iMyanmarHouse.com - Best Property Website for Myanmar
×

မုိးရာသီဟာ သစ္ပင္ပန္းမာန္ေလးေတြကို စိမ္းစိုလန္းဆန္းေစေသာ္လည္း ပူေႏြးၿပီး စိုထိုင္းစမ်ားျပားလြန္းတဲ့ ရာသီဥတု အေျခအေနကေတာ့ ပ်ိဳေမတို႔ရဲ႕ ဆံေကသာအလွကို ေကာင္းေကာင္းဖ်က္ဆီးႏိုင္ပါတယ္။ ေလထုထဲက စုိထိုင္းစေတြ
နဲ႔ ပူေႏြးတဲ့ ရာသီဥတုက ေခၽြးေတြ ေပါင္းစပ္လိုက္တဲ့အခါ ေစးကပ္ၿပီး ထိုင္းမိႈင္းတဲ့ ဆံေကသာအျဖစ္ကို ေရာက္ရိွသြားေစႏိုင္ပါတယ္။ ဆံေကသာဟာ ဒုတိယမ်က္ႏွာလို႔ တင္စားေခၚေ၀ၚၾကတဲ့အတြက္ မိုးရာသီတစ္တြင္းလုံးမွာ လွပတဲ့ ဆံေကသာ ပိုင္ဆိုင္ႏိုင္ဖို႔ ပ်ိဳေမတို႔ သိသင့္တဲ့ ဆံသားထိန္းသိမ္းနည္း (hair tips) ေလးေတြကို မွ်ေ၀ေပး လိုက္ပါတယ္။

ဘီးေတြကို သန္႔သန္႔ရွင္းရွင္းထားပါ။

သင္အသုံးျပဳေနတဲ့ ဆံသားထိန္းသိမ္းတဲ့ အလွကုန္ပစၥည္း (hair styling products) ေတြဟာ ေစးကပ္ေစၿပီး ဘီးထဲမွာ ကပ္ၿငိေနခဲ့မယ္ဆိုရင္ ေနာက္တစ္ႀကိမ္အသုံးျပဳတဲ့အခါ ၄င္းရဲ႕အနံ႔ေတြနဲ႔ ပစၥည္းအၾကြင္းအက်န္ေတြဟာ ဆံေကသာမွာ အလြယ္တကူပဲ ကပ္ၿငိသြားေစႏိုင္တဲ့အတြက္ ဆံသားေတြနဲ႔ ဦးေရျပားကို အလြယ္တကူ ညစ္ေပ အဆီျပန္ေစႏိုင္ၿပီး ပူေႏြးစိုစြတ္တဲ့ မိုးရာသီမွာဆိုရင္ ေဗာက္ျဖစ္ေစႏိုင္တဲ့ အလားအလာကို ပိုမ်ားေစပါတယ္။ ထို႔ေၾကာင့္ တစ္ပတ္လွ်င္ အနည္းဆုံး တစ္ႀကိမ္ခန္႔ ဘီးေတြကို သန္႔ရွင္းစင္ၾကယ္ေအာင္ ေဆးေၾကာေပးသင့္ပါတယ္။

ဦးထုပ္၊ ေခါင္းအုံးစြပ္ အစရိွသည္တို႔ကို ပုံမွန္ေလွ်ာ္ဖြပ္ေပးပါ။

သင့္ဦးေခါင္းနဲ႔ အၿမဲထိေတြ႔ေနၾကရတဲ့ ဦးထုပ္၊ ေခါင္းသုတ္ပု၀ါ၊ ေခါင္းအုံးစြပ္ အစရိွတဲ့ အသုံးအေဆာင္မ်ားကို ပုံမွန္ မေလွ်ာ္ဖြပ္ျဖစ္တဲ့အခါ ၄င္းတို႔မွာ စြဲကပ္ေနတဲ့ အနံ႔ဆိုးေတြတင္မက မိုးတြင္းရဲ႕ စိုထိုင္းမႈေၾကာင့္ မိႈေပါက္ဖြားႏိုင္မႈ မ်ားျပားၿပီး သင့္ဆံႏြယ္ေတြကို ကူးစက္ေစႏိုင္တဲ့အတြက္ ဂရုတစိုက္နဲ႔ အနည္းဆုံး ႏွစ္ပတ္ျခားတစ္ခါ ပုံမွန္ ေလွ်ာ္ဖြတ္ေပး သင့္ပါတယ္။

