iMyanmarHouse.com - Best Property Website for Myanmar
×

ပထမဆံုးအေနနဲ႔ ေျပာခ်င္တာက ဒီေဆာင္းပါးဟာ အရြယ္ေရာက္သူေတြအတြက္ က်န္းမာေရးဗဟုသုတဆုိင္ရာ သိထားသင့္တဲ့အေၾကာင္းပါလို႔ စကားပလႅင္ခံထားပါရေစ။ အမ်ိဳးသမီးေတြရဲ႕ လစဥ္ကိစၥ (ဓမၼတာစီးဆင္းမႈ သို႔မဟုတ္ ရာသီလာခ်ိန္) ျဖစ္ပြားေနခ်ိန္မွာ ခ်စ္တင္းေႏွာျခင္း မျပဳလုပ္ရဘူးလို႔ တခ်ိဳ႕က လြဲမွားထင္ျမင္ၾကတယ္။  ဒီအခ်ိန္မွာ ခ်စ္တင္းေႏွာျခင္းဟာ စိတ္ကသိကေအာက္ျဖစ္စရာ အေနအထားတစ္ခု ဆိုေပမဲ့ လံုးဝႀကီး စိတ္ပ်က္စရာေတာ့လည္း မဟုတ္ျပန္ဘူး။ ဒါေပမဲ့ က်န္းမာေရးပိုင္းဆိုင္ရာ အသိေလးေတြေတာ့ ရွိထားဖုိ႔ လိုပါလိမ့္မယ္။

၁။ ရာသီခ်ိန္မွာ ခ်စ္တင္းေႏွာသင့္လား?

မိမိရဲ႕စိတ္ေပၚမွာ မူတည္တဲ့ကိစၥပါ။ ေရွး႐ိုးစြဲအယူေတြနဲ႔ မသက္ဆုိင္ပါဘူး။ စီးဆင္းတဲ့ ရာသီေသြးက ေခ်ာဆီသေဘာမ်ိဳး ျဖစ္သြားေစတာေၾကာင့္ ခံစားမႈပိုင္းမွာ ပိုေကာင္းေစပါတယ္။ ၂၀၁၆ ခုႏွစ္အတြင္းက ျပဳလုပ္ခဲ့တဲ့ ActionAid စစ္တမ္းေကာက္ယူမႈတစ္ရပ္မွာေတာ့ ၿဗိတိန္အမ်ိဳးသမီးအမ်ားစုဟာ ဒီအခ်ိန္မွာ ခ်စ္တင္းေႏွာဖုိ႔ ရွက္ၾကတယ္လို႔ ဆုိတယ္။ ခ်စ္ေရးခ်စ္ရာကိစၥဟာ ကိုယ္နဲ႔ကိုယ့္ဆက္ဆံေဖာ္ ႏွစ္ဦးသေဘာတူ ျပဳမူရတာဆုိေတာ့ သေဘာက်တယ္ဆုိရင္ ျပဳလုပ္ရံုပဲ။ ကိုယ့္အတြက္ သက္ေတာင့္သက္သာ မျဖစ္ဘူးဆုိလည္း မလုပ္နဲ႔ေပါ့။

၂။ ကိုယ္ဝန္ရႏိုင္သလား ?

ဓမၼတာလာေနခ်ိန္မွာ ခ်စ္တင္းေႏွာရင္ ကိုယ္ဝန္မရႏိုင္ဘူးလို႔ အမ်ားစုက ထင္ေနၾကတယ္။ မမ်ိဳးဥေၾကြက်ၿပီး ရာသီေသြးစီးဆင္းေနခ်ိန္မို႔လို႔ ကိုယ္ဝန္မရေလာက္ဘူးလို႔ ထင္ၾကတယ္။ တကယ္တမ္းက မ်ိဳးဥျဖစ္တည္မႈ ေစာေစာျဖစ္လာတဲ့အခါမွာ အကာအကြယ္မပါဘဲ လိင္ဆက္ဆံရင္ ကိုယ္ဝန္ရသြားႏိုင္ပါတယ္။ အေၾကာင္းကေတာ့ အမ်ိဳးသားကေနထုတ္လႊတ္လိုက္တဲ့ သုက္ပိုးဟာ အမ်ိဳးသမီးရဲ႕ခႏၶာကိုယ္တြင္းမွာ ၇ ရက္ေလာက္ ရွင္သန္ႏိုင္ေသးလို႔ပါပဲ။ ျဖစ္ႏိုင္ေျခနည္းတယ္ဆုိသည့္တိုင္ေအာင္ ကိုယ္ဝန္ရႏိုင္တယ္ဆုိတာေတာ့ ေခါင္းထဲထည့္ေတြးဖုိ႔ လိုပါတယ္။

