iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူႏွစ္ဦး တစ္ဦးနဲ႔တစ္ဦး ခ်စ္ရက္သားနဲ႔ တကယ္လမ္းခြဲလိုက္ရတဲ့ အျဖစ္မ်ိဳးေတြ ရွိပါတယ္။ တစ္ဖက္က စိတ္တုိတုန္းခဏေျပာလိုက္တာကို အတည္ယူၿပီး လမ္းခြဲလိုက္ၾကၿပီးမွ ႏွစ္ဦးစလံုး ခံစားေနၾကရတာမ်ိဳးေတြလည္း အမ်ားႀကီးပါ။ ဒါ့ေၾကာင့္ တစ္ဖက္က ငါ မခံစားႏိုင္ေတာ့ဘူး လမ္းခြဲေတာ့မယ္လို႔ ေျပာလုိက္တဲ့အခါ သူ႔စိတ္ထဲက တကယ္လမ္းခြဲခ်င္လုိ႔ ျဖစ္ခ်င္မွ ျဖစ္မွာပါ။ ကိုယ့္အျပဳအမူေတြ ေျပာင္းလဲလာမလားဆုိတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ေျပာတာမ်ိဳးေတြလည္း ရွိေနပါ တယ္။ ဒီေတာ့ သူက ကိုယ့္ကို လမ္းခြဲေတာ့မယ္လို႔ ေျပာတဲ့အခါ ဒီအခ်က္ကေလးေတြနဲ႔ ကိုယ့္ခ်စ္သူကို ျပန္ဆြဲထားႏိုင္ေအာင္ဖုိ႔ ႀကိဳးစားၾကည့္လိုက္ပါ။

 ၁။သူတို႔ေျပာခ်င္ေနတဲ့ စကားေတြကို နားေထာင္ေပးလုိက္ပါ။

သင့္အေနနဲ႔ ပထမဆံုး လုပ္ေဆာင္ရမယ့္အရာကေတာ့ တစ္ဖက္လူေျပာခ်င္တဲ့စကားကို နားေထာင္ေပးဖုိ႔ပါပဲ။ သူကိုယ့္ကို အျပစ္တင္ခ်င္ရင္ တင္ႏိုင္ပါတယ္၊ သူခံစားရတာ၊ သူဘာေတြနာက်င္တယ္ဆုိတာ အားလံုးသူဖြင့္ဟလာပါလိမ့္မယ္။ ကိုယ့္ဘက္က နားေထာင္ေပးလိုက္ပါ။ တစ္ခုသတိထားရမွာက သူေျပာသမွ်အရာေတြအားလံုးကို ကုိယ့္ဘက္က ျပန္ျငင္းခံုတာမ်ိဳး မလုပ္မိဖုိ႔ပါပဲ။ သူေျပာတာအားလံုးၿပီးသြားၿပီ ဆုိေတာ့မွ ေမးခြန္းေလးေတြ ေမးပါ။ ဘယ္လိုလုပ္ရင္ သူ ေပ်ာ္ရႊင္လိမ့္မလဲ။ ကိုယ့္ဘက္က ဘာေတြျပင္ေပးႏိုင္မလဲ။ လမ္းခြဲျခင္းဟာ အေကာင္းဆံုး နည္းလမ္းလုိ႔ ထင္သလား စတာေတြ ေမးပါ။

 ၂။ တစ္ဖက္လူ ခံစားေနရတာေတြကို နားလည္မႈေပးလုိက္ပါ။

သူ႕ဘက္က သူခံစားရတာေတြကို ဖြင့္ဟလာတဲ့အခါ ကိုယ့္ဘက္က သူ႕ခံစားခ်က္ကို မေလွာင္ေျပာင္သင့္ပါဘူး။ ေလွာင္ေျပာင္ေျပာဆိုျခင္းဟာ သူ႕အတြက္ အဆိုး၀ါးဆံုး ခံစားခ်က္ေတြ ထပ္မံျဖစ္ေပၚေစမွာပါ။ ဒါဟာ ႏွစ္ဦးသားလမ္းခြဲဖုိ႔ ပိုမိုေသခ်ာသြားေစမွာမို႔ တစ္ဖက္လူ ခံစားေနရတာေတြ အတတ္ႏိုင္ဆံုး နားလည္ေအာင္ ႀကိဳးစားရင္း သူ႕ကိုေလးစားမႈရွိတယ္ဆိုတာ ျပပါ။

၃။အေျခအေနကို ေျပာင္းလဲဖုိ႔ ႀကိဳးစားပါ။

အေပၚက အခ်က္ႏွစ္ခ်က္နဲ႔ အဆင္ေျပလာၿပီဆိုတာနဲ႔ ေနာက္ဆံုးတစ္ခ်က္အေနနဲ႔ အေျခအေနေတြကို ေျပာင္းလဲဖို႔ ႀကိဳးစားပါ။ တစ္ဖက္လူဘက္က စိတ္ေအးေဆးတည္ၿငိမ္လာၿပီဆိုတာနဲ႔ ကိုယ့္ကုိမင္းအရင္လုိ ျပန္ခ်စ္ဖုိ႔ ဘယ္လိုႀကိဳးစားရမလဲဆိုတာမ်ိဳး၊ ကိုယ့္ဘက္က ဘာေတြျပဳျပင္ႏိုင္မယ္ဆုိတာမ်ိဳးေတြ သူ႕ကိုေမးၿပီး အရင္လို ျပန္အဆင္ေျပသြားေအာင္ ႀကိဳးစားလိုက္ပါ။

