iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသားသံုး အလွကုန္ပစၥည္းေတြက တစ္ေန႔တစ္မ်ိဳးမ႐ုိးရေအာင္ ေၾကာ္ျငာေနတာကို ျမင္ဖူးေတြ႕ဖူးၾကမွာပါ။ တံဆိပ္အသစ္တစ္ခုထြက္လာတိုင္း သင့္ကို ပိုၾကည့္ေကာင္းတဲ့ ေယာကၤ်ားတစ္ေယာက္ျဖစ္ေအာင္ ဘယ္လိုဘယ္ပံု လုပ္ေပးႏိုင္တယ္ဆိုၿပီး နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ေသြးေဆာင္ေနတတ္ၾကပါတယ္။ ဒါေပမယ့္ ေျပာရရင္ ဒီလိုကုန္ပစၥည္းေတြထဲက သင့္ေတာ္ရာတစ္ခုခုကို ေရြးခ်ယ္ဖို႔နဲ႔ ဆက္တိုက္သံုးစြဲေနဖို႔က လြယ္ကူတဲ့ကိစၥေတာ့မဟုတ္ပါဘူး။ အကုန္အက်လည္း အနည္းငယ္မ်ားပါတယ္။ ဒီေနရာမွာ သတင္းေကာင္းေျပာခ်င္တာက အမ်ိဳးသားေတြအားလံုးအတြက္ အေကာင္းဆံုးအလွကုန္ပစၥည္းတစ္ခ်ိဳ႕က အိမ္က မီးဖိုေခ်ာင္ထဲမွာတင္ ရႏိုင္တယ္ဆိုတာပါပဲ။

၁။ ပ်ားရည္
ပ်ားရည္ဟာ သင့္အသားအေရအတြက္ အမွန္တကယ္ကို အသံုးတည့္ပါတယ္။ ပ်ားရည္မွာ သဘာ၀အတိုင္း ဘက္တီးရီးယားေတြကို သတ္ႏိုင္စြမ္းရွိၿပီး ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြလည္း အမ်ားႀကီးပါ၀င္ပါတယ္။ ဒါ့ေၾကာင့္ ၀က္ျခံေတြကို ေပ်ာက္ကင္းေစၿပီး၊ အသားအေရရင့္ေရာ္မႈကို ေႏွးေကြးေစႏိုင္ပါတယ္။ ဒါ့အျပင္ ေခၽြးေပါက္ေတြကိုလည္း သန္႔ရွင္းေစႏိုင္ပါတယ္။ မ်က္ႏွာကို သန္႔ရွင္းစင္ၾကယ္ေအာင္ အရင္သစ္လိုက္ပါ။ မ်က္ႏွာေပၚက ခ်ိဳ႕ယြင္းမႈရွိေနတဲ့ ေနရာေတြမွာ ပ်ားရည္ကို သုတ္လိမ္းေပးပါ။ ဒါ့မွာမဟုတ္ မ်က္ႏွာတစ္ခုလံုးကို သုတ္လိမ္းပါ။ ၁၀ မိနစ္ေလာက္ၾကာရင္ ေရေႏြးေႏြးေလးနဲ႔ စင္ၾကယ္ေအာင္ ေဆးခ်လိုက္ပါ။ ေရေႏြးနဲ႔ေဆးေၾကာျခင္းအားျဖင့္ ေခၽြးေပါက္ေတြကို ေကာင္းစြာသန္႔ရွင္းေစႏိုင္ၿပီး အစိုဓာတ္ထိန္းဖို႔အတြက္ အသင့္ေတာ္ဆံုးျဖစ္ေနေစပါတယ္။

၂။ သၾကားညိဳ
ကိတ္မုန္႔ဖုတ္တဲ့အခါ၊ ဟင္းခ်က္တဲ့အခါ၊ အခ်ိဳမုန္႔ေတြလုပ္တဲ့အခါမွာ သံုးတဲ့ သၾကာညိဳကလည္း အမ်ိဳးသားေတြအတြက္ အသံုး၀င္ပါတယ္။ အညိဳေရာင္သၾကားကို သင့္အေရျပားကို ေခ်းခၽြတ္ခ်င္တဲ့အခါမွာ အသံုးျပဳႏိုင္ပါတယ္။ သၾကားညိဳအနည္းငယ္ကို ပန္းကန္လံုးေလးထဲထည့္ၿပီး ပ်ားရည္အနည္းငယ္ေရာစပ္လိုက္ပါ။ ၿပီးရင္ မ်က္ႏွာမွာသုတ္လိမ္းေပးပါ။ ရိုးရွင္းလြယ္ကူစြာနဲ႔ ေခၽြးေပါက္ေတြကို သန္႔ရွင္ေပးႏိုင္ၿပီး အေရျပားကို အစိုဓာတ္ျဖည့္တင္းေပးႏိုင္ပါတယ္။

