iMyanmarHouse.com - Best Property Website for Myanmar
×

ဒီအျဖဴဖုေလးေတြဟာ အမ်ားအားျဖင့္ မ်က္လုံးေအာက္ အနီးတဝိုက္မွာ ျဖစ္ေလ့ရွိျပီး နဖူး၊ မ်က္ခြံ ၊ ပါး နွင့္ ရင္ဘတ္ေတြမွာလည္း ေပါက္ေလ့ရွိပါတယ္ ။ အဓိကအားျဖင့္ ထိခိုက္လြယ္ျပီး အေရျပားပါးလႊာတ့ဲ ေနရာမ်ိဳးမွာ ျဖစ္ပါတယ္ ။ ဒီလုိျဖစ္ရျခင္း အေၾကာင္းအရင္းကေတာ့ မိမိမ်က္နွာ အသားအေရအတြက္ ေရြးခ်ယ္တဲ့ မိတ္ကပ္ ၊ Cream ကဲ့သို႔ cosmetics ေတြ အေရြးမွားလို႕ျဖစ္ပါတယ္ ။ မိမိအသက္အရြယ္နဲ႕ မလိုက္ဖက္တဲ့ ျပင္းထန္ေသာ အလွျပင္ပစၥည္းမ်ားေၾကာင့္ ဒီလိုအျဖဴဖုေတြ ျဖစ္လာနိုင္သလို အဆီျပန္ျခင္းေၾကာင့္လည္း ျဖစ္နိုင္ပါတယ္ ။ အခ်ိန္မွီ မကုသရင္ ပိုျပီး ပြါးလာ ၊ မ်ားလာနိုင္တာေၾကာင့္ နည္းလမ္းေကာင္းေတြကို မွ်ေဝေပးခ်င္ပါတယ္ ။

၁။ ပ်ားရည္
ပ်ားရည္သန္႔သန္႔ကို မ်က္နွာေပၚမွာ ၁၅မိနစ္ခန္႕ လိမ္းထားလိုက္ပါ ။ အဖုရွိတဲ့ ေနရာကိုပဲ သီးသန္႔ လိမ္းလည္း ရပါတယ္ ။ ျပီးလွ်င္ ေရေဆးလိုက္ပါ ။ ဒီနည္းလမ္းကို သက္သာေပ်ာက္ကင္းသည္အထိ ေန႔စဥ္ျပဳလုပ္ေပးပါ။

၂။ အပူေငြ႕
ထိေရာက္တဲ့ နည္းလမ္းတစ္ခုပါ ။ မ်က္နွာေပၚရွိ အျဖဴဖုေတြကို ေပ်ာက္ကင္းေစရံုမက ေခြ်းေပါက္က်ယ္ျခင္းကိုလည္း သက္သာျပီး ဆဲလ္ေသေတြကိုလည္း ဖယ္ရွာေပးနိုင္ပါတယ္ ။ ေရေႏြးထဲသို႔ လက္ကိုင္ပုဝါကဲ့သို႔ အဝတ္သန္႔သန္႔ကို စိမ္လိုက္ပါ ။ ထို႔ေနာက္ ေရညွစ္လိုက္ျပီး ထိုအပူဝတ္ေလးျဖင့္ မ်က္နွာေပၚမွာ မိနစ္အနည္းငယ္ခန္႔ ထားျပီး ဖယ္လိုက္ပါ ။ ျပီးလွွ်င္ ျပန္စိမ္ျပီး ပထမအတုိင္းျပဳလုပ္ပါ ။ ရက္သတၱပါတ္ တစ္ပါတ္နွင့္အထက္ ေန႔စဥ္ ပံုမွန္ ျပဳလုပ္ေပးလွ်င္ သိသာလာမွာပါ ။ ေရေႏြးကို ဇလံုထဲထည့္ျပီး အပူေငြ႕ကို မ်က္နွာမွာ ၁၀မိနစ္ ၊ ၁၅ မိနစ္ခန္႔ ခံယူျခင္း နည္းလမ္းကိုလည္း အသံုးျပဳလို႕ရပါတယ္ ။

