iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင္းလူတိုင္းကေတာ့ အခ်စ္ေရးမွာ ေပ်ာ္ရႊင္ခ်င္ၾကတာခ်ည္းပါပဲ ။ ရန္ျဖစ္ျပီးမွ ျပန္ခ်စ္တာက ဘယ္လိုပဲ ပိုေကာင္းတယ္ဆိုဆို ရန္ျဖစ္တဲ့အခ်ိန္ ခံစားရတာကိုေတာ့ ဘယ္သူ႔မွ ၾကိဳက္ၾကမယ္ မထင္ပါဘူး ။ အခ်စ္ေရးမွာ အဆင္ေျပဖို႔ တစ္ေယာက္တည္းကပဲ ေကာင္းေန၊ခ်စ္ေနလို႔ မရပါဘူး ။ နွစ္ဦးနွစ္ဖက္ ခ်စ္ခင္နားလည္မႈရွိမွသာ အဆင္ေျပမွာပါ ။ သို႔ေသာ္ နွစ္ေယာက္စလံုးမွာျဖစ္ေစ ၊ တစ္ေယာက္ေယာက္မွာျဖစ္ေစ ဒီလိုအက်င့္ဆိုးေတြ ရွိေနမယ္ဆိုရင္ေတာ့ စိတ္ညစ္စရာေကာင္းတဲ့ အခ်စ္ေရးၾကီး ျဖစ္ေနမွာ အေသအခ်ာပါပဲ ။

၁။ မေကာင္းျမင္ ၊ အျပစ္ေျပာျခင္း

တစ္ေယာက္အေပၚတစ္ေယာက္ အေကာင္းမျမင္ဘဲ အၿမဲလို အျပစ္တင္ ေဝဖန္ေနျခင္းက အခ်စ္ေရးမွာ အဆင္မေျပနိုင္ပါဘူး ။ ဘယ္သူမဆို မေကာင္းေျပာတာထက္ အေကာင္းေျပာတာကိုသာ လိုခ်င္ၾကတာပါ ။ ပိုျပီး နွစ္ျခိဳက္ၾကတာပါ ။ အမွန္တကယ္မဟုတ္ဘူးဆိုတာကို သိရက္နဲ႕ေတာင္ ကိုယ့္ခ်စ္သူရဲ႕ ခ်ီးက်ဴးစကားကို မက္ေမာတတ္ၾကတာပါ ။ (ဥပမာ ငါ့ခ်စ္သူက ဝတ္မႈန္ေရႊရည္ထက္ေတာင္ လွတယ္ဆိုတာမ်ိဳး ၊ ဒီေန႔အလွျပင္ထားတာ မ်က္လံုးထဲကေတာင္ မထြက္ဘူး ဆိုတာမ်ိဳး ၊ငါ့ေကာင္ေလးက ေတာ္လိုက္တာ ဆိုတာ ၊ ကိုဒီေန႔အရမ္းမိုက္တယ္ ဆိုတာမ်ိဳးေတြေပါ့။)

၂။မိမိသာမွန္တယ္ဟုထင္ျခင္း

ဒါလည္း ေတာ္ေတာ္ဆိုးတဲ့ အခ်က္ပါပဲ ။ ျပႆနာ (သို႔) ကိစၥတစ္ခုခု ျဖစ္တုိင္း မိမိရဲ႕ လုပ္ရပ္ ၊ အေတြးကသာ မွန္တယ္လို႔ ထင္ျမင္ေနျခင္းဟာ တစ္ဖက္လူကို စိတ္ပ်က္ေစပါတယ္ ။ ဘယ္အရာမဆို နွစ္ဦးနွစ္ဖက္ အျမင္ဆိုတာ ရွိပါတယ္ ။ကိုယ့္ဘက္ကေနၾကည့္သလို သူ႔ဘက္ကေနလည္း ျပန္ၾကည့္တတ္ဖို႔ လိုပါမယ္ ။ ငါသာ သူ႔ေနရာမွာဆိုရင္ ဆိုတဲ့ စိတ္ထားမ်ိဳး  ထားတတ္ဖို႔လိုပါတယ္။

၃။အတၱၾကီးျခင္း

အနည္းနွင့္အမ်ား ကြာေပမယ့္ လူတိုင္းမွာ အတၱရွိပါတယ္ ။ ကုိယ့္ဖို႔သာ ကုိယ္သိျခင္း ၊ ကိုယ့္ေပ်ာ္ရႊင္မႈကိုသာ ဦးစားေပးျပီး တျခားတစ္ေယာက္ရဲ႕ စိတ္ခံစားမႈကို ထည့္မတြက္ျခင္းဟာ အတၱၾကီးျခင္းပါပဲ ။ နွစ္ေယာက္ေပါင္းမွ အခ်စ္ေရးတစ္ခုျဖစ္လာတဲ့အတြက္ တစ္ေယာက္တည္း ခံစားခ်က္ေတြ ထားလို႔မရပါဘူး ။ မွ်ေတြးေပးတတ္ရပါမယ္ ။ အတၱၾကီးခ်င္လွ်င္ တစ္ေယာက္တည္းသာ ေနပါ။