သၾကားခဲ (သၾကားၾကမ္း)
သၾကားခဲေတြက ေကာ္ဖီကို ခ်ိဳေအာင္လုပ္ေပးႏိုင္႐ုံတင္မဟုတ္ပါဘူး။ ခႏၶာကိုယ္သန္႔ရွင္းစင္ၾကယ္ေစဖို႔လည္း အသံုး၀င္ပါတယ္။ သၾကားညိဳတုန္းကလိုပဲ သၾကားခဲအခ်ိဳ႕ကို ပန္းကန္လံုးထဲထည့္ၿပီး အဆီတစ္မ်ိဳးမ်ိဳးနဲ႔ ေရာစပ္ပါ။ မ်ားေသာအားျဖင့္ေတာ့ အုန္းဆီကို အသံုးျပဳေလ့ရွိၾကပါတယ္။ ေသခ်ာေရာေမႊၿပီးရင္ေတာ့ ေရခ်ိဳးရင္းနဲ႔ ခႏၶာကိုယ္က အညစ္အေၾကးေတြကို ရွင္းထုတ္ပစ္ႏိုင္မယ့္ Body Scrub အျဖစ္အသံုးျပဳႏိုင္ပါၿပီ။ ဒီလိုအသံုးျပဳမယ္ဆိုရင္ ခႏၶာကိုယ္မွာ ကပ္ညိေနတဲ့ ဖုန္အမႈန္ေတြနဲ႔ ဆဲလ္အေသေတြကို ရွင္းထုတ္ပစ္ႏိုင္ၿပီး အေရျပားကိုလည္း အစိုဓာတ္အားျဖည့္ေပးႏိုင္မွာ ျဖစ္ပါတယ္။

အာလူး
အာလူးေၾကာ္ကပဲ စားလို႔ေကာင္းတာမဟုတ္ပါဘူး။ အာလူးမွာ သင့္အေရျပားရင့္ေရာ္မႈကို ဆန္႔က်င္ေႏွးေကြးေစႏိုင္ၿပီး အေရးအေၾကာင္းေတြကို ဟန္႔တားႏိုင္စြမ္းရွိပါတယ္။ အေရးအေၾကာင္းေတြတင္သာမက ဆား၀က္ျခံေတြကို ေပ်ာက္ကင္းေစႏိုင္ၿပီး ေနေလာင္ထားတဲ့အေရျပားကိုလည္း ျပန္လည္ကုသေပးႏိုင္ပါတယ္။ အာလူးကို အသံုးျပဳရတာက လြယ္ကူပါတယ္။ ပါးပါးေလးေတြလွီးျပီး မ်က္ႏွာနဲ႔ လိုအပ္တဲ့ေနရာ အေရျပားေပၚမွာ ပြတ္ေပး႐ုံပါပဲ။ အာလူးအရည္ကလည္း ဗီတာမင္ စီ နဲ႔ ဗီတာမင္ အီး ဓာတ္ေတြ ျပည့္၀တာေၾကာင့္ မ်က္ႏွာသစ္တဲ့ေနရာမွာ အသံုးျပဳႏိုင္ပါတယ္။ ဒီလိုအသံုးျပဳမယ္ဆိုရင္ မ်က္ႏွာအေရျပားကို ကုသေပးၿပီး၊ ဆဲလ္ေသေတြကို ရွင္းလင္းေပးတာေၾကာင့္ ပိုမိုေတာက္ပၾကည္လင္တဲ့ မ်က္ႏွာကို ရရွိလာမွာျဖစ္ပါတယ္။ ေနေလာင္တာအတြက္ကေတာ့ အာလူးကို ေထာပတ္ရည္နည္းနည္းစိမ္ၿပီး ေနေလာင္ထားတဲ့ေနရာကို တိုက္႐ိုက္သုတ္လိမ္းေပးပါ။ နီျမန္းေနတဲ့ ေနေလာင္ကြက္ေတြ အခ်ိန္တိုအတြင္း ကြယ္ေပ်ာက္သြားပါလိမ့္မယ္။

