ပူျပင္းတဲ့ရာသီဥတုဒဏ္ကလြတ္ျပီး မုိးရာသီကို လံုးလံုးေရာက္သြားျပီ ျဖစ္ပါတယ္။ ဒါေပမယ့္ မိုးရာသီဟာလည္း ျခင္ေတြေပါက္ဖြားလို႔ ေကာင္းတဲ့ ရာသီဥတုပဲ ျဖစ္တာေၾကာင့္ ေသြးလြန္တုပ္ေကြးေရာဂါကို သတိထားရမွာ ျဖစ္ပါတယ္။ ရန္ကုန္တုိင္းအပါအဝင္ တုိင္းေဒသၾကီးအခ်ိဳ႕မွာ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားမႈဟာ ျမင့္တက္ေနတာ ျဖစ္ပါတယ္။
ဒါ့အျပင္ မိုးရာသီမွာ ဝမ္းပ်က္ေရာဂါ၊ တုိက္ဖိုက္၊ အသည္းေရာဂါနဲ႔ စတဲ့ ေရာဂါဘယေတြဟာ ပိုျဖစ္လြယ္တာေၾကာင့္ ဂရုစိုက္သင့္ပါတယ္။ ကိုယ္ခံအားနည္းသူေတြအတြက္ မိုးရာသီမွာ ႏွာေစးေခ်ာင္းဆုိးျပီး ျပသနာ ရွိေနႏုိင္တာ ျဖစ္ပါတယ္။
မိုးရာသီမွာ သင့္က်န္းမာေရးအတြက္ အစားအေသာက္နဲ႔ပတ္သက္ျပီး သိထားသင့္တာေတြရွိပါတယ္။
အျခားရာသီဥတုေတြလို က်န္းမာေရးနဲ႔ ညီညြတ္ျပီး မွ်တတဲ့အစားအစာကို စားေပးဖို႔ေတာ့ လိုပါတယ္။ သရက္သီး၊ ပန္းသီး၊ သလဲသီး၊ သစ္ေတာ္သီးစတဲ့ အသီးေတြကိုလည္း စားေပးသင့္ပါတယ္။ သရက္သီး အလြန္အကၽြံစားျခင္းကိုေတာ့ ေရွာင္ရမွာ ျဖစ္ပါတယ္။ မ်က္ႏွာမွာ အဖုအပိန္႔ေတြထြက္တာ၊ ဝမ္းေလွ်ာတာေတြ ျဖစ္တတ္ပါတယ္။ ရာသီစာ အသီးအႏွံေတြကို ပိုမိုစားေပးသင့္ပါတယ္။
- ၾကက္ဟင္းခါးသီးနဲ႔ ခါးတဲ့ အရြက္ေတြကိုလည္း စားေပးသင့္ပါတယ္။ ကညြတ္၊ ေဂၚဖီထုပ္နဲ႔ ပန္းေဂၚဖီတုို႔ကိုေတာ့ဒီရာသီမွာ ေရွာင္ေပးသင့္ပါတယ္။ ခ်က္ျပဳတ္တဲ့အခါမွာ အသီးအႏွံေတြအားလံုးကို ေရေသခ်ာေဆးျပီး က်က္ေအာင္ခ်က္ျပဳတ္ဖို႔ေတာ့ လိုပါတယ္။ အသီးအရြက္ေတြကို အစိမ္းစားတာမ်ိဳးကေတာ့ ေရွာင္ရမွာပါ။ ေရာဂါပိုးမႊားအႏၱရယ္ေတြရွိပါတယ္။ ျပဳတ္ထားတာ၊ ေရေႏြးစိမ္ထားတာမ်ိဳးကို စားသင့္တာပါ။
အစာေျခဖို႔ခက္တဲ့ ဆီေၾကာ္မုန္႔ေတြကို ေရွာင္ပါ။ မိုးရာသီလိုစုိစြတ္မႈ ျမင့္မားတဲ့ရာသီဟာ အစာေျခဖ်က္မႈ ျဖစ္စဥ္ကို ေႏွးေကြးေစပါတယ္။ အသားနဲ႔ ငါးအလြန္အကၽြံစားျခင္းကိုေတာ့ ေရွာင္ၾကဥ္ရမွာ ျဖစ္ပါတယ္။ အသားနဲ႔ငါးေတြကို ေပါင္းထားတာမ်ိဳး၊ စြတ္ျပဳတ္လုပ္ေသာက္တာမ်ိဳးက ပိုအဆင္ေျပပါမယ္။
ေရေတာ့ လံုလံုေလာက္ေလာက္ ေသာက္ရမွာ ျဖစ္ပါတယ္။ မိုးရာသီမွာ စံပယ္၊ ဂ်င္း၊ လဘက္စိမ္းနဲ႔ စတဲ့ လဘက္ရည္ေတြကို ေသာက္ေပးလို႔ရပါတယ္။