Credit :Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode version#
 ချစ်သူနှစ်ဦး တစ်ဦးနဲ့တစ်ဦး ချစ်ရက်သားနဲ့ တကယ်လမ်းခွဲလိုက်ရတဲ့ အဖြစ်မျိုးတွေ ရှိပါတယ်။ တစ်ဖက်က စိတ်တိုတုန်းခဏပြောလိုက်တာကို အတည်ယူပြီး လမ်းခွဲလိုက်ကြပြီးမှ နှစ်ဦးစလုံး ခံစားနေကြရတာမျိုးတွေလည်း အများကြီးပါ။ ဒါ့ကြောင့် တစ်ဖက်က ငါ မခံစားနိုင်တော့ဘူး လမ်းခွဲတော့မယ်လို့ ပြောလိုက်တဲ့အခါ သူ့စိတ်ထဲက တကယ်လမ်းခွဲချင်လို့ ဖြစ်ချင်မှ ဖြစ်မှာပါ။ ကိုယ့်အပြုအမူတွေ ပြောင်းလဲလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြောတာမျိုးတွေလည်း ရှိနေပါ တယ်။ ဒီတော့ သူက ကိုယ့်ကို လမ်းခွဲတော့မယ်လို့ ပြောတဲ့အခါ ဒီအချက်ကလေးတွေနဲ့ ကိုယ့်ချစ်သူကို ပြန်ဆွဲထားနိုင်အောင်ဖို့ ကြိုးစားကြည့်လိုက်ပါ။

 ၁။သူတို့ပြောချင်နေတဲ့ စကားတွေကို နားထောင်ပေးလိုက်ပါ။

သင့်အနေနဲ့ ပထမဆုံး လုပ်ဆောင်ရမယ့်အရာကတော့ တစ်ဖက်လူပြောချင်တဲ့စကားကို နားထောင်ပေးဖို့ပါပဲ။ သူကိုယ့်ကို အပြစ်တင်ချင်ရင် တင်နိုင်ပါတယ်၊ သူခံစားရတာ၊ သူဘာတွေနာကျင်တယ်ဆိုတာ အားလုံးသူဖွင့်ဟလာပါလိမ့်မယ်။ ကိုယ့်ဘက်က နားထောင်ပေးလိုက်ပါ။ တစ်ခုသတိထားရမှာက သူပြောသမျှအရာတွေအားလုံးကို ကိုယ့်ဘက်က ပြန်ငြင်းခုံတာမျိုး မလုပ်မိဖို့ပါပဲ။ သူပြောတာအားလုံးပြီးသွားပြီ ဆိုတော့မှ မေးခွန်းလေးတွေ မေးပါ။ ဘယ်လိုလုပ်ရင် သူ ပျော်ရွှင်လိမ့်မလဲ။ ကိုယ့်ဘက်က ဘာတွေပြင်ပေးနိုင်မလဲ။ လမ်းခွဲခြင်းဟာ အကောင်းဆုံး နည်းလမ်းလို့ ထင်သလား စတာတွေ မေးပါ။

 ၂။ တစ်ဖက်လူ ခံစားနေရတာတွေကို နားလည်မှုပေးလိုက်ပါ။

သူ့ဘက်က သူခံစားရတာတွေကို ဖွင့်ဟလာတဲ့အခါ ကိုယ့်ဘက်က သူ့ခံစားချက်ကို မလှောင်ပြောင်သင့်ပါဘူး။ လှောင်ပြောင်ပြောဆိုခြင်းဟာ သူ့အတွက် အဆိုးဝါးဆုံး ခံစားချက်တွေ ထပ်မံဖြစ်ပေါ်စေမှာပါ။ ဒါဟာ နှစ်ဦးသားလမ်းခွဲဖို့ ပိုမိုသေချာသွားစေမှာမို့ တစ်ဖက်လူ ခံစားနေရတာတွေ အတတ်နိုင်ဆုံး နားလည်အောင် ကြိုးစားရင်း သူ့ကိုလေးစားမှုရှိတယ်ဆိုတာ ပြပါ။

၃။အခြေအနေကို ပြောင်းလဲဖို့ ကြိုးစားပါ။

အပေါ်က အချက်နှစ်ချက်နဲ့ အဆင်ပြေလာပြီဆိုတာနဲ့ နောက်ဆုံးတစ်ချက်အနေနဲ့ အခြေအနေတွေကို ပြောင်းလဲဖို့ ကြိုးစားပါ။ တစ်ဖက်လူဘက်က စိတ်အေးဆေးတည်ငြိမ်လာပြီဆိုတာနဲ့ ကိုယ့်ကိုမင်းအရင်လို ပြန်ချစ်ဖို့ ဘယ်လိုကြိုးစားရမလဲဆိုတာမျိုး၊ ကိုယ့်ဘက်က ဘာတွေပြုပြင်နိုင်မယ်ဆိုတာမျိုးတွေ သူ့ကိုမေးပြီး အရင်လို ပြန်အဆင်ပြေသွားအောင် ကြိုးစားလိုက်ပါ။

Credit :Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top