၃။ အကာအကြယ္

ေနာက္တစ္ခ်က္ကေတာ့ ေရာဂါပိုးကူးစက္လြယ္တာပါပဲ။ ဒီအခ်ိန္မွာ လိင္ဆက္ဆံရင္ တစ္ဦးကေနတစ္ဦးကို အျပန္အလွန္ ေရာဂါကူးစက္ႏိုင္ေျခ အရမ္းမ်ားလို႔ ကြန္ဒံုးသံုးဖုိ႔လိုပါတယ္။ အိပ္ရာခင္းေတြနဲ႔ တဘက္ေတြကိုလည္း သန္႔ရွင္းတဲ့အရာေတြသာ အသံုးျပဳသင့္ပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ပထမဆုံးအနေနဲ့ ပြောချင်တာက ဒီဆောင်းပါးဟာ အရွယ်ရောက်သူတွေအတွက် ကျန်းမာရေးဗဟုသုတဆိုင်ရာ သိထားသင့်တဲ့အကြောင်းပါလို့ စကားပလ္လင်ခံထားပါရစေ။ အမျိုးသမီးတွေရဲ့ လစဉ်ကိစ္စ (ဓမ္မတာစီးဆင်းမှု သို့မဟုတ် ရာသီလာချိန်) ဖြစ်ပွားနေချိန်မှာ ချစ်တင်းနှောခြင်း မပြုလုပ်ရဘူးလို့ တချို့က လွဲမှားထင်မြင်ကြတယ်။  ဒီအချိန်မှာ ချစ်တင်းနှောခြင်းဟာ စိတ်ကသိကအောက်ဖြစ်စရာ အနေအထားတစ်ခု ဆိုပေမဲ့ လုံးဝကြီး စိတ်ပျက်စရာတော့လည်း မဟုတ်ပြန်ဘူး။ ဒါပေမဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ အသိလေးတွေတော့ ရှိထားဖို့ လိုပါလိမ့်မယ်။

၁။ ရာသီချိန်မှာ ချစ်တင်းနှောသင့်လား?

မိမိရဲ့စိတ်ပေါ်မှာ မူတည်တဲ့ကိစ္စပါ။ ရှေးရိုးစွဲအယူတွေနဲ့ မသက်ဆိုင်ပါဘူး။ စီးဆင်းတဲ့ ရာသီသွေးက ချောဆီသဘောမျိုး ဖြစ်သွားစေတာကြောင့် ခံစားမှုပိုင်းမှာ ပိုကောင်းစေပါတယ်။ ၂၀၁၆ ခုနှစ်အတွင်းက ပြုလုပ်ခဲ့တဲ့ ActionAid စစ်တမ်းကောက်ယူမှုတစ်ရပ်မှာတော့ ဗြိတိန်အမျိုးသမီးအများစုဟာ ဒီအချိန်မှာ ချစ်တင်းနှောဖို့ ရှက်ကြတယ်လို့ ဆိုတယ်။ ချစ်ရေးချစ်ရာကိစ္စဟာ ကိုယ်နဲ့ကိုယ့်ဆက်ဆံဖော် နှစ်ဦးသဘောတူ ပြုမူရတာဆိုတော့ သဘောကျတယ်ဆိုရင် ပြုလုပ်ရုံပဲ။ ကိုယ့်အတွက် သက်တောင့်သက်သာ မဖြစ်ဘူးဆိုလည်း မလုပ်နဲ့ပေါ့။

၂။ ကိုယ်ဝန်ရနိုင်သလား ?

ဓမ္မတာလာနေချိန်မှာ ချစ်တင်းနှောရင် ကိုယ်ဝန်မရနိုင်ဘူးလို့ အများစုက ထင်နေကြတယ်။ မမျိုးဥကြွေကျပြီး ရာသီသွေးစီးဆင်းနေချိန်မို့လို့ ကိုယ်ဝန်မရလောက်ဘူးလို့ ထင်ကြတယ်။ တကယ်တမ်းက မျိုးဥဖြစ်တည်မှု စောစောဖြစ်လာတဲ့အခါမှာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ အကြောင်းကတော့ အမျိုးသားကနေထုတ်လွှတ်လိုက်တဲ့ သုက်ပိုးဟာ အမျိုးသမီးရဲ့ခန္ဓာကိုယ်တွင်းမှာ ၇ ရက်လောက် ရှင်သန်နိုင်သေးလို့ပါပဲ။ ဖြစ်နိုင်ခြေနည်းတယ်ဆိုသည့်တိုင်အောင် ကိုယ်ဝန်ရနိုင်တယ်ဆိုတာတော့ ခေါင်းထဲထည့်တွေးဖို့ လိုပါတယ်။

၃။ အကာအကွယ်

နောက်တစ်ချက်ကတော့ ရောဂါပိုးကူးစက်လွယ်တာပါပဲ။ ဒီအချိန်မှာ လိင်ဆက်ဆံရင် တစ်ဦးကနေတစ်ဦးကို အပြန်အလှန် ရောဂါကူးစက်နိုင်ခြေ အရမ်းများလို့ ကွန်ဒုံးသုံးဖို့လိုပါတယ်။ အိပ်ရာခင်းတွေနဲ့ တဘက်တွေကိုလည်း သန့်ရှင်းတဲ့အရာတွေသာ အသုံးပြုသင့်ပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top