iMyanmarHouse.com - Best Property Website for Myanmar
×

သုေတသနတစ္ခုအရ လက္ထပ္ျခင္းဟာ အသက္ရွည္ေစတဲ့ အဓိက အေၾကာင္းအရင္းတစ္ရပ္ျဖစ္တယ္လို႔ ဆုိပါတယ္။ ေသြးတိုးနဲ႔ ဆီးခ်ိဳေသြးခ်ိဳေၾကာင့္ ေသဆံုးႏုိင္ေျခကို လက္ထပ္ျခင္းက ေလွ်ာ့ခ်ေပးႏုိင္တာ ျဖစ္တယ္လို႔ သုေတသနတစ္ခုက ေဖာ္ျပတာ ျဖစ္ပါတယ္။

ယခင္ေလ့လာလာခ်က္ေတြအရ လက္ထပ္ထားသူေတြမွာ ႏွလံုးေရာဂါေၾကာင့္ ရုတ္တရက္ေသဆံုးႏုိင္ေျခနည္းပါးျပီး ယခုေလ့လာခ်က္အသစ္မွာ ႏွလံုးေရာဂါျဖစ္ေစတဲ့ ေသြးတိုးနဲ႔ ဆီးခ်ိဳေတြကိုပါ ေလွ်ာ့ခ်ေပးႏုိင္တာ ျဖစ္ေၾကာင္း Aston တကၠသိုလ္မွ သုေတသနကို ျပဳလုပ္ခဲ့သူ ရာအူးလ္ေပါ့လူရီက ေျပာၾကားထားတာ ျဖစ္ပါတယ္။

သုေတသနဟာ ေသြးေပါင္ခ်ိန္ျမင့္မားသူ၊ ကိုလက္စထေရာ ျမင့္မားသူနဲ႔ ဆီးခ်ိဳေသြးခ်ိဳ အဆင့္ -၂ ရွိသူ လူၾကီးေပါင္း တစ္သန္းကို မွတ္တမ္းရယူထားျပီး  ေနာင္ငါးႏွစ္အၾကာမွာ ေနာက္တစ္ၾကိမ္ ျပန္လည္မွတ္တမ္းရယူတာ ျဖစ္ပါတယ္။

ကိုလက္စထေရာ ျမင့္မားသူေတြဟာ လက္ထပ္ထားသူဆိုရင္  ၁၆ ရာခိုင္ႏႈန္း ပိုမို အသက္ရွင္ဖို႔ ျမင့္မားေၾကာင္း ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။  ေသြးခ်ိဳဆီခ်ိဳသမားေတြနဲ႔ ေသြးတိုးသမားေတြဟာလည္း တစ္ကုိယ္တည္းသမားေတြနဲ႔ ႏႈိင္းယွဥ္ရင္ အသက္ရွင္ႏုိင္ေျခဟာ ၁၄ ရာခိုင္ႏႈန္းနဲ႔ ၁၀ ရာခိုင္ႏႈန္း ပိုမုိျမင့္မားတာ ျဖစ္ပါတယ္။

လက္ထပ္ထားသူေတြနဲ႔ တစ္ကိုယ္တည္းသမားေတြ ကြာျခားရတာဟာ သူတို႔လက္တြဲေဖာ္ေတြဆီက ရရွိတဲ့ ဂရုစိုက္မႈနဲ႔ အားေပးမႈေတြေၾကာင့္ ျဖစ္တယ္လို႔ သုေတသနသမားေတြက ေကာက္ခ်က္ခ်ထားပါတယ္။ လက္တြဲေဖာ္ရွိသူေတြဟာ ေဆးကို ပံုမွန္ေသာက္ျဖစ္ၾကျပီး၊ အစားအေသာက္မွာလည္း ပံုမွန္စားေသာက္ျဖစ္ၾကတယ္လို႔ ဆုိပါတယ္။

