Credit:7Day Daily
#Unicode Version#
ကျွန်တော်တို့ အလွယ်တကူရရှိနိုင်သည့် အုန်းဆီတွင် သဘာဝ၏လက်ဆောင်ဖြစ်သော ခန္ဓာကိုယ်လှပစေသည့်ပစ္စည်းများပါဝင်သည်။
မိတ်ကပ်အောက်ခံလိမ်းဆေး (Foundation) အဖြစ်သုံးပါ
မိတ်ကပ်မလိမ်းမီ အုန်းဆီအနည်းငယ်ကို မျက်နှာပေါ်တွင် လိမ်းလိုက်ပါ။ အုန်းဆီများ စိမ့်ဝင်သွားသည်အထိ စောင့်ပြီးမှ မိတ်ကပ် လိမ်းပါက ပိုမိုချောမွေ့ပြီး မိတ်ကပ်လည်း ကြာကြာခံမည် ဖြစ်သည်။
ဆံကေသာအတွက် လိုအပ်သည်များအားလုံး ပြည့်စုံစေနိုင်
ဆံကေသာကို အုန်းဆီပုံမှန်လိမ်းပေးခြင်းဖြင့် နူးညံ့ချောမွေ့စေရုံသာမက ဆံပင်ပျက်စီးခြင်းကို ပြုပြင်ပေးနိုင်သော ညစ်ညမ်းသည့် ပတ်ဝန်းကျင်မှ ကာကွယ်ပေးသည်။ ဆံပင်ပိုသန်စေပြီး ပိုမိုတောက်ပ ကျန်းမာသော ဆံကေသာပိုင်ရှင်ဖြစ်လာနိုင်သည်။ ဆံပင်နှစ်ခွဖြစ်ခြင်းကို ပြုပြင်ပေးပြီး ဆံပင်စည်းထားခြင်းကြောင့် လိမ်ကောက်နေခြင်းကို လျှော့ချပေးနိုင်သည်။
ခန္ဓာကိုယ်အသားအရေပေါ်တွင် လိမ်းပေးနိုင်
အုန်းဆီသည် သဘာဝအလျောက် အစိုဓာတ်ကို ထိန်းပေးနိုင်သဖြင့် ခန္ဓာကိုယ်အသားအရေပေါ်တွင် လိမ်းပေးပါက ရေဓာတ်ခန်းခြောက်ခြင်းမှ ကာကွယ်နိုင်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းခြင်းနှင့် ရာသီဥတုအပြောင်းအလဲဒဏ်တို့မှ ကာကွယ်နိုင်သည်။ အသားအရေကို သန့်ရှင်းစေရုံသာမက အဆိပ်ကိုလည်း ပြယ်စေနိုင်သည်။ အသားအရေ၏ ကိုယ်ခန္ဓာစနစ်ကိုမြှင့်တင်ပေးနိုင်သည်။ ရေချိုးပြီးနောက် အုန်းဆီလိမ်းပေးသင့်သည်။
အုန်းဆီကို အာစွတ်ရုံပလုတ်ကျင်းခြင်းဖြင့်
ကျန်းမာရေးအတွက် အကျိုးရှိ
အုန်းဆီဖြင့် တစ်နေ့လျှင် မိနစ် ၂၀ ကြာ အာဆွတ်ရုံပလုတ်ကျင်းပေးခြင်းဖြင့် ခန္ဓာကိုယ်အဆိပ်ပြယ်စေရန် ကူညီနိုင်ပြီး ခေါင်းကိုက်ခြင်းကို ကုစားနိုင်ကာ အက်စစ်ဖြစ်ပေါ်မှုကို ရှောင်ရှားနိုင်သည်။ သွားများကို ဖြူဖွေးစေနိုင်သည်။
မုတ်ဆိတ်ရိတ်ခရင်မ်အဖြစ် အသုံးပြုနိုင်
အုန်းဆီကို မုတ်ဆိတ်ရိတ်ခရင်မ်အဖြစ် အသုံးပြုခြင်းဖြင့် အမွေးအမှင်များကို လွယ်လွယ်ကူကူရိတ်နိုင်မည့်အပြင် အသားအရေခြောက် သွေ့ကျန်နေခြင်းမရှိဘဲ ပြတ်ရှခြင်းကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။
ခန္ဓာကိုယ် ကြေးချွတ်ဆေးအဖြစ် အသုံးပြုနိုင်
လက်ဖက်ရည်ခွက်ထဲ အုန်းဆီထက်ဝက်ထည့်ကာ သကြားထည့်၍ ခန္ဓာကိုယ်ကို ပွတ်တိုက်ဆေးကြောပေးပါက အသားအရေစိုပြည်ဝင်းပလာနိုင်သည်။
မိတ်ကပ်ဖျက်ဆေးအဖြစ်လည်း အသုံးပြုနိုင်
အုန်းဆီကို ဂွမ်းအနည်းငယ်နှင့် မျက်နှာပေါ် သုတ်လိမ်းပေးပါက သင်၏ မိတ်ကပ်များကို ပျက်သွားစေနိုင်ပြီး အသားအရေခြောက်သွေ့ခြင်း ကင်းကာ အရေပြားအောက်ရှိ ဘက်တီးရီးယားများကိုလည်း ရှင်းလင်းသွားစေနိုင်သည်။
ခြေလက်အသားပပ်ခြင်းကို ကာကွယ်နိုင်
တစ်နေ့လျှင် နှစ်ကြိမ်အုန်းဆီကို လက်ဖဝါး၊ ခြေဖဝါးတွင် လိမ်းပေးခြင်းဖြင့် အသားပပ်ခြင်းကို ကာကွယ်နိုင်ပြီး နူးညံ့စေမည်ဖြစ်သည်။ ယင်းသို့ လိမ်းပေးခြင်းဖြင့် သင့်လက်ဖဝါးနူးညံ့လာသည်ကို ရက်အနည်းငယ်အတွင်း တွေ့မြင်နိုင်သည်။
အုန်းဆီတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းနှင့် ဗီတာမင်အီးကြွယ်ဝစွာ ပါဝင်သဖြင့် ယင်းအား မျက်နှာတွင် လိမ်းပေးခြင်းဖြင့် မျက်စိအောက်အရေးအကြောင်းများနှင့် အမည်းစက်များ လျော့ပါးသွားစေနိုင်သည်။ -Internet
Credit:7Day Daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အုန်းဆီ၏ အလှအပလျှို့ဝှက်ချက်များ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။