iMyanmarHouse.com - Best Property Website for Myanmar
×

မိဘေမတၱာဟာ သားသမီးမ်ားအတြက္ေတာ့ စုန္ေရလုိပဲ အထက္ကေနေအာက္ကုိ အၾကြင္းမဲ့ စီးဆင္းသြားသလုိ မေျပာင္းမလဲရွိေနေပမဲ့ မိဘကုိ သားသမီးမ်ားရဲ႕အခ်စ္ဟာ ဆန္ေရ လို႕ပဲ ရွားပါးလြန္းလွပါတယ္။မိဘမ်ားရဲ႕ အျပဳအမူတုိင္းဟာ သားသမီးတုိင္းအတြက္ ဦးတည္ေနျပီး သားသမီးမ်ားရဲ႕ ပညာေရးကိစၥမ်ား၊ဘ၀မွာ အေရးၾကီးတဲ့ ကိစၥမ်ားမွာ အျမဲတမ္းရပ္တည္ေပးေနသူမ်ားဟာ မိဘႏွစ္ပါးပါ။ဒါ့ေၾကာင့္ သင့္ဘ၀မွာ ေနာင္တမရခင္အခ်ိန္အတြင္း မိဘနွစ္ပါးရဲ႕ ေက်းဇူးကုိ အသိအမွတ္ျပဳျပီး မိဘနွစ္းပါးကုိ ခ်စ္ျမတ္ႏုိးေၾကာင့္ ျပသႏုိင္တဲ့ အျပဳအမူေလးမ်ားကုိ Shwemom ပရိတ္သတ္ၾကီးအတြက္ ေဖာ္ျပေပးလုိက္ပါတယ္။

၁။ ေန႕ရက္တုိင္းမွာ သူတုိ႕နဲ႕လုံေလာက္တဲ့ အခ်ိန္တစ္ခု ကုန္ဆုံးေစပါ။

သင့္မွာ ဘယ္ေလာက္အလုပ္မ်ားမ်ား သူတုိ႕နဲ႕ ေန႕စဥ္ အခ်ိန္တစ္နာရီေလာက္ မိဘမ်ားနဲ႕ အတူရွိေနတတ္တဲ့ အက်င့္ကုိ ေမြးျမဴထားပါ။သူတုိ႕ တစ္ေန႕တာလုံးဘာေတြလုပ္ခဲ့ၾကလဲ၊သူတုိ႕နဲ႕ Tv အတူတူၾကည့္ျခင္း၊သင့္အလုပ္ အေၾကာင္းနဲ႕ သူငယ္ခ်င္းေတြအေၾကာင္းေျပာျပျခင္း စတဲ့ အက်င့္ေလးကုိ ေမြးျမဴထားပါ။ဒီအေလ့အက်င့္ဟာ သင့္ကုိ ေနာင္တရေစမွာ မဟုတ္ပါဘူး။တကယ္လုိ႕ သင္က အိမ္ရဲ႕ အေ၀းမွာ ရွိေနလဲ Video Call မ်ားေခၚဆုိျပီး သူတုိ႕ကုိ ဆက္သြယ္ပါဘူး။ေငြေၾကးဆုိတာထက္ သင္သူတုိ႕အနားမွာ ရွိေနတာကုိ မိဘမ်ားက ပုိလုိခ်င္ၾကတာ ျဖစ္ပါတယ္။

၂။ ႏူတ္ျဖင့္ သူတုိ႕ကုိ ခ်စ္ေၾကာင္းေျပာျပပါ။

သင့္က ခံစားခ်က္ေတြကုိ လြယ္လြယ္နဲ႕ ထုတ္ေဖာ္မေျပာတတ္တဲ့ လူတစ္ေယာက္ ျဖစ္ေနရင္ေတာင္ ” အေမ၊အေဖ ကုိ သား၊သားသမီး ခ်စ္တယ္ ” လုိ႕ေျပာတတ္ေအာင္ ၾကဳိးစားအားထုတ္ထားပါ။အထူးသျဖင့္ အေဖမ်ားေန႕၊အေမမ်ားနဲ႕ နဲ႕ သူတုိ႕ရဲ႕ ေမြးေန႕ေတြမွာ ဒီစကားကုိ ေျပာဆုိသင့္ျပီး မိဘမ်ားကုိ ေထြးဖက္သင့္ပါတယ္။

