iMyanmarHouse.com - Best Property Website for Myanmar
×


ကြက်ဥ


အုန်းဆီ

မုန့်ဖုတ်ဆော်ဒါ


Credit:Momolay

#Unicode Version
ဗိုက်ကြောပြတ်တယ်ဆိုတာ ဗိုက်မှာရှိတဲ့ အပေါ်ယံအရေပြားအကြောလေးတွေ ပြတ်တာကို ပြောတာပါ။ အမျိုးသမီးတွေမှာ အများဆုံး ဖြစ်တတ်ပြီး ကိုယ်ဝန်ဆောင်စဉ်မှာ အဖြစ်များကြပါတယ်။ တင်ပါး၊ ဗိုက်၊ ပေါင်တွေဟာ ဗိုက်ကြောပြတ်ခြင်း အများဆုံး ဖြစ်တဲ့နေရာတွေပါ။ ဒီလို အလှအပကို အနည်းငယ်အနှောင့်အယှက်ဖြစ်စေတဲ့ ဗိုက်ကြောပြတ်တာတွေကို မရှိအောင် ဒါလေးတွေ လိုက်လုပ်ကြည့်နော်…

ကြက်ဥ

ကြက်ဥမှာ ပါဝင်တဲ့ ပရိုတင်းဓါတ်ဟာ ဗိုက်ကြောပြတ်ရာတွေ ပြန်လည်မှေးမှိန်စေဖို့အတွက် အထောက်အကူပြုပါတယ်။ ဒါကြောင့်မို့ ကြက်ဥတစ်လုံးကို ပန်းကန်လုံးထဲ ဖောက်ထည့်ပြီး မွှေလိုက်ပါ။ ပြီးရင်တော့ ဂွမ်းစလေးနဲ့ ယူပြီး ဗိုက်ကြောပြတ်တဲ့နေရာ တဝိုက်မှာ လိမ်းပေးလိုက်ပါ။ ခြောက်သွားရင်တော့ ရေအေးအေးနဲ့ ဆေးပေးလို့ ရပါပြီ။

အုန်းဆီ
အုန်းဆီကတော့ အိမ်တိုင်းမှာ ဆောင်ထားတတ်တဲ့ ဆီတစ်မျိုးပါ။ ဒီအုန်းဆီကို ဗိုက်ကြောပြတ်ရာမှာလည်း သုံးနိုင်ပါတယ်။ ဗိုက်ကြောပြတ်ရာလေးတွေမှာ အုန်းဆီကို လိမ်းပေးမယ်ဆိုရင် သက်သာစေပါတယ်။

မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါဟာလည်း ဗိုက်ကြောပြတ်တာတွေကို သက်သာစေပါတယ်။ မုန့်ဖုတ်ဆော်ဒါ အနည်းငယ်ကို သံပရည်လေးနဲ့ရောပြီး ခပ်ပျစ်ပျစ်လေး ဖြစ်အောင် ရောပါ။ ပြီးရင် ဗိုက်ကြောပြတ်တဲ့ နေရာတွေမှာ လိမ်းပေးပါ။ ပုံမှန်လေး ပြုလုပ်ပေးမယ်ဆိုရင် ဗိုက်ကြောပြတ်တာတွေ သက်သာပျောက်ကင်းစေနိုင်ပါတယ်။

Credit:Momolay

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top