iMyanmarHouse.com - Best Property Website for Myanmar
×

ကြ်န္ေတာ္တို႔ေနထိုင္တဲ႔ ကမၻာၾကီးမွာ သက္ရွိမ်ိဳးစိတ္ေပါင္းမ်ားစြာရွိပါတယ္။ ေဂဟေဗဒသေဘာတရားအရ အျပန္အလွန္ မီွတင္းေနထိုင္ေနၾကရတယ္ဆိုေပမယ္႔လည္း တခ်ိဳ႕သက္ရွိမ်ိဳးစိတ္ေတြကေတာ႔ ပြားမ်ားႏႈန္းျမန္လြန္းတဲ႔အျပင္ ကြ်န္ေတာ္တို႔ရဲ႕က်န္းမာေရးကိုပါ အႏၱရာယ္ျဖစ္ေစႏိုင္ပါတယ္။ သူတို႔ေၾကာင္႔စိတ္ရႈပ္ရတဲ႔အၾကိမ္ေပါင္းကလည္း နည္းမယ္မထင္ပါဘူး။ ဟုတ္ပါတယ္။ ကြ်န္ေတာ္ေျပာေနတာ ျခင္ေတြနဲ႔ ပိုးဟပ္ေတြအေၾကာင္းပါပဲ။

ျခင္ေတြ၊ ပိုးဟပ္ေတြကို စိုစြတ္တဲ႔ရာသီေတြနဲ႔ ေျခာက္ေသြ႕တဲ႔ရာသီေတြမွာအေတြ႕မ်ားျပီး အထူးသျဖင္႔ ငွက္ဖ်ား၊ ေသြးလြန္တုပ္ေကြးနဲ႔ ဆင္ေျခေထာက္ေရာဂါတို႔လို အသက္အႏၱရာယ္ကိုထိပါးေစႏိုင္တဲ႔ ေရာဂါပိုးမႊားေတြကို သယ္ေဆာင္ႏိုင္တဲ႔ သတၱဝါေတြ ျဖစ္ပါတယ္။ ေရာဂါပိုုးမႊားေတြကို မသယ္ေဆာင္ႏိုင္ဘူးပဲထား။ သူတို႔ရဲ႕ တဝီဝီျမည္သံေတြ၊ အေရျပားကိုယားယံံေအာင္ ကိုက္ခဲမႈေတြက လူကိုအာရံုတကယ္ေနာက္ေစပါတယ္။ ပိုးဟပ္ေတြဆိုရင္လည္း မီးဖိုေခ်ာင္နဲ႔စားစရာထားတဲ႔ေနရာေတြမွာ ေလွ်ာက္သြားေနတတ္ျပီး ကေလးေလးေတြအိပ္ေနခ်ိိန္မွာဆို ကိုက္တတ္ပါေသးတယ္။ ဒီေတာ႔ အဲဒီလိုအာရံုေနာက္ဖို႔ေကာင္းတဲ႔ သတၱဝါေတြကို အိမ္မွာရွိေနေစခ်င္္မွာမဟုတ္ပါဘူး။

ျပီးေတာ႔ သင္းတို႔က ညစ္လဲညစ္ပတ္ပါေသးတယ္။ ျခင္ေတြ၊ ယင္ေတြဟာ အစားအစာေတြထားတတ္တဲ႔ေနရာေတြမွာ ေလွ်ာက္ဝဲေနတတ္ျပီး သူတို႔နားတဲ႔အစားအေသာက္ေတြဟာ ဝမ္းပ်က္ေရာဂါလိုမ်ိဳး ရာသီစာအဖ်ားအနာေရာဂါေတြကိုလည္း ျဖစ္ပြားေစႏိုင္ပါေသးတယ္။ အဆိုးဆံုးတစ္ခ်က္ကေတာ႔ သူတို႔ကိုဖယ္ရွားရအရမ္းခက္တာပါပဲ။ ပိုးဟပ္ေတြဆို ပိုဆိုးပါတယ္။ ဒါေပမယ္႔ စိတ္မပူပါနဲ႔။ အဲဒီေကာင္ေတြကို ခင္ဗ်ားအိမ္္နားမကပ္ေအာင္ တားထားႏိုင္တဲ႔ သဘာဝေဆးျမီးတိုေလးတစ္ခု ရွိေနပါေသးတယ္။