ဦးေရျပားကို မိုးမစိုေအာင္ ကာကြယ္ပါ။

သင္ဟာ သင့္ဆံႏြယ္ေတြကို အလွပဆုံး ပုံသြင္းထားတယ္ ဆိုပါစို႔။ သို႔ေသာ္ မိုးရြာခ်လိုက္တဲ့အခါ သင့္အတြက္ အိပ္မက္ဆိုးပါပဲ။ မိုးရာသီရဲ႕ စိုစြတ္ထိုင္းမိႈင္းမႈဟာ သင့္ဆံသားကို ေစးကပ္ပုံပ်က္ေစၿပီး မိုးေရမွာ ပါ၀င္ေနတဲ့ အက္ဆစ္ဓာတ္ေတြနဲ႔ အညစ္အေၾကးေတြက သင္အသုံးျပဳထားတဲ့ ဆံသားအလွကုန္ပစၥည္းေတြနဲ႔ ေပါင္းစပ္ၿပီး ဦးေရျပား ယားယံမႈေတြ ျဖစ္ေပၚေစႏိုင္ပါတယ္။  ပုံမွန္ ဆံေကသာ ထိန္းသိမ္းမႈ မျပဳလုပ္ဘူးဆိုရင္ေတာ့ ေဗာက္ျဖစ္ေစဖို႔ အလားအလာ ပိုမ်ားေစႏိုင္ပါတယ္။

မိုးရာသီဟာ ဆံသားေတြကို ရႈပ္ေထြးေစးကပ္ေစသလို စိုစြတ္ထိုင္းမိႈင္းမႈလည္း ျဖစ္ေစႏိုင္ပါတယ္။ ဒါ့အျပင္ မိုးေရနဲ႔
တိုက္ရိုက္ထိေတြ႔မႈ မ်ားလာတဲ့အခါ ဆံသားေစးကပ္ထိုင္းမိႈင္းမႈက ဖုန္၊အညစ္အေၾကးေတြနဲ႔ ေဗာက္ျဖစ္ေစႏိုင္တဲ့ ဘက္တီးရီးယားေတြ ဦးေရျပားေပၚမွာ တင္က်န္ကပ္ၿငိေစႏိုင္တဲ့အတြက္ မိုးရာသီမွာဆိုရင္ ေခါင္းေလွ်ာ္ရည္ကို ေသခ်ာစြာ ေရြးခ်ယ္သုံးစြဲေပးသင့္ပါတယ္။ Clear ေဗာက္ေပ်ာက္ေခါင္းေလွ်ာ္ရည္ရဲ႕ Ice Cool Menthol Shampoo (အျပာေရာင္)ဟာ ဗီတာမင္နဲ႔ သတၱဳဓာတ္ (၁၀)မ်ိဳးနဲ႔ ေပါငး္စပ္ထုတ္လုပ္ထားတဲ့ Nutrium 10 ပါ၀င္တာေၾကာင့္ ဦးေရျပားမွာ လိုအပ္တဲ့ အာဟာရဓာတ္ေတြကို ျပန္လည္ျဖည့္တင္းေပးႏုိင္ရုံသာမက ဆံသားကို အရင္းပိုင္းမွ အဖ်ားပိုင္းထိ အားျဖည့္ေပးႏိုင္ၿပီး ေဗာက္မျဖစ္ေအာင္လည္း ကာကြယ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ Ice Cool Menthol ရဲ႕ အစြမ္းေၾကာင့္ ေလးလံထိုင္းမိႈင္းစရာေကာင္းတဲ့ မိုးရာသီမွာေတာင္ တစ္ေန႔တာလုံး အဆုံးစြန္ လန္းဆန္းေအးျမတဲ့ ဆံေကသာကို ရရိွခံစားႏိုင္ေစမွာ ျဖစ္ပါတယ္။ ဒီေတာ့ မိုးရာသီေန႔ရက္ေတြကို ပ်ိဳေမတိုင္း အလွပဆုံး ဆံေကသာေတြနဲ႔ အလန္းဆုံး ျဖတ္သန္းႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္။

Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္.
#Unicode Version
မိုးရာသီဟာ သစ်ပင်ပန်းမာန်လေးတွေကို စိမ်းစိုလန်းဆန်းစေသော်လည်း ပူနွေးပြီး စိုထိုင်းစများပြားလွန်းတဲ့ ရာသီဥတု အခြေအနေကတော့ ပျိုမေတို့ရဲ့ ဆံကေသာအလှကို ကောင်းကောင်းဖျက်ဆီးနိုင်ပါတယ်။ လေထုထဲက စိုထိုင်းစတွေ
နဲ့ ပူနွေးတဲ့ ရာသီဥတုက ချွေးတွေ ပေါင်းစပ်လိုက်တဲ့အခါ စေးကပ်ပြီး ထိုင်းမှိုင်းတဲ့ ဆံကေသာအဖြစ်ကို ရောက်ရှိသွားစေနိုင်ပါတယ်။ ဆံကေသာဟာ ဒုတိယမျက်နှာလို့ တင်စားခေါ်ဝေါ်ကြတဲ့အတွက် မိုးရာသီတစ်တွင်းလုံးမှာ လှပတဲ့ ဆံကေသာ ပိုင်ဆိုင်နိုင်ဖို့ ပျိုမေတို့ သိသင့်တဲ့ ဆံသားထိန်းသိမ်းနည်း (hair tips) လေးတွေကို မျှဝေပေး လိုက်ပါတယ်။

ဘီးတွေကို သန့်သန့်ရှင်းရှင်းထားပါ။

သင်အသုံးပြုနေတဲ့ ဆံသားထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်း (hair styling products) တွေဟာ စေးကပ်စေပြီး ဘီးထဲမှာ ကပ်ငြိနေခဲ့မယ်ဆိုရင် နောက်တစ်ကြိမ်အသုံးပြုတဲ့အခါ ၎င်းရဲ့အနံ့တွေနဲ့ ပစ္စည်းအကြွင်းအကျန်တွေဟာ ဆံကေသာမှာ အလွယ်တကူပဲ ကပ်ငြိသွားစေနိုင်တဲ့အတွက် ဆံသားတွေနဲ့ ဦးရေပြားကို အလွယ်တကူ ညစ်ပေ အဆီပြန်စေနိုင်ပြီး ပူနွေးစိုစွတ်တဲ့ မိုးရာသီမှာဆိုရင် ဗောက်ဖြစ်စေနိုင်တဲ့ အလားအလာကို ပိုများစေပါတယ်။ ထို့ကြောင့် တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ်ခန့် ဘီးတွေကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပေးသင့်ပါတယ်။

