iMyanmarHouse.com - Best Property Website for Myanmar
×

အျမင္အာရံုနဲ႔ဆိုင္တဲ႔ ျပႆနာေတြဟာ ဒီေန႕ေခတ္ၾကီးထဲမွာ လူုျဖစ္မ်ားတဲ႔ျပႆနာတစ္ခုလိုေတာင္ျဖစ္ေနပါျပီ။  ဒါေပမယ္႔ ကြ်န္ေတာ္တို႔ေတြ စခရင္ေရွ႕မွာ (ဖုန္း၊ ကြန္ပ်ဴတာ၊ တီဗီ) ျဖဳန္းမိတဲ႔အခ်ိန္ေတြနဲ႔ႏႈိင္းစာရင္ ဒီျဖစ္ရပ္ေတြက အံ႔ၾသစရာေတာ႔မရွိပါဘူး။ ဒီေခတ္ကေလးေတြဆိုရင္ ပိုဆိုးပါတယ္။ သူတို႔အားလပ္ခ်ိန္အမ်ားစုကို ကြန္ပ်ဴတာစခရင္ေရွ႕မွာ (ဒါမွမဟုတ္) ဖုန္းစခရင္ေရွ႕မွာ အသံုးခ်ေနၾကတာပါပဲ။

၁။ သင္႔ရဲ႕မ်က္စိၾကြက္သားေတြကို ႏႈိးဆြေပးပါ

အဓိက ကေတာ႔ မ်က္စိၾကြက္သားေတြကို ႏႈိးဆြေပးတာပါပဲ။ လုပ္ရမွာေလးကေတာ႔ ရိုးရွင္းပါတယ္။ ဒါေပမယ္႔ မနက္တိုင္းေတာ႔ လုပ္ေပးလို႔လိုပါတယ္။ မနက္အိပ္ယာထျပီဆိုတာနဲ႕ မ်က္ႏွာကို ေရေအးေအးေလးနဲ႔ သစ္ေပးပါ။ ျပီိးရင္ ပါးစပ္ထဲမွာေရငံုပါ။ မ်က္စိကိုမွိတ္ထားျပီး ေရေအးေအးေလးနဲ႔မ်က္စိေပၚကိုပက္ျဖန္းေပးပါ။ ပါးစပ္ထဲမွာငံုထားတဲ႔ ေရရဲ႕ဖိအားနဲ႔အတူ အဲဒီလိုလုပ္ေပးျခင္းက မ်က္စိၾကြက္သားေတြကို ႏႈိးဆြေပးပါတယ္။ ေနာက္ျပီး မ်က္ႏွာေပၚကိုေရေအးနဲ႔ပက္ဖ်န္းေပးျခင္းက မ်က္စိအာရံုေၾကာေတြကိုလႈံ႕ေဆာ္ေပးျပီး အေရျပားကိုလည္း ႏုပ်ိဳလန္းဆန္းလာေစပါတယ္။

၂။ ပင္ပန္းႏြမ္းနယ္ေနတဲ႔မ်က္စိကို ႏွိပ္နယ္ေပးပါ

ဒီနည္းလမ္းေလးကေတာ႔ ကြန္ပ်ဴတာ စခရင္ေရွ႕မွာအၾကာၾကီးထိုင္ျပီးအလုပ္လုပ္ေနရတဲ႔လူေတြအတြက္ေတာ႔ အသင္႔ေတာ္ဆံုးပါပဲ။ လက္မကို မ်က္ခံုးအေပၚမွာ၊ လက္ညွိဳးကိုမ်က္ခံုးေအာက္မွာထားျပီး ညွင္သာစြာႏွိပ္နယ္ေပးပါ။ ျပီးရင္ မ်က္ခံုးရိုးတေလွ်ာက္လံုးကို ညွင္သာစြာဖိအားေပးပါ။ ေနာက္ျပီး မ်က္စိမွိတ္ထားျပီး လက္မနဲ႔မ်က္စိအေပၚကေန ညွင္ညွင္သာသာေလး ပြတ္ေပးပါ။  မ်က္စိအနားတဝိုက္ ေသြးလည္ပတ္မႈေကာင္းေအာင္နဲ႕ အာရံုေၾကာတင္းမာမႈေတြကိုေျဖေလွ်ာ႔ဖို႔ ဒီနည္းလမ္းေလးကို (၃) နာရီတစ္ခါေလာက္ ျပဳလုပ္ေပးသင္႔ပါတယ္။ ဒီေလ႔က်င္႔ခန္းေလးကေတာ႔ ကြန္ပ်ဴတာစခရင္ကိုအၾကာၾကီး ၾကည္႔ေနရလို႔ ေညာင္းညာေနတဲ႔မ်က္စိက်န္းမာေရးအတြက္ အထူးေကာင္းမြန္ပါတယ္။

