iMyanmarHouse.com - Best Property Website for Myanmar
×

ကၽြမ္းက်င္ပညာရွင္ေတြက အိပ္ေဆး အလြန္အကၽြံသုံးစြဲသူမ်ားကို သတိေပးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ သူတုိ႔ရဲ႕ အဆုိအရ အိမ္ေဆး ေသာက္ျခင္းဟာ တစ္ေန႔ကုိ စီးကရက္တစ္ဘူးေသာက္လုိက္သလုိ ျဖစ္ေစၿပီး၊ အလြန္အႏၱရာယ္မ်ားေၾကာင္း သတိေပးခဲ့ပါတယ္။

လူတစ္ေယာက္ရဲ႕ စိုးရိမ္ဖြယ္ရာ က်န္းမာေရးျပႆနာတုိင္းဟာ အိပ္ေဆးေသာက္ျခင္းရဲ႕ သက္ေသတစ္ခု ျဖစ္ၿပီး၊ ကင္ဆာ၊ ေလျဖတ္ျခင္း၊ ႏွလုံးခုန္ရပ္ျခင္းနဲ႔ ႏွလုံးေရာဂါေတြရဲ႕ အရင္းအျမစ္ျဖစ္ေၾကာင္း သိရပါတယ္။  Arizona State University မွ ေဒါက္တာ Shawn Youngstedt က အိပ္လုိ႔မရလုိ႔ အိပ္ေဆးေသာက္ျခင္းထက္၊ ေလ့က်င့္ခန္း တစ္ခုခု လုပ္ျခင္းက ပုိၿပီးထိေရာက္ေၾကာင္း၊ က်န္းမာေရးနဲ႔ ညီညြတ္ေၾကာင္း ဆုိပါတယ္။

ကုိယ္ပုိင္းဆုိင္ရာ လႈပ္ရွားမႈေတြ၊ အားကစားေတြဟာ အိပ္ေဆးနဲ႔ ဆန္႔က်င္ဘက္ အက်ိဳးေက်းဇူးကုိ ေပးစြမ္းၿပီး၊ စိတ္ဖိအား မ်ား၊ ခႏၶာကိုယ္တြင္းက အဆိပ္အေတာက္မ်ားအျပင္ ကင္ဆာ၊ ႏွလုံး၊ ေသြးတုိး၊ ဆီးခ်ိဳ စတဲ့ေရာဂါေတြကုိ ႀကိဳတင္ကာ ကြယ္ ႏုိင္ေၾကာင္း၊ ဒါ့အျပင္ ေကာင္းမြန္စြာအိပ္စက္ျခင္းကို အလုိလုိရရွိမွာ ျဖစ္ေၾကာင္း အႀကံျပဳထားပါတယ္။

အိပ္ေဆးကုိ လုိအပ္သည္ျဖစ္ေစ မလုိအပ္သည္ျဖစ္ေစ မသုံးသင့္ေၾကာင္း၊ စီးကရက္တစ္လိပ္ ႏွစ္လိပ္ ေသာက္လုိက္တာ
ထက္ပင္ မကဘဲ၊ တစ္ေန႔ကုိ စီးကရက္တစ္ဘူးေသာက္လုိက္ရသလုိပင္ အႏၱရာယ္မ်ားလြန္းလုိ႔ အခု သိရွိၿပီးခ်ိန္မွစၿပီး ရပ္တန္းက ရပ္သင့္ေၾကာင္း Shawn က ဆုိပါတယ္။

Shawn က CNN သတင္းဌာနဲ႔ ေတြ႕ဆုံစဥ္မွာ ” အိပ္ေဆးဆုိတာက က်န္းမာေရးကို ဆုိးဆုိး၀ါး၀ါး ထိခုိက္ေစတဲ့အရာဆုိ တာ ေသခ်ာပါတယ္ .. ဘယ္ေလာက္အထိ ဆုိးသလဲဆုိရင္ တစ္ေန႔ကို စီးကရက္တစ္ဘူး ေသာက္တာနဲ႔ေတာင္ တူညီပါတယ္ .. “လုိ႔ ေျပာခဲ့တာပါ။

ေနာက္ အိပ္စက္တဲ့ေပ်ာ္၀င္မႈကို တုိးတက္ေစလုိပါက အခန္းထဲမွာ မီးခပ္လင္းလင္းေလး ထြန္းထားသင့္ေၾကာင္း၊ အလင္း ေရာင္ကြဲျပားမႈဟာ ခႏၵာကိုယ္ရဲ႕ ေသြးလည္ပတ္မႈကုိ ပုံမွန္အတုိင္း တည္ၿငိမ္ေစၿပီး၊ အလြယ္တကူ အိပ္စက္ေစႏုိင္ေၾကာင္း၊ အိပ္ကာနီးမွာ အစာမ်ားမ်ား စားမထားသင့္ေၾကာင္း၊ အခ်ိန္မွန္အိပ္၊ အခ်ိန္မွန္ အိပ္ယာထပါက အိပ္စက္ျခင္းဟာ က်န္းမာေရးနဲ႔ ညီညႊတ္စြာ အထာက်သြားမည္ ျဖစ္ေၾကာင္း အႀကံေပးထားပါတယ္။