ငွက္ေပ်ာသီး
ငွက္ေပ်ာ္သီးမွာ ပိုတက္ဆီယမ္ဓာတ္ေတြ အျပည့္ပါ၀င္ၿပီး သဘာ၀အဆီအႏွစ္ေတြလည္း အမ်ားႀကီးပါ၀င္ပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕ဆံပင္အတြက္ သဘာ၀အစိုဓာတ္ျဖည့္တင္းေပးႏိုင္တဲ့အရာတစ္ခု ျဖစ္ပါတယ္။ ေခါင္းေလွ်ာ္ၿပီးတဲ့အခါမွာ ငွက္ေပ်ာသီးကို ေခ်မြၿပီး ထပ္ပြတ္ေပးထားပါ။ ေခါင္းကို ပလတ္စတစ္အိတ္နဲ႔ စြပ္ထားၿပီး မိနစ္(၂၀)ေလာက္ၾကာေအာင္ထားပါ။ ၿပီးရင္ ေရနဲ႔စင္ၾကယ္ေအာင္ေဆးခ်လိုက္ပါ။ ၿပီးမွ ေပ်ာ့ေဆးထပ္သံုးခ်င္သံုးပါ။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Credit:Gentleman Magazine
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
အမျိုးသားသုံး အလှကုန်ပစ္စည်းတွေက တစ်နေ့တစ်မျိုးမရိုးရအောင် ကြော်ငြာနေတာကို မြင်ဖူးတွေ့ဖူးကြမှာပါ။ တံဆိပ်အသစ်တစ်ခုထွက်လာတိုင်း သင့်ကို ပိုကြည့်ကောင်းတဲ့ ယောင်္ကျားတစ်ယောက်ဖြစ်အောင် ဘယ်လိုဘယ်ပုံ လုပ်ပေးနိုင်တယ်ဆိုပြီး နည်းလမ်းအမျိုးမျိုးနဲ့ သွေးဆောင်နေတတ်ကြပါတယ်။ ဒါပေမယ့် ပြောရရင် ဒီလိုကုန်ပစ္စည်းတွေထဲက သင့်တော်ရာတစ်ခုခုကို ရွေးချယ်ဖို့နဲ့ ဆက်တိုက်သုံးစွဲနေဖို့က လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ အကုန်အကျလည်း အနည်းငယ်များပါတယ်။ ဒီနေရာမှာ သတင်းကောင်းပြောချင်တာက အမျိုးသားတွေအားလုံးအတွက် အကောင်းဆုံးအလှကုန်ပစ္စည်းတစ်ချို့က အိမ်က မီးဖိုချောင်ထဲမှာတင် ရနိုင်တယ်ဆိုတာပါပဲ။

၁။ ပျားရည်
ပျားရည်ဟာ သင့်အသားအရေအတွက် အမှန်တကယ်ကို အသုံးတည့်ပါတယ်။ ပျားရည်မှာ သဘာဝအတိုင်း ဘက်တီးရီးယားတွေကို သတ်နိုင်စွမ်းရှိပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း အများကြီးပါဝင်ပါတယ်။ ဒါ့ကြောင့် ဝက်ခြံတွေကို ပျောက်ကင်းစေပြီး၊ အသားအရေရင့်ရော်မှုကို နှေးကွေးစေနိုင်ပါတယ်။ ဒါ့အပြင် ချွေးပေါက်တွေကိုလည်း သန့်ရှင်းစေနိုင်ပါတယ်။ မျက်နှာကို သန့်ရှင်းစင်ကြယ်အောင် အရင်သစ်လိုက်ပါ။ မျက်နှာပေါ်က ချို့ယွင်းမှုရှိနေတဲ့ နေရာတွေမှာ ပျားရည်ကို သုတ်လိမ်းပေးပါ။ ဒါ့မှာမဟုတ် မျက်နှာတစ်ခုလုံးကို သုတ်လိမ်းပါ။ ၁၀ မိနစ်လောက်ကြာရင် ရေနွေးနွေးလေးနဲ့ စင်ကြယ်အောင် ဆေးချလိုက်ပါ။ ရေနွေးနဲ့ဆေးကြောခြင်းအားဖြင့် ချွေးပေါက်တွေကို ကောင်းစွာသန့်ရှင်းစေနိုင်ပြီး အစိုဓာတ်ထိန်းဖို့အတွက် အသင့်တော်ဆုံးဖြစ်နေစေပါတယ်။

၂။ သကြားညို
ကိတ်မုန့်ဖုတ်တဲ့အခါ၊ ဟင်းချက်တဲ့အခါ၊ အချိုမုန့်တွေလုပ်တဲ့အခါမှာ သုံးတဲ့ သကြာညိုကလည်း အမျိုးသားတွေအတွက် အသုံးဝင်ပါတယ်။ အညိုရောင်သကြားကို သင့်အရေပြားကို ချေးချွတ်ချင်တဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။ သကြားညိုအနည်းငယ်ကို ပန်းကန်လုံးလေးထဲထည့်ပြီး ပျားရည်အနည်းငယ်ရောစပ်လိုက်ပါ။ ပြီးရင် မျက်နှာမှာသုတ်လိမ်းပေးပါ။ ရိုးရှင်းလွယ်ကူစွာနဲ့ ချွေးပေါက်တွေကို သန့်ရှင်ပေးနိုင်ပြီး အရေပြားကို အစိုဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။

