iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ရဲ႔ ဇနီးသည္ ကုိယ္၀န္ေဆာင္တဲ့အခါ ခင္ပြန္းသည္မ်ားအေနနဲ႔ ေဘးနားကေန ေျပာင္းလဲျပီး ကူညီလုပ္ကိုင္ေပးရမယ့္ အခ်က္ေတြ ေတာ္ေတာ္မ်ားမ်ား ရွိေနပါတယ္ေနာ္။ ခင္ပြန္းသည္ဆိုတာ အခ်ိန္အမ်ားဆံုး ကိုယ္၀န္ေဆာင္ဇနီးသည္ ေဘးနားမွာ ဂရုစိုက္ျပီး ျပဳစုေပးရမွာဆိုေတာ့ ခင္ပြန္းသည္မ်ားအတြက္ အသံုး၀င္မယ့္အၾကံမ်ားကို Kalay က မွ်ေ၀ေပးပါ့မယ္။

ေဆးလိပ္မေသာက္ရပါဘူး

 ေဆးလိပ္ေသာက္ျခင္း ဆိုးက်ိဳးေတြေၾကာင့္ ကေလးပ်က္က်ႏွုန္းမ်ားျခင္း၊ ကေလးလမေစ့ပဲေမြးဖြားျခင္းတို႕နဲ႔ ေမြးဖြားလာတဲ့ကေလးမွာလည္း ကိုယ္လက္အဂၤါ မျပည့္စံုျခင္း စတဲ့ျပသနာမ်ား ျဖစ္ပြားႏိုင္ပါတယ္။

ကိုယ္၀န္ေဆာင္ဇနီးသည္ သက္ေတာင့္သက္သာျဖစ္ေစရန္ အားေပးရပါမယ္

ကိုယ္၀န္ေဆာင္ဇနီးသည္က ကိုယ္၀န္ေဆာင္ထားရတဲ့အတြက္ စိတ္ပိုင္းနဲ႔ရုပ္ပိုင္းဆိုင္ရာ အားလံုးတို႕မွာ ထိခိုက္ခံစားလြယ္ေနမွာ ျဖစ္တဲ့အတြက္ ခင္ပြန္းကေနျပီး ကိုယ္၀န္ေဆာင္ဇနီးသည္ခံစားေနရတဲ့ မေကာင္းတဲ့လကၡဏာမ်ားအေပၚ အားေပးစကားေျပာဆိုေပးသင့္ပါတယ္။
ကိုယ္၀န္ေဆာင္ဇနီးသည္အတြက္ စားေသာက္တာေတြကို အေလးထားေပးပါ

ကိုယ္၀န္ေဆာင္ဇနီးသည္က ေအာ့အန္မွု႕ေတြ မ်ားလာတတ္တာေၾကာင့္ သူမအတြက္ အာဟာရရွိျပီး က်န္းမာေရးနဲ႔ညီညြတ္မွ်တတဲ့ အစားအစာမ်ား စားႏိုင္ရန္အတြက္ ဂရုစိုက္ေပးရပါမယ္။

ကိုယ္၀န္ေဆာင္ဇနီးသည္ကို ဂရုစိုက္ပါ

 ကိုယ္၀န္ေဆာင္ေနစဥ္အတြင္း ကို္ယ္၀န္ေဆာင္မိခင္မ်ားအားလံုးတိုင္းဟာ နာက်င္ပင္ပန္းတ့ဲ လကၡဏာမ်ားစြာ ခံစားၾကရပါတယ္။ ေခါင္းကိုက္တာ၊ ေျခဖ၀ါးမ်ားနာက်င္တာ၊ ကိုယ္လက္ေယာင္ရမ္းတာ စတဲ့နာက်င္မွု႕အမ်ားၾကီးေတြကို ခံစားၾကရပါတယ္။ ဒီအခ်ိန္မွာ ခင္ပြန္းျဖစ္သူက ကိုယ္၀န္ေဆာင္ဇနီးသည္ကို ႏွိပ္ႏွယ္ေပးတာေတြအျပင္ သူမခံစားေနရတဲ့ ခက္ခဲေနတာေတြအားလံုးကို မွ်ေ၀ခံစားေပးသင့္ပါတယ္။

