iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးပဲဥစၥာ လွခ်င္တာေပါ့လို႔။ မိတ္ကပ္လည္းႀကိဳက္တယ္၊ ဖက္႐ွင္လွလွေလးေတြလည္း ႀကိဳက္တယ္။ မိတ္ကပ္မႀကိဳက္ပါဘူးဆိုတဲ့ မိန္းကေလးေတြလည္း ႏႈတ္ခမ္းနီေလးတစ္ေတာင့္ေလာက္ေတာ့ ရွိတတ္ၾကပါတယ္။ အခုေျပာျပမယ့္နည္းေလးေတြကို မွတ္ထားရင္ တစ္ခ်ိန္မွာအသံုးတည့္လာမွာ အေသအခ်ာပါပဲ။
 

၁။ တစစီျဖစ္သြားတဲ့ပါးနီဘူး
ပါးနီဘူး၊ blusher ဘူးေလးဟာ အျမင့္ကေနျပဳတ္က်သြားရင္၊ လက္ထဲကလြတ္က်သြားရင္ တစ္စီကိုျဖစ္သြားေတာ့တာပဲ။ မျဖစ္တာဆုိလို႔ ဘူးခြံပဲ႐ွိတယ္။ အရမ္းကိုေၾကကြဲရတဲ့ အခိုက္အတန္႔ေတြဆုိတာ မိတ္ကပ္ႀကိဳက္သူေတြမွ နားလည္မယ္။ ျပန္သံုးလို႔ရခ်င္ရင္ေတာ့ အစိတ္အစိတ္အမႊာမႊာျဖစ္သြားတဲ့ အတံုးအခဲေလးေတြကို ဘူးထဲျပန္ထည့္ၿပီး လံုးဝေၾကသြားေအာင္ ေခ်လိုက္ပါ။ ဘူးထဲကို rubbing alcohol (ဓာတုပစၥည္းစတိုးေတြမွာ ဝယ္လို႔ရပါတယ္) နည္းနည္းေလာက္ထည့္ၿပီး ေမႊလိုက္ရင္ ခရင္မ္လို ပ်စ္ပ်စ္ေလးျဖစ္သြားလိမ့္မယ္။ အေပၚယံေလးကို ညီညာသြားေအာင္ညႇိလိုက္ဦး။ ဘူးေလးကိုလည္း နည္းနည္းေလာက္ ေဆာင့္ေပးလိုက္ရင္ rubbing alcohol ေတြ အထဲကို စိမ့္သြားဖုိ႔ေပါ့။ တစ္နာရီေလာက္ထားၿပီးလို႔ ေျခာက္သြားတဲ့အခါ ျပန္သံုးလို႔ရပါၿပီ။

၂။ ကိုယ္တိုင္လုပ္ မိတ္ကပ္ဖ်က္ေဆး
ကေလးေခါင္းေလွ်ာ္ရည္ ထမင္းစားဇြန္း ၂ ဇြန္း၊ baby oil/ အုန္းဆီ - ထမင္းစားဇြန္း ၂ ဇြန္းနဲ႔ ေရႏွစ္ခြက္တုိ႔ကို ေရာစပ္လိုက္ပါ။ မိတ္ကပ္ဖ်က္ေဆးအျဖစ္ သံုးလို႔ရပါၿပီ။ Cotton Pad ေလးေတြကို ပုလင္းတစ္လံုးထဲမွာ စီထည့္ၿပီးရင္ အေပၚကေန ကိုယ္တိုင္လုပ္မိတ္ကပ္ဖ်က္ေဆးရည္ကို ေလာင္းထည့္ကာ အဖံုးလံုေအာင္ပိတ္ၿပီးသိမ္းပါ။ ေအးတဲ့ေနရာမွာသိမ္းထားမယ္ဆို ၂ ပတ္ေလာက္ေတာ့ အထားခံတယ္။ မိတ္ကပ္ေတြလည္း ဖ်က္လို႔အဆင္ေျပတယ္။
 

