iMyanmarHouse.com - Best Property Website for Myanmar
×

လည္ေခ်ာင္းကင္ဆာခံေနရတဲ့ ေတာင္ကိုရီးယားမင္းသား ကင္ဝူဘင္ဟာ ဆုိးလ္ၿမိဳ႕ရွိ ေဆး႐ံုတစ္႐ံုမွာ ေဆးကုသေနတာ ျဖစ္ၿပီး သူ႔ရဲ႕ခ်စ္သူ ရွင္မင္အာကိုေတာ့ သူ႔ရဲ႕ေဘးမွာ အျမဲျမင္ေတြ႕ေနရပါတယ္။

"ကင္ဝူဘင္က ေရာဂါကို စတင္ကုေနၿပီျဖစ္ၿပီး တျဖည္းျဖည္း ျပန္ေကာင္းမြန္လာေနပါၿပီ" လို႔ ကင္ဝူဘင္းရဲ႕ေအဂ်င္စီ Sidus HQ က သူ႔ရဲ႕ကုသမႈအစီအစဥ္နဲ႔ ပတ္သက္ၿပီးေတာ့ ေျဖၾကားခဲ့ပါတယ္။

ဒါ့အျပင္ ရွင္မင္အာကလည္း ကင္ဝူဘင္ရဲ႕ေဘးမွာ အျမဲရွိေနေပးကာ တတ္ႏုိင္သေလာက္ ကူညီေပးေနပါတယ္လို႔လည္း Sidus HQ က အတည္ျပဳခဲ့ပါတယ္။

ကင္ဝူဘင္ရဲ႕ေဘးမွာ ရွင္မင္အာက အျမဲတမ္း အားေပးကူညီေနခဲ့တာကို ေတြ႕ျမင္တဲ့ အႏုပညာေလာကသားတစ္ဦးကလည္း အခုလို ေျပာခဲ့ပါတယ္။

"ကင္ဝူဘင္ တက္ေနတဲ့ ေဆး႐ံုကို သြားတဲ့အခါတုိင္း အျမဲတမ္း ရွင္မင္အာကို သူ႔ေဘးမွာေတြ႕ရတယ္။ ရွင္မင္အာက အရမ္းနာမည္ႀကီေးတာ့ ေဆး႐ံုဝန္ထမ္းေတြအပါအဝင္ လူတုိင္းက သူ႔ကို စိတ္၀င္တစားၾကည့္ၾကေတာ့ သူလည္း ေနရတာ ကသိကေအာက္ျဖစ္မွာပဲ။ ဒါေပမဲ့ အဲဒါေတြအားလံုးကို ဂ႐ုမစိုက္သလိုေနၿပီး ကင္ဝူဘင္နားမွာ အျမရွိေနေပးတယ္။ ကင္ဝူဘင္ေနေကာင္းေစဖုိ႔ အားေပးကူညီေနတယ္" လို႔ သူက ဆုိပါတယ္။

ကင္ဝူဘင္မွာ ကင္ဆာေရာဂါျဖစ္ေနတယ္လို႔ ေမလေႏွာင္းပိုင္းမွာ သိရွိခဲ့တာ ျဖစ္ပါတယ္။ အဲဒီကတည္းက ကင္ဝူဘင္ရဲ႕ခ်စ္သူ ရွင္မင္အာက သူ႔ေဘးမွာေနရင္း အျမဲအားေပးသြားမယ္လို႔ ဆုိခဲ့တာ ျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ ကင္ဝူဘင္ (Kim Woo Bin) နဲ႔ အသက္ ၃၃ ႏွစ္အရြယ္ ရွင္မင္အာတုိ႔ဟာ Giordano ေၾကာ္ျငာ ႐ို္က္ကူးရင္း စေတြ႕ခဲ့ၾကတာျဖစ္ၿပီး သူတုိ႔ႏွစ္ေယာက္ ခ်စ္သူျဖစ္ေၾကာင္းကိုေတာ့ ၂၀၁၅ ခုႏွစ္ ဇူလုိင္လ ၂၂ ရက္ေန႔မွာ ေၾကညာခဲ့တာျဖစ္ပါတယ္။
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
လည်ချောင်းကင်ဆာခံနေရတဲ့ တောင်ကိုရီးယားမင်းသား ကင်ဝူဘင်ဟာ ဆိုးလ်မြို့ရှိ ဆေးရုံတစ်ရုံမှာ ဆေးကုသနေတာ ဖြစ်ပြီး သူ့ရဲ့ချစ်သူ ရှင်မင်အာကိုတော့ သူ့ရဲ့ဘေးမှာ အမြဲမြင်တွေ့နေရပါတယ်။

"ကင်ဝူဘင်က ရောဂါကို စတင်ကုနေပြီဖြစ်ပြီး တဖြည်းဖြည်း ပြန်ကောင်းမွန်လာနေပါပြီ" လို့ ကင်ဝူဘင်းရဲ့အေဂျင်စီ Sidus HQ က သူ့ရဲ့ကုသမှုအစီအစဉ်နဲ့ ပတ်သက်ပြီးတော့ ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် ရှင်မင်အာကလည်း ကင်ဝူဘင်ရဲ့ဘေးမှာ အမြဲရှိနေပေးကာ တတ်နိုင်သလောက် ကူညီပေးနေပါတယ်လို့လည်း Sidus HQ က အတည်ပြုခဲ့ပါတယ်။

ကင်ဝူဘင်ရဲ့ဘေးမှာ ရှင်မင်အာက အမြဲတမ်း အားပေးကူညီနေခဲ့တာကို တွေ့မြင်တဲ့ အနုပညာလောကသားတစ်ဦးကလည်း အခုလို ပြောခဲ့ပါတယ်။

"ကင်ဝူဘင် တက်နေတဲ့ ဆေးရုံကို သွားတဲ့အခါတိုင်း အမြဲတမ်း ရှင်မင်အာကို သူ့ဘေးမှာတွေ့ရတယ်။ ရှင်မင်အာက အရမ်းနာမည်ကြီေးတာ့ ဆေးရုံဝန်ထမ်းတွေအပါအဝင် လူတိုင်းက သူ့ကို စိတ်ဝင်တစားကြည့်ကြတော့ သူလည်း နေရတာ ကသိကအောက်ဖြစ်မှာပဲ။ ဒါပေမဲ့ အဲဒါတွေအားလုံးကို ဂရုမစိုက်သလိုနေပြီး ကင်ဝူဘင်နားမှာ အမြရှိနေပေးတယ်။ ကင်ဝူဘင်နေကောင်းစေဖို့ အားပေးကူညီနေတယ်" လို့ သူက ဆိုပါတယ်။

ကင်ဝူဘင်မှာ ကင်ဆာရောဂါဖြစ်နေတယ်လို့ မေလနှောင်းပိုင်းမှာ သိရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီကတည်းက ကင်ဝူဘင်ရဲ့ချစ်သူ ရှင်မင်အာက သူ့ဘေးမှာနေရင်း အမြဲအားပေးသွားမယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ကင်ဝူဘင် (Kim Woo Bin) နဲ့ အသက် ၃၃ နှစ်အရွယ် ရှင်မင်အာတို့ဟာ Giordano ကြော်ငြာ ရိုက်ကူးရင်း စတွေ့ခဲ့ကြတာဖြစ်ပြီး သူတို့နှစ်ယောက် ချစ်သူဖြစ်ကြောင်းကိုတော့ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှာ ကြေညာခဲ့တာဖြစ်ပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top