iMyanmarHouse.com - Best Property Website for Myanmar
×

ေယာင္းတို႔…
မွဲ႔ေဗဒင္ မေဟာခင္ မွဲ႔ကို သိပၸံပညာအရေရာ ေဗဒင္ပညာအရေရာ ေလ့လာႀကည့္ၾကစို႔။ သိပၸံပညာအရဆိုရင္ေတာ့ အေရျပားေပၚက ဆဲလ္စုစည္းမႈ တစ္ခုပါပဲ။အလင္းေရာင္နဲ႔ ထိေတြ႕လိုက္တဲ့အခါ အနီေရာင္ အမည္းေရာင္ အညိဳေရာင္ စသျဖင့္ အေရာင္ေျပာင္းသြားရံုသက္သက္ပါတဲ႔။ ေဗဒင္ပညာအရေတာ့ မွဲ႔ဆိုတာ ဘဝအေျခအေန လူ႔အက်င့္စရိုက္တစ္ခုကို ေဖာ္ျပနိုင္တဲ႔အရာတစ္ခုလို႔ဆိုထားပါတယ္။ ဥပမာ -လြယ္လြယ္ကူကူရွာမေတြ႔နိုင္တဲ့မွဲ႔ေတြ မ်က္ခံုေမႊး၊ဆံပင္ေမႊးေတြၾကားမွာ ေပါက္ေနတဲ့မွဲ႔ေတြက ပိုျပီးကံေကာင္းေစပါတယ္။ ကံအရမ္းေကာင္းေစတဲ့မွဲ႔ပံုစံကေတာ့ ၀လံုးလို ၀ိုင္းစက္ေနတဲ့ပံုပါ။ အမည္းေရာင္နဲ႔ အနီေရာင္သန္းတဲ့ မွဲ႔ေတြက ကံအေကာင္းေစဆံုးမွဲ႔ေတြျဖစ္ျပီး အေရာင္ခပ္မႈိင္းမႈိင္းမွဲ႔ေတြကေတာ့ ကံသိပ္မေကာင္းေစပါဘူး။ အေမႊးေပါက္တတ္တဲ့မွဲ႔ကေတာ့ မွဲ႔ရွင္လို႔ေခၚၿပီး ကံေကာင္းေစပါတယ္။ စသျဖင့္ေပါ့။ ကဲ ေလသိပ္မရွည္ေတာ့ပါဘူး။ မွဲ႔ေဗဒင္ စေဟာပါမယ္။အဟမ္း အဟမ္း

၁။နဖူးေပၚကမွဲ႔
နဖူးေပၚမွာမွဲ႔ရွိတဲ့သူက အျမဲတက္တက္ၾကြၾကြေနတတ္တဲ့သူျဖစ္ျပီး အာရံုစူးစိုက္မႈအားအရမ္းေကာင္းတဲ့သူပါ။ ဘယ္လိုအသက္ေမြးလမ္းေၾကာင္းးမွာမဆို ေအာင္ျမင္နိုင္တဲ့သူေပါ့။ ဒါေပမယ့္ အခ်စ္ေရးမွာေတာ့ က်ြန္းခံတတ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ဘ၀လမ္းေၾကာင္းမွာ ေအာင္ျမင္မႈရဖို႔အတြက္ပဲ လံုးပမ္းေနျပီးေတာ့ အခ်စ္ေရးဘက္ကိုုေတာ့ လံုး၀လွည့္မၾကည့္လို႔ပါ။ နဖူးအလည္တည့္တည့္မွ မွဲ႔ရွိတဲ့သူက ပိုက္ဆံရွာတာအရမ္းေတာ္ျပီး ေဒါသၾကီးတဲ့သူပါ။ ဘယ္ဘက္နဖူးမွာမွဲ႔ပါရင္ေတာ့ တစ္ခ်ိန္လံုးေရွ႕ေရးကိုေတြးျပီး ပူေနတတ္သူပါ။ ညာဘက္နဖူးကမွဲ႔ကေတာ့ အသက္၃၀ေနာက္ပိုင္းမွာ ခ်မ္းသာလာမယ္ဆိုတဲ့ လကၡဏာလို႔ဆိုထားပါတယ္။

