iMyanmarHouse.com - Best Property Website for Myanmar
×

ကၽြန္မတို႔ေတြရဲ ႔ႏွာေခါင္းေအာက္မွာရွိေနတဲ႔ အခ်ိဳင္႔ေလးကဘာမ်ားလဲ။ သူကဘယ္လိုစြမ္းေဆာင္ရည္ေတြရွိမလဲဆိုတာက စိတ္ဝင္စားဖို႔ေကာင္းေနပါတယ္။ ဒီေနရာအခ်ိဳင္႔ေလးက မ်က္နွာအစိတ္အပိုင္းေတြအခ်ိဳးက်လွပျခင္းအတြက္လည္း တစိတ္တပိုင္းျဖစ္ေနတာကိုေတြ႔ရပါတယ္။ ဒီအခ်ိဳင္႔ေလး တိမ္ေနတာပဲျဖစ္ျဖစ္ မထင္းပဲျဖစ္ျဖစ္ရွိေနခဲ႔ရင္ သြားဖံုးေမာက္သေယာင္ေလးရွိေနျပီး အလွအပကိုအေႏွာက္အယွက္ေပးတာကိုေတြ႔ရပါတယ္။ ဒါေၾကာင္႔လည္းကေလးငယ္ငယ္အရြယ္မွာ မိဘေတြက လက္ေလးနဲ႔ဖြဖြဖိျပီးပံုေဖာ္ေပးၾကတာျဖစ္ပါတယ္။ တစ္ခါတစ္ရံသူကပီပီျပင္ျပင္ပံုမေပၚဘဲ ပ်က္ယြင္းေနခဲ႔ရင္ေတာ႔ ႏႈတ္ခမ္းကြဲတဲ႔အေနအထားျဖစ္လာပါေတာ႔တယ္။

ဒီအခ်ိဳင္႔ေလးကို Philtrum လို႔ေခၚပါတယ္။ တကယ္ေတာ႔ဒါေလးဟာ ကၽြန္မတို႔မိခင္ဝမ္းဗိုက္ထဲေနရစဥ္အခ်ိန္က ကိုယ္႔မ်က္ႏွာဘယ္လိုပံုေပၚလာခဲ႔သလဲ ဆိုတဲ႔အေပၚမူတည္ပါတယ္။ သေႏၶသားေလာင္းရယ္လို႔ ပီပီျပင္ျပင္ပံုမေပၚခင္ ႏွစ္လသံုးလသားအရြယ္ေလာက္မွာ ႏွာေခါင္းေပါက္နဲ႔ပါးစပ္ေပါက္ေလးေတြစျပီး ပံုေပၚလာပါတယ္။ ျပီးေတာ႔မွ နွာေခါင္းတစ္ခုလံုးနဲ႔ပါးစပ္ေပါက္ေလးေတြျဖစ္ေပၚလာပါတယ္။ ဒီလိုႏွာေခါင္းနဲ႔ ပါးစပ္တစ္ခုလံုးေနရာတက်ရွိလာခ်ိန္မွာ Philtrum ေလးေပၚေပါက္လာတာျဖစ္ပါတယ္။ တစ္ခါတစ္ရံႏွာေခါင္းနဲ႔ပါးစပ္က မွန္မွန္ကန္ကန္မခ်ိတ္ဆက္မိတဲ႔အခါ ႏႈတ္ခမ္းကြဲတဲ႔ပံုစံျဖစ္လာပါေတာ႔တယ္။ ဒီအခ်ိဳင္႔ရာေလးက လူေတြမွာပဲရွိတာမဟုတ္ပါဘူး။ ႏို႔တိုက္သတၱဝါေလးေတြမွာလည္းပါရွိပါတယ္။ ေခြးနဲ႔ေၾကာင္ေလးေတြမွာဆိုရင္ ဒီအခ်ိဳင္႔ရာေလးကပဲအန႔ံခံျခင္းကို စြမ္းေဆာင္ေပးတာျဖစ္ပါတယ္။

philtrum

ဒီအခ်ိဳင္႔ရာေလးက တျခားခႏၶာကိုယ္အစိတ္အပိုင္းေတြလို ထူးျခားတဲ႔စြမ္းေဆာင္ရည္ေတြမရွိေသာ္ျငားလည္း သူမပါဘဲေမြးဖြားလာခဲ႔ရင္ မ်က္နွာလွလွေလးကိုခ်ိဳ႕ယြင္းခ်က္ျဖစ္ေစမွာကေတာ႔ အမွန္ပါပဲ။ အခုေခတ္မွာဆိုရင္ ဒီအခ်ိဳင္႔ရာေလးမွာအလွဆင္တဲ႔ Accessories ေလးေတြေတာင္ ဆင္ျမန္းေနၾကျပီျဖစ္ပါတယ္။

