iMyanmarHouse.com - Best Property Website for Myanmar
×

ေကာင္မေလးေတြဟာ မ်ားေသာအားျဖင့္ ကုိယ့္ကုိ ခ်စ္မယ့္သူ ဘယ္သူဆုိတာ ႀကိဳသိခ်င္ၾကပါတယ္။ ဒါမွလည္း သူတုိ႕အေနနဲ႕ ေရလာေျမာင္းေပးလုပ္သင့္သလား၊ ေရွာင္ေနရမလားဆိုတာ ဆုံးျဖတ္လုိ႕ရႏုိင္တာမ်ိဳးပါ။ ဒီလုိမွ
မဟုတ္ဘဲ မွားယြင္းၿပီး ေရလာေျမာင္းေပးလုပ္မိရင္ ဟုိက ရည္းစားစကားမေျပာဘဲ ပုိက္ဆံေခ်းသြားမွျဖင့္
အေခ်ာင္ အရွက္ရေနဦးမယ္ေလ။ ဒီေတာ့ ေယာက္်ားတစ္ေယာက္က ကိုယ့္ကုိ ခ်စ္ေတာ့မလားဆိုတာ သိႏုိင္
တဲ့အခ်က္ေလးေတြကို ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္။

1. သင့္ကို ေလးစားျမတ္ႏႈိးမႈနဲ႕ ခ်ဥ္းကပ္လာတဲ့သူ

ေယာက္်ားဆိုတာ အေျခာက္တုိက္ႀကီး တစ္စုံတစ္ေယာက္ကို မေလးစားတတ္ပါဘူး။ မိန္းကေလးေတြကတာ့
ဒီလုိမဟုတ္။ ေယာက္်ားေတြက ထူးဆန္းတာတစ္ခုခု လုပ္ျပလုိက္တာပဲျဖစ္ျဖစ္ စြန္႕စားမႈ ေအာင္ျမင္မႈတစ္ခုနဲ႕ ထင္ရွားတဲ့ ေယာက္်ားမ်ိဳးဆုိရင္ ႏွစ္ခါတုိင္ပင္စရာမလုိပဲ ေလးစားတတ္ပါတယ္။ ဒါကလည္း မိန္းမနဲ႕ ေယာက္်ား
ကြာျခားခ်က္ပါဘဲ။ ေယာက္်ားေတြက အခ်င္းခ်င္း ေလးစားဖုိ႕မေျပာနဲ႕ တစ္ခါတေလ ကုိယ့္ကိုယ္ကုိေတာင္
ေလးစားရမွန္း သိတဲ့သူေတြ မဟုတ္ပါဘူး။ အဲ သင့္ကို ေကာင္ေလးတစ္ေယာက္က တစ္ေလးတစား အူလႈိက္
သည္းလႈိက္ ျမတ္ႏုိးမႈနဲ႕ ခ်ဥ္းကပ္တာမ်ိဳးေလး ရွိလာရင္ သူ သင့္ကို ခ်စ္ေနတာ ေသခ်ာပါတယ္။

2. သူရဲ႕ဦးေႏွာက္ထဲမွာ သင္သာလွ်င္ စုိးမုိးထားသူ

ဒါမ်ဳိးက်ေတာ့ အထာနပ္တဲ့ မိန္းကေလးေတြက သိႏုိင္ပါတယ္။ တစ္ခ်ိဳ႕ေကာင္ေလးေတြဆုိ ပါးစပ္က ဖြင့္မေျပာရ
ပါဘဲနဲ႕ကုိ ေကာင္မေလးေတြက သူ႕ရင္ထဲမွာ သင့္ကို ဘယ္ေလာက္ခ်စ္ေၾကာင္း၊ သင္ဟာ သူ႕အတြက္ေတာ့
ဘုရားသခင္ ဖန္ဆင္းေပးတဲ့ နံ႐ုိးတစ္ေခ်ာင္းျဖစ္ေၾကာင္း၊ သူ႕ရင္ထဲမွာ သင့္အတြက္ ကဗ်ာေတြရွိေၾကာင္း စ
သည္ျဖင့္ ဘာညာကုိ အထာၾကည့္တာနဲ႕ သိတာမ်ိဳးေလးေတြ ရွိတတ္ပါတယ္။

