iMyanmarHouse.com - Best Property Website for Myanmar
×

ဘြတ္ဖိနပ္၊ ရွဴးဖိနပ္ကို ၾကာရွည္စြာ စီးရတဲ့ သူေတြ ေတာ္ေတာ္မ်ားမ်ား ေျခသည္း အညိဳမည္းစြဲၾကပါတယ္။ အမွန္တကယ္ေတာ့ ေျခသည္းၾကားမွာ ကပ္ညွိေနတဲ့ ဘတ္တီးရီးယား ပိုးမႊားေတြက တစ္ဆင့္ ျဖစ္ေပၚလာတာေၾကာင့္ မေပါ့ဆသင့္ပါဘူးေနာ္။ ေျခသည္း ပုပ္ရျခင္းရဲ႕ ေနာက္ဆက္တြဲ ဆိုးက်ိဳးအေနနဲ႔ ကေတာ့ ေျခသည္း အေရာင္ညိဳမည္းလာျခင္း၊ အနံ႔ဆိုးမ်ား ထြက္လာျခင္းနဲ႔ ေျခသည္းမ်ား အလြယ္တကူ က်ိဳးပဲ့ လြယ္ၿပီး ေနာက္ဆံုးအလွပ်က္သြားေစႏိုင္ပါတယ္္။ ဒါ့ေၾကာင့္ ေဘးထြက္ဆိုးက်ိဳး မရွိပဲ ေျခသည္း ပုပ္တာကို ကုသႏို္င္မယ့္ သဘာဝနည္းလမ္းေကာင္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

လိုအပ္တဲ့ပစၥည္းေတြကေတာ့

===============

ခံတြင္းသန္႔စင္ရည္

ပန္းသီးရွာလကာရည္

လက္ဖက္စိမ္းရြက္အဆီ

သံလြင္ဆီ

သြားတိုက္တံ

သန္႔စင္ေသာ မ်က္ႏွာသုတ္ပုဝါ

ပထမဦးဆံုး အေနနဲ႔ ဇလံုႀကီး တစ္ခုထဲသို႔ ခံတြင္းသန္႔စင္ရည္ ၃ ခြက္၊ ပန္းသီးရွာလကာရည္ ၃ ခြက္တို႔ကိုု ေရာစပ္ထည့္လိုက္ပါ။ ေရာစပ္ထားတဲ့ အရည္ထဲသုိ႔ မိနစ္ ၃၀ခန္႔ေျခေထာက္စိမ္ေပးပါ။ ၿပီးေနာက္ ေျခေထာက္မ်ား ေျခာက္ေသြ႔သြားေအာင္ သန္႔စင္တဲ့ ပုဝါေလးနဲ႔ သုတ္ေပးပါ။ ေျခေထာက္ေတြ သန္႔စင္ၿပီးသြားၿပီဆိုရင္ေတာ့ ေျခသည္းအတြက္ အားျဖည့္ေပးမယ့္ အဆင့္ေရာက္ပါၿပီ။ အဖံုးပါဝင္ၿပီး အစက္ခ်လုိ႔ ရတဲ့ ပုလင္းဘူး ေသးေသးေလးထဲသို႔ လက္ဖက္စိမ္းရြက္အဆီႏွင့္ သံလြင္ဆီတို႔ကို ဆတူေရာစပ္ၿပီး ႏွံ႔သြားေအာင္ ေမႊလိုက္ပါ။ ရရွိလာတဲ့ အေရာအေႏွာကို ပုပ္ၿပီး ညိဳမည္းစြဲေနတဲ့ ေျခသည္းအၾကား တစ္စက္ခ်င္းခ်ၿပီး ၁၅ မိနစ္ခန္႔ ထားထားလိုက္ပါအံုး။ ၿပီးရင္ေတာ့ ေျခသည္းၾကားထဲ အဆီမ်ား စိမ့္ဝင္သြားေအာင္ သြားတိုက္တံကို အသံုးျပဳၿပီး Scrub သေဘာမ်ိဳး ေျခသည္းမ်ားကို ပြတ္တိုက္ေပးရမွာပဲ ျဖစ္ပါတယ္။

