iMyanmarHouse.com - Best Property Website for Myanmar
×

အျပည္ျပည္ဆိုင္ရာအတြင္းခံေဘာင္းဘီမဝတ္ေရးေန႕ (International No Panty Day) ဆိုတာကို (၂၀၁၂) ခုႏွစ္ေလာက္က အင္တာနက္ေပၚမွာ trend တစ္ခုအေနနဲ႔စေနာက္ၾကရာကေန အတည္ႀကီးျဖစ္လာၿပီိး တစ္ကမၻာလံုးဆင္ႏႊဲၾကတဲ႔ေန႕တစ္ေန႕ ျဖစ္လာပါတယ္။ ဒီေန႕ကိုက်င္းပရျခင္းရဲ႕ရည္ရြယ္ခ်က္ကလည္း လြတ္လြတ္လပ္လပ္ေပါ႔ေပါ႔ပါးပါးရွိေစဖိုု႔ပဲ ျဖစ္ပါတယ္။

ေရွးရိုးစြဲယံုၾကည္မႈေတြ၊ ယဥ္ေက်းမႈစံႏႈန္းေတြကိုခဏေလာက္ပစ္ခ်လိုက္ၿပီး ေပါ႔ေပါ႔ပါးပါးေနထိုင္ႏိုင္ေအာင္ ဦးတည္လိုက္တဲ႔အထိန္းအမွတ္ေန႕တစ္ေန႔လည္း ျဖစ္ပါတယ္။ ဒီေန႕ပြဲမွာပါဝင္ဆင္ႏႊဲခ်င္ရင္ လြယ္လြယ္ေလးပါပဲ။ ဒီေန႕တစ္ေနကုန္ အတြင္းခံေဘာင္းဘီဝတ္မလာခဲ႔ဖို႔ပါပဲ။ ေနာက္ၿပီး ဒီေန႔က မိန္းကေလးေတြနဲ႔ပဲသက္ဆိုင္တဲ႔ေန႕မဟုတ္ပါဘူးတဲ႔။ ေယာက်္ားေလးေတြလည္း ပါဝင္ဆင္ႏႊဲလို႔ရပါတယ္။

ေနာက္ၿပီး တကယ္ေတာ႔ အတြင္းခံေဘာင္းဘီမဝတ္ျခင္းမွာလည္း က်န္းမာေရးအက်ိဳးေက်းဇူးေတြရွိေနပါသတဲဲ႔။ အဲဒါေတြက ဘာေတြလဲဆိုေတာ႔...

၁။ ေလဝင္ေလထြက္ေကာင္းမြန္မယ္

အတြင္းခံေဘာင္းဘီေတြနဲ႔ပတ္သက္တဲ႔ ျပသနာတစ္ခုကေတာ႔ ေလဝင္ေလထြက္ကိုပိတ္ဆို႔တာပါပဲ။ VSPOT spa က Dr. Carolyn Delucia က ဘာေျပာလဲဆိုရင္ "အတြင္းခံေဘာင္းဘီေတြမွာ အေရးအႀကီးဆံုးအခ်က္တစ္ခ်က္ကေတာ႔ ေလဝင္ေလထြက္ေကာင္းမြန္ဖို႔ပါပဲ" တဲ႔။

ေလဝင္ေလထြက္ေကာင္းမြန္မွသာ မ်ိဳးပြားအဂၤါအဖြဲ႕အစည္းက အစိတ္အပိုင္းေတြကို သက္ေတာင္႔သက္သာရွိေစမွာပါ။ ဒါေၾကာင္႔ေအာက္ခံေဘာင္းဘီေရြးခ်ယ္မယ္ဆုိရင္ ခ်ည္နဲ႔လုပ္ထားတာေလးေတြကိုပဲ ေရြးခ်ယ္သင္႔ပါတယ္တဲ႔။ တစ္ရက္တေလ လံုးဝမဝတ္တာေတာ႔ အေကာင္းဆံုးပဲေပါ႔။