၃။ သူတုိ႕ရဲ႕ ေနစဥ္လုပ္ေဆာင္မႈမ်ားမွာ ကူညီေပးပါ။

သူတုိ႕ရဲ႕ ေနစဥ္လုပ္ငန္းေဆာင္တာ ကိစၥေတြမွာ သင္က စိတ္၀င္တစားရွိေနရင္ သင့္ရဲ႕ မိဘမ်ားက ေပ်ာ္ရႊင္ၾကပါတယ္။ဒါ့ေၾကာင့္ သူတုိ႕ရဲ႕ ေနစဥ္ လုပ္ငန္းေဆာင္တာ ကိစၥေတြမွာ တကယ္စိတ္ပါ၀င္စားစြာ ကူညီလုပ္ကုိင္ေပးသင့္ျပီး ေစ်း၀ယ္ထြက္ျခင္း၊ဟင္းကူခ်က္ေပးျခင္းစတဲ့ လုပ္ေဆာင္ခ်က္ေလးမ်ားဟာ သင့္ရဲ႕ မိဘ နွစ္ပါးကုိ ပီတိ ျဖစ္ေစမွာ အမွန္ပါပဲ။

၄။ သူတုိ႕ရဲ႕ အေတြးအေခၚမ်ားကုိ ေလးစာျခင္းနဲ႕ နားေထာင္ေပးပါ။

သင့္က သူတုိ႕ထက္ ေလာကၾကီးအေၾကာင္းသိေနတယ္လုိ႕ ခံစားရရင္ေတာင့္ သူတုိ႕ေခတ္ကလည္း သင့္ေခါင္းေပၚက ေနမင္းၾကီးရွိေနခဲ့တာ ကုိသတိရပါ။သူတုိ႕ရဲ႕ ဘ၀အေတြ႕အၾကဳံေတြဟာ သင့္ဘ၀ရဲ႕ အခ်ဳိးအေကြ႕ေတြမွာ အသုံး၀င္လာႏုိင္ပါတယ္။ဒါ့ေၾကာင့္ သင့္ကုိ သူတုိ႕က လုိလုိလားလားနဲ႕ အၾကံဥာဏ္တစ္ခု ေပးလာျပီဆိုရင္ သည္းခံျပီး နားေထာင္တတ္တဲ့ အက်င့္တစ္ခုကုိ ေမြးျမဴထားပါ။

၅။ တခါတရံ မိဘမ်ားကုိ Surprise ျပဳလုပ္ေပးပါ။

သားသမီးမ်ားဘက္က ၾကံဆလုိက္တဲ့ Surprise ေလးမ်ားဟာ သူတုိ႕ကုိ ေပ်ာ္ရႊင္ေစပါတယ္။ပုံမွန္အားျဖင့္ မိဘမ်ားဟာ သူတုိ႕အတြက္ လက္ေဆာင္ တကူးတက ၀ယ္လာတာမ်ဳိးကုိ သင္ေငြကုန္ေၾကးက်မ်ားမွာဆုိးတဲ့အတြက္ မလုပ္ေစခ်င္ၾကပါဘူး။ဒါေပမဲ့ သူတုိ႕ ၾကဳိက္ႏွစ္သက္တဲ့ ဟင္းပြဲေလးမ်ားကုိ ခ်က္ျပဳတ္ေပးထားျခင္း၊သူတုိ႕ အတြက္လက္ေဆာင္ေလးမ်ား ၀ယ္လားျပီး Surprise ေလးမ်ားျပဳလုပ္ေပးျခင္းက သင့္မိဘ နွစ္ပါးကုိ ေပ်ာ္ရႊင္ေစမွာ ျဖစ္ပါတယ္။

၆။ သူတုိ႕ အလုိအပ္ဆုံး အခ်ိန္မ်ားမွာ ရွိေနႏုိင္ေအာင္ၾကဳိးစားပါ။

သင့္မိဘႏွစ္ပါးရဲ႕ ေကာင္းတဲ့အခ်ိန္မွာပဲျဖစ္ျဖစ္ ဆိုးရြားတဲ့ အခ်ိန္မွာ ပဲျဖစ္ျဖစ္ အနားမွာ ရွိေနႏုိင္ေအာင္ၾကဳိးစားေပးပါ။ဘာေၾကာင့္လဲဆုိေတာ့ ဒီအျပဳအမူေလးမ်ားက သူတုိ႕ဟာ သင့္ဘ၀အတြက္ အေရးႀကီး ပုဂၢဳိလ္မ်ားစာရင္းထဲမွာ ပါ၀င္ေနဆဲ ျဖစ္တာကုိ ျပသႏုိင္လုိ႔ပါပဲ။သူတုိ႕ ၀မ္းနည္းတဲ့အခ်ိန္၊၀မ္းသာတဲ့အခ်ိန္ေတြမွာ သင္အတူရွိေနျခင္းက သင့္ကုိ ေမြးကတည္းက ေကၽြးေမြးျပဳစုလာတဲ့ လက္ပုိင္ရွင္ ၂ ပါးကုိ ခ်စ္ျမတ္ႏုိးေၾကာင္း ျပသႏုိင္တဲ့ နည္းလမ္းတစ္ခုပါပဲ။

