iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးမ်ား အရက္ေသာက္သံုးျခင္းႏွင့္ ရင္သားကင္ဆာ ျဖစ္ႏုိင္သည့္အႏၲရာယ္ ျမင့္မားျခင္းၾကား ဆက္စပ္မႈအတြက္ အ ေထာက္အထားမ်ား ထပ္မံထြက္ေပၚလာသည္။

ကမၻာ့ကင္ဆာသုေတသနရန္ပံုေငြအဖဲြ႕ အစီရင္ခံခ်က္အရ ၀ိုင္တစ္ခြက္၏ ထက္၀က္စာ (သို႔မဟုတ္) ဘီယာဘူးေသးတစ္ဘူးစီ ေန႔တိုင္းေသာက္ျခင္းေၾကာင့္ ရင္သားကင္ဆာျဖစ္ႏုိင္သည့္ အႏၲရာယ္ျမင့္တက္လာႏုိင္ေၾကာင္း သိရသည္။

သို႔ေသာ္ ရင္သားကင္ဆာျဖစ္ပြားႏုိင္သည့္ အႏၲရာယ္မ်ားကို ျပင္းထန္ေသာ ေလ့က်င့္ခန္းမ်ား ပံုမွန္လုပ္ျခင္းျဖင့္ ေလွ်ာ့ခ်ႏုိင္သည္ ဟု ေလ့လာမႈက ေဖာ္ျပသည္။

ရင္သားကင္ဆာေရာဂါသည္ ၿဗိတိန္ႏုိင္ငံတြင္ အမ်ိဳးသမီးမ်ား ၾကား အျဖစ္အမ်ားဆံုးကင္ဆာေရာဂါျဖစ္၍ အမ်ိဳးသမီးရွစ္ဦးတြင္ တစ္ဦးသည္ ၎တို႔ဘ၀တစ္သက္တာ၌ ရင္သားကင္ဆာျဖစ္ပြား ျခင္းႏွင့္ႀကံဳေနရသည္။

သို႔ေသာ္ လူအခ်ိဳ႕ကင္ဆာျဖစ္ၿပီး အျခားလူမ်ားကင္ဆာမျဖစ္ သည့္အေၾကာင္းရင္းကို ရွင္းမျပႏုိင္ဟု သုေတသီမ်ားကေျပာသည္။ လူေနမႈဘ၀ပံုစံ၊ ေဟာ္မုန္းပမာဏႏွင့္ အျခားေသာ ေဆး၀ါးသံုးစဲြမႈ ဆုိင္ရာ အေျခအေနမ်ားအပါအ၀င္ ကင္ဆာေရာဂါျဖစ္ပြားေစႏုိင္ ေသာ အေၾကာင္းရင္းမ်ားစြာရွိသည္။

အသက္(၅၀)ေက်ာ္ ေသြးဆံုးၿပီး အမ်ိဳးသမီးတစ္ဦးသည္ မိသားစုတြင္ ရင္သားကင္ဆာရာဇ၀င္ရွိပါက ၎သည္လည္း ရင္သားကင္ဆာ ျဖစ္ပြားႏုိင္သည့္အႏၲရာယ္ အလြန္ျမင့္မားသည္။ အရပ္ရွည္ၿပီး အသက္(၁၂)ႏွစ္မတုိင္မီ ဓမၼတာမလာေသာ အမ်ိဳး သမီးမ်ားလည္း ယင္းေရာဂါျဖစ္ပြားႏုိင္သည့္ အႏၲရာယ္ျမင့္္မား သည္။

၀ိုင္ခြက္ေသးတစ္ခြက္ (သို႔မဟုတ္) အရက္ ၁၀ ဂရမ္ကို ေန႔စဥ္ ေသာက္သံုးျခင္းေၾကာင့္ အမ်ိဳးသမီးမ်ား ေသြးဆံုးၿပီးေနာက္ ရင္ သားကင္ဆာျဖစ္ပြားႏုိင္ေျခ ၉ ရာခုိင္ႏႈန္း ျမင့္မားလာႏုိင္သည္။ ယင္းအႏၲရာယ္ကို ကာကြယ္ေရးစက္ဘီးစီးျခင္း (သို႔မဟုတ္) ေျပးျခင္းတို႔က့ဲသို႔ အားစိုက္ရေသာ ေလ့က်င့္ခန္းမ်ား ပံုမွန္လုပ္ျခင္းျဖင့္ ေသြးမဆံုးမီႏွင့္ ေသြးဆံုးၿပီးေနာက္ ယင္းေရာဂါျဖစ္ပြားႏုိင္သည့္ အႏၲရာယ္မ်ားကို ေလ်ာ့က်ေစႏုိင္သည္။ ေဂၚဖီထုပ္၊ ေဒါက္ခြရြက္ႏွင့္ ကိုက္လန္တို႔ကဲ့သို႔ ဟင္းရြက္မ်ား ပိုစားေပးျခင္းျဖင့္ ရင္သား ကင္ဆာျဖစ္ပြားႏုိင္သည့္အႏၲရာယ္ကို ေလွ်ာ့ခ်ႏုိင္သည္။ ထို႔အျပင္ က်န္းမာေရးႏွင့္ညီေသာ ကုိယ္အေလးခ်ိန္ကို ထိန္းထားရန္ အေရး ႀကီးသည္။     