ဆရာ၀န္ရက္ခ်ိန္းမ်ားမွာ ကိုယ္၀န္ေဆာင္ဇနီးသည္နဲ႔အတူ လိုက္ပါသြားပါ

 အထူးသျဖင့္ ကိုယ္၀န္ေဆာင္ကာလ ကိုယ္၀န္ပတ္ ( ၁၁ ) ပတ္ မွ ( ၁၅ ) ပတ္အတြင္း၊ (၂၁) ပတ္ မွ (၂၄ ) ပတ္အတြင္းနဲ႔ ( ၃၀) ပတ္ နဲ႔ (၃၂) အတြင္းမွာ ဂရုတစိုက္နဲ႔ ကိုယ္၀န္ေဆာင္ဇနီးသည္နဲ႔အတူ ဆရာ၀န္နဲ႔ရက္ခ်ိန္းတိုင္းမွာ ေဘးနားကေန လိုက္ေပးသင့္ပါတယ္။

ခက္ခဲတာအားလံုးကို လုပ္ကိုင္ေပးပါ

အရမ္းခက္ခဲပင္ပန္းတဲ့အလုပ္ေတြကို ကိုယ္၀န္ေဆာင္ဇနီးသည္ကိုယ္စား ခင္ပြန္းကလုပ္ကိုင္ေပးသင့္ပါတယ္။ ဖုန္မွုန္႔ ၊ အညစ္အေၾကးေတြနဲ႔ ဓါတုေဗဒ စြန္႔ပစ္ပစၥည္းေတြနဲ႔ဆိုင္တဲ့ အလုပ္ေတြ စတာေတြအားလံုးကို ကိုယ္၀န္ေဆာင္ဇနီးသည္ ကိုယ္စား လုပ္ေဆာင္ေပးရပါမယ္။

ေကာင္းမြန္ျပီး အေျမွာ္အျမင္ရွိတဲ့ စကားေတြ ေျပာျပေပးပါ

 ကိုယ္၀န္ေဆာင္ဇနီးသည္အတြက္ ေကာင္းမြန္ျပီး အက်ိဳးရွိမယ့္ ရွိတဲ့စကားေတြကို သိမ္းမထားပဲ ခ်ိဳသာစြာေျပာေပးပါ။
Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode version#
ကိုယ့်ရဲ့ ဇနီးသည် ကိုယ်ဝန်ဆောင်တဲ့အခါ ခင်ပွန်းသည်များအနေနဲ့ ဘေးနားကနေ ပြောင်းလဲပြီး ကူညီလုပ်ကိုင်ပေးရမယ့် အချက်တွေ တော်တော်များများ ရှိနေပါတယ်နော်။ ခင်ပွန်းသည်ဆိုတာ အချိန်အများဆုံး ကိုယ်ဝန်ဆောင်ဇနီးသည် ဘေးနားမှာ ဂရုစိုက်ပြီး ပြုစုပေးရမှာဆိုတော့ ခင်ပွန်းသည်များအတွက် အသုံးဝင်မယ့်အကြံများကို Kalay က မျှဝေပေးပါ့မယ်။

ဆေးလိပ်မသောက်ရပါဘူး

 ဆေးလိပ်သောက်ခြင်း ဆိုးကျိုးတွေကြောင့် ကလေးပျက်ကျနှုန်းများခြင်း၊ ကလေးလမစေ့ပဲမွေးဖွားခြင်းတို့နဲ့ မွေးဖွားလာတဲ့ကလေးမှာလည်း ကိုယ်လက်အင်္ဂါ မပြည့်စုံခြင်း စတဲ့ပြသနာများ ဖြစ်ပွားနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ဇနီးသည် သက်တောင့်သက်သာဖြစ်စေရန် အားပေးရပါမယ်

