iMyanmarHouse.com - Best Property Website for Myanmar
×

လူေပါင္းမ်ိဳးုစုံထဲက လူေတြအခ်င္းခ်င္း ေပါင္းဖက္ၾကတာျဖစ္တဲ့ အိမ္ေထာင္ေရးဟာ နာမည္တပ္ၿပီး အတပ္ခြဲျခားမရႏိုင္ေပ မယ့္ အေျခခံအားျဖင့္ ေလးမ်ိဳးခြဲျခားႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင္တို႔ရရိွပိုင္ဆိုင္ထားတဲ့ အိမ္ေထာင္ေရးဟာ ဘယ္အမ်ိဳး အစားထဲမွာပါသလည္းဆိုတာ သိႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

ျပဇာတ္ဆန္ဆန္အိမ္ေထာင္ေရး

ဒီအိမ္ေထာင္ေရးပိုင္ရွင္ေတြဟာ အၿမဲလိုလို ရန္ျဖစ္ေနတတ္ၾကပါတယ္။ သို႔ေပမယ့္လည္း မတည့္အတူေနဆုိသလို ခြဲခြာလို႔မရတဲ့ ထိုႏွစ္ေယာက္ဟာ တစ္ေယာက္ကိုတစ္ေယာက္ စိတ္ဆင္းရဲေအာင္ လုပ္တာထက္ အစဥ္အၿမဲ ေပ်ာ္ရႊင္ေန ေအာင္ပဲ ဂရုစိုက္ေလ့ရိွပါတယ္။ မၾကာခဏဆိုသလို ကြဲမယ္ကြာမယ္လုပ္လိုက္ ေတာ္ၾကာေန ၾကားေလေတာင္ အေသြး မခံႏိုင္ေလာက္ေအာင္ ျပန္ခ်စ္သြားၾကလိုက္ဆုိတာ ဒီလိုစုံတြဲမ်ိဳးေတြပါပဲ။

ရဲေဖာ္ရဲဖက္ဆန္တဲ့အိမ္ေထာင္ေရး

ဒီစုံတြဲေတြကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ တည္မွီျဖစ္တည္ေနၾကသူေတြပဲ ျဖစ္ပါတယ္။ တစ္ေယာက္ မပါဘဲ တစ္ေယာက္က အျပင္မသြားခ်င္သလို တစ္ေယာက္မသိဘဲလည္း ေနာက္တစ္ေယာက္က ကိုယ္ထင္ရာ မလုပ္တတ္ပါဘူး။ အဆိုပါေမာင္ႏွံစုံတြဲမ်ိဳးဟာ အသက္ရႈေနသမွ်ကာလပတ္လုံး သူတု႔ိရဲ႕ အိမ္ ေထာင္ဖက္နဲ႔သာ အခ်ိန္ကုန္ ဆုံးလိုၾကပါတယ္။ အျခားအရာအားလုံးထက္ သူတို႔ရဲ႕ အိမ္ေထာင္ေရးကိုသာ ပိုအေလးထားတတ္ၾကပါတယ္။

အသိုင္းအ၀ိုင္းတူအိမ္ေထာင္ေရး

ဒီအိမ္ေထာင္ေရးအမ်ိဳးအစားကို ေျပာရရင္ သူငယ္ခ်င္းအုပ္စုတစ္စုတည္းကေန ခ်စ္ႀကိဳက္ၿပီး ညားသြားၾကသူေတြနဲ႔ ဆင္တူပါတယ္။ ပတ္သက္ေနသမွ် ပတ္၀န္းက်င္အားလုံးဟာ ႏွစ္ေယာက္စလုံးနဲ႔ သက္ဆိုင္ေနပါတယ္။ သူ႔သူငယ္ခ်င္း ကိုယ့္သူငယ္ခ်င္းေတြဟာလည္း အတူတူပဲ ျဖစ္ေနတတ္တဲ့အတြက္ မေတာ္တဆ ကြဲခ်င္ကြာခ်င္ရင္ေတာင္ သူငယ္ခ်င္း ေတြရဲ႕ ပေယာဂနဲ႔ တစ္ေယာက္ရဲ႕ ၀ဲဂယက္ထဲက တစ္ေယာက္ ရုန္းမထြက္ႏိုင္ၾကတဲ့ ေမာင္ႏွံေတြပဲ ျဖစ္ပါတယ္။

အျငင္းသန္တဲ့အိမ္ေထာင္ေရး

ဒီဇနီးေမာင္ႏွံေတြကေတာ့ မရိွရိွတာကို လိုက္ရွာၿပီး ျငင္းၾကခုန္ၾကေလ့ရိွၿပီး ျပႆနာတစ္ခု ၿပီးသြားလည္း ေနာက္တစ္ခု ကို ျပန္အစေဖာ္ကာ မၿပီးမခ်င္း ထိုင္ျငင္းေနတတ္ၾကပါတယ္။ ႏွစ္ေယာက္စလုံးက ျငင္းရတာ ႀကိဳက္တဲ့အတြက္ ဒီအမူ အက်င့္ေလးကပဲ သူတို႔ကို တည္ၿမဲေနေအာင္ ဆက္ထိန္းသိိမ္းေပးထားတာ ျဖစ္ပါတယ္။

