သင္ဟာ ခ်စ္သူမရွိတဲ့ Single လည္း ျဖစ္ခ်င္ျဖစ္မယ္ … သုိ႔တည္းမဟုတ္ ခ်စ္သူရွိတဲ့သူလည္း ျဖစ္ခ်င္ျဖစ္မယ္ … ဒါေပ
မယ့္ သင္နဲ႔ နီးစပ္တဲ့ သူငယ္ခ်င္းမိတ္ေဆြတစ္ေယာက္ေယာက္မွာ ခ်စ္သူရွိေနတယ္ဆုိရင္ သင့္အေနနဲ႔ ေအာက္ပါစကား
ေတြ မေျပာသင့္ဘူးလုိ႔ auntymay က အႀကံျပဳပါရေစ။
(၁) ေပ်ာ္ရလုိ႔လား
ခ်စ္သူထားတာ ေပ်ာ္ခ်င္လုိ႔ထားတာထက္ ကုိယ္နဲ႔ဘ၀တစ္ေလွ်ာက္လုံး အဆင္ေျပးႏုိင္မယ့္ ကိုယ္ကလည္း ခ်စ္ခင္ၾကင္
နာရတဲ့ သူကုိ လက္တြဲေဖာ္အျဖစ္ ေရြးခ်ယ္ရတာျဖစ္ပါတယ္။ ေပ်ာ္ခ်င္မွလည္း ေပ်ာ္ရမယ္။ တစ္ေယာက္အတၱကို တစ္
ေယာက္ နားမလည္ခင္အထိကေတာ့ ငါ ခ်စ္သူထားတာ မွားၿပီလား-ဆုိတဲ့အေတြးမ်ိဳး ျဖစ္ခ်င္ ျဖစ္ၾကမယ္။ ဒီအေျခအေန
မွာ သင္က မင္းတုိ႔အတြဲကလည္းကြာ … ေပ်ာ္ေကာ ေပ်ာ္ရလုိ႕လား-လုိ႕ ေမးလုိက္မိရင္ စိတ္ဓာတ္က်ေနတဲ့သူဆုိရင္ အဲဒီ
စကားတစ္ခြန္းတည္းနဲ႔ ဇာတ္လမ္းတစ္ခုက ၿပီးသြားႏုိင္ပါတယ္။
(၂) ငယ္ေသးတယ္၊ အေတြ႕အႀကဳံမ်ားမ်ားရွာပါ
နင္ ငယ္ေသးတယ္ … သူ႕ထက္ သာတဲ့၊ ေခ်ာတဲ့၊ ဥစၥာေပါတဲ့သူကို ရွာဖုိ႔အခ်ိန္ရေသးတယ္ … သိပ္ စြဲစြဲၿမဲၿမဲ မျဖစ္ေအာင္
ေန … ဒါမွ ျဖတ္ခ်င္တဲ့အခ်ိန္ ျဖတ္လုိ႔ရမွာ-ဆုိၿပီး တည္ၿမဲေနတဲ့ အခ်စ္ေရးတစ္ခုကို ၿပိဳကြဲေစႏုိင္တဲ့ စကားမ်ိဳးလည္း မ
ေျပာမိပါေစနဲ႔။
(၃) အဆင္မေျပရင္ ေနာက္တစ္ေယာက္ခ်ိတ္လုိက္
အဆင္မေျပရင္ ေနာက္တစ္ေယာက္ ခ်ိတ္လုိက္လုိ႔လည္း ေျမႇာက္ထုိးပင့္ေကာ္ မလုပ္ပါနဲ႕ … ေနာက္တစ္ေယာက္နဲ႔လည္း
အဆင္မေျပလုိ႔ … အျခားေနာက္တစ္ေယာက္ေျပာင္းရရင္ အခ်စ္ဆုိတာ ေျပာင္းခ်င္တုိင္း ေျပာင္းလုိ႔ရတာမ်ိဳး မဟုတ္ပါ
ဘူး။
(၄) တစ္လင္တစ္မယားစနစ္ကုိေတာ့ ငါ မယုံဘူး
ငါကေတာ့ တစ္ေယာက္ဆုိတစ္ေယာက္ ပိေတာက္ဆုိပိေတာက္-ဆုိတာကုိ မယုံဘူး၊ တစ္လင္တစ္မယား စနစ္ကုိလည္း
သံသယျဖစ္မိတယ္ … စသျဖင့္ အျငင္းပြားဖြယ္ရာ ယုံၾကည္မႈနဲ႕ ပတ္သက္ရင္ ကိုယ့္ဘာသာ ကုိယ္ယုံၾကည္တဲ့အတုိင္း
ေနပါ။ ကိုယ္စကားေၾကာင့္ အခ်စ္ေရးတစ္ခု မၿပိဳကြဲပါေစနဲ႔။
(၅) ငါနဲ႔တြဲၾကည့္ပါလား
ဒါကေတာ့ ပြဲလန္႔တုန္း ဖ်ာခင္းခ်င္တဲ့သူက ေျပာတဲ့စကားမ်ိဳးပါ။ အညႇာလြယ္တဲ့ သူဆုိ ခ်က္ခ်င္းပါႏုိင္ပါတယ္။ မ်ားေသာ
အားျဖင့္ ခ်စ္သူနဲ႔ ကြာရွင္းၿပီး စိတ္ထဲမွာ မခံခ်င္စိတ္ျဖစ္ေနတဲ့အခါမ်ိဳးမွာ ဒီစကားဟာ ေတာ္ေတာ္ေလး ခရီးေရာက္ပါ