3. သင့္ကုိ အေလွ်ာ့ေပးတယ္။

ဒါကေတာ့ အေျခအေနေတြ အမ်ားႀကီးပါ။ ဘက္စ္ကားေနရာဦးေပးတာကအစ စားစရာ၀ယ္ေပးတာအလယ္
အိမ္သာေပါက္ထိ လုိက္ေစာင့္ေပးတတ္တာအဆုံး သင့္ကို ဦးဦးဖ်ားဖ်ားခ်စ္တယ္ဆုိတာ ေပၚလြင္ေစပါတယ္။
တစ္ခုခု အျငင္းအခုန္ျဖစ္တဲ့အခါတုိင္းမွာလည္း သင္က အၿမဲတမ္း ႏုိင္ပါလိ့မ္မယ္။ စားစရာဆုိရင္လည္း သင္
ၾကိဳက္တာကုိပဲ ဦးစားေပး ၀ယ္ပါလိ့မ္မယ္။ ဒီလုိ အေျခအေနမ်ိဳးေတြ ေကာင္ေလးတစ္ေယာက္က ေပၚေပၚ
ထင္ထင္ ျပလာခဲ့ရင္ သူ သင့္ကုိ ခ်စ္ေနပါၿပီ။

4. သင့္ကို လူၾကားထဲမွာ တုိ႕ထိရဲသူ

ဘယ္လုိပုံစံလဲဆုိရင္ေတာ့ ကားလမ္းကူးတာမ်ိဳးေပါ့။ သူဟာ သင့္ေဘးကေန ပါလာခဲ့ရင္ “ လာ … လာ ကား
ရွင္းတုန္း ကူးရေအာင္ ”ဆုိၿပီး သင့္ကုိ ခပ္တည္တည္ လက္ဆြဲေခၚတာမ်ိဳး၊ ဘက္စ္ကားေပၚမွာ အျခားအမ်ိဳးသား
ေတြရဲ႕ အတုိ႕အထိကေန အကာအကြယ္ေပးတဲ့သေဘာအေနနဲ႕ သင့္ကို ရင္းရင္းနီးနီး အသားခ်င္း ထိျပတာ
မ်ိဳးေတြ လုပ္လာခဲ့ရင္ သင့္ကို သူခ်စ္ေနတာ ေသခ်ာပါတယ္။

5. သူနဲ႕နီးစပ္တဲ့ေဆြမ်ိဳးေတြကို သင္နဲ႕ရင္းနီးေစခ်င္ရင္

ဒီလုိကိစၥမ်ိဳးက်ေတာ့ ေယာက္်ားေတြ ေဘာင္ေက်ာ္တယ္လုိ႕ မေတြးၾကပါနဲ႕။ ဟုတ္ေတာ့လည္း ဟုတ္တာပါ
ဘဲ။ ယူေတာင္မွ မယူရေသးဘူး သူ႕အမ်ိဳးေတြကို ရင္းနီးေစခ်င္တာ မလြန္ဘူးလား။ အမွန္ေတာ့ မလြန္ပါဘူး။
အထူးသျဖင့္ ဘယ္ေယာက္်ားမွာ ကုိယ္မယူခ်င္တဲ့ မိန္းမကုိ ကုိယ့္အမ်ိဳးေတြထဲက တစ္ေယာက္ေယာက္ မ
သိေစခ်င္ပါဘူး။ ဒီေတာ့ သင့္ကို သူ႕ရဲ႕ နီးစပ္တဲ့အမ်ိဳးေတြနဲ႕ ရင္းနီးေစခ်င္တယ္ဆုိရင္ သင့္ကို တေလးတစား
နဲ႕ခ်စ္သူလုိ႕ သတ္မွတ္လုိ႕ရပါတယ္။

