iMyanmarHouse.com - Best Property Website for Myanmar
×




ပရိသတ္ႀကီးေရ ႏုိင္ငံရပ္ျခားက အမ်ိဳးသမီးအဆုိေတာ္ေတြထဲမွာ ဘယ္သူ႔ကုိအႀကိဳက္ဆုံးလဲခင္ဗ်ာ။ စဥ္းစားထားလုိက္ေနာ္။ စဥ္းစားၿပီးၿပီလား။ဒါဆုိရင္ေတာ့ ကြ်န္ေတာ္အခု ေဖာ္ျပေပးသြားမယ့္ ကမာၻ႕အလွဆုံး အဆုိေတာ္စာရင္းမွာ သင္ရဲ႕အုိင္ေဒါလ္ အဆုိေတာ္ပါမပါဆုိတာ ဝင္ေရာက္စစ္ေဆးၾကည့္လုိက္ပါဦးေနာ္။

Demi Lovato

အဆုိေတာ္ Demi Lovato ကေတာ့ ကေလးမ်ားအတြက္ ရုိက္ကူးထားတဲ႔ အေမရိကန္ရုပ္သံ Barney and Friends မွာ ပြဲဦးထြက္ ပါဝင္လာခဲ႔တာျဖစ္ပါတယ္။ အဲ့ဒီေနာက္ပုိင္းမွာ အဆုိေတာ္တစ္ေယာက္ျဖစ္လာဖုိ႔ ႀကိဳးစားခဲ႔ေပမယ့္ သူမရဲ႕အသံအေနအထားေၾကာင့္ ေဝဖန္မႈကုိ ခံခဲ႔ရပါေသးတယ္။ ဒါေပမယ့္ ဒီေဝဖန္မႈေတြကေန ေအာင္ျမင္မႈကုိ ရယူႏုိင္ခဲ႔တာျဖစ္ပါတယ္။ Demi Lovato ရဲ႕ ေအာင္ျမင္မႈဟာ သီခ်င္းေကာင္းေတြ ဖန္တီးႏုိင္ခဲ႔လုိ႔သာမကပဲ သူမရဲ႕ဆြဲေဆာင္မႈေကာင္းတဲ႔ ရုပ္ရည္နဲ႔ခႏၶာကုိယ္ေၾကာင့္လည္းျဖစ္ပါတယ္။

Katy Perry

Demi Lovato ကုိ အလွဆုံးအဆုိေတာ္အျဖစ္ နံပါတ္ငါးေနရာမွာ ထားရွိၿပီးေနာက္ နံပါတ္ေလးေနရာအတြက္ Katy Perry ကုိ ေရြးခ်ယ္ထားပါတယ္။ Roar အဆုိေတာ္ Katy Perry ကေတာ့ အသက္သုံးဆယ္ေက်ာ္ေနၿပီဆုိေပမယ့္ လွပတဲ႔ အသားအေရနဲ႔ ပုရိႆတုိင္း ေၾကြသြားေလာက္တဲ႔ ခႏၶာကုိယ္ကုိ ပုိင္ဆုိင္ထားေနဆဲပါ။ အသံအားေကာင္းေကာင္းနဲ႔ သီခ်င္းေတြသီဆုိတတ္တဲ႔ Katy Perry ဟာ အေမရိကန္သမၼတ ေရြးေကာက္ပြဲတုန္းကလည္း ဟီလာရီကလင္တန္ဘက္ကုိ မဲထည့္ဖုိ႔အတြက္ အဝတ္ဗလာနဲ႔ မဲဆြယ္ဖုိ႔ နာမည္ႀကီးခဲ႔ပါေသးတယ္။

Avril Lavigne

၉၀ဖြားတုိင္းရဲ႕ အသည္းႏွလုံးထဲမွာ ရွိေနႏုိင္တဲ႔ အဆုိေတာ္တစ္ေယာက္ကေတာ့ Avril Lavigne ပါပဲ။ Punk အဆုိေတာ္တစ္ဦးျဖစ္တဲ႔ Avril Lavigne ဟာ အိမ္ေထာင္အႀကိမ္ႀကိမ္ ျပဳခဲ႔ေပမယ့္ သူ႔ကုိ အခုထိ Crush ေနသူေတြ အမ်ားႀကီးပါပဲ။ အသံေကာင္းတဲ႔ အဆုိေတာ္တစ္ဦးျဖစ္သလုိ ခႏၶာကုိယ္နဲ႔ လုံးဝလုိက္ဖက္တဲ႔ အဝတ္အစားေတြကုိ ေရြးခ်ယ္ဝတ္ဆင္တတ္တာေၾကာင့္ Avril Lavigne ကုိ အလွဆုံး အဆုိေတာ္ငါးေယာက္စာရင္းရဲ႕ တတိယေနရာမွာ ထားရွိလုိက္ပါတယ္။

