iMyanmarHouse.com - Best Property Website for Myanmar
×

“ေယာက်္ားတို႔ဘုန္း လက္ရံုး၊ မိန္းမတို႔ဘုန္း ဆံထံုး” ဆိုတဲ႔အတိုင္း မိန္းကေလးတစ္ေယာက္ အတြက္ေတာ႔ ဆံေကသာကအေရးအၾကီးဆံုးပါပဲ။ ဆံသားထိခိုက္ပ်က္ဆီးေနရင္ လူလည္း ေနလို႔ထိုင္လို႔မေကာင္းေတာ႔ပါဘူး။ ရုပ္ကေလးဘယ္ေလာက္လွလွ ဆံသားထိခိုက္ပ်က္ဆီးေနရင္ ၾကည္႔လို႔မေကာင္းေတာ႔ပါဘူး။ အဲလိုအခ်ိန္မ်ိဳးမွာ ထိခိုက္ဆံုးရႈံးရတာ ရုပ္ဆင္းသြင္ျပင္တစ္ခုတည္းမဟုတ္ဘဲ ကိုယ္႔ကိုယ္ကိုယ္ယံုၾကည္မႈကိုပါ ေလ်ာ႔ပါးေစပါတယ္။ ေစ်းၾကီးေပးဝယ္ထားရတဲ႔ ေခါင္းေလွ်ာ္ရည္ေတြ၊ ေပါင္းေဆးေတြကလည္း မကယ္ႏိုင္ေတာ႔ပါဘူး။

ဒီိလိုအေျခအေနမ်ိဳးကိုဘယ္လိုရင္ဆိုင္ၾကမလဲ ဆိုတာဟာ ေျဖရခက္တဲ႔ေမးခြန္းတစ္ခု ျဖစ္လာပါတယ္။ ဒါဆိုရင္ေတာ႔ဘာမွမပူပါနဲ႕ေတာ႔။ ပ်က္ဆီးေနတဲ႔ဆံသားကို ကုသေပးဖို႔ ေအာက္ပါနည္းလမ္းေတြကို အသံုးျပဳႏိုင္ပါတယ္။

၁။ ၾကက္ဥ

ၾကက္ဥဟာ ဆံသားထိန္းသိမ္းေရးအတြက္အလြန္ေကာင္းမြြန္္တဲ႔ ပစၥည္းတစ္မ်ိဳးျဖစ္ျပီး ပ်က္ဆီးေနတဲ႔ဆံသားကို အလ်င္အျမန္ကုသေပးႏိုင္တဲ႔အစြမ္းသတၱိရွိပါတယ္။ ဘာမွေထြေထြထူးထူးထပ္ေရာဖို႔လည္းမလိုပါဘူး။ ၾကက္ဥတစ္လံုးကိုခြဲျပီး ခြက္တစ္လံုးထဲထည္႔၊ ျပီးရင္လက္ဖဝါးထဲခပ္ထည္႔ျပီး ေခါငး္ေပၚမွာ ႏွံ႕စပ္ေအာင္ လိမ္းေပးလိုက္ရံုပါပဲ။ ျပီးရင္ေတာ႔ နာရီဝက္ၾကာေအာင္ထားေပးလိုက္ပါ။ နာရီဝက္ျပည္႔မွ ေခါင္းေလွ်ာ္ရည္နဲ႔ေလွ်ာ္ခ်ေပးလိုက္ပါ။ ဒီနည္းလမ္းအတိုင္း တစ္ပတ္တစ္ခါလုပ္ေပးရံုနဲ႔ သိသိသာသာေျပာင္းလဲမႈကို ျမင္ေတြ႕ရမွာပါ။

၂။ သံံလြင္ဆီနဲ႕ရွားေစာင္းလက္ပတ္အႏွစ္

သံလြင္ဆီကဆံသားက်န္းမာေရးအတြက္ေကာင္းမြန္ေစျပီး ရွားေစာင္းလက္ပတ္အႏွစ္ကလည္း အေရျပားနဲ႔ဆံပင္ဆိုင္ရာျပႆနာေတြအတြက္ သဘာဝေဆးျမီးတိုတစ္မ်ိဳးပါပဲ။ ျပဳလုပ္နည္းကေတာ႔ ရွားေလာင္းလက္ပတ္အႏွစ္ကို ခြက္တစ္ခြက္ထဲထည္႔ပါ။ ေနာက္ျပီး သံလြင္ဆီနဲ႔ၾကက္ဥအႏွစ္ကိုေရာပါ။ ပါဝင္ပစၥည္းအားလံုးကိုေရာခေလာက္ျပီး ဆံပင္ကိုလိမ္းေပးပါ။ ျပီးရင္ နာရီဝက္ေလာက္ထားေပးရံုပါပဲ။