၄။သစၥာမရိွျခင္း

ဒီအေၾကာင္းအရာကေတာ့ ကိုယ္က်င့္တရား ၊ သိကၡာပိုင္းနွင့္ ဆိုင္သြားပါျပီ ။ ဆႏၵနဲ႕ သိကၡာကို မထိန္းနိင္တဲ့ သူေတြသာ သစၥာမရွိၾကတာပါ ။ သိကၡာရွိတဲ့သူတိုင္း သစၥာတရားကို စြဲၿမဲစြာ လက္ကိုင္ထားတတ္ၾကပါတယ္ ။သစၥာမရွိတဲ့ အခ်စ္ေရးကို ပိုင္ဆိုင္ထားရတယ္လို႔ ခံစားရလွ်င္ေတာ့ အျမန္ဆံုးသာ ျဖတ္ခ်လိုက္ပါ ။

၅။လိုအပ္သည္ထက္ထိန္းခ်ဳပ္လိုျခင္း

အမ်ားအားျဖင့္ေတာ့ မိန္းကေလးေတြမွာ ဒီလိုစိတ္ပိုမ်ားပါတယ္ ။ ကိုယ့္ခ်စ္သူ၊ အမ်ိဳးသားအေပၚ လႊမ္းမိုးခ်င္တဲ့ စိတ္ေၾကာင့္ ေနရာတိုင္းမွာ ခ်ဳပ္ခ်ယ္ခ်င္တဲ့စိတ္ေတြ ရွိတတ္ပါတယ္ ။ တစ္ေယာက္နဲ႕တစ္ေယာက္ သင့္တင့္ေသာ ထိန္းခ်ဳပ္မႈမ်ိဳး ရွိျခင္းက ေကာင္းမြန္ေသာ္လည္း လိုတာထက္ပိုတဲ့ ထိန္းခ်ဳပ္မႈကေတာ့ ထိန္းခ်ဳပ္ခံရသူအေပၚ မြန္းက်ပ္ေစပါတယ္ ။ နားလည္မႈ ေပးသင့္တဲ့ေနရာေတြမွာ နားလည္မႈ ေပးကိုေပးရပါမယ္ ။

အေပၚမွာ ေဖာ္ျပထားတဲ့ အခ်က္ေတြဟာ ေကာင္းတဲ့အခ်က္ တစ္ခုမွမပါပါဘူးေနာ္ ။ မိမိရဲ႕ အခ်စ္ေရးမွာ အဆင္္ေျပျပီး ေပ်ာ္ရႊင္ခ်င္တယ္ဆိုရင္ေတာ့ အဲ့အခ်က္ေတြကို ဖယ္ရွားဖို႔ လိုပါမယ္ ။

Credit:CHAN (ေရႊအင္းေလး)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
လူတိုင်းလူတိုင်းကတော့ အချစ်ရေးမှာ ပျော်ရွှင်ချင်ကြတာချည်းပါပဲ ။ ရန်ဖြစ်ပြီးမှ ပြန်ချစ်တာက ဘယ်လိုပဲ ပိုကောင်းတယ်ဆိုဆို ရန်ဖြစ်တဲ့အချိန် ခံစားရတာကိုတော့ ဘယ်သူ့မှ ကြိုက်ကြမယ် မထင်ပါဘူး ။ အချစ်ရေးမှာ အဆင်ပြေဖို့ တစ်ယောက်တည်းကပဲ ကောင်းနေ၊ချစ်နေလို့ မရပါဘူး ။ နှစ်ဦးနှစ်ဖက် ချစ်ခင်နားလည်မှုရှိမှသာ အဆင်ပြေမှာပါ ။ သို့သော် နှစ်ယောက်စလုံးမှာဖြစ်စေ ၊ တစ်ယောက်ယောက်မှာဖြစ်စေ ဒီလိုအကျင့်ဆိုးတွေ ရှိနေမယ်ဆိုရင်တော့ စိတ်ညစ်စရာကောင်းတဲ့ အချစ်ရေးကြီး ဖြစ်နေမှာ အသေအချာပါပဲ ။

၁။ မကောင်းမြင် ၊ အပြစ်ပြောခြင်း

တစ်ယောက်အပေါ်တစ်ယောက် အကောင်းမမြင်ဘဲ အမြဲလို အပြစ်တင် ဝေဖန်နေခြင်းက အချစ်ရေးမှာ အဆင်မပြေနိုင်ပါဘူး ။ ဘယ်သူမဆို မကောင်းပြောတာထက် အကောင်းပြောတာကိုသာ လိုချင်ကြတာပါ ။ ပိုပြီး နှစ်ခြိုက်ကြတာပါ ။ အမှန်တကယ်မဟုတ်ဘူးဆိုတာကို သိရက်နဲ့တောင် ကိုယ့်ချစ်သူရဲ့ ချီးကျူးစကားကို မက်မောတတ်ကြတာပါ ။ (ဥပမာ ငါ့ချစ်သူက ဝတ်မှုန်ရွှေရည်ထက်တောင် လှတယ်ဆိုတာမျိုး ၊ ဒီနေ့အလှပြင်ထားတာ မျက်လုံးထဲကတောင် မထွက်ဘူး ဆိုတာမျိုး ၊ငါ့ကောင်လေးက တော်လိုက်တာ ဆိုတာ ၊ ကိုဒီနေ့အရမ်းမိုက်တယ် ဆိုတာမျိုးတွေပေါ့။)