Ref# BusinessInsider
Credit:ဂ်ဴဂ်ဴး(အခရာ)
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကျွန်မတို့တွေရဲ့နှာခေါင်းအောက်မှာရှိနေတဲ့ အချိုင့်လေးကဘာများလဲ။ သူကဘယ်လိုစွမ်းဆောင်ရည်တွေရှိမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဒီနေရာအချိုင့်လေးက မျက်နှာအစိတ်အပိုင်းတွေအချိုးကျလှပခြင်းအတွက်လည်း တစိတ်တပိုင်းဖြစ်နေတာကိုတွေ့ရပါတယ်။ ဒီအချိုင့်လေး တိမ်နေတာပဲဖြစ်ဖြစ် မထင်းပဲဖြစ်ဖြစ်ရှိနေခဲ့ရင် သွားဖုံးမောက်သယောင်လေးရှိနေပြီး အလှအပကိုအနှောက်အယှက်ပေးတာကိုတွေ့ရပါတယ်။ ဒါကြောင့်လည်းကလေးငယ်ငယ်အရွယ်မှာ မိဘတွေက လက်လေးနဲ့ဖွဖွဖိပြီးပုံဖော်ပေးကြတာဖြစ်ပါတယ်။ တစ်ခါတစ်ရံသူကပီပီပြင်ပြင်ပုံမပေါ်ဘဲ ပျက်ယွင်းနေခဲ့ရင်တော့ နှုတ်ခမ်းကွဲတဲ့အနေအထားဖြစ်လာပါတော့တယ်။

ဒီအချိုင့်လေးကို Philtrum လို့ခေါ်ပါတယ်။ တကယ်တော့ဒါလေးဟာ ကျွန်မတို့မိခင်ဝမ်းဗိုက်ထဲနေရစဉ်အချိန်က ကိုယ့်မျက်နှာဘယ်လိုပုံပေါ်လာခဲ့သလဲ ဆိုတဲ့အပေါ်မူတည်ပါတယ်။ သန္ဓေသားလောင်းရယ်လို့ ပီပီပြင်ပြင်ပုံမပေါ်ခင် နှစ်လသုံးလသားအရွယ်လောက်မှာ နှာခေါင်းပေါက်နဲ့ပါးစပ်ပေါက်လေးတွေစပြီး ပုံပေါ်လာပါတယ်။ ပြီးတော့မှ နှာခေါင်းတစ်ခုလုံးနဲ့ပါးစပ်ပေါက်လေးတွေဖြစ်ပေါ်လာပါတယ်။ ဒီလိုနှာခေါင်းနဲ့ ပါးစပ်တစ်ခုလုံးနေရာတကျရှိလာချိန်မှာ Philtrum လေးပေါ်ပေါက်လာတာဖြစ်ပါတယ်။ တစ်ခါတစ်ရံနှာခေါင်းနဲ့ပါးစပ်က မှန်မှန်ကန်ကန်မချိတ်ဆက်မိတဲ့အခါ နှုတ်ခမ်းကွဲတဲ့ပုံစံဖြစ်လာပါတော့တယ်။ ဒီအချိုင့်ရာလေးက လူတွေမှာပဲရှိတာမဟုတ်ပါဘူး။ နို့တိုက်သတ္တဝါလေးတွေမှာလည်းပါရှိပါတယ်။ ခွေးနဲ့ကြောင်လေးတွေမှာဆိုရင် ဒီအချိုင့်ရာလေးကပဲအနံ့ခံခြင်းကို စွမ်းဆောင်ပေးတာဖြစ်ပါတယ်။

philtrum

ဒီအချိုင့်ရာလေးက တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေလို ထူးခြားတဲ့စွမ်းဆောင်ရည်တွေမရှိသော်ငြားလည်း သူမပါဘဲမွေးဖွားလာခဲ့ရင် မျက်နှာလှလှလေးကိုချို့ယွင်းချက်ဖြစ်စေမှာကတော့ အမှန်ပါပဲ။ အခုခေတ်မှာဆိုရင် ဒီအချိုင့်ရာလေးမှာအလှဆင်တဲ့ Accessories လေးတွေတောင် ဆင်မြန်းနေကြပြီဖြစ်ပါတယ်။

Ref# BusinessInsider
Credit:ဂျူဂျူး(အခရာ)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top