ေစ်းကြက္ထဲမွာ ပိုးမႊားေတြကိုဖယ္ရွားေပးႏိုင္တယ္လို႔ အာမခံထားတဲ႔ မႈတ္ေဆးဘူးေတြ၊ လိမ္းေဆးဘူးေတြကို ခင္ဗ်ားျမင္ဖူးမွာပါ။ ဒါေပမယ္႔ အဲဒါေတြက လံုေလာက္ျခင္းမရွိသလို သူတို႔ထဲမွာပါဝင္တဲ႔ ဓာတုပစၥည္းေတြက ခင္ဗ်ားရဲ႕က်န္းမာေရးကိုလည္း ထိခိုက္ေစႏိုင္ပါေသးတယ္။ ေနာက္ထပ္တစ္ခုကေတာ႔ ခင္ဗ်ားအေနနဲ႔ အဲဒီပစၥည္းေတြကို ေစ်းၾကီးေပးဝယ္ရတာပါပဲ။

ဒါေၾကာင္႔ ေအာက္မွာေဖာ္ျပထားတဲ႔ သဘာဝေဆးျမီးတိုေလးကို စမ္းသံုးၾကည္႔ဖို႔အၾကံျပဳပါရေစ။ လုပ္နည္းကေတာ႔...

အသီးအရြက္ဆီ ခြက္ တစ္ဝက္စာ၊ ေခါင္းေလွ်ာ္ရည္ ခြက္ တစ္ဝက္စာ၊ ရွာလကာရည္ ခြက္ တစ္ဝက္စာတို႔ကို စပေရးဘူးတစ္ဘူးထဲမွာထည္႔ျပီး လႈပ္ခါေပးပါ။ ျပီးရင္ ပိုးဟပ္ေတြ၊ ျခင္ေတြအေတြ႕မ်ားတဲ႔ေနရာေတြမွာ ပက္ျဖန္းေပးပါ။ သိပ္မၾကာခင္မွာပဲ... အဲဒီေကာင္ေတြ သုတ္ေျခတင္သြားပါလိမ္႔မယ္။ ေနာက္ထပ္ေကာင္းကြက္တစ္ကြက္ကေတာ႔ ခင္ဗ်ားအေနနဲ႔ ဒီ သဘာဝေဆးျမီးတိုကို ၾကိဳက္တဲ႔ေနရာမွာ ပက္ဖ်န္းႏိုင္တာပါပဲ။ ဘာလို႔လဲဆိုေတာ႔ သူ႔ထဲမွာ ခင္ဗ်ားမိသားစုနဲ႔အိမ္ ေမြးတိရစၦာန္ေလးေတြကို အႏၱရာယ္ျပဳေစႏိုင္တဲ႔ဓာတုပစၥည္းေတြ မပါဝင္လို႔ပါပဲ။ ေနာက္ျပီး ခင္ဗ်ားသာအလိုရွိမယ္ဆိုရင္ သူတို႔ကို အေရျပားေပၚမွာ ျခင္ေျပးေဆးအျဖစ္ သုတ္လိမ္းႏိုင္ပါေသးတယ္။
ကဲ... sharing is caring ပါပဲ။ ဒီသဘာဝေဆးျမီးတိုေလးအေၾကာင္းကို ခင္ဗ်ားမိသားစုဝင္ေတြနဲ႕ သူငယ္ခ်င္းေတြသိေအာင္ share ေပးလိုက္ၾကပါဦး။
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးမှာ သက်ရှိမျိုးစိတ်ပေါင်းများစွာရှိပါတယ်။ ဂေဟဗေဒသဘောတရားအရ အပြန်အလှန် မှီတင်းနေထိုင်နေကြရတယ်ဆိုပေမယ့်လည်း တချို့သက်ရှိမျိုးစိတ်တွေကတော့ ပွားများနှုန်းမြန်လွန်းတဲ့အပြင် ကျွန်တော်တို့ရဲ့ကျန်းမာရေးကိုပါ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ သူတို့ကြောင့်စိတ်ရှုပ်ရတဲ့အကြိမ်ပေါင်းကလည်း နည်းမယ်မထင်ပါဘူး။ ဟုတ်ပါတယ်။ ကျွန်တော်ပြောနေတာ ခြင်တွေနဲ့ ပိုးဟပ်တွေအကြောင်းပါပဲ။

ခြင်တွေ၊ ပိုးဟပ်တွေကို စိုစွတ်တဲ့ရာသီတွေနဲ့ ခြောက်သွေ့တဲ့ရာသီတွေမှာအတွေ့များပြီး အထူးသဖြင့် ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနဲ့ ဆင်ခြေထောက်ရောဂါတို့လို အသက်အန္တရာယ်ကိုထိပါးစေနိုင်တဲ့ ရောဂါပိုးမွှားတွေကို သယ်ဆောင်နိုင်တဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။ ရောဂါပိုုးမွှားတွေကို မသယ်ဆောင်နိုင်ဘူးပဲထား။ သူတို့ရဲ့ တဝီဝီမြည်သံတွေ၊ အရေပြားကိုယားယံံအောင် ကိုက်ခဲမှုတွေက လူကိုအာရုံတကယ်နောက်စေပါတယ်။ ပိုးဟပ်တွေဆိုရင်လည်း မီးဖိုချောင်နဲ့စားစရာထားတဲ့နေရာတွေမှာ လျှောက်သွားနေတတ်ပြီး ကလေးလေးတွေအိပ်နေချိန်မှာဆို ကိုက်တတ်ပါသေးတယ်။ ဒီတော့ အဲဒီလိုအာရုံနောက်ဖို့ကောင်းတဲ့ သတ္တဝါတွေကို အိမ်မှာရှိနေစေချင်မှာမဟုတ်ပါဘူး။

