မ်က္ႏွာတစ္ျပင္လံုးမွာ ထင္သာျမင္သာရွိတဲ့အလွက မ်က္ခံုးနက္နက္ကေလးပါပဲ။ ေယာက်္ားေလးေတြအေနနဲ႔လည္း မ်က္ခံုးေလးထူထဲၿပီး နက္ေမွာင္ေနရင္ တကယ့္ကိုဆြဲေဆာင္မႈရွိပါတယ္ေနာ္။ မိန္းကေလးေတြကလည္း သဘာဝအတိုင္းထူထဲတဲ့ မ်က္ခံုးနက္နက္ကေလးရွိေနရင္ အလွျပင္တဲ့အခါမွာ ေထြေထြထူးထူးအခ်ိန္ေပးၿပီး မ်က္ခံုးကိုျပင္ဆင္ျခယ္သစရာ မလိုေတာ့ဘူးေပါ့။ ဒါ့ေၾကာင့္ ဓာတ္ပစၥည္းေတြပါဝင္တဲ့ မ်က္ခံုးဆိုးေတြကို အသံုးျပဳၿပီး ျပင္ဆင္ျခယ္သမယ့္အစား အခုေဖာ္ျပေပးမယ့္ သဘာဝနည္းလမ္းေလးအတိုင္း ျပဳလုပ္လိုက္ရံုနဲ႔ ရက္သတၱပတ္အတြင္း မ်က္ခံုးေမႊးေလးေတြ ထြက္လာတာကို ေတြ႔ရမွာပါေနာ္။
(၁) ၾကက္ဥအႏွစ္
ၾကက္ဥက ပရိုတိန္းဓာတ္ၾကြယ္ဝစြာပါဝင္တာေၾကာင့္ ဆံပင္ေပါင္းတင္ေဆးေတြေတာ္ေတာ္မ်ားမ်ားမွာ ထည့္သြင္းေပါင္းစပ္တာကို ေတြ႔ဖူးၾကမွာပါ။ ဆံပင္ကိုသန္စြမ္းေစရံုသာမက မ်က္ခံုးေမႊးေလးေတြကို နက္ေမွာင္သန္စြမ္းေစႏိုင္ပါေသးတယ္။ ၾကက္ဥအႏွစ္ကို သီးျခားခြက္ထဲခြဲထည့္ၿပီး ဝါဂြမ္းစေလးနဲ႔ တို႔ယူၿပီး မ်က္ခံုေမႊးေတြေပၚကို သုတ္လိိမ္းေပးပါ။ ၁၅မိနစ္ခန္႔ထားၿပီး ၾကက္သီးထေရေႏြးေလးနဲ႔ ေရေဆးခ်လိုက္ရံုပါပဲ။ ဒီနည္းလမ္းအတိုင္း တစ္ပတ္ကို၂ႀကိမ္မွ ၃ႀကိမ္ခန္႔ျပဳလုပ္ေပးလိုက္ရံုနဲ႔ ထူးျခားခ်က္ကို ေတြ႔ျမင္ရမွာပါ။
(၂) သဘာဝသံလြင္ဆီ
မ်က္ခံုးေမႊးကိုအလ်င္ျမန္ဆံုးသန္စြမ္းေစၿပီး နက္ေမွာင္ခ်င္တယ္ဆိုရင္ေတာ့ ဗီတာမင္အီးျဖည့္္တင္းေပးသင့္ပါတယ္။ သဘာဝသံလြင္ဆီက ဗီတာမင္အီးၾကြယ္ဝစြာပါဝင္တာေၾကာင့္ မ်က္ခံုးေမႊးမ်ားသန္စြမ္းဖို႔အတြက္ အားျဖည့္ေဆးပါပဲ။ သံလြင္ဆီကို ခပ္ေႏြးေႏြးျဖစ္ေအာင္ အပူေပးၿပီး မ်က္ခံုေမႊးေပၚသုတ္လိမ္းေပးပါ။ ညအိပ္ရာမဝင္ခင္ ညစဥ္ညတိုင္းသုတ္လိမ္းေပးၿပီး မနက္အိပ္ရာထခ်ိန္မွာ ေရေႏြးနဲ႔ေဆးေၾကာသန္႔စင္ေပးပါ။ တကယ့္ကိုထိေရာက္တဲ့ နည္းလမ္းေလးျဖစ္တာေၾကာင့္ အခုပဲစမ္းလုပ္ၾကည့္လိုက္ပါေနာ္။
(၃) ပ်ားရည္
ပ်ားရည္ကလည္း အာဟာရဓာတ္မ်ား ၾကြယ္ဝစြာပါဝင္တာေၾကာင့္ မ်က္ခံုးေမႊးမ်ား က်န္းမာသန္စြမ္းဖို႔အတြက္ အေထာက္အကူျပဳပါတယ္။ ပ်ားရည္နဲ႔ သံလြင္ဆီအနည္းငယ္တို႔ကို ေရာစပ္ၿပီး ဝါဂြမ္းစေလးနဲ႔မ်က္ခံုးေမႊးေပၚကို သုတ္လိမ္းေပးပါ။ ၃မိနစ္ခန္႔ မ်က္ခံုးတစ္ဝိုက္ကို လက္ေခ်ာင္းေလးမ်ားနဲ႔ ညင္သာစြာႏွိပ္နယ္ေပးၿပီး နာရီဝက္ခန္႔ခဏထားလိုက္ပါ။ ထုိ႔ေနာက္ ေရေႏြးေလးနဲ႔ ေဆးခ်လိုက္ပါ။ ဒီနည္းလမ္းေလးအတိုင္း ေန႔စဥ္ေန႔တိုင္းျပဳလုပ္ေပးမယ္ဆိုရင္ေတာ့ ခဏအတြင္းကို ထူးျခားမႈကို ေတြ႔ျမင္ခံစားရမွာပါ။
Credit:စံပယ္(ေရႊအင္းေလး)www.shweinnlay.com
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
