iMyanmarHouse.com - Best Property Website for Myanmar
×

ေကာင္ေလးေတြက ဒီအျပဳအမူေတြကို ေကာင္မေလးတစ္ေယာက္ဆီမွာ ရွာေတြ႔ရင္ အဲ့ေကာင္မေလးအေပၚ စိတ္၀င္စားမႈေလ်ာ့နည္းသြားပါတယ္။ ဒါေပမယ့့္ သူတို႔ဒီလိုအျပဳအမူေတြ မႀကိဳက္ဘူးဆိုတာကိုေတာ့ ေယာင္းကို လာေျပာျပမွာ မဟုတ္ဘူး။ ဒီေတာ့ ေယာင္းတို႔ ေရွာင္ၾကဥ္လို႔ရေအာင္ ေကာင္ေလးေတြကို ဆြဲေဆာင္မႈေလ်ာ့နည္းေစတဲ့ အျပဳအမူေတြကို ေျပာျပပါ့မယ္။

၁။ဇြန္းျခစ္မိတ္ကပ္လိမ္းတဲ့သူ

ဇြန္းျခစ္မိတ္ကပ္ဆိုတာကေတာ့ ဇြန္းနဲ႔ျခစ္ခ်လို႔ရေလာက္ေအာင္ အထူၾကီးလိမ္းထားတဲ့ မိတ္ကပ္ကို ေျပာတာပါ။ မိန္းကေလးအမ်ားစုက မိတ္ကပ္လိိမ္းရင္း လိမ္းရင္းနဲ႔ မထင္မွတ္ပဲ အထူၾကီးေတြ ျဖစ္သြားတတ္ပါတယ္။ ေကာင္ေလးေတြက အဲလိုမိတ္ကပ္ထူတာထက္စာရင္ မိတ္ကပ္ပါးပါးေလးနဲ႔ သဘာ၀အတိုင္းလွတဲ့သူကို ပိုဆြဲေဆာင္မႈရွိတယ္ ထင္ၾကပါတယ္။

၂။ကိုယ့္ကိုကိုယ္ယံုၾကည္မႈရွိလြန္းတာ

ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈရွိတာ ေကာင္းတဲ့အရာပါ။ ဒါေပမယ့္ အရမ္းအိုဗာတင္း ျဖစ္သြားရင္ေတာ့ လူအျမင္ကပ္စရာျဖစ္တတ္ပါတယ္။ ေကာင္ေလးေတြကလည္း ကိုယ့္ကိုကိုယ္ အထင္ၾကီးလြန္းတဲ့ ေကာင္မေလးေတြကို မႀကိဳက္တတ္ၾကပါဘူး။

၃။ရည္းစားေဟာင္းမေကာင္းေၾကာင္းေျပာရင္

ကုိယ္ခ်စ္လို႔ ေရြးခ်ယ္ထားျပီး အေျခအေနမဟန္လို႔ လမ္းခြဲျပီးခါမွ ေနာက္တစ္ေယာက္ေရွ႕မွာ ရည္းစားေဟာင္း မေကာင္းေၾကာင္းေျပာတဲ့သူေတြကို သေဘာထားေသးသိမ္တဲ့ မိန္းကေလးဆိုျပီး မႀကိဳက္ၾကပါဘူး။

၄။သူနဲ႔အၿမဲသေဘာတူတဲ့အခါ

လူတစ္ေယာက္က သူ႔အႀကိဳက္၊ကိုယ့္အႀကိဳက္နဲ႔ တစ္ေယာက္တစ္မ်ိဳးစီပါ။ တစ္ေယာက္နဲ႔ တစ္ေယာက္ အၿမဲသေဘာထား ကိုက္ညီတယ္ ဆိုတာေတာ့ ဘယ္ရွိမလဲ။ ကိုယ့္သေဘာထားနဲ႔ မတိုက္ဆိုင္လည္းပဲ သူ႔ကိုသေဘာက်တာတစ္ခုတည္းနဲ႔ သူေျပာသမွ်ကို ေခါင္းညိတ္လက္ခံတဲ့ သူေတြဆို မႀကိဳက္ပါဘူး။ တစ္ခါတစ္ေလေတာ့ ကိုယ့္သေဘာထားအမွန္ကို ျပရမွာေပါ့။

၅။ေအာ္ဟစ္ေျပာဆိုတဲ့အခါ

တခ်ိဳ႕ကိစၥေေတြက ေအာ္ေျပာမွရမယ့္ ကိစၥေတြလည္း ရွိေပမယ့္ အျမဲလိုလို ရန္ျဖစ္တိုင္း ေအာ္ၾကီးဟစ္က်ယ္နဲ႔ ရန္ေတြ႔တတ္တဲ့ သူေတြကိုဆို မႀကိဳက္ၾကပါဘူး။

