Credit:Duwun
#Unicode Version#
ဖိလစ်ပိုင်နိုင်ငံမှာနေထိုင်တဲ့ Eriel Pangan Mendoza ဟာ KFC ကြက်ကြော်ဆိုင်တစ်ဆိုင်ထဲကို ဝင်သွားချိန်မှာ တောင်ကိုရီးယားမင်းသား ဂေါင်ယူးက သူမကို ကြက်ကြော်တွေထည့်ပေးမယ့်သူဆိုတာ သိလိုက်ရတော့ မင်သက်သွားခဲ့ပါတယ်။
Mendoza ချက်ချင်းပဲ ဖေ့စ်ဘွတ်ပေါ်တက်ပြီး သူမရဲ့အံ့သြဖွယ် တွေ့ရှိမှုကြီးကို အားလုံးသိအောင် မျှဝေလိုက်တာပါ။
"Goblin ဇာတ်ကားထဲက ကင်ရှင်းကို တွေ့လိုက်တယ်။ သူ့ဓားကိုတောင် တွေ့လိုက်သေးတယ်။ အဲဒါ ကျွန်မက သူ့ရဲ့သတို့သမီးလေးဖြစ်မယ့် အဓိပ္ပာယ်လား။
ဘုရားရေ..ကျွန်မ ရှင့်ရဲ့နာမည်ကတ်ပြားကို မမြင်မိဘူး။ ရှင်က တကယ်ပဲ ဂေါင်ယူးနဲ့တူတာပဲ။
ကျွန်မ ကိုရီးယားကို သွားစရာမလိုတော့ဘူး။ ဒီနေ့ ဒီမှာ သူ့ကို တွေ့ရပြီလေ" လို့ သူမက ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
အဲဒီဖေ့စ်ဘွတ်ပို့စ်ဟာ Like ၁၅,၀၀၀ ရရှိခဲ့ပြီး ကွန်မန့် ၂၀,၀၀၀ ရှိခဲ့ပါတယ်။ တကယ်လည်း ကြက်ကြော်ဆိုင်က ကောင်လေးက ဂေါင်ယူးနဲ့တူနေတော့ အားလုံးက တအံ့တသြဖြစ်ကုန်ကြတာပါ။
တောင်ကိုရီးယားမင်းသား ဂေါင်ယူးဟာ ၂၀၁၆ ခုနှစ်မှာ ပြသခဲ့တဲ့ The Age of Shadows နဲ့ Train To Busan ဇာတ်ကားတို့နဲ့ လူကြိုက်များလာတာဖြစ်ပြီး ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်မှာ ပြသခဲ့တဲ့ Goblin ( Guardian: The Lonely and Great God ) ဇာတ်လမ်းတွဲကြောင့် တောင်ကိုရီးယားမှာ ပေါ်ပြူလာအဖြစ်ဆုံး မင်းသားတစ်လက် ဖြစ်လာခဲ့ပါတယ်။
ဂေါင်ယူး ပထမဆုံး ပါဝင်ခဲ့တဲ့ ဇာတ်ကားကတော့ ၂၀၀၁ ခုနှစ်က ပြသခဲ့တဲ့ School 4 ရုပ်သံဇာတ်လမ်းတွဲဖြစ်ပါတယ်။ အစပိုင်းမှာ ဂေါင်ယူးဟာ ဇာတ်ပို့နေရာတွေကသာ ပါဝင်ခဲ့ရသူ ဖြစ်ပါတယ်။
၂၀၀၅ ခုနှစ်မှာ Biscuit Teacher and Star Candy ဇာတ်ကားမှာ ခေါင်းဆောင်မင်းသားအဖြစ် စတင်ပါဝင်ခဲ့ပြီးတဲ့နောက် The 1st Shop of Coffee Prince ဆိုတဲ့ အချစ်ဟာသဇာတ်လမ်းတွဲမှာ ပါဝင်ရင်း အဲဒီကားဟာ အရမ်းနာမည်ကြီးသွားတာကစလို့ ဂေါင်ယူးဟာ လူသိများ ကျော်ကြားလာတာဖြစ်ပါတယ်။
Credit:Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ဖိလစ်ပိုင်မှာ ကြက်ကြော်ရောင်းနေတဲ့ ဂေါင်ယူး
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။