ေအာက္က ဗီဒီယုိေလးကေတာ့ သားျဖစ္သူရဲ႕ ဖခင္ကုိ ခ်စ္ျမတ္ႏုိးေၾကာင္းျပသခဲ့တဲ့ အျပဳအမူေလးကုိ ရုိက္ကူးထားတဲ့ ဗီဒီယုိေလးတစ္ခုျဖစ္ပါတယ္။

Credit:Arkar Hein (Shwemom)Ref : India Times

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မိဘမေတ္တာဟာ သားသမီးများအတွက်တော့ စုန်ရေလိုပဲ အထက်ကနေအောက်ကို အကြွင်းမဲ့ စီးဆင်းသွားသလို မပြောင်းမလဲရှိနေပေမဲ့ မိဘကို သားသမီးများရဲ့အချစ်ဟာ ဆန်ရေ လို့ပဲ ရှားပါးလွန်းလှပါတယ်။မိဘများရဲ့ အပြုအမူတိုင်းဟာ သားသမီးတိုင်းအတွက် ဦးတည်နေပြီး သားသမီးများရဲ့ ပညာရေးကိစ္စများ၊ဘဝမှာ အရေးကြီးတဲ့ ကိစ္စများမှာ အမြဲတမ်းရပ်တည်ပေးနေသူများဟာ မိဘနှစ်ပါးပါ။ဒါ့ကြောင့် သင့်ဘဝမှာ နောင်တမရခင်အချိန်အတွင်း မိဘနှစ်ပါးရဲ့ ကျေးဇူးကို အသိအမှတ်ပြုပြီး မိဘနှစ်းပါးကို ချစ်မြတ်နိုးကြောင့် ပြသနိုင်တဲ့ အပြုအမူလေးများကို Shwemom ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ နေ့ရက်တိုင်းမှာ သူတို့နဲ့လုံလောက်တဲ့ အချိန်တစ်ခု ကုန်ဆုံးစေပါ။

သင့်မှာ ဘယ်လောက်အလုပ်များများ သူတို့နဲ့ နေ့စဉ် အချိန်တစ်နာရီလောက် မိဘများနဲ့ အတူရှိနေတတ်တဲ့ အကျင့်ကို မွေးမြူထားပါ။သူတို့ တစ်နေ့တာလုံးဘာတွေလုပ်ခဲ့ကြလဲ၊သူတို့နဲ့ Tv အတူတူကြည့်ခြင်း၊သင့်အလုပ် အကြောင်းနဲ့ သူငယ်ချင်းတွေအကြောင်းပြောပြခြင်း စတဲ့ အကျင့်လေးကို မွေးမြူထားပါ။ဒီအလေ့အကျင့်ဟာ သင့်ကို နောင်တရစေမှာ မဟုတ်ပါဘူး။တကယ်လို့ သင်က အိမ်ရဲ့ အဝေးမှာ ရှိနေလဲ Video Call များခေါ်ဆိုပြီး သူတို့ကို ဆက်သွယ်ပါဘူး။ငွေကြေးဆိုတာထက် သင်သူတို့အနားမှာ ရှိနေတာကို မိဘများက ပိုလိုချင်ကြတာ ဖြစ်ပါတယ်။

၂။ နူတ်ဖြင့် သူတို့ကို ချစ်ကြောင်းပြောပြပါ။

သင့်က ခံစားချက်တွေကို လွယ်လွယ်နဲ့ ထုတ်ဖော်မပြောတတ်တဲ့ လူတစ်ယောက် ဖြစ်နေရင်တောင် ” အမေ၊အဖေ ကို သား၊သားသမီး ချစ်တယ် ” လို့ပြောတတ်အောင် ကြိုးစားအားထုတ်ထားပါ။အထူးသဖြင့် အဖေများနေ့၊အမေများနဲ့ နဲ့ သူတို့ရဲ့ မွေးနေ့တွေမှာ ဒီစကားကို ပြောဆိုသင့်ပြီး မိဘများကို ထွေးဖက်သင့်ပါတယ်။

