညဴးလာပါလိမ့္မယ္။ ေလွာင္အိမ္ထဲထည့္ျပီး ခ်စ္တဲ့ အခ်စ္မ်ိဳး ဘယ္သူကလိုခ်င္မွာလဲ။

သူကေတာ့ ၊ သင့္ကိုယ္သင္ ယံုၾကည္မႈရွိေစဖုိ႕ ကူညီေပးတာကလြဲျပီး က်န္တဲ႔အခ်ိန္ေတြမွာ သင့္ကို လြတ္လပ္မႈေလးတစ္ခု ေပးထားတယ္။

အတင္းကန္႕သတ္ခ်ဳပ္ျခယ္တာမ်ိဳးေတြ သူဘယ္ေတာ့မွ မလုပ္ဘူး။

၅။ သူ႕အနာဂတ္မွာ သင္ဟာ အျမဲတြဲလ်ွက္ ပါရွိေနတယ္။

သူေျပာတဲ့ အနာဂတ္အေၾကာင္းေတြမွာ ကိုယ္တို႕အသက္ေတြရလာရင္ ဆုိတာမ်ိဳးူ၊ ကို္ယ္တို႕ႏွစ္ေယာက္ ေနာင္အခ်ိန္က်ရင္ ဆုိတာမ်ိဳးေတြသာ ေျပာဆုိတတ္တယ္။

သူတစ္ေယာက္တည္း အေၾကာင္း မေျပာဘဲ၊ ႏွစ္ဦးတြဲလ်က္သာ သူေျပာဆုိတယ္ဆုိရင္ သူဟာ သူ႔အနာဂတ္စိတ္ကူးထဲမွာေတာင္ သင့္ကိုအျမဲထည့္တြက္ထားတယ္ဆုိတာ သိသာေစပါတယ္။

၆။ သင္ဟာ သူ႕အတြက္ အေရးႀကီးတဲ့သူတစ္ေယာက္ဆုိတာ သူ႔လုပ္ရပ္ေတြက သက္ေသျပေနတယ္။

သင္ဟာ ဘယ္သူနဲ႕ယွဥ္ယွဥ္ ပထမဦးစားေပးေနရာမွာသာ အျမဲရွိတယ္။ အေရးတႀကီးကိစၥေတြရွိရင္ သင့္ကို အရင္ဆံုး ဖြင့္ဟတုိင္ပင္တယ္။

သင့္ဆံုးျဖတ္ခ်က္ကိုလည္း သူအေလးထားတယ္။ ဒါ့အျပင္ သင့္ရဲ႕အေပါင္းအသင္း သူငယ္ခ်င္းေတြကိုလည္း သူေလးေလးစားစား အျမဲဆက္ဆံေပးတယ္။

- ဒီလို နားလည္မႈအျပည့္ရွိတဲ႔ ခ်စ္သူေကာင္ေလးမ်ိဳးကို လံုးဝလက္လႊတ္ မခံပါနဲ႔ေတာ့။

Credit:Loveshop

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
အမျိုးသမီးတွေအနေနဲ့ ကိုယ်တွဲနေတဲ့ ကိုယ့်ချစ်သူက ကိုယ့်အတွက် မှန်ကန်တဲ့ ချစ်သူ ဟုတ်ရဲ့လားဆိုပြီး မကြာခဏ တွေးမိတတ်ကြပါတယ်။

သင့်ချစ်သူဟာ သင့်အပေါ် တကယ်အချစ်စစ် အချစ်မှန်နဲ့ ချစ်မချစ်၊ သင့်အတွက် Mr.Right ဖြစ်မဖြစ် ဒီအချက် (၆)ချက်က အတည်ပြုပေးနိုင်ပါတယ်။

၁။ သူဟာ သင့်အတွက် အစစအရာရာ အားလုံး နားလည်သိတတ်နေသူပါ။

သူနဲ့ စကြိုက်ပြီးတဲ့နောက် ၊ပထမဆုံး သင်ခံစားရမှာက ၊ သူဟာ သင်နဲ့ပတ်သက်ရင် ဘာမဆိုသိနေတယ် ဆိုတာပါပဲ။ သင့်စိတ်ကိုသိတယ်။

သင်တစ်ခုခုဆို ဘယ်လိုခံစားရမယ် ဆိုတာမျိုး သူသိတယ်။ သင့်လိုအပ်ချက် ဘာဆိုတာလည်း သူသိနေတတ်တယ်။

၂။ သူဟာ သင့်ကို ရေရှည်အတွက် စဉ်းစားရွေးချယ်ထားတဲ့ သူတစ်ယောက်ပါ။

နှစ်ဦးသားစတွဲပြီးကတည်းက တစ်လပြီးတစ်လ ချစ်ခြင်းသံယောဇဉ်ကြိုးတွေ ပိုခိုင်မြဲလာတယ်။ သင့်ကို သူဘယ်လိုရေရှည်အတွက် စဉ်းစားထားကြောင့် အိပ်မက်တွေ ဖွင့်ဟလာမယ်။