၂။မ်က္ခံုးနားကမွဲ႔
မ်က္ခံုးအလည္တည့္တည့္မွာေပါက္ေနတဲ့မွဲ႔က က်ိက်ိတက္ခ်မ္းသာမယ္ဆိုတဲ့သေဘာပါ။ မ်က္ခံုးအေပၚမွာမွဲ႔ရွိတဲ့သူကေတာ့ ဘ၀မွာခ်မ္းသာၾကြယ္၀ဖို႔ကံပါလာေပမယ့္ ခ်မ္းသာလာဖို႔အတြက္ကို သူမ်ားထက္ႏွစ္ဆ ပိုျပီးအလုပ္ၾကိဳးစားရမွာပါ။ ကိုယ့္ကိုမနာလို၀န္တိုတဲ့သူေတြေတာ့ ေဘးနားမွာ ၀ိုင္းေနတတ္ပါတယ္။ မ်က္ခံုးေအာက္မွာမွဲ႔ပါတဲ့သူေတြကေတာ့ ဆြဲေဆာင္မႈရွိျပီး စန္းပြင့္တဲ့သူေတြေပါ့။ မ်က္ခံုးအဆံုးမွာမွဲ႔ရွိရင္ေတာ့ သူမ်ားေပၚၾသဇာအာဏာ လႊမ္းမိုးနိုင္တဲ့သူမ်ိဳးပါ။

၃။မ်က္လံုးနားကမွဲ႔
မ်က္လံုးေအာက္ မ်က္ခမ္းစပ္နားမွာရွိတဲ့မွဲ႔က အမ်ားသိၾကတဲ့အတိုင္း မ်က္ရည္ခံမွဲ႔ပါ။ ေတာ္ေတာ္မ်ားမ်ားကေတာ့ ကံဆိုးေစတဲ့မွဲ႔လို႔ ယူဆထားျပီး ဖ်က္ပစ္ေလ့ရွိပါတယ္။ ဒါမယ့္ မ်က္လံုးနားနီးမ်က္လံုးအစပ္အစြန္နားမွာ ရွိတဲ့မွဲ႔က ပိုက္ဆံရွာတဲ့ေနရာမွာ ကံေကာင္းေစျပီး မိတ္ေကာင္းေဆြေကာင္းေပါမ်ားေစပါတယ္။ ဒါေပမယ့္ ဒီလိုမွဲ႔ပါရင္ ကိုယ္ခ်စ္ရတဲ့ခ်စ္သူကိုေတာ့ ဆံုးရံႈးနိုင္ပါတယ္။

၄။ႏွာေခါင္းေပၚကမွဲ႔
နွာေခါင္းအလယ္တည့္တည့္မွာ မွဲ႕ပါတဲ့သူေတြကေတာ့ စိတ္ျမန္လက္ျမန္ရွိျပီး အိပ္ရာေပၚမွာစြမ္းတဲ့သူေတြပါတဲ႔။ ႏွာေခါင္းအလည္တည့္တည့္မွာ မွဲ႔ပါတာ သိပ္ေတာ့မေကာင္းလွပါဘူးရယ္။ ေနာက္ ဒီလိုမွဲ႔ပါတဲ့သူေတာ္ေတာ္မ်ားမ်ားက ေလာင္းကစား၀ါသနာပါျပီး ရႈပ္ေပြတတ္တဲ့သူေတြလို႔ဆိုထားပါတယ္။ ႏွာရိုးေပၚမွာမွဲ႔ရွိတ့ဲသူေတြကေတာ့ က်န္းမားေရးညံ့တတ္ျပီး အသက္ရႈလမ္းေၾကာင္းနဲ႔ဆိုင္တဲ့ ေရာဂါမ်ိဳး ျဖစ္တတ္ပါတယ္။ နွာေခါင္းေအာက္နားမွာမွဲ႔ရွိတာေတာ့ ကံေကာင္းေစတတ္ပါတယ္တဲ႔။