က်န္းမာေရးနဲ႔ ဖ်ားနာတာေတြမ်ိဳးမွာ ဂရုစိုက္မယ့္သူတစ္စံုတစ္ဦး ရွိေနတာေၾကာင့္ ေသြးတိုး၊ ဆီးခ်ိဳေသြးခ်ိဳနဲ႔ ႏွလံုးေရာဂါေၾကာင့္ ေသဆံုးႏုိင္ေျခကေန ေလ်ာ့နည္းေစတာ ျဖစ္ပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
သုတေသနတစ်ခုအရ လက်ထပ်ခြင်းဟာ အသက်ရှည်စေတဲ့ အဓိက အကြောင်းအရင်းတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ သွေးတိုးနဲ့ ဆီးချိုသွေးချိုကြောင့် သေဆုံးနိုင်ခြေကို လက်ထပ်ခြင်းက လျှော့ချပေးနိုင်တာ ဖြစ်တယ်လို့ သုတေသနတစ်ခုက ဖော်ပြတာ ဖြစ်ပါတယ်။

ယခင်လေ့လာလာချက်တွေအရ လက်ထပ်ထားသူတွေမှာ နှလုံးရောဂါကြောင့် ရုတ်တရက်သေဆုံးနိုင်ခြေနည်းပါးပြီး ယခုလေ့လာချက်အသစ်မှာ နှလုံးရောဂါဖြစ်စေတဲ့ သွေးတိုးနဲ့ ဆီးချိုတွေကိုပါ လျှော့ချပေးနိုင်တာ ဖြစ်ကြောင်း Aston တက္ကသိုလ်မှ သုတေသနကို ပြုလုပ်ခဲ့သူ ရာအူးလ်ပေါ့လူရီက ပြောကြားထားတာ ဖြစ်ပါတယ်။

သုတေသနဟာ သွေးပေါင်ချိန်မြင့်မားသူ၊ ကိုလက်စထရော မြင့်မားသူနဲ့ ဆီးချိုသွေးချို အဆင့် -၂ ရှိသူ လူကြီးပေါင်း တစ်သန်းကို မှတ်တမ်းရယူထားပြီး  နောင်ငါးနှစ်အကြာမှာ နောက်တစ်ကြိမ် ပြန်လည်မှတ်တမ်းရယူတာ ဖြစ်ပါတယ်။

ကိုလက်စထရော မြင့်မားသူတွေဟာ လက်ထပ်ထားသူဆိုရင်  ၁၆ ရာခိုင်နှုန်း ပိုမို အသက်ရှင်ဖို့ မြင့်မားကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။  သွေးချိုဆီချိုသမားတွေနဲ့ သွေးတိုးသမားတွေဟာလည်း တစ်ကိုယ်တည်းသမားတွေနဲ့ နှိုင်းယှဉ်ရင် အသက်ရှင်နိုင်ခြေဟာ ၁၄ ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်း ပိုမိုမြင့်မားတာ ဖြစ်ပါတယ်။

လက်ထပ်ထားသူတွေနဲ့ တစ်ကိုယ်တည်းသမားတွေ ကွာခြားရတာဟာ သူတို့လက်တွဲဖော်တွေဆီက ရရှိတဲ့ ဂရုစိုက်မှုနဲ့ အားပေးမှုတွေကြောင့် ဖြစ်တယ်လို့ သုတေသနသမားတွေက ကောက်ချက်ချထားပါတယ်။ လက်တွဲဖော်ရှိသူတွေဟာ ဆေးကို ပုံမှန်သောက်ဖြစ်ကြပြီး၊ အစားအသောက်မှာလည်း ပုံမှန်စားသောက်ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးနဲ့ ဖျားနာတာတွေမျိုးမှာ ဂရုစိုက်မယ့်သူတစ်စုံတစ်ဦး ရှိနေတာကြောင့် သွေးတိုး၊ ဆီးချိုသွေးချိုနဲ့ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကနေ လျော့နည်းစေတာ ဖြစ်ပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top