၂။မိမိသာမှန်တယ်ဟုထင်ခြင်း

ဒါလည်း တော်တော်ဆိုးတဲ့ အချက်ပါပဲ ။ ပြဿနာ (သို့) ကိစ္စတစ်ခုခု ဖြစ်တိုင်း မိမိရဲ့ လုပ်ရပ် ၊ အတွေးကသာ မှန်တယ်လို့ ထင်မြင်နေခြင်းဟာ တစ်ဖက်လူကို စိတ်ပျက်စေပါတယ် ။ ဘယ်အရာမဆို နှစ်ဦးနှစ်ဖက် အမြင်ဆိုတာ ရှိပါတယ် ။ကိုယ့်ဘက်ကနေကြည့်သလို သူ့ဘက်ကနေလည်း ပြန်ကြည့်တတ်ဖို့ လိုပါမယ် ။ ငါသာ သူ့နေရာမှာဆိုရင် ဆိုတဲ့ စိတ်ထားမျိုး  ထားတတ်ဖို့လိုပါတယ်။

၃။အတ္တကြီးခြင်း

အနည်းနှင့်အများ ကွာပေမယ့် လူတိုင်းမှာ အတ္တရှိပါတယ် ။ ကိုယ့်ဖို့သာ ကိုယ်သိခြင်း ၊ ကိုယ့်ပျော်ရွှင်မှုကိုသာ ဦးစားပေးပြီး တခြားတစ်ယောက်ရဲ့ စိတ်ခံစားမှုကို ထည့်မတွက်ခြင်းဟာ အတ္တကြီးခြင်းပါပဲ ။ နှစ်ယောက်ပေါင်းမှ အချစ်ရေးတစ်ခုဖြစ်လာတဲ့အတွက် တစ်ယောက်တည်း ခံစားချက်တွေ ထားလို့မရပါဘူး ။ မျှတွေးပေးတတ်ရပါမယ် ။ အတ္တကြီးချင်လျှင် တစ်ယောက်တည်းသာ နေပါ။

၄။သစ္စာမရှိခြင်း

ဒီအကြောင်းအရာကတော့ ကိုယ်ကျင့်တရား ၊ သိက္ခာပိုင်းနှင့် ဆိုင်သွားပါပြီ ။ ဆန္ဒနဲ့ သိက္ခာကို မထိန်းနိင်တဲ့ သူတွေသာ သစ္စာမရှိကြတာပါ ။ သိက္ခာရှိတဲ့သူတိုင်း သစ္စာတရားကို စွဲမြဲစွာ လက်ကိုင်ထားတတ်ကြပါတယ် ။သစ္စာမရှိတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားရတယ်လို့ ခံစားရလျှင်တော့ အမြန်ဆုံးသာ ဖြတ်ချလိုက်ပါ ။

၅။လိုအပ်သည်ထက်ထိန်းချုပ်လိုခြင်း

အများအားဖြင့်တော့ မိန်းကလေးတွေမှာ ဒီလိုစိတ်ပိုများပါတယ် ။ ကိုယ့်ချစ်သူ၊ အမျိုးသားအပေါ် လွှမ်းမိုးချင်တဲ့ စိတ်ကြောင့် နေရာတိုင်းမှာ ချုပ်ချယ်ချင်တဲ့စိတ်တွေ ရှိတတ်ပါတယ် ။ တစ်ယောက်နဲ့တစ်ယောက် သင့်တင့်သော ထိန်းချုပ်မှုမျိုး ရှိခြင်းက ကောင်းမွန်သော်လည်း လိုတာထက်ပိုတဲ့ ထိန်းချုပ်မှုကတော့ ထိန်းချုပ်ခံရသူအပေါ် မွန်းကျပ်စေပါတယ် ။ နားလည်မှု ပေးသင့်တဲ့နေရာတွေမှာ နားလည်မှု ပေးကိုပေးရပါမယ် ။

အပေါ်မှာ ဖော်ပြထားတဲ့ အချက်တွေဟာ ကောင်းတဲ့အချက် တစ်ခုမှမပါပါဘူးနော် ။ မိမိရဲ့ အချစ်ရေးမှာ အဆင်ပြေပြီး ပျော်ရွှင်ချင်တယ်ဆိုရင်တော့ အဲ့အချက်တွေကို ဖယ်ရှားဖို့ လိုပါမယ် ။

Credit:CHAN (ရွှေအင်းလေး)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top