၅။ပါးေပၚကမွဲ႔
ဘယ္ဘက္ပါးမွာမွဲ႔ရွိတဲ့သူေတြက အေပးအကမ္းရက္ေရာျပီး သနားၾကင္နာတတ္တဲ့ စိတ္ထားေကာင္းသူေတြေပါ့။ အဲလိုလူမ်ိဳးေတြက လူကသာအသက္ၾကီးသြားမယ္ ၊ ႏွလံုးသားကေတာ့ အျမဲႏွပ်ိဳေနတဲ့သူေတြပါ။ ညာဘက္ပါးမွာမွဲ႔ပါတဲ့သူေတြကေတာ့ စကားအေျပာအဆိုဆင္ျခင္သင့္ပါတယ္။ စကားနဲ႔ပက္သက္ျပီး အခ်င္းမ်ားတာမ်ိဳးေတြ ႀကံဳရတတ္ပါတယ္။

၆။ႏႈတ္ခမ္းေပၚကမွဲ႔
ႏႈတ္ခမ္းေပၚမွာမွဲ႔ရွိတဲ့သူေတြကေတာ့ တစ္ခ်ိန္လံုးစကားမ်ားေနတတ္တဲ့ သာလိကာေလးေတြေပါ့။ ဒါတင္ဘယ္ကဦးမလဲ အစားနဲ႔ပါးစပ္နဲ႔ဆိုတာလည္း ျပတ္တယ္ကိုမရွိတတ္ပါဘူး။ အေပၚႏႈတ္ခမ္းေပၚမွာ မွဲ႔ပါတဲ့သူေတြကေတာ့ ဆြဲေဆာင္မႈရွိျပီး စန္းပြင့္တတ္တဲ့သူမ်ိဳးေပါ့။ အစားအတြက္ကံေကာင္းေစတဲ့ မွဲ႔ျဖစ္လို႔ အစားအေသာက္အတြက္ ပူပန္စရာမလိုပါဘူး ။ အစားဂ်ီးမ်ားျပီး အစားေကာင္းအေသာက္ေကာင္းမွ ၾကိဳက္တဲ့သူမ်ိဳးပါ။ ႏႈတ္ခမ္းေအာက္မွာမွဲ႔ရွိတ့သူကေတာ့ အသိပညာၾကြယ္၀ျပီး တာ၀န္သိတတ္တဲ့သူေတြပါ။

ကဲ ေဟာလို႔ေတာ့ျပီးျပီ ေယာင္းတို႔ေရ (ဟီး အမွန္က ဘာသာျပန္ထားတာပါ )မွန္မမွန္ ကိုယ့္ဟာကိုယ္တိုက္စစ္ၾကည့္လိုက္ေတာ့။သြားျပီ။ ဘိုင္။
Credit:Hana(For Her Myanmar)

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ယောင်းတို့…
မှဲ့ဗေဒင် မဟောခင် မှဲ့ကို သိပ္ပံပညာအရရော ဗေဒင်ပညာအရရော လေ့လာကြည့်ကြစို့။ သိပ္ပံပညာအရဆိုရင်တော့ အရေပြားပေါ်က ဆဲလ်စုစည်းမှု တစ်ခုပါပဲ။အလင်းရောင်နဲ့ ထိတွေ့လိုက်တဲ့အခါ အနီရောင် အမည်းရောင် အညိုရောင် စသဖြင့် အရောင်ပြောင်းသွားရုံသက်သက်ပါတဲ့။ ဗေဒင်ပညာအရတော့ မှဲ့ဆိုတာ ဘဝအခြေအနေ လူ့အကျင့်စရိုက်တစ်ခုကို ဖော်ပြနိုင်တဲ့အရာတစ်ခုလို့ဆိုထားပါတယ်။ ဥပမာ -လွယ်လွယ်ကူကူရှာမတွေ့နိုင်တဲ့မှဲ့တွေ မျက်ခုံမွှေး၊ဆံပင်မွှေးတွေကြားမှာ ပေါက်နေတဲ့မှဲ့တွေက ပိုပြီးကံကောင်းစေပါတယ်။ ကံအရမ်းကောင်းစေတဲ့မှဲ့ပုံစံကတော့ ဝလုံးလို ဝိုင်းစက်နေတဲ့ပုံပါ။ အမည်းရောင်နဲ့ အနီရောင်သန်းတဲ့ မှဲ့တွေက ကံအကောင်းစေဆုံးမှဲ့တွေဖြစ်ပြီး အရောင်ခပ်မှိုင်းမှိုင်းမှဲ့တွေကတော့ ကံသိပ်မကောင်းစေပါဘူး။ အမွှေးပေါက်တတ်တဲ့မှဲ့ကတော့ မှဲ့ရှင်လို့ခေါ်ပြီး ကံကောင်းစေပါတယ်။ စသဖြင့်ပေါ့။ ကဲ လေသိပ်မရှည်တော့ပါဘူး။ မှဲ့ဗေဒင် စဟောပါမယ်။အဟမ်း အဟမ်း

