iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင်းက ကိုယ့်ရဲ့စကားကိုတဖက်လူ ဘယ်လောက်ထိစိတ်ဝင်စားမှုရှိလဲဆိုတာကိုသိချင်ကြပေမယ့်အဲဒီလူရဲ့တကယ့် စိတ်ရင်းအမှန်ကိုသိနိုင်ဖို့တော့ခက်ခဲပါတယ်။ဒါပေမယ့်လူတစ်ယောက်ရဲ့ ကိုယ်ဟန်အမူအရာ(body language)ကနေ အဲဒီလူရဲ့စိတ်ဝင်စားမှု၊အာရုံစူးစိုက်မှုအစစ်အမှန်ကိုလေ့လာအကဲခတ်နိုင်ပါတယ်။စကားပြောခြင်း၊နှုတ်ဆက်ခြင်း၊ပြုံးခြင်းစတဲ့နေ့စဉ်ပြုလုပ်နေကျအမူအရာတွေအပါအ၀င်တခြားကိုယ်ဟန်အမူအရာဟာလူတစ်ယောက်ရဲ့စိတ်ခံစားချက်ကိုဖော်ပြရာမှာ အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။တခါတလေ စိတ်ခံစားမှုတွေကို  ထင်ရှားအောင်ပြသခြင်းမဟုတ်ဘဲ အမူအရာကနေတဆင့်သိရခြင်းဖြစ်ပါတယ်။ဒါ့အပြင် လူတွေရဲ့လိုအင်ဆန္ဒ၊ လုံခြုံစိတ်ချမှု၊ မျက်နှာသာပေးမှုစတဲ့ ခံစား ချက်တွေကိုလည်း ကိုယ်ဟန်အမူအရာတွေကနေတဆင့်သက်တောင့်သက်သာဖြစ်အောင်ရ ယူလေ့ရှိကြပါ တယ်။ ဒါကြောင့် auntymay ပရိသတ်ကြီးကို သိထားသင့်တဲ့ကိုယ်ဟန်အမူအရာ(bodylanguage)နဲ့ပတ်သက်ပြီးဖော်ပြပေး လိုက်ပါတယ်။
(၁)ကျောကို ခပ်ဖွဖွပုတ်ခြင်း
ဒီအမူအရာကတော့ အောင်မြင်မှုတစ်ခု၊လုပ်ဆောင်ချက်တစ်ခုအတွက် ချီးကျူးဂုဏ်ပြုခြင်း၊ဂုဏ်ယူခြင်းကိုပြသတဲ့အပြင် ကရုဏာသက်ခြင်း၊ သက်တောင့်သက်သာဖြစ်စေခြင်းဆိုတဲ့ ခံစားချက်တွေကိုဖော်ပြတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။
(၂)ပွေ့ဖက်ခြင်း
နှုတ်ဆက်ခြင်း၊ရင်းနှီးမှုကို ပြသခြင်း ဒါမှမဟုတ် ရင်းနှီးမှုမှာသက်တောင့်သက်သာဖြစ်ခြင်းဆိုတဲ့အဓိပ္ပာယ်သက်ရောက်ပါ တယ်။
(၃)လက်မောင်းကို ဆုပ်ကိုင်ခြင်း
တစ်စုံတစ်ရာတွန်းအားကြောင့် ကြောက်ရွံ့ခြင်း၊ လုံခြုံမှုအတွက်အားကိုးခြင်း၊ ဦးဆောင်မှုနောက်ကိုလိုက်လိုခြင်းစတဲ့ ခံစားချက်ကိုပေါ်လွင်စေတဲ့အမူအရာဖြစ်ပါတယ်။
(၄)နဖူးချင်းထိတိုက်ခြင်း
ရင်းနှီးမှုကိုရလိုတဲ့ အသနားခံမှုကိုပြသရာရောက်သလို ချစ်ခင်မြတ်နိုးမှုကိုလည်းပေါ်လွင်စေတဲ့အမူအရာဖြစ်ပါတယ်။

shoulder-e1473308337946
(၅)လက်မောင်းကို ပွတ်သပ်ခြင်း
ရင်းနှီးမှုအတွက် သိသာထင်ရှားတဲ့ကိုယ်ဟန်အနေအထားဖြစ်ပြီး နွေးထွေးမှုကိုရလိုခြင်း၊ကရုဏာစိတ်ဖြစ်ပေါ်ခြင်း၊ကျေနပ် အားရမှုကိုအလိုရှိခြင်းဆိုတဲ့ခံစားမှုကိုထုတ်ဖော်ပြသရာမှာ သိသာတဲ့ အမူအရာဖြစ်ပါတယ်။
(၆)ထုရိုက်ခြင်း
ဒေါသထွက်ခြင်း၊ ကြောက်စိတ်မွှန်ပြီး ထိတ်လန့်ခြင်း၊ အံ့သြခြင်းစတဲ့ခံစားမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ကိုယ်အမူအရာဖြစ် ပါတယ်။