၃။ ငွက္ေပ်ာသီးနဲ႔ပ်ားရည္

ငွက္ေပ်ာသီးရဲ႕က်န္းမာေရးေကာင္းက်ိဳးေတြကေတာ႔ အမ်ားၾကီးပါပဲ။ ဒါ႔အျပင္သူ႔မွာ ဆံသားက်န္းမာေရးအတြက္ အက်ိဳးေက်းဇူးေတြအမ်ားၾကီးကိုလည္း ေပးစြမ္းႏိုင္ပါေသးတယ္။ ငွက္ေပ်ာသီးတစ္လံုးကိုပန္းကန္တစ္လံုးထဲမွာထည္႔ျပီးေခ်မြေပးလိုက္ပါ။ ျပီးရင္ပ်ားရည္တစ္ဇြန္း ေရာျပီး နယ္ေပးလိုက္ပါ။ ရလာတဲ႔အႏွစ္ကိုဆံပင္ေပၚကိုသုတ္လိမ္းေပးလိုက္ပါ။ ျပီးရင္ နာရီဝက္ေလာက္ၾကာေအာင္ထားေပးျပီး ၾကက္သီးေႏြးရံုေရေႏြးနဲ႔ေဆးခ်ေပးလိုက္ပါ။

၄။ မရိုးနိစ္နဲ႕ေထာပတ္သီး

မရိုးနိစ္ေကာ ေထာပတ္သီးေကာက ေျခာက္ေသြ႕ပ်က္ဆီးေနတဲ႔ဆံသားကိုကုသေပးဖို႔အတြက္ အေကာင္းဆံုးပါပဲ။ ျပဳလုပ္နည္းကေတာ႔ ေထာပတ္သီးတစ္လံုးကိုယူ၊ အႏွစ္ကိုျခစ္ျပီး ပန္းကန္တစ္လံုးထဲ ထည္႔ပါ။ မရိုးနိစ္ (၂) ဇြန္းစာေလာက္ကိုေရာထည္႔ျပီး ေမႊေပးပါ။ ရထားတဲ႔ အႏွစ္ကိုဆံပင္ေပၚမွာလိမ္းျပီး မိနစ္ (၂၀) (၃၀) ေလာက္ၾကာေအာင္ထားေပးပါ။ ျပီးမွ ေရနဲ႔ ေဆးခ်ျပီး ေခါင္းေလွ်ာ္ရည္နဲ႔တစ္ထပ္ျပန္ေလွ်ာ္ေပးပါ။
၅။ ႏြားႏို႔နဲ႔အုန္္းဆီ

ျမန္မာမိန္းကေလးေတြကေတာ႔ အုန္းဆီရဲ႕ဆံသားအက်ိဳးျပဳဂုဏ္သတၱိေတြကို မေျပာဘဲ သိထားျပီးသားျဖစ္မွာပါ။ ႏြားႏို႔ဟာ လူ႕ခႏၶာကိုယ္ကိုအားအင္ေပးရံုသာမက ဆံသားအတြက္ပါ ခြန္အားေတြေပးစြမ္းႏိုင္မွာပါ။ ျပဳလုပ္နည္းကေတာ႔ ပန္းကန္တစ္လံုးယူ၊ ၾကက္ဥအႏွစ္တစ္လံုး ေဖာက္ထည္႔၊ ျပီးရင္ ႏြားႏိို႔ (၂)ဇြန္းနဲ႕အုန္းဆီတစ္ဇြန္းေရာထည္႔လိုက္ပါ။ ျပီးရင္ေရာေမႊျပီး ရလာတဲ႔အႏွစ္ကုိ ထံုးစံအတိုင္းဆံပင္ေပၚမွာလိမ္းေပးလိုက္ပါ။ မိနစ္ (၃၀) ၾကာေအာင္ ထားျပီး ၾကက္သီးေႏြးရံုေရေႏြးနဲ႔ ေခါင္္းေလွ်ာ္ရည္ကိုသံုးျပီးေလွ်ာ္ခ်လုိက္ပါ။