၁။နဖူးပေါ်ကမှဲ့
နဖူးပေါ်မှာမှဲ့ရှိတဲ့သူက အမြဲတက်တက်ကြွကြွနေတတ်တဲ့သူဖြစ်ပြီး အာရုံစူးစိုက်မှုအားအရမ်းကောင်းတဲ့သူပါ။ ဘယ်လိုအသက်မွေးလမ်းကြောင်းးမှာမဆို အောင်မြင်နိုင်တဲ့သူပေါ့။ ဒါပေမယ့် အချစ်ရေးမှာတော့ ကျွန်းခံတတ်ပါတယ်။ ဘာလို့လဲဆိုတော့ ဘဝလမ်းကြောင်းမှာ အောင်မြင်မှုရဖို့အတွက်ပဲ လုံးပမ်းနေပြီးတော့ အချစ်ရေးဘက်ကိုုတော့ လုံးဝလှည့်မကြည့်လို့ပါ။ နဖူးအလည်တည့်တည့်မှ မှဲ့ရှိတဲ့သူက ပိုက်ဆံရှာတာအရမ်းတော်ပြီး ဒေါသကြီးတဲ့သူပါ။ ဘယ်ဘက်နဖူးမှာမှဲ့ပါရင်တော့ တစ်ချိန်လုံးရှေ့ရေးကိုတွေးပြီး ပူနေတတ်သူပါ။ ညာဘက်နဖူးကမှဲ့ကတော့ အသက်၃၀နောက်ပိုင်းမှာ ချမ်းသာလာမယ်ဆိုတဲ့ လက္ခဏာလို့ဆိုထားပါတယ်။

၂။မျက်ခုံးနားကမှဲ့
မျက်ခုံးအလည်တည့်တည့်မှာပေါက်နေတဲ့မှဲ့က ကျိကျိတက်ချမ်းသာမယ်ဆိုတဲ့သဘောပါ။ မျက်ခုံးအပေါ်မှာမှဲ့ရှိတဲ့သူကတော့ ဘဝမှာချမ်းသာကြွယ်ဝဖို့ကံပါလာပေမယ့် ချမ်းသာလာဖို့အတွက်ကို သူများထက်နှစ်ဆ ပိုပြီးအလုပ်ကြိုးစားရမှာပါ။ ကိုယ့်ကိုမနာလိုဝန်တိုတဲ့သူတွေတော့ ဘေးနားမှာ ဝိုင်းနေတတ်ပါတယ်။ မျက်ခုံးအောက်မှာမှဲ့ပါတဲ့သူတွေကတော့ ဆွဲဆောင်မှုရှိပြီး စန်းပွင့်တဲ့သူတွေပေါ့။ မျက်ခုံးအဆုံးမှာမှဲ့ရှိရင်တော့ သူများပေါ်သြဇာအာဏာ လွှမ်းမိုးနိုင်တဲ့သူမျိုးပါ။

၃။မျက်လုံးနားကမှဲ့
မျက်လုံးအောက် မျက်ခမ်းစပ်နားမှာရှိတဲ့မှဲ့က အများသိကြတဲ့အတိုင်း မျက်ရည်ခံမှဲ့ပါ။ တော်တော်များများကတော့ ကံဆိုးစေတဲ့မှဲ့လို့ ယူဆထားပြီး ဖျက်ပစ်လေ့ရှိပါတယ်။ ဒါမယ့် မျက်လုံးနားနီးမျက်လုံးအစပ်အစွန်နားမှာ ရှိတဲ့မှဲ့က ပိုက်ဆံရှာတဲ့နေရာမှာ ကံကောင်းစေပြီး မိတ်ကောင်းဆွေကောင်းပေါများစေပါတယ်။ ဒါပေမယ့် ဒီလိုမှဲ့ပါရင် ကိုယ်ချစ်ရတဲ့ချစ်သူကိုတော့ ဆုံးရှုံးနိုင်ပါတယ်။