၆။မေကာင္းျမင္တတ္တဲ့စိတ္ရွိရင္

မေကာင္းတဲ့အရာေတြရွိတဲ့ဆိုေပမယ့္လည္း ကိုယ္ကအၿမဲလိုလို အရာရာတိုင္းကို မေကာင္းျမင္တတ္ရင္ ေကာင္ေလးေတြ မႀကိဳက္ၾကပါဘူး။ ဥပမာ- ဆိုင္တစ္ဆိုင္မွာ ေစာင့္ရတာၾကာတာတို႔ ၊ အၾကာႀကီးတန္းစီရတာတို႔ ၾကံဳရတဲ့အခါ အေကာင္းျမင္စိတ္နဲ႔ စိတ္ရွည္ရွည္ေနျပလိုက္ပါ။

၇။ဆရာၾကီးစတိုင္ေနရင္

ကိစၥတိုင္းကို ကိုယ္သိသလို ၊တတ္သလိုေနရင္ မႀကိဳက္ၾကပါဘူး။ ေကာင္ေလးေတြက အရာရာတိုင္းကို သိတတ္နားလည္ေနတဲ့ ေကာင္မေလးေတြထက္စာရင္ သိသင့္သေလာက္ပဲ သိတဲ့ေကာင္မေလးကို ပိုဆြဲေဆာင္မႈရွိတယ္လို႔ သတ္မွတ္ၾကပါတယ္။ တခ်ိဳ႕အရာေတြကို သိေနရင္ေတာင္ မသိခ်င္ေယာင္ေဆာင္ျပီး ေကာင္ေလးေတြပဲ ေျဖရွင္းခိုင္းလိုက္ပါ။

၈။အၿမဲကိုယ့္ကိုအာရံုစူးစိုက္မႈခံခ်င္ေနရင္

အျမဲလိုလို သူမ်ားေတြကိုယ့္ကို အာရံုစိုက္ေအာင္ တစ္ခုမဟုတ္တစ္ခုလုပ္တဲ့ Attention seeker ေတြဆိုရင္ မႀကိဳက္ၾကပါဘူး။ ကိုယ္လုပ္စရာရွိတာလုပ္ၿပီး ကိုယ့္ဘဝနဲ႔ကိုယ္ ေအးေဆးေနတဲ့ ေကာင္မေလးေတြကိုပဲ သေဘာက်တာပါ။

ေယာင္းတို႔ေရ… ကိုယ့္ရဲ႕ခရက္ရွ္ေရွ႕ေရာက္ရင္ ဒီအျပဳအမူေလးေတြ တတ္နိုင္သမွ်ေရွာင္ၾကဥ္ေနာ္။ ဒါမွ ကိုယ့္ခရက္ရွ္က စိတ္၀င္စားဖို႔ေကာင္းတဲ့ ေကာင္မေလးဆိုျပီး ကိုယ့္ကိုမီးစိမ္းျပရင္ျပမွာ။ မင္းကံေကာင္းပါေဇ….:P

Credit:Hana (For Her Myanmar)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ကောင်လေးတွေက ဒီအပြုအမူတွေကို ကောင်မလေးတစ်ယောက်ဆီမှာ ရှာတွေ့ရင် အဲ့ကောင်မလေးအပေါ် စိတ်ဝင်စားမှုလျော့နည်းသွားပါတယ်။ ဒါပေမယ့့် သူတို့ဒီလိုအပြုအမူတွေ မကြိုက်ဘူးဆိုတာကိုတော့ ယောင်းကို လာပြောပြမှာ မဟုတ်ဘူး။ ဒီတော့ ယောင်းတို့ ရှောင်ကြဉ်လို့ရအောင် ကောင်လေးတွေကို ဆွဲဆောင်မှုလျော့နည်းစေတဲ့ အပြုအမူတွေကို ပြောပြပါ့မယ်။

၁။ဇွန်းခြစ်မိတ်ကပ်လိမ်းတဲ့သူ

ဇွန်းခြစ်မိတ်ကပ်ဆိုတာကတော့ ဇွန်းနဲ့ခြစ်ချလို့ရလောက်အောင် အထူကြီးလိမ်းထားတဲ့ မိတ်ကပ်ကို ပြောတာပါ။ မိန်းကလေးအများစုက မိတ်ကပ်လိမ်းရင်း လိမ်းရင်းနဲ့ မထင်မှတ်ပဲ အထူကြီးတွေ ဖြစ်သွားတတ်ပါတယ်။ ကောင်လေးတွေက အဲလိုမိတ်ကပ်ထူတာထက်စာရင် မိတ်ကပ်ပါးပါးလေးနဲ့ သဘာဝအတိုင်းလှတဲ့သူကို ပိုဆွဲဆောင်မှုရှိတယ် ထင်ကြပါတယ်။