၃။ရွားေစာင္းလက္ပက္
ညအိပ္ရာမဝင္ခင္ ရွားေစာင္းလက္ပက္ အနွစ္ဂ်ယ္လ္ကို အျဖဴဖုေလးေတြရွိတဲ့ ေနရာတဝိုက္ကို လိမ္းျပီး အနည္းငယ္ နွိပ္ေပးပါ ။ မနက္ အိပ္ရာနိုးမွ မ်က္နွာသစ္ခ်လိုက္ပါ ။ ေန႔စဥ္ပံုမွန္ျပဳလုပ္ေပးျခင္းျဖင့္ ရက္အနည္းငယ္အတြင္းမွာကို ေကာင္းမြန္တဲ့ ရလဒ္ကို ျမင္ေတြ႕ရမွာပါ ။

၄။ သၾကား
ဒီနည္းလမး္ကေတာ့ ထိေရာက္မႈပိုေကာင္းမြန္လို႕ လူသံုးမ်ားၾကပါတယ္ ။ သၾကား ၊ သံပုယိုသီး နွင့္ သံ့လြင္ဆီ တို႕ ပါဝင္ပါတယ္ ။ သၾကားလက္ဖက္ရည္ဇြန္း ၂ဇြန္း ၊ သံလြင္ဆီ လက္ဖက္ရည္ဇြန္း ၁ဇြန္း နွင့္ သံပုယိုရည္ တစ္စိတ္စာ ကို ေရာေနွာေမႊျပီး အေရျပား ၁မိနစ္ခန္႔ လိမ္းလိုက္ပါ ။ မိနစ္ ၂၀ခန္႔ ထားျပီးလွွ်င္ ေရျဖင့္ေဆးေၾကာပါ ။ ဒီနည္းလမ္းကို တစ္ပါတ္လွ်င္ အနည္းဆံုး ၂ၾကိမ္ခန္႕ ျပဳလုပ္ေပးပါ ။ ၁ လေက်ာ္ၾကာတဲ့အခါမွာ သက္သာေပ်ာက္ကင္းသြားတာကို လက္ေတြ႕ ၾကံဳပါလ္ိမ့္မယ္ ။

မွတ္ခ်က္ ။ လံုးဝမညွစ္ပါနွင့္ ။ ယင္းအဖုေလးေတြဟာ အေရျပား အနက္ရိႈ္င္းဆံုးအလႊာထိ တည္ရွိေနတတ္လို႕ ညွစ္လွ်င္ မလိုအပ္ပဲ ပိုဆိုးသြားပါလိမ့္မည္ ။ အေရျပား ဆရာဝန္နွင့္ ျပသနို္င္လွ်င္ေတာ့ အေကာင္းဆံုးပါပဲ။နုိ႔စို႔အရြယ္ ကေလး ၅၀ ရာခိုင္နႈန္းမွာလည္း ျဖစ္ေလ့ရွိျပီး သူ႕အလိုလို ေပ်ာက္ကင္းသြားတတ္ပါတယ္ ။

Credit:CHAN (ေရႊအင္းေလး)
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ဒီအဖြူဖုလေးတွေဟာ အများအားဖြင့် မျက်လုံးအောက် အနီးတဝိုက်မှာ ဖြစ်လေ့ရှိပြီး နဖူး၊ မျက်ခွံ ၊ ပါး နှင့် ရင်ဘတ်တွေမှာလည်း ပေါက်လေ့ရှိပါတယ် ။ အဓိကအားဖြင့် ထိခိုက်လွယ်ပြီး အရေပြားပါးလွှာတဲ့ နေရာမျိုးမှာ ဖြစ်ပါတယ် ။ ဒီလိုဖြစ်ရခြင်း အကြောင်းအရင်းကတော့ မိမိမျက်နှာ အသားအရေအတွက် ရွေးချယ်တဲ့ မိတ်ကပ် ၊ Cream ကဲ့သို့ cosmetics တွေ အရွေးမှားလို့ဖြစ်ပါတယ် ။ မိမိအသက်အရွယ်နဲ့ မလိုက်ဖက်တဲ့ ပြင်းထန်သော အလှပြင်ပစ္စည်းများကြောင့် ဒီလိုအဖြူဖုတွေ ဖြစ်လာနိုင်သလို အဆီပြန်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ အချိန်မှီ မကုသရင် ပိုပြီး ပွါးလာ ၊ များလာနိုင်တာကြောင့် နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ် ။

၁။ ပျားရည်
ပျားရည်သန့်သန့်ကို မျက်နှာပေါ်မှာ ၁၅မိနစ်ခန့် လိမ်းထားလိုက်ပါ ။ အဖုရှိတဲ့ နေရာကိုပဲ သီးသန့် လိမ်းလည်း ရပါတယ် ။ ပြီးလျှင် ရေဆေးလိုက်ပါ ။ ဒီနည်းလမ်းကို သက်သာပျောက်ကင်းသည်အထိ နေ့စဉ်ပြုလုပ်ပေးပါ။