၃။ ဖေယာင္းႏႈတ္ခမ္းနီ
ႏႈတ္ခမ္းနီတံဆိပ္ အမ်ိဳးမ်ိဳးထဲမွာမွ ဖေယာင္းႏႈတ္ခမ္းနီဆိုၿပီး ကိုယ္တိုင္ထြင္ပလိုက္ၾကစို႔။ ေဆးျခယ္တဲ့ဖေယာင္းေတာင့္ေလးေတြကို သံုးမွာပါ။ အုန္းဆီကို အပူေပးလိုက္ၿပီးရင္ ဖေယာင္းေတာင့္ေလးကို စကၠဴေတြခြာၿပီး ၃ ပိုင္းေလာက္ခ်ိဳးထည့္လိုက္။ အလိုလိုေပ်ာ္သြားၿပီး ခနေနဆုိ ခဲသြားေရာ။ ႏႈတ္ခမ္းနီအျဖစ္ ဆိုးလို႔ရသြားလိမ့္မယ္။ မပူပါနဲ႔၊ ေဆးျခယ္တဲ့ဖေယာင္းေတာင့္ေလးေတြက ပ်ားဖေယာင္းရယ္ သဘာဝဆိုးေဆးရယ္နဲ႔ပဲ ျပဳလုပ္ထားတာမို႔ အဆိပ္အေတာက္ျဖစ္စရာ အေၾကာင္းမရွိဘူး။
 

၄။ ႏႈတ္ခမ္းနီေတာင့္ေလးက်ိဳးသြားတဲ့အခါ
ဒါလည္းအျဖစ္မ်ားတဲ့ ကိစၥတစ္ခုပဲ။ ႏႈတ္ခမ္းနီေတာင့္ေလးက အလယ္ကေန၊ အရင္းကေန က်ိဳးသြားတာဆုိရင္ က်ိဳးတဲ့ေနရာကို အပူေပးၿပီး ျပန္ဆက္လိုက္ပါ။ ေဘးေတြကိုလည္း အပူေပးလုိက္ရင္ ႏႈတ္ခမ္းနီကို ျပန္ဆက္လို႔ရသြားလိမ့္မယ္။ ႏႈတ္ခမ္းနီေတာင့္ကေတာ့ နည္းနည္းအရည္ေပ်ာ္သြားတယ္ဆုိေပမဲ့ က်ိဳးၿပီးသံုးမရတာထက္စာရင္ေတာ့ ျပန္သံုးလို႔ရေသးတာပဲေလ။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
 မိန်းကလေးပဲဥစ္စာ လှချင်တာပေါ့လို့။ မိတ်ကပ်လည်းကြိုက်တယ်၊ ဖက်ရှင်လှလှလေးတွေလည်း ကြိုက်တယ်။ မိတ်ကပ်မကြိုက်ပါဘူးဆိုတဲ့ မိန်းကလေးတွေလည်း နှုတ်ခမ်းနီလေးတစ်တောင့်လောက်တော့ ရှိတတ်ကြပါတယ်။ အခုပြောပြမယ့်နည်းလေးတွေကို မှတ်ထားရင် တစ်ချိန်မှာအသုံးတည့်လာမှာ အသေအချာပါပဲ။

၁။ တစစီဖြစ်သွားတဲ့ပါးနီဘူး

ပါးနီဘူး၊ blusher ဘူးလေးဟာ အမြင့်ကနေပြုတ်ကျသွားရင်၊ လက်ထဲကလွတ်ကျသွားရင် တစ်စီကိုဖြစ်သွားတော့တာပဲ။ မဖြစ်တာဆိုလို့ ဘူးခွံပဲရှိတယ်။ အရမ်းကိုကြေကွဲရတဲ့ အခိုက်အတန့်တွေဆိုတာ မိတ်ကပ်ကြိုက်သူတွေမှ နားလည်မယ်။ ပြန်သုံးလို့ရချင်ရင်တော့ အစိတ်အစိတ်အမွှာမွှာဖြစ်သွားတဲ့ အတုံးအခဲလေးတွေကို ဘူးထဲပြန်ထည့်ပြီး လုံးဝကြေသွားအောင် ချေလိုက်ပါ။ ဘူးထဲကို rubbing alcohol (ဓာတုပစ္စည်းစတိုးတွေမှာ ဝယ်လို့ရပါတယ်) နည်းနည်းလောက်ထည့်ပြီး မွှေလိုက်ရင် ခရင်မ်လို ပျစ်ပျစ်လေးဖြစ်သွားလိမ့်မယ်။ အပေါ်ယံလေးကို ညီညာသွားအောင်ညှိလိုက်ဦး။ ဘူးလေးကိုလည်း နည်းနည်းလောက် ဆောင့်ပေးလိုက်ရင် rubbing alcohol တွေ အထဲကို စိမ့်သွားဖို့ပေါ့။ တစ်နာရီလောက်ထားပြီးလို့ ခြောက်သွားတဲ့အခါ ပြန်သုံးလို့ရပါပြီ။

