iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးတိုင္းလိုလို ဗိုက္ကေလး ခ်ပ္ေနတာကို သေဘာက်မွာပါ။ ေယာကၤ်ားေလးေတြထဲမွာလည္း ဗိုက္ပူ
ခ်င္တဲ့သူ ရွိမွာမဟုတ္ပါဘူး။ ဒီလို ဗိုက္ကေလးခ်ပ္ေနဖို႕ဆိုတာ ေလ့က်င့္ခန္းေတြလုပ္ရံုနဲ႕ေတာ့ သိသိသာသာ
ၾကီး ျမန္ဆန္လာမွာမဟုတ္ပါဘူး။ မွန္ကန္တဲ့ အစားအေသာက္ေတြလည္း စားေသာက္ဖို႕လိုပါတယ္။

အဓိကအခ်က္ကေတာ့ သင့္ရဲ့အစားအေသာက္ေတြထဲမွာ အသီးအရြက္ေတြ ပိုျပီးပါဝင္ဖို႕လိုပါတယ္။ သင့္ရဲ့
အဆီေတြက်ျပီး သင္လိုခ်င္တဲ့ ဗိုက္ၾကြက္သားေလးေတြ ရလာတဲ့တစ္ေန႔ သင္အသီးအရြက္ေတြကို ေက်းဇူး
တင္ပါလိမ့္မယ္။

(၁) အစိမ္းေရာင္အရြက္ရွိေသာအရာမ်ား
ေဂၚဘီ၊ ပန္းေဂၚဘီတို႕လို အသီးအရြက္မ်ိဳးေတြမ်ားမ်ား စားေပးပါ။ အရြက္Salad လုပ္စားတာမ်ိဳးက သင့္ကို
အာဟာရ ျပည့္ဝေစျပီး ဝိတ္လည္း မတက္ေစပါဘူး။ ဒီအတိုင္း အစိမ္းတိုင္းမၾကိဳက္ရင္လည္း ခ်က္ျပဳတ္စား
ေသာက္လို႕ရပါေသးတယ္။

(၂) ေထာပတ္သီး

ေထာပတ္သီးမွာ အဆီပါတာေတာ့ဟုတ္ပါတယ္။ ဒါေပမယ့္ အဲ့ဒိအဆီဟာ က်န္းမာေရးေကာင္မြန္ေစတဲ့
အဆီပါ။ အျခားအသုပ္ေတြထဲမွာလည္း ထည့္စားလို႕ရလို႕  Sandwich ထဲမွာလည္း ထည့္စားလို႕ရပါေသး
တယ္။

(၃) လတ္ဆတ္ေသာ အသီးမ်ား

ဘယ္လိုအသီးမ်ိဳးပဲျဖစ္ျဖစ္ စားလို႕ရပါတယ္။ ဒါေပမယ့္ တစ္မ်ိဳးထဲစားတာထက္ အသီးမ်ိဳးစံုစားတာက
အာဟာရဓာတ္ပုိၾကြယ္ဝေစပါတယ္။ တစ္ေန႔တစ္မိ်ဳး မရိုးရေအာင္စားပါ။ ဘယ္ရီသီးေတြဟာ အာဟာရ
အျပည့္ဆံုုးနဲ႕  ကယ္လိုရီအနည္းဆံုးပါပဲ။ ေန႔လည္ ၁၂နာရီမတိုင္ခင္မွာ သစ္သီးတစ္မ်ိဳးေတာ့ စားသင့္
ပါတယ္။ အသီးဟာ အဆာေျပေစသလို အစာခ်က္တာလည္း ျမန္လို႕ သင့္ကို စြမ္းအင္အျမန္ဆံုးေပးနုုိင္
ပါတယ္။ ေလ့က်င့္ခန္းမေဆာ့မီမွလည္း အသီးနည္းနည္းစားလို႕ရပါတယ္။

(၄) ကုလားပဲ

ကုလားပဲဟာ အမွ်င္ဓာတ္နဲ႕ ပရိုတိန္းဓာတ္ ၾကြယ္ဝျပီး စားလို႕လည္းေကာင္းပါတယ္။ ဟင္းခ်ိဳလည္းလုပ္ေသာက္
လို႕ရပါတယ္။

(၅) အသီးအရြက္ေဖ်ာ္ရည္( အထူးသျဖင့္ အစိမ္းေ၇ာင္အသီးအရြက္ ေဖ်ာ္ရည္)

အသီးအရြက္ေဖ်ာ္ရည္ဟာ သင့္ရဲ့ အစာခ်က္စနစ္ကို မေမာပန္းေစပဲ သင့္ကိုအာဟာရေပးနုုိ္င္ပါတယ္။ အိမ္မွာ
အေဖ်ာ္စက္အခုထဲက ဝယ္ထားလိုုက္ေတာ့ေနာ္။ ဝယ္ထားျပီးလည္း ပစ္မထားနဲ႕ေနာ္။
Ref: today.com
Credit:Auntymay

