iMyanmarHouse.com - Best Property Website for Myanmar
×

လူတုိင္းမွာ ကိုယ့္ရဲ႕ဘဝကို ဘယ္လိုျဖစ္ခ်င္ၾကသလဲဆုိတဲ့ စိတ္ကူးေတြ႐ွိၾကပါတယ္။ တခ်ိဳ႕ကေတာ့ ကိုယ့္ဘဝလမ္းေၾကာင္းကို ေကာင္းေကာင္းမြန္မြန္ေလွ်ာက္လွမ္းႏိုင္တယ္။ တခ်ိဳ႕ကေတာ့ အလြဲလြဲအေခ်ာ္ေခ်ာ္ေတြနဲ႔။ ဘဝခရီးကို ေလွ်ာက္တဲ့အခါ ရဲရင့္ျပတ္သားတဲ့စိတ္နဲ႔ ေလွ်ာက္ႏိုင္ပါမွ မိန္းကေလးေတြအဖုိ႔ ပိုၿပီးလံုျခံဳရပါလိမ့္မယ္။ အခုေျပာျပမယ့္အရာေတြနဲ႔ တုိက္ဆိုင္ေနတယ္ဆုိရင္ေတာ့ ေလဒီက ေပ်ာ့ညံ့တဲ့မိန္းမတစ္ေယာက္မဟုတ္ဘူးလို႔ ဆုိပါရေစ။

၁။ ဘဝကိုေျပာင္းလဲဖုိ႔ဆံုးျဖတ္ႏိုင္တယ္

ေျပာင္းလဲခ်င္တာနဲ႔ ေျပာင္းလဲဖုိ႔ဆံုးျဖတ္တာက ကြဲျပားတယ္။ စိတ္ကူး႐ွိၿပီး လက္ေတြ႔မလုပ္ရင္ ဘာမွျဖစ္မလာဘူး။ ဆံုးျဖတ္ၿပီးရင္ေတာ့ လက္ေတြ႔အေကာင္အထည္ေဖာ္ရေတာ့မယ္။ ဘာေတြၾကံဳၾကံဳ ရင္ဆိုင္ရေတာ့မယ္ေလ။ တစ္နည္းနဲ႔အဆင္မေျပရင္ ေနာက္တစ္နည္းနဲ႔ ေ႐ွ႕ဆက္ရဲတာကမွ ရဲရင့္ျပတ္သားတာပါ။

၂။ ေဝဝါးေနမႈေတြကေန ကိုယ္တုိင္႐ုန္းထြက္တယ္

လူေတြအားလံုးကေတာ့ ကိုယ္လုိခ်င္တဲ့ဘဝကို ေမွ်ာ္မွန္းၾကတယ္။ ပိုေကာင္းတဲ့ဘဝကိုေပါ့။ ဒါေပမဲ့ လက္႐ွိအေနအထားက သက္ေတာင့္သက္သာ အဆင္ေျပေနရင္ ေ႐ွ႕ဆက္ႀကိဳးစား႐ုန္းကန္ဖုိ႔ကို ပ်င္းရိသြားေရာ။ ေနရာတစ္ခုတည္းမွာ ရပ္တန္႔မေနဘဲ ေ႐ွ႕ဆက္ႀကိဳးစားေနတဲ့ မိန္းမေတြကမွ တကယ္ကိုအားက်ေလးစားစရာေကာင္းပါတယ္။ ဘဝကို ေျပာင္းလဲျခင္ရင္ ေၾကာက္လန္႔မႈေတြကို ေမာင္းထုတ္ႏိုင္ဖုိ႔ လိုမယ္။

၃။ လိုခ်င္တာကိုပဲအာ႐ံုစိုက္တယ္

ကိုယ္မလိုခ်င္တာေတြ၊ မျဖစ္ခ်င္တာေတြ ၾကံဳေနရတယ္။ ဒါဆုိရင္ ကိုယ္လိုခ်င္တာ၊ ျဖစ္ခ်င္တာကေရာ ဘာလဲ? ျဖစ္ခ်င္တာ လိုခ်င္တာကို အာ႐ံုစိုက္ၿပီး မျဖစ္ခ်င္တဲ့အရာေတြအေပၚ စိတ္တုိင္းမက်ျဖစ္ေနရင္း အခ်ိန္ကုန္မခံေတာ့ဘူးေလ။

၄။ အေပါင္းအသင္းေ႐ြးတယ္

အဆင့္အတန္းခြဲျခားတာကို မဆုိလိုဘူးေနာ္။ ကိုယ္က ဒီလမ္းေၾကာင္းကို ေလွ်ာက္ခ်င္တယ္ဆိုရင္ ကိုယ့္ေ႐ွ႕ကေန ႀကိဳေရာက္ႏွင့္ၿပီးသား စီနီယာေတြနဲ႔ေပါင္းတယ္။ ဒါမွ ကိုယ့္အတြက္ အတုယူစရာေတြ ရလာမယ္။ ကိုယ့္အေပါင္းအသင္းကို ကိုယ္တုိင္ပဲ ေ႐ြးခ်ယ္ေပါင္းသင္းေလ့႐ွိသူက ဉာဏ္ေကာင္းတယ္လို႔ ဆုိရမယ္။