တယ္။ ဒါေပမယ့္ လူယဥ္ေက်းမႈနဲ႕ သစၥာတရားရဲ႕ ႐ႈ႕ေထာင့္ကေန ၾကည့္ရင္ ဒါဟာ သက္သက္ယုတ္မာမႈ ျဖစ္ပါတယ္။
(၆) တစ္ျခားေကာင္ေလးကိုလည္း စိတ္ကူးၾကည့္ပါလား
ဒီေကာင္ေလးနဲ႕ အဆင္မေျပတာနဲ႔ တစ္ျခားေကာင္ေလးတစ္ေယာက္ကုိ ေျပာင္းခုိင္းတာမ်ိဳးကလည္း ေတာ္႐ုံ အခ်စ္ကုိ မ
ေလးစားတဲ့ စိတ္နဲ႔ တုိက္တြန္းတာမဟုတ္ပါဘူး။ ေစာေစာကေျပာသလုိ ပြဲလန္႔တုန္း ဖ်ာခင္းခ်င္ရင္ ဒီစကားမ်ိဳးေျပာၿပီး ဟုိ
ဘက္ကုိ ကုိယ္က သြားကပ္ခ်င္လုိ႔ ခင္းလုိက္တဲ့ အကြက္ ျဖစ္တတ္ပါတယ္။
(၇) မင္းနဲ႔အၿမဲ အတူတူေနႏုိင္မယ္လုိ႔ ထင္လား
မင္းကေတာ့ သစၥာရွိေနတယ္၊ ဟုိက မင္းနဲ႕ ေရရွည္လက္တြဲႏုိင္မယ္မ်ား ထင္ေနသလား-စသျဖင့္ ေသြးတုိးစမ္းတဲ့ သ
ေဘာမ်ိဳးလည္း မေျပာပါနဲ႕။ သူတုိ႕အခ်စ္ေရး တည္ၿမဲျခင္း မတည္ၿမဲျခင္းဟာ သင့္ စီးပြားေရးကို ထိခုိက္ေစတာမွ မဟုတ္
တာ။
Credit:Si Si (auntymay)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
သင်ဟာ ချစ်သူမရှိတဲ့ Single လည်း ဖြစ်ချင်ဖြစ်မယ် … သို့တည်းမဟုတ် ချစ်သူရှိတဲ့သူလည်း ဖြစ်ချင်ဖြစ်မယ် … ဒါပေ
မယ့် သင်နဲ့ နီးစပ်တဲ့ သူငယ်ချင်းမိတ်ဆွေတစ်ယောက်ယောက်မှာ ချစ်သူရှိနေတယ်ဆိုရင် သင့်အနေနဲ့ အောက်ပါစကား
တွေ မပြောသင့်ဘူးလို့ auntymay က အကြံပြုပါရစေ။
(၁) ပျော်ရလို့လား
ချစ်သူထားတာ ပျော်ချင်လို့ထားတာထက် ကိုယ်နဲ့ဘဝတစ်လျှောက်လုံး အဆင်ပြေးနိုင်မယ့် ကိုယ်ကလည်း ချစ်ခင်ကြင်
နာရတဲ့ သူကို လက်တွဲဖော်အဖြစ် ရွေးချယ်ရတာဖြစ်ပါတယ်။ ပျော်ချင်မှလည်း ပျော်ရမယ်။ တစ်ယောက်အတ္တကို တစ်
ယောက် နားမလည်ခင်အထိကတော့ ငါ ချစ်သူထားတာ မှားပြီလား-ဆိုတဲ့အတွေးမျိုး ဖြစ်ချင် ဖြစ်ကြမယ်။ ဒီအခြေအနေ
မှာ သင်က မင်းတို့အတွဲကလည်းကွာ … ပျော်ကော ပျော်ရလို့လား-လို့ မေးလိုက်မိရင် စိတ်ဓာတ်ကျနေတဲ့သူဆိုရင် အဲဒီ
စကားတစ်ခွန်းတည်းနဲ့ ဇာတ်လမ်းတစ်ခုက ပြီးသွားနိုင်ပါတယ်။
(၂) ငယ်သေးတယ်၊ အတွေ့အကြုံများများရှာပါ
နင် ငယ်သေးတယ် … သူ့ထက် သာတဲ့၊ ချောတဲ့၊ ဥစ္စာပေါတဲ့သူကို ရှာဖို့အချိန်ရသေးတယ် … သိပ် စွဲစွဲမြဲမြဲ မဖြစ်အောင်