6. သင္နဲ႕ပတ္သက္ရင္ ရန္ျဖစ္ဖုိ႕/ျငင္းခုန္ဖုိ႕ ၀န္မေလးသူ

ရည္စားထိ ဓားၾကည့္-ဆိုတဲ့သေဘာ။ အခ်စ္နဲ႕ပတ္သက္လာရင္ ေယာက္်ားေတြက သာမန္အားျဖင့္ ေပ်ာ့စိ
ေပ်ာ့ညံ့ ျဖစ္ပါေစဦး အေရးႀကဳံလာရင္ ႐ုိက္မယ္၊ ႏွက္မယ္၊ သတ္မယ္-ဆုိတဲ့ စိတ္ထား ရွိတတ္ပါတယ္။
ကိုယ့္ကို မခ်စ္တဲ့သူက ဘယ္လုိလုပ္ ကုိယ့္ကုိ အကာအကြယ္ေပးမွာလဲ။ ဒါကလည္း သိပ္ရွင္းတဲ့ အခ်က္ပါဘဲ။
သင့္မေကာင္းေၾကာင္းေျပာရင္ အာေဘာင္အာရင္းသန္သန္နဲ႕ ျငင္းခုန္ရဲတယ္ဆုိရင္ သူ သင့္ကို တကယ္ခ်စ္
ေနပါၿပီ။

7. သူအနာဂတ္ကုိ ေျပာတဲ့အခါ သင္ ပါ၀င္ေနခဲ့ရင္

ဒီလုိအေျခအေနမ်ိဳးကေတာ့ မိန္းကေလးက စပ္စပ္စုစု ေမးမွပါ။ “ဟဲ့ … နင္က ဘယ္လုိ မိန္းမမ်ိဳးကုိ ယူမွာလဲ
ဟဲ့”ဆုိၿပီး ေသြးတုိးစမ္းတဲ့ သေဘာမ်ိဳးနဲ႕ ေမးၾကည့္ပါ။ “အင္း ငါကေတာ့ … နင့္လုိ … ဆံပင္ေက်ာေလာက္
ကေလးနဲ႕ … အရပ္မနိမ့္မျမင့္ေလး … ၿပီးေတာ့ အသားလတ္လတ္ … ေပါ့ဟာ … အဲဒီလို နင္နဲ႕ ခပ္ဆင္ဆင္
တူတယ္ဆုိရင္ကုိ … အဟိ ”ဆုိၿပီး မပြင့္တပြင့္ေျပာရင္ သင္ စိတ္ဆုိးခ်င္ေယာင္ ေဆာင္ရမယ့္ အလွည့္ပဲသာ
မွတ္ေပေတာ့။

Credit:auntymay
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကောင်မလေးတွေဟာ များသောအားဖြင့် ကိုယ့်ကို ချစ်မယ့်သူ ဘယ်သူဆိုတာ ကြိုသိချင်ကြပါတယ်။ ဒါမှလည်း သူတို့အနေနဲ့ ရေလာမြောင်းပေးလုပ်သင့်သလား၊ ရှောင်နေရမလားဆိုတာ ဆုံးဖြတ်လို့ရနိုင်တာမျိုးပါ။ ဒီလိုမှ
မဟုတ်ဘဲ မှားယွင်းပြီး ရေလာမြောင်းပေးလုပ်မိရင် ဟိုက ရည်းစားစကားမပြောဘဲ ပိုက်ဆံချေးသွားမှဖြင့်
အချောင် အရှက်ရနေဦးမယ်လေ။ ဒီတော့ ယောက်ျားတစ်ယောက်က ကိုယ့်ကို ချစ်တော့မလားဆိုတာ သိနိုင်
တဲ့အချက်လေးတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