၃။ မ်က္စိေလ႔က်င္႔ခန္းလုပ္ေပးပါ

ဒီနည္းလမ္းေလးကေတာ႔ မ်က္စိၾကြက္သားေလးေတြကို ႏႈိးဆြေပးဖို႔အတြက္ လုပ္ေပးရတာပါ။ အရင္ဆံုး မ်က္စိကိုဘယ္ဘက္ကေနညာဘက္၊ ညာဘက္ကေနဘယ္ဘက္ ၾကည္႔ေပးပါ။ ျပီးရင္ အေပၚကေအာက္၊ ေအာက္ကေန အေပၚျပန္ၾကည္႔ေပးပါ။ ျပီးရင္ နာရီလက္တံံအတိုင္းတစ္ခါ၊ နာရီလက္တံေျပာင္းျပန္တစ္ခါ မ်က္စိကို မ်က္ခြံအတြင္းမွာ လွည္႔ေပးပါ။ တစ္ၾကိမ္လုပ္ရင္ အေပၚကနည္းအတိုင္း (၃)ခါ (၄) ခါေလာက္လုပ္ေပးမယ္ဆိုရင္ မ်က္စိၾကြက္သားေတြကို အထူးအားေကာင္းလာေစႏိုင္မွာပါ။

၄။ မ်က္စိကိုအနားေပးပါ

ဒီနည္းလမ္းေလးကေတာ႔ မ်က္စိအထူးကုဆရာဝန္ Dr Bates က လက္ဖဝါးသံုးျခင္း (Palming) လို႔ နာမည္ေပးထားတဲ႔ နည္းလမ္းေလးပဲျဖစ္ပါတယ္။ ဒီနည္းလမ္းအတိုင္းလုပ္ဖို႔ လက္ဖဝါးႏွစ္ဖက္ကို စကၠန္႕ (၃၀) ေလာက္ၾကာေအာင္ပြတ္တိုက္ျပီး အပူေပးပါ။ ျပီးရင္ မ်က္စိမွိတ္ျပီး မ်က္ခြံေပၚမွာညွင္သာစြာတင္ျပီး အပူေပးလိုက္ပါ။ အပူခ်ိန္ေလ်ာ႔ပါးသြားသည္အထိ တစ္မိနစ္ေလာက္ၾကာေအာင္ အဲဒီပံုစံအတိုင္းထားေပးပါ။  ျပီးရင္မ်က္စိကိုေျဖးညွင္းစြာဖြင္႔ၾကည္႔ပါ။ စစခ်င္းေတာ႔ အလင္းေရာင္စူးစူးကိုတိုက္ရိုက္မၾကည္႔မိပါေစနဲ႔။ သင္႔ရဲ႕မ်က္လံုးေတြကို ပတ္ဝန္းက်င္ရဲ႕အလင္းအေမွာင္ေျပာင္းလဲမႈကို ေနသားက်ဖို႔အခ်ိန္ေပးလိုက္ပါဦး။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အမြင်အာရုံနဲ့ဆိုင်တဲ့ ပြဿနာတွေဟာ ဒီနေ့ခေတ်ကြီးထဲမှာ လူုဖြစ်များတဲ့ပြဿနာတစ်ခုလိုတောင်ဖြစ်နေပါပြီ။  ဒါပေမယ့် ကျွန်တော်တို့တွေ စခရင်ရှေ့မှာ (ဖုန်း၊ ကွန်ပျူတာ၊ တီဗီ) ဖြုန်းမိတဲ့အချိန်တွေနဲ့နှိုင်းစာရင် ဒီဖြစ်ရပ်တွေက အံ့သြစရာတော့မရှိပါဘူး။ ဒီခေတ်ကလေးတွေဆိုရင် ပိုဆိုးပါတယ်။ သူတို့အားလပ်ချိန်အများစုကို ကွန်ပျူတာစခရင်ရှေ့မှာ (ဒါမှမဟုတ်) ဖုန်းစခရင်ရှေ့မှာ အသုံးချနေကြတာပါပဲ။

၁။ သင့်ရဲ့မျက်စိကြွက်သားတွေကို နှိုးဆွပေးပါ

အဓိက ကတော့ မျက်စိကြွက်သားတွေကို နှိုးဆွပေးတာပါပဲ။ လုပ်ရမှာလေးကတော့ ရိုးရှင်းပါတယ်။ ဒါပေမယ့် မနက်တိုင်းတော့ လုပ်ပေးလို့လိုပါတယ်။ မနက်အိပ်ယာထပြီဆိုတာနဲ့ မျက်နှာကို ရေအေးအေးလေးနဲ့ သစ်ပေးပါ။ ပြီးရင် ပါးစပ်ထဲမှာရေငုံပါ။ မျက်စိကိုမှိတ်ထားပြီး ရေအေးအေးလေးနဲ့မျက်စိပေါ်ကိုပက်ဖြန်းပေးပါ။ ပါးစပ်ထဲမှာငုံထားတဲ့ ရေရဲ့ဖိအားနဲ့အတူ အဲဒီလိုလုပ်ပေးခြင်းက မျက်စိကြွက်သားတွေကို နှိုးဆွပေးပါတယ်။ နောက်ပြီး မျက်နှာပေါ်ကိုရေအေးနဲ့ပက်ဖျန်းပေးခြင်းက မျက်စိအာရုံကြောတွေကိုလှုံ့ဆော်ပေးပြီး အရေပြားကိုလည်း နုပျိုလန်းဆန်းလာစေပါတယ်။