(၇)တင်းတင်းကြပ်ကြပ်ပွေ့ဖက်ခြင်း
သက်တောင့်သက်သာဖြစ်မှု၊ကာကွယ်စောင့်ရှောက်မှုကို လိုအပ်ကြောင်းသိသာထင်ရှားစွာဖော်ပြတဲ့ ကိုယ်ဟန်အနေ အထားဖြစ်ပြီး ရင်းနှီးနွေးထွေးသော တုန့်ပြန်မှုတို့ကို လိုအပ်ကြောင်းထုတ်ဖော်ပြသတဲ့အမူအရာလည်းဖြစ်ပါတယ်
(၈)တွန်းထုတ်ခြင်း
ဒီအမူအရာကတော့ မနှစ်မြို့ဘူး၊ မလိုလားဘူးဆိုတာ သိသာထင်ရှားပါတယ်။
(၉)ပခုံးဖက်ခြင်းဓ
ကာကွယ်မှုပေးခြင်း၊ တစ်စုံတစ်ရာအန္တရာယ်အတွက် အသင့်ရှိနေခြင်းစတဲ့ခံစားချက်ဖြစ်ပါတယ်။
(၁၀)ခါးကိုဖက်ခြင်း
ကာကွယ်မှုပေးလိုခြင်း၊ချစ်ခင်ရင်းနှီးမှုနဲ့ တစ်စုံတစ်ရာအခက်အခဲမှ ကာကွယ်ပေးမည့်အဓိပ္ပာယ်သက်ရောက်စေတဲ့အပြု အမူဖြစ်ပါတယ်။
(၁၁)လက်နှစ်ဖက်နှင့်ပခုံးကိုဆုပ်ကိုင်ခြင်း
တစ်စုံတစ်ယောက်ရဲ့ လက်ခံယုံကြည်မှုကိုရရှိလိုခြင်း၊ယုံကြည်ချက်ဖြစ်မဆုတ်မနစ်စောင့်ဆိုင်းနေခြင်းစတဲ့ခံစားမှု ကိုပေါ်လွင်စေသလို ပခုံးကို လှုပ်ခါပြီးဆုပ်ကိုင်မယ်ဆိုရင်တော့ ဒေါသဖြစ်မှုကို သွယ်ဝိုက်သိစေခြင်းဖြစ်ပါတယ်။
(၁၂)ရင်ဘက်ချင်းထိကပ်မှု
ဒီအမူအရာကိုကြည့်ခြင်းအားဖြင့် ရင်းနှီးမှုအတိမ်အနက်ကိုသိနိုင်ပါပြီ။
(၁၃)မျက်နှာကိုလက်နှစ်ဖက်ဖြင့်ပွတ်သပ်ခြင်း
ချစ်ခင်မြတ်နိုးမှုကို အလိုရှိကြောင်း ပြသခြင်းဖြစ်ပါတယ်။
(၁၄)လည်ပင်းဖက်ခြင်း
ကာကွယ်ပေးခြင်း၊ သက်တောင့်သက်သာဖြစ်မှုနဲ့ ရင်းနှီးမှုရရှိအောင် ကြိုးစားခြင်းဖြစ်ပါတယ်။
(၁၅)လက်ဖ၀ါးကိုဆုပ်ကိုင်ခြင်း
အများရဲ့အာရုံစူးစိုက်မှုကို ရလိုခြင်း၊ကိုယ့်ကိုယ်ကိုယ်သက်တောင့်သက်သာဖြစ်စေလိုတဲ့အခါ ပြုမူမိတဲ့လက်ဟန်အနေ အထားဖြစ်ပါတယ်။
(၁၆)ဆံပင်များကိုပွတ်သပ်ခြင်း
ရင်းနှီးမှုကိုထုတ်ဖော်ပြသခြင်းဖြစ်ပြီး၊ တစ်စုံတစ်ယောက်ရဲ့ရင်းနှီးမှုကိုလည်း လိုအပ်နေကြောင်း ပြသတဲ့အမူ အရာဖြစ် ပါတယ်။
(၁၇)တစ်ဦးလက်ကိုတစ်ဦးဆုပ်ကိုင်ခြင်း
အဆက်အသွယ်မပြတ်တောက်စေခြင်း၊ခင်မင်ရင်းနှီးမှု၊ လုံခြုံမှုကိုအလိုရှိခြင်းစတဲ့ခံစားမှုတွေကို ပြသရာမှာအသုံးပြုတဲ့ ကိုယ်ဟန်အနေအထားဖြစ်ပါတယ်။
(၁၈)ပခုံးတွင် ခေါင်း၊ မျက်နှာမှီခြင်း
ဒီအမူအရာကတော့ သက်တောင့်သက်သာဖြစ်မှုနဲ့ ခင်မင်ရင်းနှီးမှုကို အလိုရှိနေခြင်း၊တစ်စုံတစ်ရာ အခက်အခဲကြောင့် ကူညီဖေးမစေလိုခြင်းကို သိသာပေါ်လွင်စေတဲ့အမူအရာဖြစ်ပါတယ်။
Credit:Myo Myo (auntymay)
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
#Unicode Verision#

အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
Top