၄။နှာခေါင်းပေါ်ကမှဲ့
နှာခေါင်းအလယ်တည့်တည့်မှာ မှဲ့ပါတဲ့သူတွေကတော့ စိတ်မြန်လက်မြန်ရှိပြီး အိပ်ရာပေါ်မှာစွမ်းတဲ့သူတွေပါတဲ့။ နှာခေါင်းအလည်တည့်တည့်မှာ မှဲ့ပါတာ သိပ်တော့မကောင်းလှပါဘူးရယ်။ နောက် ဒီလိုမှဲ့ပါတဲ့သူတော်တော်များများက လောင်းကစားဝါသနာပါပြီး ရှုပ်ပွေတတ်တဲ့သူတွေလို့ဆိုထားပါတယ်။ နှာရိုးပေါ်မှာမှဲ့ရှိတဲ့သူတွေကတော့ ကျန်းမားရေးညံ့တတ်ပြီး အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါမျိုး ဖြစ်တတ်ပါတယ်။ နှာခေါင်းအောက်နားမှာမှဲ့ရှိတာတော့ ကံကောင်းစေတတ်ပါတယ်တဲ့။

၅။ပါးပေါ်ကမှဲ့
ဘယ်ဘက်ပါးမှာမှဲ့ရှိတဲ့သူတွေက အပေးအကမ်းရက်ရောပြီး သနားကြင်နာတတ်တဲ့ စိတ်ထားကောင်းသူတွေပေါ့။ အဲလိုလူမျိုးတွေက လူကသာအသက်ကြီးသွားမယ် ၊ နှလုံးသားကတော့ အမြဲနှပျိုနေတဲ့သူတွေပါ။ ညာဘက်ပါးမှာမှဲ့ပါတဲ့သူတွေကတော့ စကားအပြောအဆိုဆင်ခြင်သင့်ပါတယ်။ စကားနဲ့ပက်သက်ပြီး အချင်းများတာမျိုးတွေ ကြုံရတတ်ပါတယ်။

၆။နှုတ်ခမ်းပေါ်ကမှဲ့
နှုတ်ခမ်းပေါ်မှာမှဲ့ရှိတဲ့သူတွေကတော့ တစ်ချိန်လုံးစကားများနေတတ်တဲ့ သာလိကာလေးတွေပေါ့။ ဒါတင်ဘယ်ကဦးမလဲ အစားနဲ့ပါးစပ်နဲ့ဆိုတာလည်း ပြတ်တယ်ကိုမရှိတတ်ပါဘူး။ အပေါ်နှုတ်ခမ်းပေါ်မှာ မှဲ့ပါတဲ့သူတွေကတော့ ဆွဲဆောင်မှုရှိပြီး စန်းပွင့်တတ်တဲ့သူမျိုးပေါ့။ အစားအတွက်ကံကောင်းစေတဲ့ မှဲ့ဖြစ်လို့ အစားအသောက်အတွက် ပူပန်စရာမလိုပါဘူး ။ အစားဂျီးများပြီး အစားကောင်းအသောက်ကောင်းမှ ကြိုက်တဲ့သူမျိုးပါ။ နှုတ်ခမ်းအောက်မှာမှဲ့ရှိတ့သူကတော့ အသိပညာကြွယ်ဝပြီး တာဝန်သိတတ်တဲ့သူတွေပါ။

ကဲ ဟောလို့တော့ပြီးပြီ ယောင်းတို့ရေ (ဟီး အမှန်က ဘာသာပြန်ထားတာပါ )မှန်မမှန် ကိုယ့်ဟာကိုယ်တိုက်စစ်ကြည့်လိုက်တော့။သွားပြီ။ ဘိုင်။
Credit:Hana(For Her Myanmar)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top