မျက်နှာတစ်ပြင်လုံးမှာ ထင်သာမြင်သာရှိတဲ့အလှက မျက်ခုံးနက်နက်ကလေးပါပဲ။ ယောကျ်ားလေးတွေအနေနဲ့လည်း မျက်ခုံးလေးထူထဲပြီး နက်မှောင်နေရင် တကယ့်ကိုဆွဲဆောင်မှုရှိပါတယ်နော်။ မိန်းကလေးတွေကလည်း သဘာဝအတိုင်းထူထဲတဲ့ မျက်ခုံးနက်နက်ကလေးရှိနေရင် အလှပြင်တဲ့အခါမှာ ထွေထွေထူးထူးအချိန်ပေးပြီး မျက်ခုံးကိုပြင်ဆင်ခြယ်သစရာ မလိုတော့ဘူးပေါ့။ ဒါ့ကြောင့် ဓာတ်ပစ္စည်းတွေပါဝင်တဲ့ မျက်ခုံးဆိုးတွေကို အသုံးပြုပြီး ပြင်ဆင်ခြယ်သမယ့်အစား အခုဖော်ပြပေးမယ့် သဘာဝနည်းလမ်းလေးအတိုင်း ပြုလုပ်လိုက်ရုံနဲ့ ရက်သတ္တပတ်အတွင်း မျက်ခုံးမွှေးလေးတွေ ထွက်လာတာကို တွေ့ရမှာပါနော်။
(၁) ကြက်ဥအနှစ်
ကြက်ဥက ပရိုတိန်းဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ဆံပင်ပေါင်းတင်ဆေးတွေတော်တော်များများမှာ ထည့်သွင်းပေါင်းစပ်တာကို တွေ့ဖူးကြမှာပါ။ ဆံပင်ကိုသန်စွမ်းစေရုံသာမက မျက်ခုံးမွှေးလေးတွေကို နက်မှောင်သန်စွမ်းစေနိုင်ပါသေးတယ်။ ကြက်ဥအနှစ်ကို သီးခြားခွက်ထဲခွဲထည့်ပြီး ဝါဂွမ်းစလေးနဲ့ တို့ယူပြီး မျက်ခုံမွှေးတွေပေါ်ကို သုတ်လိမ်းပေးပါ။ ၁၅မိနစ်ခန့်ထားပြီး ကြက်သီးထရေနွေးလေးနဲ့ ရေဆေးချလိုက်ရုံပါပဲ။ ဒီနည်းလမ်းအတိုင်း တစ်ပတ်ကို၂ကြိမ်မှ ၃ကြိမ်ခန့်ပြုလုပ်ပေးလိုက်ရုံနဲ့ ထူးခြားချက်ကို တွေ့မြင်ရမှာပါ။
(၂) သဘာဝသံလွင်ဆီ
မျက်ခုံးမွှေးကိုအလျင်မြန်ဆုံးသန်စွမ်းစေပြီး နက်မှောင်ချင်တယ်ဆိုရင်တော့ ဗီတာမင်အီးဖြည့်တင်းပေးသင့်ပါတယ်။ သဘာဝသံလွင်ဆီက ဗီတာမင်အီးကြွယ်ဝစွာပါဝင်တာကြောင့် မျက်ခုံးမွှေးများသန်စွမ်းဖို့အတွက် အားဖြည့်ဆေးပါပဲ။ သံလွင်ဆီကို ခပ်နွေးနွေးဖြစ်အောင် အပူပေးပြီး မျက်ခုံမွှေးပေါ်သုတ်လိမ်းပေးပါ။ ညအိပ်ရာမဝင်ခင် ညစဉ်ညတိုင်းသုတ်လိမ်းပေးပြီး မနက်အိပ်ရာထချိန်မှာ ရေနွေးနဲ့ဆေးကြောသန့်စင်ပေးပါ။ တကယ့်ကိုထိရောက်တဲ့ နည်းလမ်းလေးဖြစ်တာကြောင့် အခုပဲစမ်းလုပ်ကြည့်လိုက်ပါနော်။
(၃) ပျားရည်
ပျားရည်ကလည်း အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်တာကြောင့် မျက်ခုံးမွှေးများ ကျန်းမာသန်စွမ်းဖို့အတွက် အထောက်အကူပြုပါတယ်။ ပျားရည်နဲ့ သံလွင်ဆီအနည်းငယ်တို့ကို ရောစပ်ပြီး ဝါဂွမ်းစလေးနဲ့မျက်ခုံးမွှေးပေါ်ကို သုတ်လိမ်းပေးပါ။ ၃မိနစ်ခန့် မျက်ခုံးတစ်ဝိုက်ကို လက်ချောင်းလေးများနဲ့ ညင်သာစွာနှိပ်နယ်ပေးပြီး နာရီဝက်ခန့်ခဏထားလိုက်ပါ။ ထို့နောက် ရေနွေးလေးနဲ့ ဆေးချလိုက်ပါ။ ဒီနည်းလမ်းလေးအတိုင်း နေ့စဉ်နေ့တိုင်းပြုလုပ်ပေးမယ်ဆိုရင်တော့ ခဏအတွင်းကို ထူးခြားမှုကို တွေ့မြင်ခံစားရမှာပါ။
Credit:စံပယ်(ရွှေအင်းလေး)www.shweinnlay.com
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
မ်က္ခံုးေမႊးသဘာဝအတိုင္းထူထဲလာေစဖို႔ နည္းလမ္းေကာင္း
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။