ဦးထုပ်၊ ခေါင်းအုံးစွပ် အစရှိသည်တို့ကို ပုံမှန်လျှော်ဖွပ်ပေးပါ။

သင့်ဦးခေါင်းနဲ့ အမြဲထိတွေ့နေကြရတဲ့ ဦးထုပ်၊ ခေါင်းသုတ်ပုဝါ၊ ခေါင်းအုံးစွပ် အစရှိတဲ့ အသုံးအဆောင်များကို ပုံမှန် မလျှော်ဖွပ်ဖြစ်တဲ့အခါ ၎င်းတို့မှာ စွဲကပ်နေတဲ့ အနံ့ဆိုးတွေတင်မက မိုးတွင်းရဲ့ စိုထိုင်းမှုကြောင့် မှိုပေါက်ဖွားနိုင်မှု များပြားပြီး သင့်ဆံနွယ်တွေကို ကူးစက်စေနိုင်တဲ့အတွက် ဂရုတစိုက်နဲ့ အနည်းဆုံး နှစ်ပတ်ခြားတစ်ခါ ပုံမှန် လျှော်ဖွတ်ပေး သင့်ပါတယ်။

ဦးရေပြားကို မိုးမစိုအောင် ကာကွယ်ပါ။

သင်ဟာ သင့်ဆံနွယ်တွေကို အလှပဆုံး ပုံသွင်းထားတယ် ဆိုပါစို့။ သို့သော် မိုးရွာချလိုက်တဲ့အခါ သင့်အတွက် အိပ်မက်ဆိုးပါပဲ။ မိုးရာသီရဲ့ စိုစွတ်ထိုင်းမှိုင်းမှုဟာ သင့်ဆံသားကို စေးကပ်ပုံပျက်စေပြီး မိုးရေမှာ ပါဝင်နေတဲ့ အက်ဆစ်ဓာတ်တွေနဲ့ အညစ်အကြေးတွေက သင်အသုံးပြုထားတဲ့ ဆံသားအလှကုန်ပစ္စည်းတွေနဲ့ ပေါင်းစပ်ပြီး ဦးရေပြား ယားယံမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။  ပုံမှန် ဆံကေသာ ထိန်းသိမ်းမှု မပြုလုပ်ဘူးဆိုရင်တော့ ဗောက်ဖြစ်စေဖို့ အလားအလာ ပိုများစေနိုင်ပါတယ်။

မိုးရာသီဟာ ဆံသားတွေကို ရှုပ်ထွေးစေးကပ်စေသလို စိုစွတ်ထိုင်းမှိုင်းမှုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် မိုးရေနဲ့
တိုက်ရိုက်ထိတွေ့မှု များလာတဲ့အခါ ဆံသားစေးကပ်ထိုင်းမှိုင်းမှုက ဖုန်၊အညစ်အကြေးတွေနဲ့ ဗောက်ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ဦးရေပြားပေါ်မှာ တင်ကျန်ကပ်ငြိစေနိုင်တဲ့အတွက် မိုးရာသီမှာဆိုရင် ခေါင်းလျှော်ရည်ကို သေချာစွာ ရွေးချယ်သုံးစွဲပေးသင့်ပါတယ်။ Clear ဗောက်ပျောက်ခေါင်းလျှော်ရည်ရဲ့ Ice Cool Menthol Shampoo (အပြာရောင်)ဟာ ဗီတာမင်နဲ့ သတ္တုဓာတ် (၁၀)မျိုးနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ Nutrium 10 ပါဝင်တာကြောင့် ဦးရေပြားမှာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ရုံသာမက ဆံသားကို အရင်းပိုင်းမှ အဖျားပိုင်းထိ အားဖြည့်ပေးနိုင်ပြီး ဗောက်မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် Ice Cool Menthol ရဲ့ အစွမ်းကြောင့် လေးလံထိုင်းမှိုင်းစရာကောင်းတဲ့ မိုးရာသီမှာတောင် တစ်နေ့တာလုံး အဆုံးစွန် လန်းဆန်းအေးမြတဲ့ ဆံကေသာကို ရရှိခံစားနိုင်စေမှာ ဖြစ်ပါတယ်။ ဒီတော့ မိုးရာသီနေ့ရက်တွေကို ပျိုမေတိုင်း အလှပဆုံး ဆံကေသာတွေနဲ့ အလန်းဆုံး ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Credit:Shwemom

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်.
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top