Selena Gomez

Selena Gomez ကေတာ့ အဆုိေတာ္လည္း ဟုတ္သလုိ ေမာ္ဒယ္လည္းလုပ္ သရုပ္ေဆာင္အလုပ္လည္း လုပ္ကုိင္ေလ့ရွိသူျဖစ္ပါတယ္။ သံလြင္ဆီေရာင္ အသားအေရ ၊ လက္တင္မ်က္ႏွာေပါက္နဲ႔ ထူးျခားတဲ႔ မ်က္ဝန္းတစ္စုံတုိ႔ကုိ ပုိင္ဆုိင္ထားသူ Selena Gomez ဟာ ဒီဘက္ေခတ္ ေကာင္ေလးေတြရဲ႕ အသည္းေက်ာ္ တစ္ေယာက္လည္းျဖစ္ၿပီး Justin Bieber ရဲ႕ အဆက္ေဟာင္းတစ္ေယာက္လည္းျဖစ္ပါတယ္။ ဆြဲေဆာင္မႈအားျပင္းလွတာေၾကာင့္ Selena ကုိ အလွဆုံးအဆုိေတာ္အျဖစ္ ဒုတိယေနရာမွာ သတ္မွတ္လုိက္ပါတယ္။

Taylor Swift

Taylor Swift ကုိ မႀကိဳက္တဲ႔သူ ဘယ္ႏွစ္ေယာက္ေလာက္ ရွိႏုိင္မလဲ။ Taylor Swift ဟာ ကန္းထရီးသီခ်င္းမ်ားကေန ေပါ့လ္သီခ်င္းေတြ ေျပာင္းလဲသီဆုိတဲ႔အထိ သူမကုိ လူႀကိဳက္မ်ားခဲ႔ရပါတယ္။ ရုပ္ရည္အရ ခ်စ္စရာေကာင္းတယ္လုိ႔လည္း ေျပာလုိ႔ရသလုိ ဆြဲေဆာင္မႈေကာင္းတယ္လုိ႔ပါ သတ္မွတ္ရႏုိင္တာေၾကာင့္ ကြ်န္ေတာ္ကေတာ့ Taylor Swift ကုိ ကမာၻ႕ေပၚမွာ အလွဆုံး အမ်ိဳးသမီးသရုပ္ေဆာင္အျဖစ္ ေရြးခ်ယ္လုိက္ပါတယ္ခင္ဗ်ာ။

Credit:ဘုန္းဟိန္းေသြး ( MOMOLAY )
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version


ပရိသတ်ကြီးရေ နိုင်ငံရပ်ခြားက အမျိုးသမီးအဆိုတော်တွေထဲမှာ ဘယ်သူ့ကိုအကြိုက်ဆုံးလဲခင်ဗျာ။ စဉ်းစားထားလိုက်နော်။ စဉ်းစားပြီးပြီလား။ဒါဆိုရင်တော့ ကျွန်တော်အခု ဖော်ပြပေးသွားမယ့် ကမ္ဘာ့အလှဆုံး အဆိုတော်စာရင်းမှာ သင်ရဲ့အိုင်ဒေါလ် အဆိုတော်ပါမပါဆိုတာ ဝင်ရောက်စစ်ဆေးကြည့်လိုက်ပါဦးနော်။

Demi Lovato

အဆိုတော် Demi Lovato ကတော့ ကလေးများအတွက် ရိုက်ကူးထားတဲ့ အမေရိကန်ရုပ်သံ Barney and Friends မှာ ပွဲဦးထွက် ပါဝင်လာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ အဆိုတော်တစ်ယောက်ဖြစ်လာဖို့ ကြိုးစားခဲ့ပေမယ့် သူမရဲ့အသံအနေအထားကြောင့် ဝေဖန်မှုကို ခံခဲ့ရပါသေးတယ်။ ဒါပေမယ့် ဒီဝေဖန်မှုတွေကနေ အောင်မြင်မှုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ Demi Lovato ရဲ့ အောင်မြင်မှုဟာ သီချင်းကောင်းတွေ ဖန်တီးနိုင်ခဲ့လို့သာမကပဲ သူမရဲ့ဆွဲဆောင်မှုကောင်းတဲ့ ရုပ်ရည်နဲ့ခန္ဓာကိုယ်ကြောင့်လည်းဖြစ်ပါတယ်။

