iMyanmarHouse.com - Best Property Website for Myanmar
×
Credit:Myanmarload
#Unicode Version
 မြင့်မြတ်ကတော့ ပရိတ်သတ်ကြီးအတွက်အကယ်ဒမီကိုရအောင်ယူပေးမယ်လို့ဆိုလိုက်ပါတယ် ။
သရုပ်ဆောင် အင်မတန်ကောင်းသူဖြစ်ပေမယ့် အကယ်ဒမီနဲ့ အကြိမ်ကြိမ်လွဲချော်နေခဲ့တဲ့ မြင့်မြတ်အတွက်
ပရိတ်သတ်တွေက အားမလိုအားမရဖြစ်နေခဲ့တာပါ ။ ယောကျာၤးလေး ပရိတ်သတ်အများဆုံး အနုပညာရှင်တစ်ဦးဖြစ်တဲ့မြင့်မြတ်ဟာ
အရွယ်စုံက အားပေးမှုကိုရရှိခဲ့ပါတယ် ။ သူ့ရဲ့ သရုပ်ဆောင်မှုတွေဟာ လူငယ်ပိုင်းမှာ ပြောစမှတ်တွင်တဲ့ထိကို လွှမ်းမိုးနိုင်ပါတယ် ။
သူ အကယ်ဒမီမရလို့ စိတ်မကောင်းဖြစ်နေကြတဲ့ပရိတ်သတ်ကြီးအတွက် သူက အကယ်ဒမီကို ရအောင်ယူပေးမယ်လို့ပြောလိုက်ပါပြီ ။
‘‘အကယ်ဒမီနဲ့ပတ်သက်ပြီး တော့ ဒီနှစ်ထဲမှာဆိုရင်တော့ နောက်ထပ် အကယ်ဒမီမှန်းလို့ရ တဲ့ကားတွေ ရုံတင်လာဖို့ရှိပါသေး တယ်။ ပရိသတ်ရစေချင်တဲ့ အကယ်ဒမီကိုလည်း ရအောင် ယူပေးချင်ပါတယ်’’ လို့ မြင့်မြတ်က ဆိုပါတယ်။ မြင့်မြတ်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးထားတဲ "ကျွန်" ရုပ်ရှင်ကားကြီးမှာ နေတိုး၊ ဝတ်မှုံရွှေရည်၊ ရဲအောင်၊ စိုးမြတ်သူဇာတို့နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ကျွန် ရုပ်ရှင်ဇာတ်ကားကို လတ်တလောမှာ ရုံတင်ထားတာဖြစ်ပြီး မပြသခင်ကတည်းက လူကြိုက်များလှတဲ့ နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်မှုကြောင့် နာမည်ကြီးနေတဲ့ဇာတ်ကားလည်းဖြစ်ကာ လက်မှတ်တွေလည်း ရောင်းမလောက်အောင် ဖြစ်နေပါတယ်။ မြင့်မြတ်ရဲ့လတ်တလောအနုပညာလှုပ်ရှားမှုကတော့ ဘာလာလာ၊ ကျေပါတယ် မအေးစိန် နဲ့ မင်္ဂလာခုတင် ဆိုတဲ ဟာသရုပ်ရှင်ကားတွေ ဆက်တိုက်ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒါရိုက်တာညွန့်မြန်မာ ညီညီအောင်၊ မင်းသမီး သင်ဇာဝင့်ကျော်တို့နဲ့အတူ ဇာတ်ကားရိုက်ကူးဖို့ရှိတယ်လို့ သိရပါတယ်။
Credit:Myanmarload
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top