၂။ ညအိပ္ခ်ိန္မွာ ေခြ်းေပါက္ေတြကိုက်ယ္ေစမယ္

ေန႕ခင္းဘက္အခ်ိန္မွာ အတြင္းခံေဘာင္းဘီကိုမခြ်တ္ခ်င္ရင္ေတာင္ ညအိပ္ရင္ေတာ႔ ခြ်တ္အိပ္သင္႔ပါတယ္။ ညအိပ္ခ်ိန္ အတြင္းခံေဘာင္းဘီခြ်တ္အိပ္ျခင္းက ေအာက္ပိုင္းက ေခြ်းေပါက္ေလးေတြကို ပြင္႔ေစၿပီး က်န္းမာေရးအတြက္ေကာင္းပါတယ္တဲ႔။ တကယ္လို႔ေခြ်းေတြတအားထြက္ေနရင္ ဘက္တီးရီးယားပိုးမႊားေတြခိုေအာင္းႏိုင္ၿပီး ပိုးမႊားကူးစက္ႏိုင္ေျခရွိပါတယ္။

၃။ ဘက္တီးရီးယားေတြကူးစက္ႏိုင္ေျခနည္းပါးမယ္

အသားကပ္အတြင္းခံေဘာင္းဘီေတြကို ဝတ္ဆင္ရတာႏွစ္သက္သူဆိုရင္ မဝတ္ခင္ျပန္စဥ္းစားၾကည္႔ပါဦး။ "အသားကပ္အတြင္းခံေဘာင္းဘီေတြက စအိုေနရာကဘက္တီးရီးယားေတြကို မ်ိဳးပြားအဂၤါဘက္ျခမ္းေရာက္ေအာင္ အေထာက္အပံ႕ေပးႏိုင္ပါတယ္" လို႔ VSPOT spa တည္ေထာင္သူ Cindy Barshop က ဆိုပါတယ္။ ဒါေၾကာင္႔ တစ္ခါတေလအတြင္းခံေဘာင္းဘီမဝတ္တာက ပိုေကာင္းပါတယ္။

၄။ မႈိစြဲျခင္းကို ကာကြယ္ေပးတယ္

"ေအာက္ပိုင္းေနရာေတြကိုေလဝင္ေလထြက္ေကာင္းမြန္ေစဖို႔က အေရးႀကီးပါတယ္။ ဘာလို႔လဲဆိုေတာ႔ အဲဒါက အတြင္းခံေဘာင္းဘီထဲမွာခိုေအာင္းေနတဲ႔ စိုထိုင္းမႈကိုရပ္တန္႕ေပးၿပီး စိုထိုင္းမႈကတဆင္႔ ျဖစ္ေစတဲ႔ မႈိစြဲျခင္းနဲ႔အေရျပားယားယံျခင္းကိုလည္း ျဖစ္မလာေအာင္ကာကြယ္ေပးပါတယ္" လို႔ Barshop က ဆိုပါတယ္။

၅။ ေလ႔က်င္႔ခန္းလုပ္ခ်ိန္မွာ ပြတ္တိုက္အားကိုေလ်ာ႔နည္းေစတယ္

တကယ္လို႔အတြင္းခံေဘာင္းဘီေတြက ေခြ်းနဲ႔စိုထိုင္းမႈေတြကို တစ္ေနကုန္သိမ္းထားမယ္ဆိုရင္ ေလ႔က်င္႔ခန္းလုပ္ခ်ိန္မွာ ဘယ္ေလာက္ထိေတာင္ဆိုးရြားမလဲဆိုတာကို ခန္႕မွန္းၾကည္႔ႏိုင္ပါတယ္။ ဒါေၾကာင္႔ အတြင္းခံေဘာင္းဘီမဝတ္ဘဲ ေလ႔က်င္႔ခန္းလုပ္တာအၾကံေကာင္းတစ္ခုပါပဲ။ (မွတ္ခ်က္။ မိန္းကေလးမ်ားသာ) "အပူရယ္၊ ေခြ်းရယ္၊ ပြတ္တိုက္အားရယ္ ေအာက္ပိုင္းေနရာေတြမွာ စုသြားမယ္ဆိုရင္ ေနရထိုင္ရတာ မသက္မသာျဖစ္ေစရံုတစ္ခုတည္းမဟုတ္ဘဲ က်န္းမာေရးအတြက္လည္းမေကာင္းပါဘူး" လို႔ SELF မဂၢဇင္းရဲ႕ေဆာင္းပါးတစ္ခုမွာေဖာ္ျပထားပါတယ္။

