iMyanmarHouse.com - Best Property Website for Myanmar
×

၁)မနက္အိပ္ရာႏိုးေပးျခင္း

မနက္ခင္းတိုင္းတြင္ အိပ္ရာအရင္ဦးဆံုးႏိုးသူက မိမိခ်စ္သူကိုႏိုးေပးရတာဟာ ၾကည္ႏူးဖြယ္ေကာင္းတဲ့ အရာေလးပါ။ မ်က္လံုးႏွစ္လံုးဖြင့္တာနဲ႔ သူ႔ကိုသတိရေနတယ္ဆိုတာကို လွမ္းၿပီးအသိေပးလိုက္သလိုလည္း ျဖစ္သြားတာေပါ့။

၂)ခ်စ္သူ၏အၾကိဳက္မ်ားမွတ္မိေနျခင္း

ဘာအေရာင္ႀကိဳက္တယ္၊ ဘယ္အစားအစာၾကိဳက္တယ္ဆိုတာေတြကအစ ေရခဲမုန္႔ဘာအရသာကိုႀကိဳက္သလဲဆိုတဲ့ အေသးအမႊားကိစၥေလးကအဆံုး မွတ္မိေနတတ္ၿပီဆိုရင္ေတာ့ သင္တို႔စံုတြဲေလးဟာ ၾကည္ႏူးမႈေတြျပည့္ႏွက္ေနတဲ့ ခ်စ္သူေတြပဲျဖစ္ပါလိမ့္မယ္။

၃)ခ်စ္သူ၏တစ္ေန႔တာကိုစိတ္ဝင္စားျခင္း

တစ္ေန႔တာလုပ္ငန္းေဆာင္တာမ်ားကို ေန႔စဥ္မျပတ္စူးစမ္းေမးျမန္းတာဟာ ခ်ဳပ္ခ်ယ္ျခင္းမဟုတ္ပါဘူး။ မိမိခ်စ္သူ၏အေၾကာင္းကို စိတ္ဝင္တစားႏွင့္ အစဥ္အၿမဲဂရုစိုက္တယ္ဆိုတာကို ေဖာ္ညႊန္းေပးေနတဲ့ ခ်စ္စရာ အမူအရာေလးေတြပါ။

၄)ဆံသားမ်ားေဆာ့ကစားျခင္း

မိမိခ်စ္သူ၏ဆံႏြယ္ေလးမ်ားအား ေဆာ့ကစားတာဟာ ျမတ္ႏိုးမႈ၊ အခ်စ္ကိုျပသတဲ့ အရာေလးပါ။ ဘာမဟုတ္တဲ့အရာလို႔ ထင္ေကာင္းထင္မိပါလိမ့္မယ္။ သို႔ေသာ္ သင့္ခ်စ္သူအဖို႔ေတာ့ သူမဆံပင္ကိုေဆာ့ကစားတဲ့အခါတိုင္း သင့္ရဲ႕သူမအေပၚတန္ဖိုးထားျမတ္ႏိုးမႈကို ပိုမိုခံစားေနရတယ္ဆိုတာ မေမ့ပါႏွင့္။

၅)ခ်စ္စကားဆိုျခင္း

မၾကာခဏ ေန႔စဥ္ေန႔တိုင္း မၿငီးေငြ႕တမ္း ခ်စ္ေၾကာင္းၾကိဳက္ေၾကာင္းေျပာေပးပါ။ သင္တို႔အခ်စ္မ်ား တေျဖးေျဖးပိုပိုတိုးလာပါလိမ့္မယ္။

၆)သူငယ္ခ်င္းမ်ားႏွင့္မိတ္ဆက္ေပးျခင္း

မိမိခ်စ္သူကို လူပံုအလယ္ ပတ္ဝန္းက်င္ကိုထုတ္ျပတာဟာ ခ်စ္သူအေပၚအေလးထားမႈကို ျပသတဲ့အရာပါ။ မိသားစု၊ မိဘမ်ားႏွင့္ မိတ္ဆက္ရန္အခ်ိန္မသင့္လွ်င္ေတာင္ သင္ခ်စ္ခင္ရသူ သူငယ္ခ်င္းမိတ္ေဆြမ်ားႏွင့္ မိတ္ဆက္ေပးျခင္းျဖင့္ သူမ၏ယံုၾကည္မႈကို ရရွိႏိုင္ပါလိမ့္မယ္။