ဒီနည္းလမ္ေလးအတုိင္း ေန႔စဥ္ပံုမွန္ျပဳလုပ္ေပးမယ္ ဆိုရင္ေတာ့ ေျခသည္းပုပ္ျခင္း၊ ေျခဆီအနံ႔ဆိုးထြက္ျခင္း၊ ေျခသည္းအေရာင္ညစ္မည္း ျခင္းတို႔ကို သက္သာေစႏိုင္တာကို ေတြ႔ရမွာပါေနာ္။

Credit:စံပယ္(ေရႊအင္းေလး)

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ဘွတ်ဖိနပ်၊ ရှူးဖိနပ်ကို ကြာရှည်စွာ စီးရတဲ့ သူတွေ တော်တော်များများ ခြေသည်း အညိုမည်းစွဲကြပါတယ်။ အမှန်တကယ်တော့ ခြေသည်းကြားမှာ ကပ်ညှိနေတဲ့ ဘတ်တီးရီးယား ပိုးမွှားတွေက တစ်ဆင့် ဖြစ်ပေါ်လာတာကြောင့် မပေါ့ဆသင့်ပါဘူးနော်။ ခြေသည်း ပုပ်ရခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ကတော့ ခြေသည်း အရောင်ညိုမည်းလာခြင်း၊ အနံ့ဆိုးများ ထွက်လာခြင်းနဲ့ ခြေသည်းများ အလွယ်တကူ ကျိုးပဲ့ လွယ်ပြီး နောက်ဆုံးအလှပျက်သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ဘေးထွက်ဆိုးကျိုး မရှိပဲ ခြေသည်း ပုပ်တာကို ကုသနိုင်မယ့် သဘာဝနည်းလမ်းကောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

လိုအပ်တဲ့ပစ္စည်းတွေကတော့

===============

ခံတွင်းသန့်စင်ရည်

ပန်းသီးရှာလကာရည်

လက်ဖက်စိမ်းရွက်အဆီ

သံလွင်ဆီ

သွားတိုက်တံ

သန့်စင်သော မျက်နှာသုတ်ပုဝါ

ပထမဦးဆုံး အနေနဲ့ ဇလုံကြီး တစ်ခုထဲသို့ ခံတွင်းသန့်စင်ရည် ၃ ခွက်၊ ပန်းသီးရှာလကာရည် ၃ ခွက်တို့ကိုု ရောစပ်ထည့်လိုက်ပါ။ ရောစပ်ထားတဲ့ အရည်ထဲသို့ မိနစ် ၃၀ခန့်ခြေထောက်စိမ်ပေးပါ။ ပြီးနောက် ခြေထောက်များ ခြောက်သွေ့သွားအောင် သန့်စင်တဲ့ ပုဝါလေးနဲ့ သုတ်ပေးပါ။ ခြေထောက်တွေ သန့်စင်ပြီးသွားပြီဆိုရင်တော့ ခြေသည်းအတွက် အားဖြည့်ပေးမယ့် အဆင့်ရောက်ပါပြီ။ အဖုံးပါဝင်ပြီး အစက်ချလို့ ရတဲ့ ပုလင်းဘူး သေးသေးလေးထဲသို့ လက်ဖက်စိမ်းရွက်အဆီနှင့် သံလွင်ဆီတို့ကို ဆတူရောစပ်ပြီး နှံ့သွားအောင် မွှေလိုက်ပါ။ ရရှိလာတဲ့ အရောအနှောကို ပုပ်ပြီး ညိုမည်းစွဲနေတဲ့ ခြေသည်းအကြား တစ်စက်ချင်းချပြီး ၁၅ မိနစ်ခန့် ထားထားလိုက်ပါအုံး။ ပြီးရင်တော့ ခြေသည်းကြားထဲ အဆီများ စိမ့်ဝင်သွားအောင် သွားတိုက်တံကို အသုံးပြုပြီး Scrub သဘောမျိုး ခြေသည်းများကို ပွတ်တိုက်ပေးရမှာပဲ ဖြစ်ပါတယ်။

ဒီနည်းလမ်လေးအတိုင်း နေ့စဉ်ပုံမှန်ပြုလုပ်ပေးမယ် ဆိုရင်တော့ ခြေသည်းပုပ်ခြင်း၊ ခြေဆီအနံ့ဆိုးထွက်ခြင်း၊ ခြေသည်းအရောင်ညစ်မည်း ခြင်းတို့ကို သက်သာစေနိုင်တာကို တွေ့ရမှာပါနော်။

Credit:စံပယ်(ရွှေအင်းလေး)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top