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ပူပြင်းတဲ့ရာသီဥတုဒဏ်ကလွတ်ပြီး မိုးရာသီကို လုံးလုံးရောက်သွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် မိုးရာသီဟာလည်း ခြင်တွေပေါက်ဖွားလို့ ကောင်းတဲ့ ရာသီဥတုပဲ ဖြစ်တာကြောင့် သွေးလွန်တုပ်ကွေးရောဂါကို သတိထားရမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးအချို့မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုဟာ မြင့်တက်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် မိုးရာသီမှာ ဝမ်းပျက်ရောဂါ၊ တိုက်ဖိုက်၊ အသည်းရောဂါနဲ့ စတဲ့ ရောဂါဘယတွေဟာ ပိုဖြစ်လွယ်တာကြောင့် ဂရုစိုက်သင့်ပါတယ်။ ကိုယ်ခံအားနည်းသူတွေအတွက် မိုးရာသီမှာ နှာစေးချောင်းဆိုးပြီး ပြသနာ ရှိနေနိုင်တာ ဖြစ်ပါတယ်။
မိုးရာသီမှာ သင့်ကျန်းမာရေးအတွက် အစားအသောက်နဲ့ပတ်သက်ပြီး သိထားသင့်တာတွေရှိပါတယ်။
အခြားရာသီဥတုတွေလို ကျန်းမာရေးနဲ့ ညီညွတ်ပြီး မျှတတဲ့အစားအစာကို စားပေးဖို့တော့ လိုပါတယ်။ သရက်သီး၊ ပန်းသီး၊ သလဲသီး၊ သစ်တော်သီးစတဲ့ အသီးတွေကိုလည်း စားပေးသင့်ပါတယ်။ သရက်သီး အလွန်အကျွံစားခြင်းကိုတော့ ရှောင်ရမှာ ဖြစ်ပါတယ်။ မျက်နှာမှာ အဖုအပိန့်တွေထွက်တာ၊ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။ ရာသီစာ အသီးအနှံတွေကို ပိုမိုစားပေးသင့်ပါတယ်။
- ကြက်ဟင်းခါးသီးနဲ့ ခါးတဲ့ အရွက်တွေကိုလည်း စားပေးသင့်ပါတယ်။ ကညွတ်၊ ဂေါ်ဖီထုပ်နဲ့ ပန်းဂေါ်ဖီတို့ကိုတော့ဒီရာသီမှာ ရှောင်ပေးသင့်ပါတယ်။ ချက်ပြုတ်တဲ့အခါမှာ အသီးအနှံတွေအားလုံးကို ရေသေချာဆေးပြီး ကျက်အောင်ချက်ပြုတ်ဖို့တော့ လိုပါတယ်။ အသီးအရွက်တွေကို အစိမ်းစားတာမျိုးကတော့ ရှောင်ရမှာပါ။ ရောဂါပိုးမွှားအန္တရယ်တွေရှိပါတယ်။ ပြုတ်ထားတာ၊ ရေနွေးစိမ်ထားတာမျိုးကို စားသင့်တာပါ။
အစာခြေဖို့ခက်တဲ့ ဆီကြော်မုန့်တွေကို ရှောင်ပါ။ မိုးရာသီလိုစိုစွတ်မှု မြင့်မားတဲ့ရာသီဟာ အစာခြေဖျက်မှု ဖြစ်စဉ်ကို နှေးကွေးစေပါတယ်။ အသားနဲ့ ငါးအလွန်အကျွံစားခြင်းကိုတော့ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ အသားနဲ့ငါးတွေကို ပေါင်းထားတာမျိုး၊ စွတ်ပြုတ်လုပ်သောက်တာမျိုးက ပိုအဆင်ပြေပါမယ်။
ရေတော့ လုံလုံလောက်လောက် သောက်ရမှာ ဖြစ်ပါတယ်။ မိုးရာသီမှာ စံပယ်၊ ဂျင်း၊ လဘက်စိမ်းနဲ့ စတဲ့ လဘက်ရည်တွေကို သောက်ပေးလို့ရပါတယ်။
Credit:Duwun
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
မိုးရာသီမွာ လူတုိင္းသတိထားရမယ့္ က်န္းမာေရး
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။