၃။ သူတို့ရဲ့ နေစဉ်လုပ်ဆောင်မှုများမှာ ကူညီပေးပါ။

သူတို့ရဲ့ နေစဉ်လုပ်ငန်းဆောင်တာ ကိစ္စတွေမှာ သင်က စိတ်ဝင်တစားရှိနေရင် သင့်ရဲ့ မိဘများက ပျော်ရွှင်ကြပါတယ်။ဒါ့ကြောင့် သူတို့ရဲ့ နေစဉ် လုပ်ငန်းဆောင်တာ ကိစ္စတွေမှာ တကယ်စိတ်ပါဝင်စားစွာ ကူညီလုပ်ကိုင်ပေးသင့်ပြီး ဈေးဝယ်ထွက်ခြင်း၊ဟင်းကူချက်ပေးခြင်းစတဲ့ လုပ်ဆောင်ချက်လေးများဟာ သင့်ရဲ့ မိဘ နှစ်ပါးကို ပီတိ ဖြစ်စေမှာ အမှန်ပါပဲ။

၄။ သူတို့ရဲ့ အတွေးအခေါ်များကို လေးစာခြင်းနဲ့ နားထောင်ပေးပါ။

သင့်က သူတို့ထက် လောကကြီးအကြောင်းသိနေတယ်လို့ ခံစားရရင်တောင့် သူတို့ခေတ်ကလည်း သင့်ခေါင်းပေါ်က နေမင်းကြီးရှိနေခဲ့တာ ကိုသတိရပါ။သူတို့ရဲ့ ဘဝအတွေ့အကြုံတွေဟာ သင့်ဘဝရဲ့ အချိုးအကွေ့တွေမှာ အသုံးဝင်လာနိုင်ပါတယ်။ဒါ့ကြောင့် သင့်ကို သူတို့က လိုလိုလားလားနဲ့ အကြံဉာဏ်တစ်ခု ပေးလာပြီဆိုရင် သည်းခံပြီး နားထောင်တတ်တဲ့ အကျင့်တစ်ခုကို မွေးမြူထားပါ။

၅။ တခါတရံ မိဘများကို Surprise ပြုလုပ်ပေးပါ။

သားသမီးများဘက်က ကြံဆလိုက်တဲ့ Surprise လေးများဟာ သူတို့ကို ပျော်ရွှင်စေပါတယ်။ပုံမှန်အားဖြင့် မိဘများဟာ သူတို့အတွက် လက်ဆောင် တကူးတက ဝယ်လာတာမျိုးကို သင်ငွေကုန်ကြေးကျများမှာဆိုးတဲ့အတွက် မလုပ်စေချင်ကြပါဘူး။ဒါပေမဲ့ သူတို့ ကြိုက်နှစ်သက်တဲ့ ဟင်းပွဲလေးများကို ချက်ပြုတ်ပေးထားခြင်း၊သူတို့ အတွက်လက်ဆောင်လေးများ ဝယ်လားပြီး Surprise လေးများပြုလုပ်ပေးခြင်းက သင့်မိဘ နှစ်ပါးကို ပျော်ရွှင်စေမှာ ဖြစ်ပါတယ်။

၆။ သူတို့ အလိုအပ်ဆုံး အချိန်များမှာ ရှိနေနိုင်အောင်ကြိုးစားပါ။

သင့်မိဘနှစ်ပါးရဲ့ ကောင်းတဲ့အချိန်မှာပဲဖြစ်ဖြစ် ဆိုးရွားတဲ့ အချိန်မှာ ပဲဖြစ်ဖြစ် အနားမှာ ရှိနေနိုင်အောင်ကြိုးစားပေးပါ။ဘာကြောင့်လဲဆိုတော့ ဒီအပြုအမူလေးများက သူတို့ဟာ သင့်ဘဝအတွက် အရေးကြီး ပုဂ္ဂိုလ်များစာရင်းထဲမှာ ပါဝင်နေဆဲ ဖြစ်တာကို ပြသနိုင်လို့ပါပဲ။သူတို့ ဝမ်းနည်းတဲ့အချိန်၊ဝမ်းသာတဲ့အချိန်တွေမှာ သင်အတူရှိနေခြင်းက သင့်ကို မွေးကတည်းက ကျွေးမွေးပြုစုလာတဲ့ လက်ပိုင်ရှင် ၂ ပါးကို ချစ်မြတ်နိုးကြောင်း ပြသနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။

အောက်က ဗီဒီယိုလေးကတော့ သားဖြစ်သူရဲ့ ဖခင်ကို ချစ်မြတ်နိုးကြောင်းပြသခဲ့တဲ့ အပြုအမူလေးကို ရိုက်ကူးထားတဲ့ ဗီဒီယိုလေးတစ်ခုဖြစ်ပါတယ်။

Credit:Arkar Hein (Shwemom)Ref : India Times


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top