iMyanmarHouse.com - Best Property Website for Myanmar
×
#Unicode Version#
ဆယ်ကျော်သက်တွေအတွက် တစ်ရက်ကို အနည်းဆုံးအိပ်ချိန် ၈ နာရီကနေ ၁၀ နာရီထိလိုအပ်ပါတယ်။ ဒီလောက်အိပ်ချိန်ပမာဏရမှပဲ ဦးနှောက်က အလုပ်ကောင်းကောင်းလုပ်နိုင်မှာပါ။
ခုခေတ်လူငယ်တွေက ပုံမှန်ဆိုရင် ၁၀ း ၄၅ မတိုင်ခင်မအိပ်ချင်ကြဘူး။  ပြီးတော့ မနက်ဆိုရင် ၈ နာရီမထိုးခင်ထဖို့ ခက်ခဲလွန်းတယ်။ ဒါမယ့် ဒါဟာ မထချင်တဲ့အကျင့်ကြောင့်မဟုတ်ပါဘူး။ ပျင်းလို့လည်းမဟုတ်ပါဘူး။ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကြောင့်ပါပဲ။ သဘာဝအတိုင်းဖြစ်နေတာပါ။
ပြူနာကတော့ ကျောင်းစောစောတက်တာက ဆယ်ကျော်သက်တွေရဲ့ ဇီဝဖြစ်စဉ်နဲ့ ဆန့်ကျင့်နေတာပါပဲ။ အပျို၊ လူပျိုဝင်တဲ့အချိန်မှာ ဆယ်ကျော်သက်တွေက အိပ်ရေးပျက်တာမခံနိုင်သလို
အိပ်ရေးပျက်လို့ရလာမယ့်ဆိုးကျိုးတွေကိုလည်း ခံနိုင်ရည်မရှိပါဘူး။ စိတ်တိုတာတွေ၊ ဆတ်ဆတ်ထိမခံတာတွေ နဲ့ ရန်လိုစိတ်တွေက အိပ်ရေးမဝတဲ့အကျိုးဆက်တွေပါ။
အိပ်ချိန်လုံလုံလောက်လောက် မရရှိတာက စွမ်းဆောင်ရေကိုကျစေပါတယ်။ ကျောင်းမှာ စာသင်တဲ့အချိန် အာရုံစိုက်နိုင်စွမ်းကို ကျဆင်းစေတယ်။ တီထွင်ဖန်တီးနိုင်စွမ်းကို ကျစေတယ်။
ပြီးတော့ကျောင်းသားတွေစိတ်ဖိစီးရတဲ့ အကြောင်းရင်းရဲ့၅၀ ရာခိုင်နှုန်းလောက်က အိပ်ရေးမဝလို့ဆိုတာကိုလည်း လေ့လာစမ်းသပ်မှုကနေသိရပါတယ်။
ဒါကြောင့်မိဘတွေအနေနဲ့လည်း အဆင်ပြေမယ်ဆိုရင် ကလေးတွေကိုစောစောထဖို့ သိပ်ပြီးတွန်းအားမပေးစေချင်ပါဘူး။
Credit:လင်း(ရွှေအင်းလေး)
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top