iMyanmarHouse.com - Best Property Website for Myanmar
×

ဘယ္ေလာက္ခ်စ္ၾကပါတယ္ေျပာေျပာ၊ ဘယ္ေလာက္ယံုၾကည္ရပါတယ္ေျပာေျပာ သမီးရည္းစားဆိုတာလည္း တကယ္ေတာ့ သူစိမ္းႏွစ္ေယာက္ပါပဲ။

က်န္တဲ့အခ်ိန္ေတြမွာ မ်က္စိစံုမွတ္္ယံုလို႕ရတယ္ဆိုရင္ေတာင္ ဒီအခ်ိန္ေတြမွာေတာ့ ၁၀၀ရာခိုင္ႏႈန္းအျပည့္ ယံုမထားပါနဲ႕။ စိတ္မခ်စရာေတြလည္းျဖစ္ႏိုင္ေခ်ရွိပါတယ္။

၁။ အရက္ေသာက္တဲ့အခ်ိန္

အရက္ဆိုတာ အမွားေတြရဲ႕လမ္းစပါ။ သူ႕အတိုင္းအတာနဲ႕သူေသာက္လို႕ မမူးဘူးဆိုရင္ ျပႆနာမရွိေပမယ့္ မူးတဲ့အထိေသာက္မိတဲ့အခါမွာ စကားမွား၊ လုပ္ရပ္မွားေတြ ေျပာတတ္၊ လုပ္တတ္ၾကပါတယ္္။

၂။ ရည္းစားေဟာင္းနဲ႕ဆံုတဲ့အခ်ိန္

ရည္းစားေဟာင္းဆိုကတည္းက တစ္ခ်ိန္တုန္းကခ်စ္ခဲ့တဲ့ ခ်စ္သူပါပဲ။ ဒါကေတာ့ စံုတြဲတိုင္း စိတ္မခ်တာမ်ိဳးရွိၾကမွာပါ။ ဘယ္ေလာက္စိတ္ကုန္သြားျပီေျပာေျပာ လက္ရွိကိုယ့္ခ်စ္သူကိုယံုရင္ေတာင္ အေျခအေနနဲ႕အခ်ိန္္အခါ၊ ေနာက္ျပီး သူ႕ရည္းစားေဟာင္းကဘယ္ေလာက္ယံုရပါ့မလဲဆိုတာ ဘယ္သူမွမသိပါဘူး။

၃။ တျခားတစ္ေနရာမွာ ညအိပ္ညေန ေနတဲ့အခ်ိန္

သူ႕အိမ္မဟုတ္္ဘဲ တျခားတစ္ေယာက္ေယာက္အိမ္ (အထူးသျဖင့္သူငယ္ခ်င္းအေပါင္းအသင္း) မွာ ညအိပ္ညေန တစ္ၾကိမ္ထပ္မကဘဲ မၾကာခဏသြားေနေနတတ္ျပီဆိုရင္ စိတ္မခ်ျဖစ္သင့္ပါျပီ။ ေပြတာ၊ ရႈပ္တာမရွိရင္ေတာင္ တျခားစိတ္ပူစရာ ဘာမွမလုပ္ဘူးလို႕ ဘယ္သူမွအတပ္မေျပာႏုိင္ပါဘူး။

၄။ မိန္းကေလးေတြခ်ည္းပဲ/ေယာက်္ားေလးေတြခ်ည္းပဲစံုျပီး ပါတီသြားတဲ့အခ်ိန္

ဒါလည္း အရက္ေသာက္တဲ့အခ်ိန္္စိတ္မခ်ျဖစ္ရသလိုပါပဲ။ ပိုဆိုးတာက ေယာက်္ားေလးဆိုလည္း ေယာက်ာ္းေလးသူငယ္ခ်င္းေတြခ်ည္းပဲဆံုတဲ့အခ်ိန္၊ မိန္းကေလးဆိုလည္း မိန္းကေလးသူငယ္ခ်င္းေတြပဲဆံုတဲ့အခ်ိန္မွာ စၾကေနာက္ၾကေျမွာက္ေပးၾကရင္း မလုပ္သင့္မေျပာသင့္တာေတြ လုပ္မိေျပာမိတတ္ၾကပါတယ္။

၅။ လခထုတ္ခ်ိန္္

အလုပ္လုပ္ေနတဲ့သူေတာ္ေတာ္မ်ားမ်ားကေတာ့ အေပ်ာ္ဆိုတာကို လခထုတ္ေတာ့မွရွာၾကတာပါ။ နားလည္ေပးရမယ္ဆိုတာသိေပမယ့္ သူထုတ္တဲ့လခကို သူဘယ္ေနရာမွာသံုးလည္းဆိုတာလည္း သိထားသင့္ပါတယ္။ မဟုတ္္ရင္ လက္ထဲပိုက္ဆံရွိေနတဲ့အခ်ိန္ ဘယ္ေနရာမွာ ဘယ္လိုသံုးတယ္ဆိုတာ ကိုယ္သိခ်င္မွေတာင္ သိလိုက္မွာပါ။