Katy Perry

Demi Lovato ကို အလှဆုံးအဆိုတော်အဖြစ် နံပါတ်ငါးနေရာမှာ ထားရှိပြီးနောက် နံပါတ်လေးနေရာအတွက် Katy Perry ကို ရွေးချယ်ထားပါတယ်။ Roar အဆိုတော် Katy Perry ကတော့ အသက်သုံးဆယ်ကျော်နေပြီဆိုပေမယ့် လှပတဲ့ အသားအရေနဲ့ ပုရိဿတိုင်း ကြွေသွားလောက်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားနေဆဲပါ။ အသံအားကောင်းကောင်းနဲ့ သီချင်းတွေသီဆိုတတ်တဲ့ Katy Perry ဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲတုန်းကလည်း ဟီလာရီကလင်တန်ဘက်ကို မဲထည့်ဖို့အတွက် အဝတ်ဗလာနဲ့ မဲဆွယ်ဖို့ နာမည်ကြီးခဲ့ပါသေးတယ်။

Avril Lavigne

၉၀ဖွားတိုင်းရဲ့ အသည်းနှလုံးထဲမှာ ရှိနေနိုင်တဲ့ အဆိုတော်တစ်ယောက်ကတော့ Avril Lavigne ပါပဲ။ Punk အဆိုတော်တစ်ဦးဖြစ်တဲ့ Avril Lavigne ဟာ အိမ်ထောင်အကြိမ်ကြိမ် ပြုခဲ့ပေမယ့် သူ့ကို အခုထိ Crush နေသူတွေ အများကြီးပါပဲ။ အသံကောင်းတဲ့ အဆိုတော်တစ်ဦးဖြစ်သလို ခန္ဓာကိုယ်နဲ့ လုံးဝလိုက်ဖက်တဲ့ အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်တတ်တာကြောင့် Avril Lavigne ကို အလှဆုံး အဆိုတော်ငါးယောက်စာရင်းရဲ့ တတိယနေရာမှာ ထားရှိလိုက်ပါတယ်။

Selena Gomez

Selena Gomez ကတော့ အဆိုတော်လည်း ဟုတ်သလို မော်ဒယ်လည်းလုပ် သရုပ်ဆောင်အလုပ်လည်း လုပ်ကိုင်လေ့ရှိသူဖြစ်ပါတယ်။ သံလွင်ဆီရောင် အသားအရေ ၊ လက်တင်မျက်နှာပေါက်နဲ့ ထူးခြားတဲ့ မျက်ဝန်းတစ်စုံတို့ကို ပိုင်ဆိုင်ထားသူ Selena Gomez ဟာ ဒီဘက်ခေတ် ကောင်လေးတွေရဲ့ အသည်းကျော် တစ်ယောက်လည်းဖြစ်ပြီး Justin Bieber ရဲ့ အဆက်ဟောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ ဆွဲဆောင်မှုအားပြင်းလှတာကြောင့် Selena ကို အလှဆုံးအဆိုတော်အဖြစ် ဒုတိယနေရာမှာ သတ်မှတ်လိုက်ပါတယ်။

Taylor Swift

Taylor Swift ကို မကြိုက်တဲ့သူ ဘယ်နှစ်ယောက်လောက် ရှိနိုင်မလဲ။ Taylor Swift ဟာ ကန်းထရီးသီချင်းများကနေ ပေါ့လ်သီချင်းတွေ ပြောင်းလဲသီဆိုတဲ့အထိ သူမကို လူကြိုက်များခဲ့ရပါတယ်။ ရုပ်ရည်အရ ချစ်စရာကောင်းတယ်လို့လည်း ပြောလို့ရသလို ဆွဲဆောင်မှုကောင်းတယ်လို့ပါ သတ်မှတ်ရနိုင်တာကြောင့် ကျွန်တော်ကတော့ Taylor Swift ကို ကမ္ဘာ့ပေါ်မှာ အလှဆုံး အမျိုးသမီးသရုပ်ဆောင်အဖြစ် ရွေးချယ်လိုက်ပါတယ်ခင်ဗျာ။

Credit:ဘုန်းဟိန်းသွေး ( MOMOLAY )

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top