iMyanmarHouse.com - Best Property Website for Myanmar
×




ဒါပေမယ့်လည်း ကိုယ့်ဘက်က အမြင်နဲ့ အကောင်းထားမယ်ဆိုရင် ကိုယ်က ဇာတ်လိုက်ဖြစ်ပြီး တစ်ဖက်က ဗီလိန်ပေါ့ ဆိုပြီး အစလေး ချီထားပြီး ယခုလို ဆက်ရေးထားပါတယ်။




Credit:Duwun


#Unicode Version#
လူတွေကတော့ ကိုယ့်ရဲ့ စိတ်အေးချမ်းမှု ရဖို့ အတွေးကိုယ်စီ တွေးတတ်ကြသလို အိချောပိုကလည်း သူစိတ်အေးချမ်း ရာရဖို့ ဘယ်လိုလေး တွေးဖြစ်တယ်ဆိုတာ ပြောပြလာပါတယ်။

အိချောပိုကတော့ ဓာတ်ပုံအသစ်လေးတွေတင်ပြီး သူမရဲ့ အေးချမ်းမှုလေးတွေကို မှန်းဆရင်း စာသားလေးတချို့ကို ရေးသား ထားတာလေးကို Duwun ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

အဲ့ဒါကတော့ လူတွေဟာ ကိုယ့်ဘက်က ကြည့်ရင် ကိုယ်မှန်တယ်လို့ ထင်ကြစမြဲပါတဲ့။

ဒါပေမယ့်လည်း ကိုယ့်ဘက်က အမြင်နဲ့ အကောင်းထားမယ်ဆိုရင် ကိုယ်က ဇာတ်လိုက်ဖြစ်ပြီး တစ်ဖက်က ဗီလိန်ပေ့ါ ဆိုပြီး အစလေး ချီထားပြီး ယခုလို ဆက်ရေးထားပါတယ်။

"တကယ်တော့ လူဆိုတာ ကိုယ့်ဘက်ကကြည့်ရင်ကိုယ်မှန်တယ်လို့ ထင်နေကြတာပါပဲ။ ဥပမာ- ကိုယ့်ဘက်ကအမြင်နဲ့အ ကောင်းထားမယ်ဆိုရင် ကိုယ်ကဇာတ်လိုက်ဖြစ်ပြီး တစ်ဖက်က ဗီလိန်ပေါ့. ဒီလိုပါပဲ တစ်ဖက်ကအမြင်နဲ့အကောင်းထားမယ် ဆိုရင် အဲဒီ့ဘက်ကဇာတ်လိုက်ဖြစ်ပြီး ကိုယ်ကဗီလိန်ပေါ့.။အဲဒါကြောင့် လူတိုင်းကို ဘယ်သူမှန်တယ် ဘယ်သူမှားတယ် လိုက်ပြောနေမယ့်အစား အားလုံးမှန်တယ်လို့ပဲတွေးပေးလိုက်တာအေးချမ်းပါတယ်။ ကျွန်မမျှော်လင့်တဲ့ အေးချမ်းမှုလေးကို မှန်းဆရင်း" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

အဲ့ဒီစာသားလေးတွေနဲ့အတူ ဘုရားဝတ်ပြုနေတဲ့ ဓာတ်ပုံနဲ့ အလှဓာတ်ပုံလေးတွေကို တင်ထားလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သူမရေးသားထားတဲ့ စာသားလေးနဲ့အတူ ဓာတ်ပုံလေးတွေကို ပြန်လည်ဝေမျှ ပေးလိုက်ပါတယ်။

လက်ရှိမှာတော့ သူမဟာ ဇာတ်ကားတွေ တောက်လျှောက်ဆိုသလို ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ကိုယ့်ရဲ့ဇာတ်ရုပ် တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်တာကြောင့်သူမကို အားပေးတဲ့ ပရိသတ်တွေကတော့ အများအပြားရှိလို့ နေဆဲဖြစ်ပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top