Credit:စံပယ္(ေရႊအင္းေလး)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
၁)မနက်အိပ်ရာနိုးပေးခြင်း

မနက်ခင်းတိုင်းတွင် အိပ်ရာအရင်ဦးဆုံးနိုးသူက မိမိချစ်သူကိုနိုးပေးရတာဟာ ကြည်နူးဖွယ်ကောင်းတဲ့ အရာလေးပါ။ မျက်လုံးနှစ်လုံးဖွင့်တာနဲ့ သူ့ကိုသတိရနေတယ်ဆိုတာကို လှမ်းပြီးအသိပေးလိုက်သလိုလည်း ဖြစ်သွားတာပေါ့။

၂)ချစ်သူ၏အကြိုက်များမှတ်မိနေခြင်း

ဘာအရောင်ကြိုက်တယ်၊ ဘယ်အစားအစာကြိုက်တယ်ဆိုတာတွေကအစ ရေခဲမုန့်ဘာအရသာကိုကြိုက်သလဲဆိုတဲ့ အသေးအမွှားကိစ္စလေးကအဆုံး မှတ်မိနေတတ်ပြီဆိုရင်တော့ သင်တို့စုံတွဲလေးဟာ ကြည်နူးမှုတွေပြည့်နှက်နေတဲ့ ချစ်သူတွေပဲဖြစ်ပါလိမ့်မယ်။

၃)ချစ်သူ၏တစ်နေ့တာကိုစိတ်ဝင်စားခြင်း

တစ်နေ့တာလုပ်ငန်းဆောင်တာများကို နေ့စဉ်မပြတ်စူးစမ်းမေးမြန်းတာဟာ ချုပ်ချယ်ခြင်းမဟုတ်ပါဘူး။ မိမိချစ်သူ၏အကြောင်းကို စိတ်ဝင်တစားနှင့် အစဉ်အမြဲဂရုစိုက်တယ်ဆိုတာကို ဖော်ညွှန်းပေးနေတဲ့ ချစ်စရာ အမူအရာလေးတွေပါ။

၄)ဆံသားများဆော့ကစားခြင်း

မိမိချစ်သူ၏ဆံနွယ်လေးများအား ဆော့ကစားတာဟာ မြတ်နိုးမှု၊ အချစ်ကိုပြသတဲ့ အရာလေးပါ။ ဘာမဟုတ်တဲ့အရာလို့ ထင်ကောင်းထင်မိပါလိမ့်မယ်။ သို့သော် သင့်ချစ်သူအဖို့တော့ သူမဆံပင်ကိုဆော့ကစားတဲ့အခါတိုင်း သင့်ရဲ့သူမအပေါ်တန်ဖိုးထားမြတ်နိုးမှုကို ပိုမိုခံစားနေရတယ်ဆိုတာ မမေ့ပါနှင့်။

၅)ချစ်စကားဆိုခြင်း

မကြာခဏ နေ့စဉ်နေ့တိုင်း မငြီးငွေ့တမ်း ချစ်ကြောင်းကြိုက်ကြောင်းပြောပေးပါ။ သင်တို့အချစ်များ တဖြေးဖြေးပိုပိုတိုးလာပါလိမ့်မယ်။

၆)သူငယ်ချင်းများနှင့်မိတ်ဆက်ပေးခြင်း

မိမိချစ်သူကို လူပုံအလယ် ပတ်ဝန်းကျင်ကိုထုတ်ပြတာဟာ ချစ်သူအပေါ်အလေးထားမှုကို ပြသတဲ့အရာပါ။ မိသားစု၊ မိဘများနှင့် မိတ်ဆက်ရန်အချိန်မသင့်လျှင်တောင် သင်ချစ်ခင်ရသူ သူငယ်ချင်းမိတ်ဆွေများနှင့် မိတ်ဆက်ပေးခြင်းဖြင့် သူမ၏ယုံကြည်မှုကို ရရှိနိုင်ပါလိမ့်မယ်။

Credit:စံပယ်(ရွှေအင်းလေး)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top