ဆံပင္ေလးနက္ေမွာင္သန္စြမ္းျပီးလွပေနရင္ ကိုယ္႔ကိုယ္ကိုယ္ယံုၾကည္မႈအျပည္႔ရွိသလို စိတ္ခ်မ္းလည္းသာရပါတယ္။ နက္ေမွာင္သန္စြမ္းတဲ႔ဆံေကသာေလးေတြကို ပိုင္ဆိုင္ႏိုင္ၾကပါေစေနာ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
“ယောကျ်ားတို့ဘုန်း လက်ရုံး၊ မိန်းမတို့ဘုန်း ဆံထုံး” ဆိုတဲ့အတိုင်း မိန်းကလေးတစ်ယောက် အတွက်တော့ ဆံကေသာကအရေးအကြီးဆုံးပါပဲ။ ဆံသားထိခိုက်ပျက်ဆီးနေရင် လူလည်း နေလို့ထိုင်လို့မကောင်းတော့ပါဘူး။ ရုပ်ကလေးဘယ်လောက်လှလှ ဆံသားထိခိုက်ပျက်ဆီးနေရင် ကြည့်လို့မကောင်းတော့ပါဘူး။ အဲလိုအချိန်မျိုးမှာ ထိခိုက်ဆုံးရှုံးရတာ ရုပ်ဆင်းသွင်ပြင်တစ်ခုတည်းမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကိုပါ လျော့ပါးစေပါတယ်။ ဈေးကြီးပေးဝယ်ထားရတဲ့ ခေါင်းလျှော်ရည်တွေ၊ ပေါင်းဆေးတွေကလည်း မကယ်နိုင်တော့ပါဘူး။

ဒီလိုအခြေအနေမျိုးကိုဘယ်လိုရင်ဆိုင်ကြမလဲ ဆိုတာဟာ ဖြေရခက်တဲ့မေးခွန်းတစ်ခု ဖြစ်လာပါတယ်။ ဒါဆိုရင်တော့ဘာမှမပူပါနဲ့တော့။ ပျက်ဆီးနေတဲ့ဆံသားကို ကုသပေးဖို့ အောက်ပါနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

၁။ ကြက်ဥ

ကြက်ဥဟာ ဆံသားထိန်းသိမ်းရေးအတွက်အလွန်ကောင်းမွန်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ပြီး ပျက်ဆီးနေတဲ့ဆံသားကို အလျင်အမြန်ကုသပေးနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။ ဘာမှထွေထွေထူးထူးထပ်ရောဖို့လည်းမလိုပါဘူး။ ကြက်ဥတစ်လုံးကိုခွဲပြီး ခွက်တစ်လုံးထဲထည့်၊ ပြီးရင်လက်ဖဝါးထဲခပ်ထည့်ပြီး ခေါင်းပေါ်မှာ နှံ့စပ်အောင် လိမ်းပေးလိုက်ရုံပါပဲ။ ပြီးရင်တော့ နာရီဝက်ကြာအောင်ထားပေးလိုက်ပါ။ နာရီဝက်ပြည့်မှ ခေါင်းလျှော်ရည်နဲ့လျှော်ချပေးလိုက်ပါ။ ဒီနည်းလမ်းအတိုင်း တစ်ပတ်တစ်ခါလုပ်ပေးရုံနဲ့ သိသိသာသာပြောင်းလဲမှုကို မြင်တွေ့ရမှာပါ။

၂။ သံံလွင်ဆီနဲ့ရှားစောင်းလက်ပတ်အနှစ်

သံလွင်ဆီကဆံသားကျန်းမာရေးအတွက်ကောင်းမွန်စေပြီး ရှားစောင်းလက်ပတ်အနှစ်ကလည်း အရေပြားနဲ့ဆံပင်ဆိုင်ရာပြဿနာတွေအတွက် သဘာဝဆေးမြီးတိုတစ်မျိုးပါပဲ။ ပြုလုပ်နည်းကတော့ ရှားလောင်းလက်ပတ်အနှစ်ကို ခွက်တစ်ခွက်ထဲထည့်ပါ။ နောက်ပြီး သံလွင်ဆီနဲ့ကြက်ဥအနှစ်ကိုရောပါ။ ပါဝင်ပစ္စည်းအားလုံးကိုရောခလောက်ပြီး ဆံပင်ကိုလိမ်းပေးပါ။ ပြီးရင် နာရီဝက်လောက်ထားပေးရုံပါပဲ။