၂။ အပူငွေ့
ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ ။ မျက်နှာပေါ်ရှိ အဖြူဖုတွေကို ပျောက်ကင်းစေရုံမက ချွေးပေါက်ကျယ်ခြင်းကိုလည်း သက်သာပြီး ဆဲလ်သေတွေကိုလည်း ဖယ်ရှာပေးနိုင်ပါတယ် ။ ရေနွေးထဲသို့ လက်ကိုင်ပုဝါကဲ့သို့ အဝတ်သန့်သန့်ကို စိမ်လိုက်ပါ ။ ထို့နောက် ရေညှစ်လိုက်ပြီး ထိုအပူဝတ်လေးဖြင့် မျက်နှာပေါ်မှာ မိနစ်အနည်းငယ်ခန့် ထားပြီး ဖယ်လိုက်ပါ ။ ပြီးလှျှင် ပြန်စိမ်ပြီး ပထမအတိုင်းပြုလုပ်ပါ ။ ရက်သတ္တပါတ် တစ်ပါတ်နှင့်အထက် နေ့စဉ် ပုံမှန် ပြုလုပ်ပေးလျှင် သိသာလာမှာပါ ။ ရေနွေးကို ဇလုံထဲထည့်ပြီး အပူငွေ့ကို မျက်နှာမှာ ၁၀မိနစ် ၊ ၁၅ မိနစ်ခန့် ခံယူခြင်း နည်းလမ်းကိုလည်း အသုံးပြုလို့ရပါတယ် ။

၃။ရှားစောင်းလက်ပက်
ညအိပ်ရာမဝင်ခင် ရှားစောင်းလက်ပက် အနှစ်ဂျယ်လ်ကို အဖြူဖုလေးတွေရှိတဲ့ နေရာတဝိုက်ကို လိမ်းပြီး အနည်းငယ် နှိပ်ပေးပါ ။ မနက် အိပ်ရာနိုးမှ မျက်နှာသစ်ချလိုက်ပါ ။ နေ့စဉ်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ရက်အနည်းငယ်အတွင်းမှာကို ကောင်းမွန်တဲ့ ရလဒ်ကို မြင်တွေ့ရမှာပါ ။

၄။ သကြား
ဒီနည်းလမ်းကတော့ ထိရောက်မှုပိုကောင်းမွန်လို့ လူသုံးများကြပါတယ် ။ သကြား ၊ သံပုယိုသီး နှင့် သံ့လွင်ဆီ တို့ ပါဝင်ပါတယ် ။ သကြားလက်ဖက်ရည်ဇွန်း ၂ဇွန်း ၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ဇွန်း နှင့် သံပုယိုရည် တစ်စိတ်စာ ကို ရောနှောမွှေပြီး အရေပြား ၁မိနစ်ခန့် လိမ်းလိုက်ပါ ။ မိနစ် ၂၀ခန့် ထားပြီးလှျှင် ရေဖြင့်ဆေးကြောပါ ။ ဒီနည်းလမ်းကို တစ်ပါတ်လျှင် အနည်းဆုံး ၂ကြိမ်ခန့် ပြုလုပ်ပေးပါ ။ ၁ လကျော်ကြာတဲ့အခါမှာ သက်သာပျောက်ကင်းသွားတာကို လက်တွေ့ ကြုံပါလိမ့်မယ် ။

မှတ်ချက် ။ လုံးဝမညှစ်ပါနှင့် ။ ယင်းအဖုလေးတွေဟာ အရေပြား အနက်ရှိုင်းဆုံးအလွှာထိ တည်ရှိနေတတ်လို့ ညှစ်လျှင် မလိုအပ်ပဲ ပိုဆိုးသွားပါလိမ့်မည် ။ အရေပြား ဆရာဝန်နှင့် ပြသနိုင်လျှင်တော့ အကောင်းဆုံးပါပဲ။နို့စို့အရွယ် ကလေး ၅၀ ရာခိုင်နှုန်းမှာလည်း ဖြစ်လေ့ရှိပြီး သူ့အလိုလို ပျောက်ကင်းသွားတတ်ပါတယ် ။

Credit:CHAN (ရွှေအင်းလေး)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top