၅။ ၿပီးေျမာက္ဖုိ႔က အေရးႀကီးေၾကာင္း နားလည္တယ္

တစ္ခုခုလုပ္ဖုိ႔အတြက္ ၿပီးျပည့္စံုတဲ့အခ်ိန္၊ လူ စတာကို ေစာင့္မေနဘူး။ လုပ္စရာ႐ွိတာကို အေကာင္းဆံုးျဖစ္ေအာင္ လုပ္လုိက္တယ္။ အေတြ႔အၾကံဳထက္ ပိုေကာင္းတဲ့ဆရာဆုိတာ မရွိဘူးလို႔လည္း ခံယူထားတယ္။

၆။ စိတ္ဓာတ္ပိုင္းဆုိင္ရာကိုလည္း ဂ႐ုစိုက္တယ္

စိတ္တက္ၾကြမႈ၊ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈ စတာေတြအတြက္ ကိုယ့္ရဲ႕စိတ္ခံစားခ်က္ကိုလည္း ဂ႐ုစိုက္တယ္။ စိတ္ကို အနားေပးတယ္။ အားျဖည့္တယ္။ စာဖတ္ျခင္း၊ သီခ်င္းနားေထာင္ျခင္း၊ တရားထုိင္ျခင္းေတြက တကယ္ကို ေကာင္းပါတယ္။ ကိုယ့္ကိုယ္ကိုယ္လည္း အၿမဲအားေပးေနတယ္။ "ငါလုပ္ႏိုင္တယ္၊ ျဖစ္ကိုျဖစ္ရမယ္" ဆုိတဲ့စိတ္လည္း ထားရွိတယ္။

၇။ ကိုယ့္ကိုယ္ကိုယ္ေ႐ွ႕ေနလိုက္တယ္

ေ႐ွ႕ေနလိုက္တယ္ဆုိတာ ကာကြယ္ဖံုးဖိရတာေတြတင္မကဘူး ေဖာ္ထုတ္ရတာေတြလည္း ႐ွိတယ္မဟုတ္လား။ ကိုယ့္စိတ္ကိုယ္ မညာသူေတြေပါ့။ ကိုယ္ျဖစ္ခ်င္တာကိုလည္း ေကာင္းေကာင္းသိတယ္။ ကိုယ့္ကိုယ္ကိုယ္ညာၿပီးေတာ့လည္း လမ္းမွားေတြကို အတင္းေလွ်ာက္မေနဘူး။ ၿပီးေတာ့ ကိုယ့္အတြက္ေကာင္းမယ္ဆုိရင္ ျဖစ္ေအာင္လုပ္တယ္။
Credit:duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
လူတိုင်းမှာ ကိုယ့်ရဲ့ဘဝကို ဘယ်လိုဖြစ်ချင်ကြသလဲဆိုတဲ့ စိတ်ကူးတွေရှိကြပါတယ်။ တချို့ကတော့ ကိုယ့်ဘဝလမ်းကြောင်းကို ကောင်းကောင်းမွန်မွန်လျှောက်လှမ်းနိုင်တယ်။ တချို့ကတော့ အလွဲလွဲအချော်ချော်တွေနဲ့။ ဘဝခရီးကို လျှောက်တဲ့အခါ ရဲရင့်ပြတ်သားတဲ့စိတ်နဲ့ လျှောက်နိုင်ပါမှ မိန်းကလေးတွေအဖို့ ပိုပြီးလုံခြုံရပါလိမ့်မယ်။ အခုပြောပြမယ့်အရာတွေနဲ့ တိုက်ဆိုင်နေတယ်ဆိုရင်တော့ လေဒီက ပျော့ညံ့တဲ့မိန်းမတစ်ယောက်မဟုတ်ဘူးလို့ ဆိုပါရစေ။

၁။ ဘဝကိုပြောင်းလဲဖို့ဆုံးဖြတ်နိုင်တယ်

ပြောင်းလဲချင်တာနဲ့ ပြောင်းလဲဖို့ဆုံးဖြတ်တာက ကွဲပြားတယ်။ စိတ်ကူးရှိပြီး လက်တွေ့မလုပ်ရင် ဘာမှဖြစ်မလာဘူး။ ဆုံးဖြတ်ပြီးရင်တော့ လက်တွေ့အကောင်အထည်ဖော်ရတော့မယ်။ ဘာတွေကြုံကြုံ ရင်ဆိုင်ရတော့မယ်လေ။ တစ်နည်းနဲ့အဆင်မပြေရင် နောက်တစ်နည်းနဲ့ ရှေ့ဆက်ရဲတာကမှ ရဲရင့်ပြတ်သားတာပါ။

