Credit:Duwun
#Unicode Version#
ခရီးသွားအစီစဉ်ရိုက်ကူးဖို့အတွက် ကျော်ကျော်ဗိုတစ်ယောက် ဥရောပကို စတင်ထွက်ခွာနေပြီဖြစ်ကာ သူ့ရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး Live လွှင့်ပြီးပြောခဲ့တာလေးတွေကို Duwun ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။
လေယာဉ် Transit နဲ့ ဒူဘိုင်းမှာ ခရီးတစ်ထောက်နားစဉ်မှာ ပရိသတ်တွေနဲ့ Live ပြောခဲ့တာဖြစ်ပါတယ်။ ကျော်ကျော်ဗိုက ခေါင်းကိုက်နေတာကြောင့် ထမင်းစားချိန် မစားဖြစ်ပဲ ပရိသတ်တွေနဲ့စကားပြောဖြစ်နေကြောင်း ဆိုပါတယ်။
ဒါပေမယ့် ပရိသတ်တစ်ယောက်ကတော့ "ညကများသွားတာလား"ဆိုပြီး မေးလိုက်ပါတယ်။ ဒါကိုတော့ ကျော်ကျော်ဗိုက အေးအေးဆေးဆေးနဲ့ပဲ "ကျွန်တော်အရက်မသောက်တတ်ပါဘူး။ ငယ်ငယ်ကတည်းက မသောက် တတ်တာပါ ။ ညကအိပ်ရေးပျက်တာများသွားတာကြောင့်ပါ" ဆိုပြီး ကောင်းကောင်းမွန်မွန်နဲ့ ပြန်ဖြေလိုက်ပါတယ်။
အဲ့ဒီ Live ထဲမှာလည်း Ride on Europe အစီအစဉ်အကြောင်းကိုလည်း သေချာပြောပေးထားပါသေးတယ်။ ခရီးစဉ်မှာ လည်း ပရိသတ်တွေအတွက် Live လွှင့်ပေးသွားဦးမှာပါလို့ ဆိုပါတယ်။
Ride On Europe ခရီးစဉ်ကတော့ (၁၅)ရက်ခရီးစဉ်ဖြစ်ပြီး ကျော်ကျော်ဗို၊သည်ခေတ်နေ၊အလက်ဇန်းဒါးခရစ်၊ကျော်လင်းဗို၊ Mike နဲ့ မာရီကိုးလ် တို့က ပါဝင်သွားမှာ ဖြစ်ပါတယ်။
Ride On Europe ခရီးစဉ်မှာတော့ ဂျာမနီ၊ချက်စ်သမ္မတနိုင်ငံ၊ပိုလန်နိုင်ငံ၊ ဟန်ဂေရီနိုင်ငံ၊ ဆိုဖာကီးယား၊သြစတေးလျနိုင်ငံ စတဲ့ ၆ နိုင်ငံကိုသွားမှာ ဖြစ်ပြီး မြို့(၉)မြို့သို့ သွားရောက်မယ်လို့ သိရပါတယ်။
Ride On Europe ခရီးစဉ် အနေနဲ့ ၁၅ ရက်ကြာမြင့်မှာဖြစ်ပြီး ခရီးစဉ်နဲ့ ပတ်သက်တဲ့ အစီအစဉ်မှတ်တမ်းကိုတော့ အောက်တိုဘာလ အတွင်း ပြသသွားမယ်လို့ အလက်ဇန်းဒါးခရစ် က ဆိုပါတယ်။ အပတ်စဉ် သောကြာနေ့ ည ၇ နာရီ မိနစ်၂၀ အချိန် နဲ့ တနင်္ဂနွေနေ့ ညနေ ၁ နာရီ အချိန်တွင် mntv ရုပ်သံလိုင်းနဲ့ Channel 9 ရုပ်သံလိုင်းတို့မှာ ပြသသွားမယ်လို့ သိရပါတယ်။
Credit:Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အရက်မသောက်တတ်ဘူးဆိုတဲ့ ကျော်ကျော်ဗို
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။