ပြီးတော့ သင်းတို့က ညစ်လဲညစ်ပတ်ပါသေးတယ်။ ခြင်တွေ၊ ယင်တွေဟာ အစားအစာတွေထားတတ်တဲ့နေရာတွေမှာ လျှောက်ဝဲနေတတ်ပြီး သူတို့နားတဲ့အစားအသောက်တွေဟာ ဝမ်းပျက်ရောဂါလိုမျိုး ရာသီစာအဖျားအနာရောဂါတွေကိုလည်း ဖြစ်ပွားစေနိုင်ပါသေးတယ်။ အဆိုးဆုံးတစ်ချက်ကတော့ သူတို့ကိုဖယ်ရှားရအရမ်းခက်တာပါပဲ။ ပိုးဟပ်တွေဆို ပိုဆိုးပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ အဲဒီကောင်တွေကို ခင်ဗျားအိမ်နားမကပ်အောင် တားထားနိုင်တဲ့ သဘာဝဆေးမြီးတိုလေးတစ်ခု ရှိနေပါသေးတယ်။

ဈေးကွက်ထဲမှာ ပိုးမွှားတွေကိုဖယ်ရှားပေးနိုင်တယ်လို့ အာမခံထားတဲ့ မှုတ်ဆေးဘူးတွေ၊ လိမ်းဆေးဘူးတွေကို ခင်ဗျားမြင်ဖူးမှာပါ။ ဒါပေမယ့် အဲဒါတွေက လုံလောက်ခြင်းမရှိသလို သူတို့ထဲမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေက ခင်ဗျားရဲ့ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါသေးတယ်။ နောက်ထပ်တစ်ခုကတော့ ခင်ဗျားအနေနဲ့ အဲဒီပစ္စည်းတွေကို ဈေးကြီးပေးဝယ်ရတာပါပဲ။

ဒါကြောင့် အောက်မှာဖော်ပြထားတဲ့ သဘာဝဆေးမြီးတိုလေးကို စမ်းသုံးကြည့်ဖို့အကြံပြုပါရစေ။ လုပ်နည်းကတော့...

အသီးအရွက်ဆီ ခွက် တစ်ဝက်စာ၊ ခေါင်းလျှော်ရည် ခွက် တစ်ဝက်စာ၊ ရှာလကာရည် ခွက် တစ်ဝက်စာတို့ကို စပရေးဘူးတစ်ဘူးထဲမှာထည့်ပြီး လှုပ်ခါပေးပါ။ ပြီးရင် ပိုးဟပ်တွေ၊ ခြင်တွေအတွေ့များတဲ့နေရာတွေမှာ ပက်ဖြန်းပေးပါ။ သိပ်မကြာခင်မှာပဲ... အဲဒီကောင်တွေ သုတ်ခြေတင်သွားပါလိမ့်မယ်။ နောက်ထပ်ကောင်းကွက်တစ်ကွက်ကတော့ ခင်ဗျားအနေနဲ့ ဒီ သဘာဝဆေးမြီးတိုကို ကြိုက်တဲ့နေရာမှာ ပက်ဖျန်းနိုင်တာပါပဲ။ ဘာလို့လဲဆိုတော့ သူ့ထဲမှာ ခင်ဗျားမိသားစုနဲ့အိမ်မွေးတိရစ္ဆာန်လေးတွေကို အန္တရာယ်ပြုစေနိုင်တဲ့ဓာတုပစ္စည်းတွေ မပါဝင်လို့ပါပဲ။ နောက်ပြီး ခင်ဗျားသာအလိုရှိမယ်ဆိုရင် သူတို့ကို အရေပြားပေါ်မှာ ခြင်ပြေးဆေးအဖြစ် သုတ်လိမ်းနိုင်ပါသေးတယ်။
ကဲ... sharing is caring ပါပဲ။ ဒီသဘာဝဆေးမြီးတိုလေးအကြောင်းကို ခင်ဗျားမိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေသိအောင် share ပေးလိုက်ကြပါဦး။

Credit:Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top