iMyanmarHouse.com - Best Property Website for Myanmar
×
ဒဲာဒါပာာ သူတို့တွေအတွက်ရော၊ ကိုယ်ခံစားခဲ့ရပာာတွေအတွက်ပါ သူတို့တွေအပေါ်ကို အကောင်းဆုံးလက်စားချေလိုက်ခြင်းပါပဲ။
Credit:ရှမ်းပုတ်(မိုမိုလေး)
#Unicode Version
ပတ်ဝန်းကျင်ဆိုတာ တကယ်တော့ ကိုယ်အလုပ်တစ်ခုလုပ်လိုက်လို့ အောင်မြင်လာရင် ကိုယ့်ဆီကို လက်တွေဆန့်ပြီး လက်ခုပ်တီးချင်တဲ့သူနည်းသလောက် ကိုယ်များအောက်ကို ကျဆုံးသွားခဲ့ရင် ကိုယ့်နောက်ကိုလိုက်ပြီး ဝိုင်းလက်ညိုးထိုးမဲ့လက်၊ ကြိတ်ပြီး ဝိုင်းရီမောနေကြမယ့်သူတွေက သိပ်ကိုများပြားလှတယ်။ ရေနစ်သူကို ဝါးကူထိုးသလိုပါပဲ။ သင် ဒုက္ခရောက်နေတဲ့အချိန် လှမ်းပြီး ဝိုင်းကူဆွဲပေးမယ့် လက်တွေထက် သင့်ကို ပာိုအောက်ဆုံးအထိတွန်းချမယ့်လက်တွေနဲ့ ကူညီသလိုနဲ့ရက်ရက်စက်စက် တွန်းချခဲ့တဲ့လက်တွေနဲ့ ကြုံဆုံခဲ့ရတယ်။
ကိုယ့်ကောင်းကျိုးကို သိပ်ဝမ်းသာလိုလားသလိုနဲ့နောက်ကွယ်မှာ ကိုယ့်မကောင်းကြောင်းကို ဖောက်သည်ချပြီး ချောက်တွန်းနေတဲ့သူတွေနဲ့လည်း
ကြုံဆုံခဲ့ရပြီးပါပြီ။ ကိုယ်ရှေ့မှာ ရယ်ရယ်မောမောနဲ့ပြုံးပြပြီး နောက်ကွယ်မှာ မပာုတ်မမှန်သတင်းလွင့်နေကြတဲ့ မျက်နှာတွေကိုလည်း သေသေချာချာမြင်တွေ့ခဲ့ရပြီးပါပြီ။
သူများကို ဒုက္ခပေးလိုက်လို့ သူတို့လည်း အေးအေးဆေးဆေးနေလိုက်ရလို့လား။ မပာုတ်ပါဘူး။ သူတို့ကိုယ်တိုင် ကိုယ်တွေထက်အဆပေါင်းများစွာ ဒုက္ခပင်လယ်တွေဝေနေရပါသေးတယ် မပာုတ်လား။
ကိုယ်ကို ဒုက္ခတွေရက်ရက်စက်စက်ပေးခဲ့လို့ ဆိုပြီး သူတို့မိသားစုဘဝတွေပြန်ပျက်ဆီးအောင်ဆိုပြီး သူတို့ကို တန်ပြန်လက်စားချေမှာတော့ မပာုတ်ပါဘူး။ သူတို့တွေကြောင့် ကျလာရတဲ့မျက်ရည်တွေ၊ ကြီးမားတဲ့ဒုက္ခတွေကြားထဲကနေ
ကြိုးစားကာပြန်ထပြီး ကိုယ်ဘဝကို သူတို့ထက်သာတဲ့ ဘဝအခြေအနေ၊ ကြီးမားခိုင်မာတဲ့ဘဝရပ်တည်မှုဖြစ်လာအောင် ကြိုစားပြီးတော့ သူတို့ရှေ့မှာ မကြောက်မရွံ့ထင်ထင်ရှားရှား ခပ်တည်တည် နေပြလိုက်စမ်းပါ။
ဒာဲဒါပာာ သူတို့တွေအတွက်ရော၊ ကိုယ်ခံစားခဲ့ရပာာတွေအတွက်ပါ သူတို့တွေအပေါ်ကို အကောင်းဆုံးလက်စားချေလိုက်ခြင်းပါပဲ။
Credit:ရှမ်းပုုတ်(မိုမိုလေး)
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top