#Unicode Version
မိန်းကလေးတိုင်းလိုလို ဗိုက်ကလေး ချပ်နေတာကို သဘောကျမှာပါ။ ယောင်္ကျားလေးတွေထဲမှာလည်း ဗိုက်ပူ
ချင်တဲ့သူ ရှိမှာမဟုတ်ပါဘူး။ ဒီလို ဗိုက်ကလေးချပ်နေဖို့ဆိုတာ လေ့ကျင့်ခန်းတွေလုပ်ရုံနဲ့တော့ သိသိသာသာ
ကြီး မြန်ဆန်လာမှာမဟုတ်ပါဘူး။ မှန်ကန်တဲ့ အစားအသောက်တွေလည်း စားသောက်ဖို့လိုပါတယ်။

အဓိကအချက်ကတော့ သင့်ရဲ့အစားအသောက်တွေထဲမှာ အသီးအရွက်တွေ ပိုပြီးပါဝင်ဖို့လိုပါတယ်။ သင့်ရဲ့
အဆီတွေကျပြီး သင်လိုချင်တဲ့ ဗိုက်ကြွက်သားလေးတွေ ရလာတဲ့တစ်နေ့ သင်အသီးအရွက်တွေကို ကျေးဇူး
တင်ပါလိမ့်မယ်။

(၁) အစိမ်းရောင်အရွက်ရှိသောအရာများ

ဂေါ်ဘီ၊ ပန်းဂေါ်ဘီတို့လို အသီးအရွက်မျိုးတွေများများ စားပေးပါ။ အရွက်Salad လုပ်စားတာမျိုးက သင့်ကို
အာဟာရ ပြည့်ဝစေပြီး ဝိတ်လည်း မတက်စေပါဘူး။ ဒီအတိုင်း အစိမ်းတိုင်းမကြိုက်ရင်လည်း ချက်ပြုတ်စား
သောက်လို့ရပါသေးတယ်။

(၂) ထောပတ်သီး

ထောပတ်သီးမှာ အဆီပါတာတော့ဟုတ်ပါတယ်။ ဒါပေမယ့် အဲ့ဒိအဆီဟာ ကျန်းမာရေးကောင်မွန်စေတဲ့
အဆီပါ။ အခြားအသုပ်တွေထဲမှာလည်း ထည့်စားလို့ရလို့  Sandwich ထဲမှာလည်း ထည့်စားလို့ရပါသေး
တယ်။

(၃) လတ်ဆတ်သော အသီးများ

ဘယ်လိုအသီးမျိုးပဲဖြစ်ဖြစ် စားလို့ရပါတယ်။ ဒါပေမယ့် တစ်မျိုးထဲစားတာထက် အသီးမျိုးစုံစားတာက
အာဟာရဓာတ်ပိုကြွယ်ဝစေပါတယ်။ တစ်နေ့တစ်မျိုး မရိုးရအောင်စားပါ။ ဘယ်ရီသီးတွေဟာ အာဟာရ
အပြည့်ဆုံုးနဲ့  ကယ်လိုရီအနည်းဆုံးပါပဲ။ နေ့လည် ၁၂နာရီမတိုင်ခင်မှာ သစ်သီးတစ်မျိုးတော့ စားသင့်
ပါတယ်။ အသီးဟာ အဆာပြေစေသလို အစာချက်တာလည်း မြန်လို့ သင့်ကို စွမ်းအင်အမြန်ဆုံးပေးနိုုင်
ပါတယ်။ လေ့ကျင့်ခန်းမဆော့မီမှလည်း အသီးနည်းနည်းစားလို့ရပါတယ်။

(၄) ကုလားပဲ

ကုလားပဲဟာ အမျှင်ဓာတ်နဲ့ ပရိုတိန်းဓာတ် ကြွယ်ဝပြီး စားလို့လည်းကောင်းပါတယ်။ ဟင်းချိုလည်းလုပ်သောက်
လို့ရပါတယ်။

(၅) အသီးအရွက်ဖျော်ရည်( အထူးသဖြင့် အစိမ်းရောင်အသီးအရွက် ဖျော်ရည်)

အသီးအရွက်ဖျော်ရည်ဟာ သင့်ရဲ့ အစာချက်စနစ်ကို မမောပန်းစေပဲ သင့်ကိုအာဟာရပေးနိုုင်ပါတယ်။ အိမ်မှာ
အဖျော်စက်အခုထဲက ဝယ်ထားလိုုက်တော့နော်။ ဝယ်ထားပြီးလည်း ပစ်မထားနဲ့နော်။
Ref: today.com
Credit:Auntymay


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top