၃။ ငှက်ပျောသီးနဲ့ပျားရည်

ငှက်ပျောသီးရဲ့ကျန်းမာရေးကောင်းကျိုးတွေကတော့ အများကြီးပါပဲ။ ဒါ့အပြင်သူ့မှာ ဆံသားကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေအများကြီးကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။ ငှက်ပျောသီးတစ်လုံးကိုပန်းကန်တစ်လုံးထဲမှာထည့်ပြီးချေမွပေးလိုက်ပါ။ ပြီးရင်ပျားရည်တစ်ဇွန်း ရောပြီး နယ်ပေးလိုက်ပါ။ ရလာတဲ့အနှစ်ကိုဆံပင်ပေါ်ကိုသုတ်လိမ်းပေးလိုက်ပါ။ ပြီးရင် နာရီဝက်လောက်ကြာအောင်ထားပေးပြီး ကြက်သီးနွေးရုံရေနွေးနဲ့ဆေးချပေးလိုက်ပါ။

၄။ မရိုးနိစ်နဲ့ထောပတ်သီး

မရိုးနိစ်ကော ထောပတ်သီးကောက ခြောက်သွေ့ပျက်ဆီးနေတဲ့ဆံသားကိုကုသပေးဖို့အတွက် အကောင်းဆုံးပါပဲ။ ပြုလုပ်နည်းကတော့ ထောပတ်သီးတစ်လုံးကိုယူ၊ အနှစ်ကိုခြစ်ပြီး ပန်းကန်တစ်လုံးထဲ ထည့်ပါ။ မရိုးနိစ် (၂) ဇွန်းစာလောက်ကိုရောထည့်ပြီး မွှေပေးပါ။ ရထားတဲ့ အနှစ်ကိုဆံပင်ပေါ်မှာလိမ်းပြီး မိနစ် (၂၀) (၃၀) လောက်ကြာအောင်ထားပေးပါ။ ပြီးမှ ရေနဲ့ ဆေးချပြီး ခေါင်းလျှော်ရည်နဲ့တစ်ထပ်ပြန်လျှော်ပေးပါ။
၅။ နွားနို့နဲ့အုန်းဆီ

မြန်မာမိန်းကလေးတွေကတော့ အုန်းဆီရဲ့ဆံသားအကျိုးပြုဂုဏ်သတ္တိတွေကို မပြောဘဲ သိထားပြီးသားဖြစ်မှာပါ။ နွားနို့ဟာ လူ့ခန္ဓာကိုယ်ကိုအားအင်ပေးရုံသာမက ဆံသားအတွက်ပါ ခွန်အားတွေပေးစွမ်းနိုင်မှာပါ။ ပြုလုပ်နည်းကတော့ ပန်းကန်တစ်လုံးယူ၊ ကြက်ဥအနှစ်တစ်လုံး ဖောက်ထည့်၊ ပြီးရင် နွားနို့ (၂)ဇွန်းနဲ့အုန်းဆီတစ်ဇွန်းရောထည့်လိုက်ပါ။ ပြီးရင်ရောမွှေပြီး ရလာတဲ့အနှစ်ကို ထုံးစံအတိုင်းဆံပင်ပေါ်မှာလိမ်းပေးလိုက်ပါ။ မိနစ် (၃၀) ကြာအောင် ထားပြီး ကြက်သီးနွေးရုံရေနွေးနဲ့ ခေါင်းလျှော်ရည်ကိုသုံးပြီးလျှော်ချလိုက်ပါ။

ဆံပင်လေးနက်မှောင်သန်စွမ်းပြီးလှပနေရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိသလို စိတ်ချမ်းလည်းသာရပါတယ်။ နက်မှောင်သန်စွမ်းတဲ့ဆံကေသာလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top