iMyanmarHouse.com - Best Property Website for Myanmar
×




Credit:Myanmarload
ပို့သပေးပါတယ်။

#Unicode Version

 အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုးခြင်း ဆိုသလို ဒီကိစ္စသုံးရပ်ကို လုပ်တော့မယ်ဆိုရင် စဉ်းစဉ်းစားစား ချင့်ချိန်ပြီးကာမှ လုပ်သင့်ပါတယ်။ မြန်မာ့ထုံးထမ်းအစဉ်အလာအရဆိုရင်တော့ လျစ်လျူရှုထားသင့်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ဒါ့ကြောင့် ချစ်သူစုံတွဲတွေအနေနဲ့ အိမ်ထောင်မှုတည်မြဲဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ လက်ထပ်ထိမ်းမြှား မင်္ဂလာကိစ္စတွေကို ဒီလတွေမှာ ရွေးချယ်လုပ်သင့်တာ သိပြီးပြီလား။

တန်ခူး ၊ကဆုန်လတွေမှာ လက်ထပ်ပါက ပြည့်စုံကြွယ်ဝချမ်းသာပြီး နယုန်လမှာ လက်ထပ်ပါက ချစ်ခင် မြတ်နိုးမှု အပြည့်အဝ ရပါလိမ့်မယ်။ သီတင်းကျွတ် ကာလမှာ လက်ထပ်ပါက ရွှေငွေစပါးတို့ ပေါများပါလိမ့်မယ်။ တန်ဆောင်မုန်း လမှာ လက်ထပ်ပါက အိမ်ကောင်းကောင်းနဲ့ နေရတတ်ပါတယ်။

တပို့တွဲလမှာ လက်ထပ်ပါက ကျောက်သံပတ္တမြား နဲ့ ပြည့်စုံပါလိမ့်မယ်။ ဒါ့ကြောင့် ဒီလတွေမှ တစ်ပါး အခြားလတွေမှာ လက်ထပ်မင်္ဂလာကိစ္စတွေပြုလုပ်ခြင်းကို ရှောင်ကြည်သင့်ပါတယ်လို့ သုတေသီ ဆရာငြိမ်း ရဲ့ စာအုပ်မှ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

ချစ်သူစုံတွဲတွေအားလုံး အိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေ။ 

Credit:Myanmarload

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top