1. သင့်ကို လေးစားမြတ်နှိုးမှုနဲ့ ချဉ်းကပ်လာတဲ့သူ

ယောက်ျားဆိုတာ အခြောက်တိုက်ကြီး တစ်စုံတစ်ယောက်ကို မလေးစားတတ်ပါဘူး။ မိန်းကလေးတွေကတာ့
ဒီလိုမဟုတ်။ ယောက်ျားတွေက ထူးဆန်းတာတစ်ခုခု လုပ်ပြလိုက်တာပဲဖြစ်ဖြစ် စွန့်စားမှု အောင်မြင်မှုတစ်ခုနဲ့ ထင်ရှားတဲ့ ယောက်ျားမျိုးဆိုရင် နှစ်ခါတိုင်ပင်စရာမလိုပဲ လေးစားတတ်ပါတယ်။ ဒါကလည်း မိန်းမနဲ့ ယောက်ျား
ကွာခြားချက်ပါဘဲ။ ယောက်ျားတွေက အချင်းချင်း လေးစားဖို့မပြောနဲ့ တစ်ခါတလေ ကိုယ့်ကိုယ်ကိုတောင်
လေးစားရမှန်း သိတဲ့သူတွေ မဟုတ်ပါဘူး။ အဲ သင့်ကို ကောင်လေးတစ်ယောက်က တစ်လေးတစား အူလှိုက်
သည်းလှိုက် မြတ်နိုးမှုနဲ့ ချဉ်းကပ်တာမျိုးလေး ရှိလာရင် သူ သင့်ကို ချစ်နေတာ သေချာပါတယ်။

2. သူရဲ့ဦးနှောက်ထဲမှာ သင်သာလျှင် စိုးမိုးထားသူ

ဒါမျိုးကျတော့ အထာနပ်တဲ့ မိန်းကလေးတွေက သိနိုင်ပါတယ်။ တစ်ချို့ကောင်လေးတွေဆို ပါးစပ်က ဖွင့်မပြောရ
ပါဘဲနဲ့ကို ကောင်မလေးတွေက သူ့ရင်ထဲမှာ သင့်ကို ဘယ်လောက်ချစ်ကြောင်း၊ သင်ဟာ သူ့အတွက်တော့
ဘုရားသခင် ဖန်ဆင်းပေးတဲ့ နံရိုးတစ်ချောင်းဖြစ်ကြောင်း၊ သူ့ရင်ထဲမှာ သင့်အတွက် ကဗျာတွေရှိကြောင်း စ
သည်ဖြင့် ဘာညာကို အထာကြည့်တာနဲ့ သိတာမျိုးလေးတွေ ရှိတတ်ပါတယ်။

3. သင့်ကို အလျှော့ပေးတယ်။

ဒါကတော့ အခြေအနေတွေ အများကြီးပါ။ ဘက်စ်ကားနေရာဦးပေးတာကအစ စားစရာဝယ်ပေးတာအလယ်
အိမ်သာပေါက်ထိ လိုက်စောင့်ပေးတတ်တာအဆုံး သင့်ကို ဦးဦးဖျားဖျားချစ်တယ်ဆိုတာ ပေါ်လွင်စေပါတယ်။
တစ်ခုခု အငြင်းအခုန်ဖြစ်တဲ့အခါတိုင်းမှာလည်း သင်က အမြဲတမ်း နိုင်ပါလိ့မ်မယ်။ စားစရာဆိုရင်လည်း သင်
ကြိုက်တာကိုပဲ ဦးစားပေး ဝယ်ပါလိ့မ်မယ်။ ဒီလို အခြေအနေမျိုးတွေ ကောင်လေးတစ်ယောက်က ပေါ်ပေါ်
ထင်ထင် ပြလာခဲ့ရင် သူ သင့်ကို ချစ်နေပါပြီ။

4. သင့်ကို လူကြားထဲမှာ တို့ထိရဲသူ

ဘယ်လိုပုံစံလဲဆိုရင်တော့ ကားလမ်းကူးတာမျိုးပေါ့။ သူဟာ သင့်ဘေးကနေ ပါလာခဲ့ရင် “ လာ … လာ ကား
ရှင်းတုန်း ကူးရအောင် ”ဆိုပြီး သင့်ကို ခပ်တည်တည် လက်ဆွဲခေါ်တာမျိုး၊ ဘက်စ်ကားပေါ်မှာ အခြားအမျိုးသား
တွေရဲ့ အတို့အထိကနေ အကာအကွယ်ပေးတဲ့သဘောအနေနဲ့ သင့်ကို ရင်းရင်းနီးနီး အသားချင်း ထိပြတာ
မျိုးတွေ လုပ်လာခဲ့ရင် သင့်ကို သူချစ်နေတာ သေချာပါတယ်။