၆။ ဆီးလမ္းေၾကာင္းပိုးဝင္မႈေတြကို ကာကြယ္ေပးတယ္

အတြင္းခံေဘာင္းဘီေတြက ဘက္တီးရီးယားပိုးမႊားေတြကို သိုေလွာင္ထားႏိုင္ေတာ႔ မေတာ္ရာေနရာကိုဝင္သြားတတ္ပါတယ္။ "ဘက္တီးရီးယားပိုးမႊားေတြ ဆီးလမ္းေၾကာင္းကိုဝင္ေရာက္တဲ႔အခါ ဆီးလမ္းေၾကာင္းဆိုင္ရာေရာဂါေတြ ျဖစ္ေစရံုသာမက အခန္႕မသင္႔ရင္ ေက်ာက္ကပ္ကိုပါထိခိုက္ေစႏိုင္ပါတယ္" လို႔ SELF မဂၢဇင္းကဆိုပါတယ္။ "ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းကို ကာကြယ္ဖို႔ ခါးေအာက္ပိုင္းမွာ ဘာဝတ္မလဲဆိုတာကို ဂရုစိုက္သင္႔ပါတာ္။ ဒါေပမယ္႔အေကာင္းဆံုးအေျဖကေတာ႔ ဘာမွမဝတ္တာပါပဲ" တဲ႔။

၇။ ေသြးေၾကာပိတ္တာေတြ မျဖစ္ေတာ႔ဘူး

အတြင္းခံေဘာင္းဘီေသးေသးေလးေတြက က်ပ္ထုပ္ေနေတာ႔ အာရံုေၾကာထံုထိုင္းတာတို႔၊ ေသြးေၾကာပိတ္တာတို႔ျဖစ္ေစႏိုင္ပါတယ္။ အတြင္းခံေဘာင္းဘီမဝတ္ဘူးဆိုရင္ ဒီေဝဒနာေတြကို ကင္းေဝးေစပါတယ္။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
အပြည်ပြည်ဆိုင်ရာအတွင်းခံဘောင်းဘီမဝတ်ရေးနေ့ (International No Panty Day) ဆိုတာကို (၂၀၁၂) ခုနှစ်လောက်က အင်တာနက်ပေါ်မှာ trend တစ်ခုအနေနဲ့စနောက်ကြရာကနေ အတည်ကြီးဖြစ်လာပြီး တစ်ကမ္ဘာလုံးဆင်နွှဲကြတဲ့နေ့တစ်နေ့ ဖြစ်လာပါတယ်။ ဒီနေ့ကိုကျင်းပရခြင်းရဲ့ရည်ရွယ်ချက်ကလည်း လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးရှိစေဖိုု့ပဲ ဖြစ်ပါတယ်။