၂။ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလွန်းတာ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာ ကောင်းတဲ့အရာပါ။ ဒါပေမယ့် အရမ်းအိုဗာတင်း ဖြစ်သွားရင်တော့ လူအမြင်ကပ်စရာဖြစ်တတ်ပါတယ်။ ကောင်လေးတွေကလည်း ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းတဲ့ ကောင်မလေးတွေကို မကြိုက်တတ်ကြပါဘူး။

၃။ရည်းစားဟောင်းမကောင်းကြောင်းပြောရင်

ကိုယ်ချစ်လို့ ရွေးချယ်ထားပြီး အခြေအနေမဟန်လို့ လမ်းခွဲပြီးခါမှ နောက်တစ်ယောက်ရှေ့မှာ ရည်းစားဟောင်း မကောင်းကြောင်းပြောတဲ့သူတွေကို သဘောထားသေးသိမ်တဲ့ မိန်းကလေးဆိုပြီး မကြိုက်ကြပါဘူး။

၄။သူနဲ့အမြဲသဘောတူတဲ့အခါ

လူတစ်ယောက်က သူ့အကြိုက်၊ကိုယ့်အကြိုက်နဲ့ တစ်ယောက်တစ်မျိုးစီပါ။ တစ်ယောက်နဲ့ တစ်ယောက် အမြဲသဘောထား ကိုက်ညီတယ် ဆိုတာတော့ ဘယ်ရှိမလဲ။ ကိုယ့်သဘောထားနဲ့ မတိုက်ဆိုင်လည်းပဲ သူ့ကိုသဘောကျတာတစ်ခုတည်းနဲ့ သူပြောသမျှကို ခေါင်းညိတ်လက်ခံတဲ့ သူတွေဆို မကြိုက်ပါဘူး။ တစ်ခါတစ်လေတော့ ကိုယ့်သဘောထားအမှန်ကို ပြရမှာပေါ့။

၅။အော်ဟစ်ပြောဆိုတဲ့အခါ

တချို့ကိစ္စေတွေက အော်ပြောမှရမယ့် ကိစ္စတွေလည်း ရှိပေမယ့် အမြဲလိုလို ရန်ဖြစ်တိုင်း အော်ကြီးဟစ်ကျယ်နဲ့ ရန်တွေ့တတ်တဲ့ သူတွေကိုဆို မကြိုက်ကြပါဘူး။

၆။မကောင်းမြင်တတ်တဲ့စိတ်ရှိရင်

မကောင်းတဲ့အရာတွေရှိတဲ့ဆိုပေမယ့်လည်း ကိုယ်ကအမြဲလိုလို အရာရာတိုင်းကို မကောင်းမြင်တတ်ရင် ကောင်လေးတွေ မကြိုက်ကြပါဘူး။ ဥပမာ- ဆိုင်တစ်ဆိုင်မှာ စောင့်ရတာကြာတာတို့ ၊ အကြာကြီးတန်းစီရတာတို့ ကြုံရတဲ့အခါ အကောင်းမြင်စိတ်နဲ့ စိတ်ရှည်ရှည်နေပြလိုက်ပါ။

၇။ဆရာကြီးစတိုင်နေရင်

ကိစ္စတိုင်းကို ကိုယ်သိသလို ၊တတ်သလိုနေရင် မကြိုက်ကြပါဘူး။ ကောင်လေးတွေက အရာရာတိုင်းကို သိတတ်နားလည်နေတဲ့ ကောင်မလေးတွေထက်စာရင် သိသင့်သလောက်ပဲ သိတဲ့ကောင်မလေးကို ပိုဆွဲဆောင်မှုရှိတယ်လို့ သတ်မှတ်ကြပါတယ်။ တချို့အရာတွေကို သိနေရင်တောင် မသိချင်ယောင်ဆောင်ပြီး ကောင်လေးတွေပဲ ဖြေရှင်းခိုင်းလိုက်ပါ။

၈။အမြဲကိုယ့်ကိုအာရုံစူးစိုက်မှုခံချင်နေရင်

အမြဲလိုလို သူများတွေကိုယ့်ကို အာရုံစိုက်အောင် တစ်ခုမဟုတ်တစ်ခုလုပ်တဲ့ Attention seeker တွေဆိုရင် မကြိုက်ကြပါဘူး။ ကိုယ်လုပ်စရာရှိတာလုပ်ပြီး ကိုယ့်ဘဝနဲ့ကိုယ် အေးဆေးနေတဲ့ ကောင်မလေးတွေကိုပဲ သဘောကျတာပါ။

ယောင်းတို့ရေ… ကိုယ့်ရဲ့ခရက်ရှ်ရှေ့ရောက်ရင် ဒီအပြုအမူလေးတွေ တတ်နိုင်သမျှရှောင်ကြဉ်နော်။ ဒါမှ ကိုယ့်ခရက်ရှ်က စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်မလေးဆိုပြီး ကိုယ့်ကိုမီးစိမ်းပြရင်ပြမှာ။ မင်းကံကောင်းပါဇေ….:P

Credit:Hana (For Her Myanmar)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top