5. သူနဲ့နီးစပ်တဲ့ဆွေမျိုးတွေကို သင်နဲ့ရင်းနီးစေချင်ရင်

ဒီလိုကိစ္စမျိုးကျတော့ ယောက်ျားတွေ ဘောင်ကျော်တယ်လို့ မတွေးကြပါနဲ့။ ဟုတ်တော့လည်း ဟုတ်တာပါ
ဘဲ။ ယူတောင်မှ မယူရသေးဘူး သူ့အမျိုးတွေကို ရင်းနီးစေချင်တာ မလွန်ဘူးလား။ အမှန်တော့ မလွန်ပါဘူး။
အထူးသဖြင့် ဘယ်ယောက်ျားမှာ ကိုယ်မယူချင်တဲ့ မိန်းမကို ကိုယ့်အမျိုးတွေထဲက တစ်ယောက်ယောက် မ
သိစေချင်ပါဘူး။ ဒီတော့ သင့်ကို သူ့ရဲ့ နီးစပ်တဲ့အမျိုးတွေနဲ့ ရင်းနီးစေချင်တယ်ဆိုရင် သင့်ကို တလေးတစား
နဲ့ချစ်သူလို့ သတ်မှတ်လို့ရပါတယ်။

6. သင်နဲ့ပတ်သက်ရင် ရန်ဖြစ်ဖို့/ငြင်းခုန်ဖို့ ဝန်မလေးသူ

ရည်စားထိ ဓားကြည့်-ဆိုတဲ့သဘော။ အချစ်နဲ့ပတ်သက်လာရင် ယောက်ျားတွေက သာမန်အားဖြင့် ပျော့စိ
ပျော့ညံ့ ဖြစ်ပါစေဦး အရေးကြုံလာရင် ရိုက်မယ်၊ နှက်မယ်၊ သတ်မယ်-ဆိုတဲ့ စိတ်ထား ရှိတတ်ပါတယ်။
ကိုယ့်ကို မချစ်တဲ့သူက ဘယ်လိုလုပ် ကိုယ့်ကို အကာအကွယ်ပေးမှာလဲ။ ဒါကလည်း သိပ်ရှင်းတဲ့ အချက်ပါဘဲ။
သင့်မကောင်းကြောင်းပြောရင် အာဘောင်အာရင်းသန်သန်နဲ့ ငြင်းခုန်ရဲတယ်ဆိုရင် သူ သင့်ကို တကယ်ချစ်
နေပါပြီ။

7. သူအနာဂတ်ကို ပြောတဲ့အခါ သင် ပါဝင်နေခဲ့ရင်

ဒီလိုအခြေအနေမျိုးကတော့ မိန်းကလေးက စပ်စပ်စုစု မေးမှပါ။ “ဟဲ့ … နင်က ဘယ်လို မိန်းမမျိုးကို ယူမှာလဲ
ဟဲ့”ဆိုပြီး သွေးတိုးစမ်းတဲ့ သဘောမျိုးနဲ့ မေးကြည့်ပါ။ “အင်း ငါကတော့ … နင့်လို … ဆံပင်ကျောလောက်
ကလေးနဲ့ … အရပ်မနိမ့်မမြင့်လေး … ပြီးတော့ အသားလတ်လတ် … ပေါ့ဟာ … အဲဒီလို နင်နဲ့ ခပ်ဆင်ဆင်
တူတယ်ဆိုရင်ကို … အဟိ ”ဆိုပြီး မပွင့်တပွင့်ပြောရင် သင် စိတ်ဆိုးချင်ယောင် ဆောင်ရမယ့် အလှည့်ပဲသာ
မှတ်ပေတော့။

Credit:auntymay

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top