ဒါကေတာ့ ေတြ႔ရမ်ားတဲ့ အေျခခံအက်ဆုံး အိမ္ေထာင္ေရးအမ်ိဳးအစားေလးေတြကို ေဖာ္ျပေပးလိုက္တာ ျဖစ္ပါတယ္။ သင္လည္း ေပ်ာ္ရႊင္ခ်မ္းေျမ႕တဲ့ အိမ္ေထာင္ေရးကို ပိုင္ဆိုင္ႏို္ုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလုိက္ပါတယ္။
Credit:Auntymay

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
လူပေါင်းမျိုးုစုံထဲက လူတွေအချင်းချင်း ပေါင်းဖက်ကြတာဖြစ်တဲ့ အိမ်ထောင်ရေးဟာ နာမည်တပ်ပြီး အတပ်ခွဲခြားမရနိုင်ပေ မယ့် အခြေခံအားဖြင့် လေးမျိုးခွဲခြားနိုင်ပါတယ်။ ဒါ့ကြောင့် သင်တို့ရရှိပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးဟာ ဘယ်အမျိုး အစားထဲမှာပါသလည်းဆိုတာ သိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

ပြဇာတ်ဆန်ဆန်အိမ်ထောင်ရေး

ဒီအိမ်ထောင်ရေးပိုင်ရှင်တွေဟာ အမြဲလိုလို ရန်ဖြစ်နေတတ်ကြပါတယ်။ သို့ပေမယ့်လည်း မတည့်အတူနေဆိုသလို ခွဲခွာလို့မရတဲ့ ထိုနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် စိတ်ဆင်းရဲအောင် လုပ်တာထက် အစဉ်အမြဲ ပျော်ရွှင်နေ အောင်ပဲ ဂရုစိုက်လေ့ရှိပါတယ်။ မကြာခဏဆိုသလို ကွဲမယ်ကွာမယ်လုပ်လိုက် တော်ကြာနေ ကြားလေတောင် အသွေး မခံနိုင်လောက်အောင် ပြန်ချစ်သွားကြလိုက်ဆိုတာ ဒီလိုစုံတွဲမျိုးတွေပါပဲ။

ရဲဖော်ရဲဖက်ဆန်တဲ့အိမ်ထောင်ရေး

ဒီစုံတွဲတွေကတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် တည်မှီဖြစ်တည်နေကြသူတွေပဲ ဖြစ်ပါတယ်။ တစ်ယောက် မပါဘဲ တစ်ယောက်က အပြင်မသွားချင်သလို တစ်ယောက်မသိဘဲလည်း နောက်တစ်ယောက်က ကိုယ်ထင်ရာ မလုပ်တတ်ပါဘူး။ အဆိုပါမောင်နှံစုံတွဲမျိုးဟာ အသက်ရှုနေသမျှကာလပတ်လုံး သူတု့ိရဲ့ အိမ်ထောင်ဖက်နဲ့သာ အချိန်ကုန် ဆုံးလိုကြပါတယ်။ အခြားအရာအားလုံးထက် သူတို့ရဲ့ အိမ်ထောင်ရေးကိုသာ ပိုအလေးထားတတ်ကြပါတယ်။

အသိုင်းအဝိုင်းတူအိမ်ထောင်ရေး

ဒီအိမ်ထောင်ရေးအမျိုးအစားကို ပြောရရင် သူငယ်ချင်းအုပ်စုတစ်စုတည်းကနေ ချစ်ကြိုက်ပြီး ညားသွားကြသူတွေနဲ့ ဆင်တူပါတယ်။ ပတ်သက်နေသမျှ ပတ်ဝန်းကျင်အားလုံးဟာ နှစ်ယောက်စလုံးနဲ့ သက်ဆိုင်နေပါတယ်။ သူ့သူငယ်ချင်း ကိုယ့်သူငယ်ချင်းတွေဟာလည်း အတူတူပဲ ဖြစ်နေတတ်တဲ့အတွက် မတော်တဆ ကွဲချင်ကွာချင်ရင်တောင် သူငယ်ချင်း တွေရဲ့ ပယောဂနဲ့ တစ်ယောက်ရဲ့ ဝဲဂယက်ထဲက တစ်ယောက် ရုန်းမထွက်နိုင်ကြတဲ့ မောင်နှံတွေပဲ ဖြစ်ပါတယ်။

အငြင်းသန်တဲ့အိမ်ထောင်ရေး

ဒီဇနီးမောင်နှံတွေကတော့ မရှိရှိတာကို လိုက်ရှာပြီး ငြင်းကြခုန်ကြလေ့ရှိပြီး ပြဿနာတစ်ခု ပြီးသွားလည်း နောက်တစ်ခု ကို ပြန်အစဖော်ကာ မပြီးမချင်း ထိုင်ငြင်းနေတတ်ကြပါတယ်။ နှစ်ယောက်စလုံးက ငြင်းရတာ ကြိုက်တဲ့အတွက် ဒီအမူ အကျင့်လေးကပဲ သူတို့ကို တည်မြဲနေအောင် ဆက်ထိန်းသိမ်းပေးထားတာ ဖြစ်ပါတယ်။

ဒါကတော့ တွေ့ရများတဲ့ အခြေခံအကျဆုံး အိမ်ထောင်ရေးအမျိုးအစားလေးတွေကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ သင်လည်း ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Credit:Auntymay

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top