အနာဂတ်ခရီးမှာ သင်တို့နှစ်ယောက်ဘယ်လို အနေအထားမျိုး လျှောက်လှမ်းသွားကြမယ်ဆိုတာမျိုး သူ ကြိုစဉ်းစားထားပြီးပြီ ဖြစ်တယ်။

သင့်လိုအပ်ချက်တွေကို သူဖြည့်ဆည်းပေးလာတယ်။ သင့်ကိုပေးထားတဲ့ ကတိတွေတည်နိုင်အောင် ၊ အမြဲကြိုးစားလုပ်ဆောင်တတ်တယ်။

၃။ သင်ကိုယ်တိုင်လည်း အချစ်ခံရတဲ့ လူတစ်ယောက်အဖြစ် ခံစားမိလာမယ်။

သူ ပြုလုပ်ပေးလိုက်တဲ့ အရာရာတိုင်းဟာ သင့်အတွက် ကျေနပ်ပျော်ရွှင်မှုတွေရရှိတယ်။ သင့်ကမ္ဘာမှာ ချစ်ခြင်းတွေပြည့်နေတယ်လို့ ခံစားလာရတယ်။

သူက "ချစ်တယ်" လို့ ဖွင့်ဟလိုက်တိုင်းမှာလည်း ဒါ ပါးစပ်ထဲရှိလို့ ပြောနေတာ မဟုတ်ပဲ တကယ်ပါလားလို့ သင်သေချာသိလာတယ်။

သူဟာ သင့်အတွက်ဆို ဘာမဆို ဖြည့်ဆည်းပေးဖို့ အမြဲအသင့်ရှိမှန်းသိလာတဲ့အခါ ငါအချစ်ခံရတဲ့ ဘဝလေး ရရှိနေပါလားရယ်လို့ သင်အမြဲ ကြည်နူးမိနေတယ်။

၄။ သူဟာ သင့်ကို လွတ်လပ်မှုလည်း ပေးထားတယ်။

ချစ်တော့ချစ်ပါရဲ့။ ဘာမှလုပ်ခွင့်မပေးဘူး၊ နားလည်မှုလည်း မပေးဘူးဆိုရင် သင်ဟာ ကြာရှည်မှာ စိတ်ညစ်ညူးလာပါလိမ့်မယ်။ လှောင်အိမ်ထဲထည့်ပြီး ချစ်တဲ့ အချစ်မျိုး ဘယ်သူကလိုချင်မှာလဲ။

သူကတော့ ၊ သင့်ကိုယ်သင် ယုံကြည်မှုရှိစေဖို့ ကူညီပေးတာကလွဲပြီး ကျန်တဲ့အချိန်တွေမှာ သင့်ကို လွတ်လပ်မှုလေးတစ်ခု ပေးထားတယ်။

အတင်းကန့်သတ်ချုပ်ခြယ်တာမျိုးတွေ သူဘယ်တော့မှ မလုပ်ဘူး။

၅။ သူ့အနာဂတ်မှာ သင်ဟာ အမြဲတွဲလျှက် ပါရှိနေတယ်။

သူပြောတဲ့ အနာဂတ်အကြောင်းတွေမှာ ကိုယ်တို့အသက်တွေရလာရင် ဆိုတာမျိုးူ၊ ကိုယ်တို့နှစ်ယောက် နောင်အချိန်ကျရင် ဆိုတာမျိုးတွေသာ ပြောဆိုတတ်တယ်။

သူတစ်ယောက်တည်း အကြောင်း မပြောဘဲ၊ နှစ်ဦးတွဲလျက်သာ သူပြောဆိုတယ်ဆိုရင် သူဟာ သူ့အနာဂတ်စိတ်ကူးထဲမှာတောင် သင့်ကိုအမြဲထည့်တွက်ထားတယ်ဆိုတာ သိသာစေပါတယ်။

၆။ သင်ဟာ သူ့အတွက် အရေးကြီးတဲ့သူတစ်ယောက်ဆိုတာ သူ့လုပ်ရပ်တွေက သက်သေပြနေတယ်။

သင်ဟာ ဘယ်သူနဲ့ယှဉ်ယှဉ် ပထမဦးစားပေးနေရာမှာသာ အမြဲရှိတယ်။ အရေးတကြီးကိစ္စတွေရှိရင် သင့်ကို အရင်ဆုံး ဖွင့်ဟတိုင်ပင်တယ်။

သင့်ဆုံးဖြတ်ချက်ကိုလည်း သူအလေးထားတယ်။ ဒါ့အပြင် သင့်ရဲ့အပေါင်းအသင်း သူငယ်ချင်းတွေကိုလည်း သူလေးလေးစားစား အမြဲဆက်ဆံပေးတယ်။

- ဒီလို နားလည်မှုအပြည့်ရှိတဲ့ ချစ်သူကောင်လေးမျိုးကို လုံးဝလက်လွှတ် မခံပါနဲ့တော့။

Credit:Loveshop

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top