၂။ ပင်ပန်းနွမ်းနယ်နေတဲ့မျက်စိကို နှိပ်နယ်ပေးပါ

ဒီနည်းလမ်းလေးကတော့ ကွန်ပျူတာ စခရင်ရှေ့မှာအကြာကြီးထိုင်ပြီးအလုပ်လုပ်နေရတဲ့လူတွေအတွက်တော့ အသင့်တော်ဆုံးပါပဲ။ လက်မကို မျက်ခုံးအပေါ်မှာ၊ လက်ညှိုးကိုမျက်ခုံးအောက်မှာထားပြီး ညှင်သာစွာနှိပ်နယ်ပေးပါ။ ပြီးရင် မျက်ခုံးရိုးတလျှောက်လုံးကို ညှင်သာစွာဖိအားပေးပါ။ နောက်ပြီး မျက်စိမှိတ်ထားပြီး လက်မနဲ့မျက်စိအပေါ်ကနေ ညှင်ညှင်သာသာလေး ပွတ်ပေးပါ။  မျက်စိအနားတဝိုက် သွေးလည်ပတ်မှုကောင်းအောင်နဲ့ အာရုံကြောတင်းမာမှုတွေကိုဖြေလျှော့ဖို့ ဒီနည်းလမ်းလေးကို (၃) နာရီတစ်ခါလောက် ပြုလုပ်ပေးသင့်ပါတယ်။ ဒီလေ့ကျင့်ခန်းလေးကတော့ ကွန်ပျူတာစခရင်ကိုအကြာကြီး ကြည့်နေရလို့ ညောင်းညာနေတဲ့မျက်စိကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

၃။ မျက်စိလေ့ကျင့်ခန်းလုပ်ပေးပါ

ဒီနည်းလမ်းလေးကတော့ မျက်စိကြွက်သားလေးတွေကို နှိုးဆွပေးဖို့အတွက် လုပ်ပေးရတာပါ။ အရင်ဆုံး မျက်စိကိုဘယ်ဘက်ကနေညာဘက်၊ ညာဘက်ကနေဘယ်ဘက် ကြည့်ပေးပါ။ ပြီးရင် အပေါ်ကအောက်၊ အောက်ကနေ အပေါ်ပြန်ကြည့်ပေးပါ။ ပြီးရင် နာရီလက်တံံအတိုင်းတစ်ခါ၊ နာရီလက်တံပြောင်းပြန်တစ်ခါ မျက်စိကို မျက်ခွံအတွင်းမှာ လှည့်ပေးပါ။ တစ်ကြိမ်လုပ်ရင် အပေါ်ကနည်းအတိုင်း (၃)ခါ (၄) ခါလောက်လုပ်ပေးမယ်ဆိုရင် မျက်စိကြွက်သားတွေကို အထူးအားကောင်းလာစေနိုင်မှာပါ။

၄။ မျက်စိကိုအနားပေးပါ

ဒီနည်းလမ်းလေးကတော့ မျက်စိအထူးကုဆရာဝန် Dr Bates က လက်ဖဝါးသုံးခြင်း (Palming) လို့ နာမည်ပေးထားတဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။ ဒီနည်းလမ်းအတိုင်းလုပ်ဖို့ လက်ဖဝါးနှစ်ဖက်ကို စက္ကန့် (၃၀) လောက်ကြာအောင်ပွတ်တိုက်ပြီး အပူပေးပါ။ ပြီးရင် မျက်စိမှိတ်ပြီး မျက်ခွံပေါ်မှာညှင်သာစွာတင်ပြီး အပူပေးလိုက်ပါ။ အပူချိန်လျော့ပါးသွားသည်အထိ တစ်မိနစ်လောက်ကြာအောင် အဲဒီပုံစံအတိုင်းထားပေးပါ။  ပြီးရင်မျက်စိကိုဖြေးညှင်းစွာဖွင့်ကြည့်ပါ။ စစချင်းတော့ အလင်းရောင်စူးစူးကိုတိုက်ရိုက်မကြည့်မိပါစေနဲ့။ သင့်ရဲ့မျက်လုံးတွေကို ပတ်ဝန်းကျင်ရဲ့အလင်းအမှောင်ပြောင်းလဲမှုကို နေသားကျဖို့အချိန်ပေးလိုက်ပါဦး။

Credit:Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top