သကြားခဲ (သကြားကြမ်း)
သကြားခဲတွေက ကော်ဖီကို ချိုအောင်လုပ်ပေးနိုင်ရုံတင်မဟုတ်ပါဘူး။ ခန္ဓာကိုယ်သန့်ရှင်းစင်ကြယ်စေဖို့လည်း အသုံးဝင်ပါတယ်။ သကြားညိုတုန်းကလိုပဲ သကြားခဲအချို့ကို ပန်းကန်လုံးထဲထည့်ပြီး အဆီတစ်မျိုးမျိုးနဲ့ ရောစပ်ပါ။ များသောအားဖြင့်တော့ အုန်းဆီကို အသုံးပြုလေ့ရှိကြပါတယ်။ သေချာရောမွှေပြီးရင်တော့ ရေချိုးရင်းနဲ့ ခန္ဓာကိုယ်က အညစ်အကြေးတွေကို ရှင်းထုတ်ပစ်နိုင်မယ့် Body Scrub အဖြစ်အသုံးပြုနိုင်ပါပြီ။ ဒီလိုအသုံးပြုမယ်ဆိုရင် ခန္ဓာကိုယ်မှာ ကပ်ညိနေတဲ့ ဖုန်အမှုန်တွေနဲ့ ဆဲလ်အသေတွေကို ရှင်းထုတ်ပစ်နိုင်ပြီး အရေပြားကိုလည်း အစိုဓာတ်အားဖြည့်ပေးနိုင်မှာ ဖြစ်ပါတယ်။

အာလူး
အာလူးကြော်ကပဲ စားလို့ကောင်းတာမဟုတ်ပါဘူး။ အာလူးမှာ သင့်အရေပြားရင့်ရော်မှုကို ဆန့်ကျင်နှေးကွေးစေနိုင်ပြီး အရေးအကြောင်းတွေကို ဟန့်တားနိုင်စွမ်းရှိပါတယ်။ အရေးအကြောင်းတွေတင်သာမက ဆားဝက်ခြံတွေကို ပျောက်ကင်းစေနိုင်ပြီး နေလောင်ထားတဲ့အရေပြားကိုလည်း ပြန်လည်ကုသပေးနိုင်ပါတယ်။ အာလူးကို အသုံးပြုရတာက လွယ်ကူပါတယ်။ ပါးပါးလေးတွေလှီးပြီး မျက်နှာနဲ့ လိုအပ်တဲ့နေရာ အရေပြားပေါ်မှာ ပွတ်ပေးရုံပါပဲ။ အာလူးအရည်ကလည်း ဗီတာမင် စီ နဲ့ ဗီတာမင် အီး ဓာတ်တွေ ပြည့်ဝတာကြောင့် မျက်နှာသစ်တဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။ ဒီလိုအသုံးပြုမယ်ဆိုရင် မျက်နှာအရေပြားကို ကုသပေးပြီး၊ ဆဲလ်သေတွေကို ရှင်းလင်းပေးတာကြောင့် ပိုမိုတောက်ပကြည်လင်တဲ့ မျက်နှာကို ရရှိလာမှာဖြစ်ပါတယ်။ နေလောင်တာအတွက်ကတော့ အာလူးကို ထောပတ်ရည်နည်းနည်းစိမ်ပြီး နေလောင်ထားတဲ့နေရာကို တိုက်ရိုက်သုတ်လိမ်းပေးပါ။ နီမြန်းနေတဲ့ နေလောင်ကွက်တွေ အချိန်တိုအတွင်း ကွယ်ပျောက်သွားပါလိမ့်မယ်။

ငှက်ပျောသီး
ငှက်ပျော်သီးမှာ ပိုတက်ဆီယမ်ဓာတ်တွေ အပြည့်ပါဝင်ပြီး သဘာဝအဆီအနှစ်တွေလည်း အများကြီးပါဝင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ဆံပင်အတွက် သဘာဝအစိုဓာတ်ဖြည့်တင်းပေးနိုင်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါမှာ ငှက်ပျောသီးကို ချေမွပြီး ထပ်ပွတ်ပေးထားပါ။ ခေါင်းကို ပလတ်စတစ်အိတ်နဲ့ စွပ်ထားပြီး မိနစ်(၂၀)လောက်ကြာအောင်ထားပါ။ ပြီးရင် ရေနဲ့စင်ကြယ်အောင်ဆေးချလိုက်ပါ။ ပြီးမှ ပျော့ဆေးထပ်သုံးချင်သုံးပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Credit:Gentleman Magazine

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top