ရှေးရိုးစွဲယုံကြည်မှုတွေ၊ ယဉ်ကျေးမှုစံနှုန်းတွေကိုခဏလောက်ပစ်ချလိုက်ပြီး ပေါ့ပေါ့ပါးပါးနေထိုင်နိုင်အောင် ဦးတည်လိုက်တဲ့အထိန်းအမှတ်နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာပါဝင်ဆင်နွှဲချင်ရင် လွယ်လွယ်လေးပါပဲ။ ဒီနေ့တစ်နေကုန် အတွင်းခံဘောင်းဘီဝတ်မလာခဲ့ဖို့ပါပဲ။ နောက်ပြီး ဒီနေ့က မိန်းကလေးတွေနဲ့ပဲသက်ဆိုင်တဲ့နေ့မဟုတ်ပါဘူးတဲ့။ ယောကျ်ားလေးတွေလည်း ပါဝင်ဆင်နွှဲလို့ရပါတယ်။

နောက်ပြီး တကယ်တော့ အတွင်းခံဘောင်းဘီမဝတ်ခြင်းမှာလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေရှိနေပါသတဲ့။ အဲဒါတွေက ဘာတွေလဲဆိုတော့...

၁။ လေဝင်လေထွက်ကောင်းမွန်မယ်

အတွင်းခံဘောင်းဘီတွေနဲ့ပတ်သက်တဲ့ ပြသနာတစ်ခုကတော့ လေဝင်လေထွက်ကိုပိတ်ဆို့တာပါပဲ။ VSPOT spa က Dr. Carolyn Delucia က ဘာပြောလဲဆိုရင် "အတွင်းခံဘောင်းဘီတွေမှာ အရေးအကြီးဆုံးအချက်တစ်ချက်ကတော့ လေဝင်လေထွက်ကောင်းမွန်ဖို့ပါပဲ" တဲ့။

လေဝင်လေထွက်ကောင်းမွန်မှသာ မျိုးပွားအင်္ဂါအဖွဲ့အစည်းက အစိတ်အပိုင်းတွေကို သက်တောင့်သက်သာရှိစေမှာပါ။ ဒါကြောင့်အောက်ခံဘောင်းဘီရွေးချယ်မယ်ဆိုရင် ချည်နဲ့လုပ်ထားတာလေးတွေကိုပဲ ရွေးချယ်သင့်ပါတယ်တဲ့။ တစ်ရက်တလေ လုံးဝမဝတ်တာတော့ အကောင်းဆုံးပဲပေါ့။

၂။ ညအိပ်ချိန်မှာ ချွေးပေါက်တွေကိုကျယ်စေမယ်


နေ့ခင်းဘက်အချိန်မှာ အတွင်းခံဘောင်းဘီကိုမချွတ်ချင်ရင်တောင် ညအိပ်ရင်တော့ ချွတ်အိပ်သင့်ပါတယ်။ ညအိပ်ချိန် အတွင်းခံဘောင်းဘီချွတ်အိပ်ခြင်းက အောက်ပိုင်းက ချွေးပေါက်လေးတွေကို ပွင့်စေပြီး ကျန်းမာရေးအတွက်ကောင်းပါတယ်တဲ့။ တကယ်လို့ချွေးတွေတအားထွက်နေရင် ဘက်တီးရီးယားပိုးမွှားတွေခိုအောင်းနိုင်ပြီး ပိုးမွှားကူးစက်နိုင်ခြေရှိပါတယ်။

၃။ ဘက်တီးရီးယားတွေကူးစက်နိုင်ခြေနည်းပါးမယ်

အသားကပ်အတွင်းခံဘောင်းဘီတွေကို ဝတ်ဆင်ရတာနှစ်သက်သူဆိုရင် မဝတ်ခင်ပြန်စဉ်းစားကြည့်ပါဦး။ "အသားကပ်အတွင်းခံဘောင်းဘီတွေက စအိုနေရာကဘက်တီးရီးယားတွေကို မျိုးပွားအင်္ဂါဘက်ခြမ်းရောက်အောင် အထောက်အပံ့ပေးနိုင်ပါတယ်" လို့ VSPOT spa တည်ထောင်သူ Cindy Barshop က ဆိုပါတယ်။ ဒါကြောင့် တစ်ခါတလေအတွင်းခံဘောင်းဘီမဝတ်တာက ပိုကောင်းပါတယ်။