Credit:Loveshop
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ဘယ်လောက်ချစ်ကြပါတယ်ပြောပြော၊ ဘယ်လောက်ယုံကြည်ရပါတယ်ပြောပြော သမီးရည်းစားဆိုတာလည်း တကယ်တော့ သူစိမ်းနှစ်ယောက်ပါပဲ။

ကျန်တဲ့အချိန်တွေမှာ မျက်စိစုံမှတ်ယုံလို့ရတယ်ဆိုရင်တောင် ဒီအချိန်တွေမှာတော့ ၁၀၀ရာခိုင်နှုန်းအပြည့် ယုံမထားပါနဲ့။ စိတ်မချစရာတွေလည်းဖြစ်နိုင်ချေရှိပါတယ်။

၁။ အရက်သောက်တဲ့အချိန်

အရက်ဆိုတာ အမှားတွေရဲ့လမ်းစပါ။ သူ့အတိုင်းအတာနဲ့သူသောက်လို့ မမူးဘူးဆိုရင် ပြဿနာမရှိပေမယ့် မူးတဲ့အထိသောက်မိတဲ့အခါမှာ စကားမှား၊ လုပ်ရပ်မှားတွေ ပြောတတ်၊ လုပ်တတ်ကြပါတယ်။

၂။ ရည်းစားဟောင်းနဲ့ဆုံတဲ့အချိန်

ရည်းစားဟောင်းဆိုကတည်းက တစ်ချိန်တုန်းကချစ်ခဲ့တဲ့ ချစ်သူပါပဲ။ ဒါကတော့ စုံတွဲတိုင်း စိတ်မချတာမျိုးရှိကြမှာပါ။ ဘယ်လောက်စိတ်ကုန်သွားပြီပြောပြော လက်ရှိကိုယ့်ချစ်သူကိုယုံရင်တောင် အခြေအနေနဲ့အချိန်အခါ၊ နောက်ပြီး သူ့ရည်းစားဟောင်းကဘယ်လောက်ယုံရပါ့မလဲဆိုတာ ဘယ်သူမှမသိပါဘူး။

၃။ တခြားတစ်နေရာမှာ ညအိပ်ညနေ နေတဲ့အချိန်

သူ့အိမ်မဟုတ်ဘဲ တခြားတစ်ယောက်ယောက်အိမ် (အထူးသဖြင့်သူငယ်ချင်းအပေါင်းအသင်း) မှာ ညအိပ်ညနေ တစ်ကြိမ်ထပ်မကဘဲ မကြာခဏသွားနေနေတတ်ပြီဆိုရင် စိတ်မချဖြစ်သင့်ပါပြီ။ ပွေတာ၊ ရှုပ်တာမရှိရင်တောင် တခြားစိတ်ပူစရာ ဘာမှမလုပ်ဘူးလို့ ဘယ်သူမှအတပ်မပြောနိုင်ပါဘူး။

၄။ မိန်းကလေးတွေချည်းပဲ/ယောကျ်ားလေးတွေချည်းပဲစုံပြီး ပါတီသွားတဲ့အချိန်

ဒါလည်း အရက်သောက်တဲ့အချိန်စိတ်မချဖြစ်ရသလိုပါပဲ။ ပိုဆိုးတာက ယောကျ်ားလေးဆိုလည်း ယောကျာ်းလေးသူငယ်ချင်းတွေချည်းပဲဆုံတဲ့အချိန်၊ မိန်းကလေးဆိုလည်း မိန်းကလေးသူငယ်ချင်းတွေပဲဆုံတဲ့အချိန်မှာ စကြနောက်ကြမြှောက်ပေးကြရင်း မလုပ်သင့်မပြောသင့်တာတွေ လုပ်မိပြောမိတတ်ကြပါတယ်။

၅။ လခထုတ်ချိန်

အလုပ်လုပ်နေတဲ့သူတော်တော်များများကတော့ အပျော်ဆိုတာကို လခထုတ်တော့မှရှာကြတာပါ။ နားလည်ပေးရမယ်ဆိုတာသိပေမယ့် သူထုတ်တဲ့လခကို သူဘယ်နေရာမှာသုံးလည်းဆိုတာလည်း သိထားသင့်ပါတယ်။ မဟုတ်ရင် လက်ထဲပိုက်ဆံရှိနေတဲ့အချိန် ဘယ်နေရာမှာ ဘယ်လိုသုံးတယ်ဆိုတာ ကိုယ်သိချင်မှတောင် သိလိုက်မှာပါ။

Credit:Loveshop

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top