Credit:လင္းေဇာ္ကို (Shwemom)
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကျွမ်းကျင်ပညာရှင်တွေက အိပ်ဆေး အလွန်အကျွံသုံးစွဲသူများကို သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ အဆိုအရ အိမ်ဆေး သောက်ခြင်းဟာ တစ်နေ့ကို စီးကရက်တစ်ဘူးသောက်လိုက်သလို ဖြစ်စေပြီး၊ အလွန်အန္တရာယ်များကြောင်း သတိပေးခဲ့ပါတယ်။

လူတစ်ယောက်ရဲ့ စိုးရိမ်ဖွယ်ရာ ကျန်းမာရေးပြဿနာတိုင်းဟာ အိပ်ဆေးသောက်ခြင်းရဲ့ သက်သေတစ်ခု ဖြစ်ပြီး၊ ကင်ဆာ၊ လေဖြတ်ခြင်း၊ နှလုံးခုန်ရပ်ခြင်းနဲ့ နှလုံးရောဂါတွေရဲ့ အရင်းအမြစ်ဖြစ်ကြောင်း သိရပါတယ်။  Arizona State University မှ ဒေါက်တာ Shawn Youngstedt က အိပ်လို့မရလို့ အိပ်ဆေးသောက်ခြင်းထက်၊ လေ့ကျင့်ခန်း တစ်ခုခု လုပ်ခြင်းက ပိုပြီးထိရောက်ကြောင်း၊ ကျန်းမာရေးနဲ့ ညီညွတ်ကြောင်း ဆိုပါတယ်။

ကိုယ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ၊ အားကစားတွေဟာ အိပ်ဆေးနဲ့ ဆန့်ကျင်ဘက် အကျိုးကျေးဇူးကို ပေးစွမ်းပြီး၊ စိတ်ဖိအား များ၊ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်များအပြင် ကင်ဆာ၊ နှလုံး၊ သွေးတိုး၊ ဆီးချို စတဲ့ရောဂါတွေကို ကြိုတင်ကာ ကွယ် နိုင်ကြောင်း၊ ဒါ့အပြင် ကောင်းမွန်စွာအိပ်စက်ခြင်းကို အလိုလိုရရှိမှာ ဖြစ်ကြောင်း အကြံပြုထားပါတယ်။

အိပ်ဆေးကို လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ မသုံးသင့်ကြောင်း၊ စီးကရက်တစ်လိပ် နှစ်လိပ် သောက်လိုက်တာ
ထက်ပင် မကဘဲ၊ တစ်နေ့ကို စီးကရက်တစ်ဘူးသောက်လိုက်ရသလိုပင် အန္တရာယ်များလွန်းလို့ အခု သိရှိပြီးချိန်မှစပြီး ရပ်တန်းက ရပ်သင့်ကြောင်း Shawn က ဆိုပါတယ်။

Shawn က CNN သတင်းဌာနဲ့ တွေ့ဆုံစဉ်မှာ ” အိပ်ဆေးဆိုတာက ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေတဲ့အရာဆို တာ သေချာပါတယ် .. ဘယ်လောက်အထိ ဆိုးသလဲဆိုရင် တစ်နေ့ကို စီးကရက်တစ်ဘူး သောက်တာနဲ့တောင် တူညီပါတယ် .. “လို့ ပြောခဲ့တာပါ။

နောက် အိပ်စက်တဲ့ပျော်ဝင်မှုကို တိုးတက်စေလိုပါက အခန်းထဲမှာ မီးခပ်လင်းလင်းလေး ထွန်းထားသင့်ကြောင်း၊ အလင်း ရောင်ကွဲပြားမှုဟာ ခန္ဒာကိုယ်ရဲ့ သွေးလည်ပတ်မှုကို ပုံမှန်အတိုင်း တည်ငြိမ်စေပြီး၊ အလွယ်တကူ အိပ်စက်စေနိုင်ကြောင်း၊ အိပ်ကာနီးမှာ အစာများများ စားမထားသင့်ကြောင်း၊ အချိန်မှန်အိပ်၊ အချိန်မှန် အိပ်ယာထပါက အိပ်စက်ခြင်းဟာ ကျန်းမာရေးနဲ့ ညီညွှတ်စွာ အထာကျသွားမည် ဖြစ်ကြောင်း အကြံပေးထားပါတယ်။

Credit:လင်းဇော်ကို (Shwemom)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top