၂။ ကိုယ်တိုင်လုပ် မိတ်ကပ်ဖျက်ဆေး

ကလေးခေါင်းလျှော်ရည် ထမင်းစားဇွန်း ၂ ဇွန်း၊ baby oil/ အုန်းဆီ - ထမင်းစားဇွန်း ၂ ဇွန်းနဲ့ ရေနှစ်ခွက်တို့ကို ရောစပ်လိုက်ပါ။ မိတ်ကပ်ဖျက်ဆေးအဖြစ် သုံးလို့ရပါပြီ။ Cotton Pad လေးတွေကို ပုလင်းတစ်လုံးထဲမှာ စီထည့်ပြီးရင် အပေါ်ကနေ ကိုယ်တိုင်လုပ်မိတ်ကပ်ဖျက်ဆေးရည်ကို လောင်းထည့်ကာ အဖုံးလုံအောင်ပိတ်ပြီးသိမ်းပါ။ အေးတဲ့နေရာမှာသိမ်းထားမယ်ဆို ၂ ပတ်လောက်တော့ အထားခံတယ်။ မိတ်ကပ်တွေလည်း ဖျက်လို့အဆင်ပြေတယ်။
 ၃။ ဖယောင်းနှုတ်ခမ်းနီ

နှုတ်ခမ်းနီတံဆိပ် အမျိုးမျိုးထဲမှာမှ ဖယောင်းနှုတ်ခမ်းနီဆိုပြီး ကိုယ်တိုင်ထွင်ပလိုက်ကြစို့။ ဆေးခြယ်တဲ့ဖယောင်းတောင့်လေးတွေကို သုံးမှာပါ။ အုန်းဆီကို အပူပေးလိုက်ပြီးရင် ဖယောင်းတောင့်လေးကို စက္ကူတွေခွာပြီး ၃ ပိုင်းလောက်ချိုးထည့်လိုက်။ အလိုလိုပျော်သွားပြီး ခနနေဆို ခဲသွားရော။ နှုတ်ခမ်းနီအဖြစ် ဆိုးလို့ရသွားလိမ့်မယ်။ မပူပါနဲ့၊ ဆေးခြယ်တဲ့ဖယောင်းတောင့်လေးတွေက ပျားဖယောင်းရယ် သဘာဝဆိုးဆေးရယ်နဲ့ပဲ ပြုလုပ်ထားတာမို့ အဆိပ်အတောက်ဖြစ်စရာ အကြောင်းမရှိဘူး။

၄။ နှုတ်ခမ်းနီတောင့်လေးကျိုးသွားတဲ့အခါ

ဒါလည်းအဖြစ်များတဲ့ ကိစ္စတစ်ခုပဲ။ နှုတ်ခမ်းနီတောင့်လေးက အလယ်ကနေ၊ အရင်းကနေ ကျိုးသွားတာဆိုရင် ကျိုးတဲ့နေရာကို အပူပေးပြီး ပြန်ဆက်လိုက်ပါ။ ဘေးတွေကိုလည်း အပူပေးလိုက်ရင် နှုတ်ခမ်းနီကို ပြန်ဆက်လို့ရသွားလိမ့်မယ်။ နှုတ်ခမ်းနီတောင့်ကတော့ နည်းနည်းအရည်ပျော်သွားတယ်ဆိုပေမဲ့ ကျိုးပြီးသုံးမရတာထက်စာရင်တော့ ပြန်သုံးလို့ရသေးတာပဲလေ။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top