Credit:7day daily
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version


အမျိုးသမီးများ အရက်သောက်သုံးခြင်းနှင့် ရင်သားကင်ဆာ ဖြစ်နိုင်သည့်အန္တရာယ် မြင့်မားခြင်းကြား ဆက်စပ်မှုအတွက် အ ထောက်အထားများ ထပ်မံထွက်ပေါ်လာသည်။

ကမ္ဘာ့ကင်ဆာသုတေသနရန်ပုံငွေအဖွဲ့ အစီရင်ခံချက်အရ ဝိုင်တစ်ခွက်၏ ထက်ဝက်စာ (သို့မဟုတ်) ဘီယာဘူးသေးတစ်ဘူးစီ နေ့တိုင်းသောက်ခြင်းကြောင့် ရင်သားကင်ဆာဖြစ်နိုင်သည့် အန္တရာယ်မြင့်တက်လာနိုင်ကြောင်း သိရသည်။


သို့သော် ရင်သားကင်ဆာဖြစ်ပွားနိုင်သည့် အန္တရာယ်များကို ပြင်းထန်သော လေ့ကျင့်ခန်းများ ပုံမှန်လုပ်ခြင်းဖြင့် လျှော့ချနိုင်သည် ဟု လေ့လာမှုက ဖော်ပြသည်။

ရင်သားကင်ဆာရောဂါသည် ဗြိတိန်နိုင်ငံတွင် အမျိုးသမီးများ ကြား အဖြစ်အများဆုံးကင်ဆာရောဂါဖြစ်၍ အမျိုးသမီးရှစ်ဦးတွင် တစ်ဦးသည် ၎င်းတို့ဘဝတစ်သက်တာ၌ ရင်သားကင်ဆာဖြစ်ပွား ခြင်းနှင့်ကြုံနေရသည်။

သို့သော် လူအချို့ကင်ဆာဖြစ်ပြီး အခြားလူများကင်ဆာမဖြစ် သည့်အကြောင်းရင်းကို ရှင်းမပြနိုင်ဟု သုတေသီများကပြောသည်။ လူနေမှုဘဝပုံစံ၊ ဟော်မုန်းပမာဏနှင့် အခြားသော ဆေးဝါးသုံးစွဲမှု ဆိုင်ရာ အခြေအနေများအပါအဝင် ကင်ဆာရောဂါဖြစ်ပွားစေနိုင် သော အကြောင်းရင်းများစွာရှိသည်။

အသက်(၅၀)ကျော် သွေးဆုံးပြီး အမျိုးသမီးတစ်ဦးသည် မိသားစုတွင် ရင်သားကင်ဆာရာဇဝင်ရှိပါက ၎င်းသည်လည်း ရင်သားကင်ဆာ ဖြစ်ပွားနိုင်သည့်အန္တရာယ် အလွန်မြင့်မားသည်။ အရပ်ရှည်ပြီး အသက်(၁၂)နှစ်မတိုင်မီ ဓမ္မတာမလာသော အမျိုး သမီးများလည်း ယင်းရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မား သည်။

ဝိုင်ခွက်သေးတစ်ခွက် (သို့မဟုတ်) အရက် ၁၀ ဂရမ်ကို နေ့စဉ် သောက်သုံးခြင်းကြောင့် အမျိုးသမီးများ သွေးဆုံးပြီးနောက် ရင် သားကင်ဆာဖြစ်ပွားနိုင်ခြေ ၉ ရာခိုင်နှုန်း မြင့်မားလာနိုင်သည်။ ယင်းအန္တရာယ်ကို ကာကွယ်ရေးစက်ဘီးစီးခြင်း (သို့မဟုတ်) ပြေးခြင်းတို့ကဲ့သို့ အားစိုက်ရသော လေ့ကျင့်ခန်းများ ပုံမှန်လုပ်ခြင်းဖြင့် သွေးမဆုံးမီနှင့် သွေးဆုံးပြီးနောက် ယင်းရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်များကို လျော့ကျစေနိုင်သည်။ ဂေါ်ဖီထုပ်၊ ဒေါက်ခွရွက်နှင့် ကိုက်လန်တို့ကဲ့သို့ ဟင်းရွက်များ ပိုစားပေးခြင်းဖြင့် ရင်သား ကင်ဆာဖြစ်ပွားနိုင်သည့်အန္တရာယ်ကို လျှော့ချနိုင်သည်။ ထို့အပြင် ကျန်းမာရေးနှင့်ညီသော ကိုယ်အလေးချိန်ကို ထိန်းထားရန် အရေး ကြီးသည်။     


Credit:7day daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top