iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္ေရးမွာ အၿမဲ စိတ္အခန္႔မသင့္ ျဖစ္ေနၾကလား ။ ဒါဆို အေကာင္းဆံုးနည္းလမ္းေလး တစ္ခုေပးမယ္ ။ တစ္ေယာက္နဲ႔တစ္ေယာက္ မာဆတ္ (Massage ) ဝင္ေပးလိုက္ပါ ။

ဒီလို အျပန္အလွန္နွိပ္နယ္ေပးျခင္းက နွစ္ဦးစလံုးအတြက္ စိတ္ပိုင္းဆိုင္ရာေရာ က်န္းမာေရးအတြက္ပါ အရမ္းေကာင္းမြန္ေၾကာင္း နားလည္တတ္ကြ်မ္းသူေတြက ဆိုပါတယ္ ။ ေလ့လာမႈေတြအရ တစ္ေယာက္နဲ႔တစ္ေယာက္ ပံုမွန္ နွိပ္နယ္ေပးေလ့ရွိတဲ့ စံုတြဲေတြဟာ ဘဝမွာ စိတ္ခ်မ္းသာျပီး က်န္းမာေပ်ာ္ရႊင္ ေတြ႕ရွိရပါတယ္ ။

နွိပ္နယ္ေပးျခင္းက အခ်စ္ေရးကိုလည္း ပိုျပီး ေႏြးေထြးေစပါတယ္ ။ Beauty Spa (သို႔) မာဆတ္ဆိုင္ေတြမွာကဲ့သို႔ professional က်က် ု နွိပ္နယ္ေပးနိုင္လွ်င္ ပိုေကာင္းပါတယ္ (ဘယ္လိုနွိပ္လည္း ေလ့လာထားဖို႔ေတာ့ လိုတာေပ့ါေနာ္..) ။ အကယ္၍ အဲ့လိုမနွိပ္နိုင္လွ်င္လည္း လြယ္ကူတဲ့ နွိပ္နယ္ေပးတာမ်ိဳး ျပဳလုပ္ေပးလို႔ရပါတယ္ ။ လည္ပင္း ၊ပုခံုး ၊ လက္ ၊ ေျခေထာက္ ၊ ေျခဖဝါး ၊ ေၾကာျပင္တို႔လို ေနရာအနွံ႕ကို နွိပ္ေပးပါ ။

နွိပ္နယ္ျခင္းက စိတ္ဖိစီးမႈ ၊ ေညာင္းညာကိုက္ခဲမႈ ၊ ေသြးလွည့္ပတ္မႈ တုိ႔ကို ေကာင္းမြန္ေစပါတယ္ ။ အနွိပ္ခံသူေရာ ၊ နွ္ိပ္ေပးတဲ့သူပါ စိတ္ေက်နပ္ျပီး ေပ်ာ္ရႊင္ေသာ ခံစားခ်က္ကို ရရွိမွာပါ ။ မယံုလွ်င္ စမ္းၾကည့္ပါ ။ မနွိပ္ခင္ ခံစားခ်က္နဲ႕ အနွိပ္ခံျပီး ခံစားခ်က္က မတူတာကို ေတြ႕ရမွာပါ ။ ဇနီးေမာင္နွံမ်ား ေန႔စဥ္မဟုတ္ေတာင္ တစ္ပါတ္ ၃ရက္ခန္႔ အိပ္ခါနီး အခ်ိန္ျဖစ္ေစ ၊ အားလပ္တဲ့ အခ်ိန္ျဖစ္ေစ အျပန္အလွန္ နွိပ္နယ္ေပးတတ္တဲ့ အက်င့္ ျပဳလုပ္ျပီး ဇနီး ၊ခင္ပြန္းရဲ႕ အခ်စ္ေတြကို ပိုပိုကဲကဲ ရယူလိုက္ပါေနာ္…

Credit:CHAN (ေရႊအင္းေလး)www.shweinnlay.com
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
အချစ်ရေးမှာ အမြဲ စိတ်အခန့်မသင့် ဖြစ်နေကြလား ။ ဒါဆို အကောင်းဆုံးနည်းလမ်းလေး တစ်ခုပေးမယ် ။ တစ်ယောက်နဲ့တစ်ယောက် မာဆတ် (Massage ) ဝင်ပေးလိုက်ပါ ။

ဒီလို အပြန်အလှန်နှိပ်နယ်ပေးခြင်းက နှစ်ဦးစလုံးအတွက် စိတ်ပိုင်းဆိုင်ရာရော ကျန်းမာရေးအတွက်ပါ အရမ်းကောင်းမွန်ကြောင်း နားလည်တတ်ကျွမ်းသူတွေက ဆိုပါတယ် ။ လေ့လာမှုတွေအရ တစ်ယောက်နဲ့တစ်ယောက် ပုံမှန် နှိပ်နယ်ပေးလေ့ရှိတဲ့ စုံတွဲတွေဟာ ဘဝမှာ စိတ်ချမ်းသာပြီး ကျန်းမာပျော်ရွှင် တွေ့ရှိရပါတယ် ။

နှိပ်နယ်ပေးခြင်းက အချစ်ရေးကိုလည်း ပိုပြီး နွေးထွေးစေပါတယ် ။ Beauty Spa (သို့) မာဆတ်ဆိုင်တွေမှာကဲ့သို့ professional ကျကျ ု နှိပ်နယ်ပေးနိုင်လျှင် ပိုကောင်းပါတယ် (ဘယ်လိုနှိပ်လည်း လေ့လာထားဖို့တော့ လိုတာပေ့ါနော်..) ။ အကယ်၍ အဲ့လိုမနှိပ်နိုင်လျှင်လည်း လွယ်ကူတဲ့ နှိပ်နယ်ပေးတာမျိုး ပြုလုပ်ပေးလို့ရပါတယ် ။ လည်ပင်း ၊ပုခုံး ၊ လက် ၊ ခြေထောက် ၊ ခြေဖဝါး ၊ ကြောပြင်တို့လို နေရာအနှံ့ကို နှိပ်ပေးပါ ။

နှိပ်နယ်ခြင်းက စိတ်ဖိစီးမှု ၊ ညောင်းညာကိုက်ခဲမှု ၊ သွေးလှည့်ပတ်မှု တို့ကို ကောင်းမွန်စေပါတယ် ။ အနှိပ်ခံသူရော ၊ နှိပ်ပေးတဲ့သူပါ စိတ်ကျေနပ်ပြီး ပျော်ရွှင်သော ခံစားချက်ကို ရရှိမှာပါ ။ မယုံလျှင် စမ်းကြည့်ပါ ။ မနှိပ်ခင် ခံစားချက်နဲ့ အနှိပ်ခံပြီး ခံစားချက်က မတူတာကို တွေ့ရမှာပါ ။ ဇနီးမောင်နှံများ နေ့စဉ်မဟုတ်တောင် တစ်ပါတ် ၃ရက်ခန့် အိပ်ခါနီး အချိန်ဖြစ်စေ ၊ အားလပ်တဲ့ အချိန်ဖြစ်စေ အပြန်အလှန် နှိပ်နယ်ပေးတတ်တဲ့ အကျင့် ပြုလုပ်ပြီး ဇနီး ၊ခင်ပွန်းရဲ့ အချစ်တွေကို ပိုပိုကဲကဲ ရယူလိုက်ပါနော်…

Credit:CHAN (ရွှေအင်းလေး)www.shweinnlay.com

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top