၂။ ဝေဝါးနေမှုတွေကနေ ကိုယ်တိုင်ရုန်းထွက်တယ်

လူတွေအားလုံးကတော့ ကိုယ်လိုချင်တဲ့ဘဝကို မျှော်မှန်းကြတယ်။ ပိုကောင်းတဲ့ဘဝကိုပေါ့။ ဒါပေမဲ့ လက်ရှိအနေအထားက သက်တောင့်သက်သာ အဆင်ပြေနေရင် ရှေ့ဆက်ကြိုးစားရုန်းကန်ဖို့ကို ပျင်းရိသွားရော။ နေရာတစ်ခုတည်းမှာ ရပ်တန့်မနေဘဲ ရှေ့ဆက်ကြိုးစားနေတဲ့ မိန်းမတွေကမှ တကယ်ကိုအားကျလေးစားစရာကောင်းပါတယ်။ ဘဝကို ပြောင်းလဲခြင်ရင် ကြောက်လန့်မှုတွေကို မောင်းထုတ်နိုင်ဖို့ လိုမယ်။

၃။ လိုချင်တာကိုပဲအာရုံစိုက်တယ်

ကိုယ်မလိုချင်တာတွေ၊ မဖြစ်ချင်တာတွေ ကြုံနေရတယ်။ ဒါဆိုရင် ကိုယ်လိုချင်တာ၊ ဖြစ်ချင်တာကရော ဘာလဲ? ဖြစ်ချင်တာ လိုချင်တာကို အာရုံစိုက်ပြီး မဖြစ်ချင်တဲ့အရာတွေအပေါ် စိတ်တိုင်းမကျဖြစ်နေရင်း အချိန်ကုန်မခံတော့ဘူးလေ။

၄။ အပေါင်းအသင်းရွေးတယ်

အဆင့်အတန်းခွဲခြားတာကို မဆိုလိုဘူးနော်။ ကိုယ်က ဒီလမ်းကြောင်းကို လျှောက်ချင်တယ်ဆိုရင် ကိုယ့်ရှေ့ကနေ ကြိုရောက်နှင့်ပြီးသား စီနီယာတွေနဲ့ပေါင်းတယ်။ ဒါမှ ကိုယ့်အတွက် အတုယူစရာတွေ ရလာမယ်။ ကိုယ့်အပေါင်းအသင်းကို ကိုယ်တိုင်ပဲ ရွေးချယ်ပေါင်းသင်းလေ့ရှိသူက ဉာဏ်ကောင်းတယ်လို့ ဆိုရမယ်။

၅။ ပြီးမြောက်ဖို့က အရေးကြီးကြောင်း နားလည်တယ်

တစ်ခုခုလုပ်ဖို့အတွက် ပြီးပြည့်စုံတဲ့အချိန်၊ လူ စတာကို စောင့်မနေဘူး။ လုပ်စရာရှိတာကို အကောင်းဆုံးဖြစ်အောင် လုပ်လိုက်တယ်။ အတွေ့အကြုံထက် ပိုကောင်းတဲ့ဆရာဆိုတာ မရှိဘူးလို့လည်း ခံယူထားတယ်။

၆။ စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလည်း ဂရုစိုက်တယ်

စိတ်တက်ကြွမှု၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု စတာတွေအတွက် ကိုယ့်ရဲ့စိတ်ခံစားချက်ကိုလည်း ဂရုစိုက်တယ်။ စိတ်ကို အနားပေးတယ်။ အားဖြည့်တယ်။ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ တရားထိုင်ခြင်းတွေက တကယ်ကို ကောင်းပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အမြဲအားပေးနေတယ်။ "ငါလုပ်နိုင်တယ်၊ ဖြစ်ကိုဖြစ်ရမယ်" ဆိုတဲ့စိတ်လည်း ထားရှိတယ်။

၇။ ကိုယ့်ကိုယ်ကိုယ်ရှေ့နေလိုက်တယ်

ရှေ့နေလိုက်တယ်ဆိုတာ ကာကွယ်ဖုံးဖိရတာတွေတင်မကဘူး ဖော်ထုတ်ရတာတွေလည်း ရှိတယ်မဟုတ်လား။ ကိုယ့်စိတ်ကိုယ် မညာသူတွေပေါ့။ ကိုယ်ဖြစ်ချင်တာကိုလည်း ကောင်းကောင်းသိတယ်။ ကိုယ့်ကိုယ်ကိုယ်ညာပြီးတော့လည်း လမ်းမှားတွေကို အတင်းလျှောက်မနေဘူး။ ပြီးတော့ ကိုယ့်အတွက်ကောင်းမယ်ဆိုရင် ဖြစ်အောင်လုပ်တယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top