ကိုယ်ဝန်ဆောင်ဇနီးသည်က ကိုယ်ဝန်ဆောင်ထားရတဲ့အတွက် စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာ အားလုံးတို့မှာ ထိခိုက်ခံစားလွယ်နေမှာ ဖြစ်တဲ့အတွက် ခင်ပွန်းကနေပြီး ကိုယ်ဝန်ဆောင်ဇနီးသည်ခံစားနေရတဲ့ မကောင်းတဲ့လက္ခဏာများအပေါ် အားပေးစကားပြောဆိုပေးသင့်ပါတယ်။
ကိုယ်ဝန်ဆောင်ဇနီးသည်အတွက် စားသောက်တာတွေကို အလေးထားပေးပါ

ကိုယ်ဝန်ဆောင်ဇနီးသည်က အော့အန်မှု့တွေ များလာတတ်တာကြောင့် သူမအတွက် အာဟာရရှိပြီး ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့ အစားအစာများ စားနိုင်ရန်အတွက် ဂရုစိုက်ပေးရပါမယ်။

ကိုယ်ဝန်ဆောင်ဇနီးသည်ကို ဂရုစိုက်ပါ

 ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များအားလုံးတိုင်းဟာ နာကျင်ပင်ပန်းတဲ့ လက္ခဏာများစွာ ခံစားကြရပါတယ်။ ခေါင်းကိုက်တာ၊ ခြေဖဝါးများနာကျင်တာ၊ ကိုယ်လက်ယောင်ရမ်းတာ စတဲ့နာကျင်မှု့အများကြီးတွေကို ခံစားကြရပါတယ်။ ဒီအချိန်မှာ ခင်ပွန်းဖြစ်သူက ကိုယ်ဝန်ဆောင်ဇနီးသည်ကို နှိပ်နှယ်ပေးတာတွေအပြင် သူမခံစားနေရတဲ့ ခက်ခဲနေတာတွေအားလုံးကို မျှဝေခံစားပေးသင့်ပါတယ်။

ဆရာဝန်ရက်ချိန်းများမှာ ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့အတူ လိုက်ပါသွားပါ

 အထူးသဖြင့် ကိုယ်ဝန်ဆောင်ကာလ ကိုယ်ဝန်ပတ် ( ၁၁ ) ပတ် မှ ( ၁၅ ) ပတ်အတွင်း၊ (၂၁) ပတ် မှ (၂၄ ) ပတ်အတွင်းနဲ့ ( ၃၀) ပတ် နဲ့ (၃၂) အတွင်းမှာ ဂရုတစိုက်နဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့အတူ ဆရာဝန်နဲ့ရက်ချိန်းတိုင်းမှာ ဘေးနားကနေ လိုက်ပေးသင့်ပါတယ်။

ခက်ခဲတာအားလုံးကို လုပ်ကိုင်ပေးပါ

အရမ်းခက်ခဲပင်ပန်းတဲ့အလုပ်တွေကို ကိုယ်ဝန်ဆောင်ဇနီးသည်ကိုယ်စား ခင်ပွန်းကလုပ်ကိုင်ပေးသင့်ပါတယ်။ ဖုန်မှုန့် ၊ အညစ်အကြေးတွေနဲ့ ဓါတုဗေဒ စွန့်ပစ်ပစ္စည်းတွေနဲ့ဆိုင်တဲ့ အလုပ်တွေ စတာတွေအားလုံးကို ကိုယ်ဝန်ဆောင်ဇနီးသည် ကိုယ်စား လုပ်ဆောင်ပေးရပါမယ်။

ကောင်းမွန်ပြီး အမြှော်အမြင်ရှိတဲ့ စကားတွေ ပြောပြပေးပါ

 ကိုယ်ဝန်ဆောင်ဇနီးသည်အတွက် ကောင်းမွန်ပြီး အကျိုးရှိမယ့် ရှိတဲ့စကားတွေကို သိမ်းမထားပဲ ချိုသာစွာပြောပေးပါ။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top