၄။ မှိုစွဲခြင်းကို ကာကွယ်ပေးတယ်

"အောက်ပိုင်းနေရာတွေကိုလေဝင်လေထွက်ကောင်းမွန်စေဖို့က အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက အတွင်းခံဘောင်းဘီထဲမှာခိုအောင်းနေတဲ့ စိုထိုင်းမှုကိုရပ်တန့်ပေးပြီး စိုထိုင်းမှုကတဆင့် ဖြစ်စေတဲ့ မှိုစွဲခြင်းနဲ့အရေပြားယားယံခြင်းကိုလည်း ဖြစ်မလာအောင်ကာကွယ်ပေးပါတယ်" လို့ Barshop က ဆိုပါတယ်။

၅။ လေ့ကျင့်ခန်းလုပ်ချိန်မှာ ပွတ်တိုက်အားကိုလျော့နည်းစေတယ်

တကယ်လို့အတွင်းခံဘောင်းဘီတွေက ချွေးနဲ့စိုထိုင်းမှုတွေကို တစ်နေကုန်သိမ်းထားမယ်ဆိုရင် လေ့ကျင့်ခန်းလုပ်ချိန်မှာ ဘယ်လောက်ထိတောင်ဆိုးရွားမလဲဆိုတာကို ခန့်မှန်းကြည့်နိုင်ပါတယ်။ ဒါကြောင့် အတွင်းခံဘောင်းဘီမဝတ်ဘဲ လေ့ကျင့်ခန်းလုပ်တာအကြံကောင်းတစ်ခုပါပဲ။ (မှတ်ချက်။ မိန်းကလေးများသာ) "အပူရယ်၊ ချွေးရယ်၊ ပွတ်တိုက်အားရယ် အောက်ပိုင်းနေရာတွေမှာ စုသွားမယ်ဆိုရင် နေရထိုင်ရတာ မသက်မသာဖြစ်စေရုံတစ်ခုတည်းမဟုတ်ဘဲ ကျန်းမာရေးအတွက်လည်းမကောင်းပါဘူး" လို့ SELF မဂ္ဂဇင်းရဲ့ဆောင်းပါးတစ်ခုမှာဖော်ပြထားပါတယ်။

၆။ ဆီးလမ်းကြောင်းပိုးဝင်မှုတွေကို ကာကွယ်ပေးတယ်

အတွင်းခံဘောင်းဘီတွေက ဘက်တီးရီးယားပိုးမွှားတွေကို သိုလှောင်ထားနိုင်တော့ မတော်ရာနေရာကိုဝင်သွားတတ်ပါတယ်။ "ဘက်တီးရီးယားပိုးမွှားတွေ ဆီးလမ်းကြောင်းကိုဝင်ရောက်တဲ့အခါ ဆီးလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်စေရုံသာမက အခန့်မသင့်ရင် ကျောက်ကပ်ကိုပါထိခိုက်စေနိုင်ပါတယ်" လို့ SELF မဂ္ဂဇင်းကဆိုပါတယ်။ "ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကာကွယ်ဖို့ ခါးအောက်ပိုင်းမှာ ဘာဝတ်မလဲဆိုတာကို ဂရုစိုက်သင့်ပါတာ်။ ဒါပေမယ့်အကောင်းဆုံးအဖြေကတော့ ဘာမှမဝတ်တာပါပဲ" တဲ့။

၇။ သွေးကြောပိတ်တာတွေ မဖြစ်တော့ဘူး

အတွင်းခံဘောင်းဘီသေးသေးလေးတွေက ကျပ်ထုပ်နေတော့ အာရုံကြောထုံထိုင်းတာတို့၊ သွေးကြောပိတ်တာတို့ဖြစ်စေနိုင်ပါတယ်။ အတွင်းခံဘောင်းဘီမဝတ်ဘူးဆိုရင် ဒီဝေဒနာတွေကို ကင်းဝေးစေပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top