နေ … ဒါမှ ဖြတ်ချင်တဲ့အချိန် ဖြတ်လို့ရမှာ-ဆိုပြီး တည်မြဲနေတဲ့ အချစ်ရေးတစ်ခုကို ပြိုကွဲစေနိုင်တဲ့ စကားမျိုးလည်း မ
ပြောမိပါစေနဲ့။
(၃) အဆင်မပြေရင် နောက်တစ်ယောက်ချိတ်လိုက်
အဆင်မပြေရင် နောက်တစ်ယောက် ချိတ်လိုက်လို့လည်း မြှောက်ထိုးပင့်ကော် မလုပ်ပါနဲ့ … နောက်တစ်ယောက်နဲ့လည်း
အဆင်မပြေလို့ … အခြားနောက်တစ်ယောက်ပြောင်းရရင် အချစ်ဆိုတာ ပြောင်းချင်တိုင်း ပြောင်းလို့ရတာမျိုး မဟုတ်ပါ
ဘူး။
(၄) တစ်လင်တစ်မယားစနစ်ကိုတော့ ငါ မယုံဘူး
ငါကတော့ တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက်-ဆိုတာကို မယုံဘူး၊ တစ်လင်တစ်မယား စနစ်ကိုလည်း
သံသယဖြစ်မိတယ် … စသဖြင့် အငြင်းပွားဖွယ်ရာ ယုံကြည်မှုနဲ့ ပတ်သက်ရင် ကိုယ့်ဘာသာ ကိုယ်ယုံကြည်တဲ့အတိုင်း
နေပါ။ ကိုယ်စကားကြောင့် အချစ်ရေးတစ်ခု မပြိုကွဲပါစေနဲ့။
(၅) ငါနဲ့တွဲကြည့်ပါလား
ဒါကတော့ ပွဲလန့်တုန်း ဖျာခင်းချင်တဲ့သူက ပြောတဲ့စကားမျိုးပါ။ အညှာလွယ်တဲ့ သူဆို ချက်ချင်းပါနိုင်ပါတယ်။ များသော
အားဖြင့် ချစ်သူနဲ့ ကွာရှင်းပြီး စိတ်ထဲမှာ မခံချင်စိတ်ဖြစ်နေတဲ့အခါမျိုးမှာ ဒီစကားဟာ တော်တော်လေး ခရီးရောက်ပါ
တယ်။ ဒါပေမယ့် လူယဉ်ကျေးမှုနဲ့ သစ္စာတရားရဲ့ ရှု့ထောင့်ကနေ ကြည့်ရင် ဒါဟာ သက်သက်ယုတ်မာမှု ဖြစ်ပါတယ်။
(၆) တစ်ခြားကောင်လေးကိုလည်း စိတ်ကူးကြည့်ပါလား
ဒီကောင်လေးနဲ့ အဆင်မပြေတာနဲ့ တစ်ခြားကောင်လေးတစ်ယောက်ကို ပြောင်းခိုင်းတာမျိုးကလည်း တော်ရုံ အချစ်ကို မ
လေးစားတဲ့ စိတ်နဲ့ တိုက်တွန်းတာမဟုတ်ပါဘူး။ စောစောကပြောသလို ပွဲလန့်တုန်း ဖျာခင်းချင်ရင် ဒီစကားမျိုးပြောပြီး ဟို
ဘက်ကို ကိုယ်က သွားကပ်ချင်လို့ ခင်းလိုက်တဲ့ အကွက် ဖြစ်တတ်ပါတယ်။
(၇) မင်းနဲ့အမြဲ အတူတူနေနိုင်မယ်လို့ ထင်လား
မင်းကတော့ သစ္စာရှိနေတယ်၊ ဟိုက မင်းနဲ့ ရေရှည်လက်တွဲနိုင်မယ်များ ထင်နေသလား-စသဖြင့် သွေးတိုးစမ်းတဲ့ သ
ဘောမျိုးလည်း မပြောပါနဲ့။ သူတို့အချစ်ရေး တည်မြဲခြင်း မတည်မြဲခြင်းဟာ သင့် စီးပွားရေးကို ထိခိုက်စေတာမှ မဟုတ်
တာ။
Credit:Si Si (auntymay)
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ရည္းစားရွိတဲ့သူေတြကုိ မေျပာသင့္တဲ့စကားမ်ား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။