iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္နွာေပၚမွာ ေခြ်းေပါက္ေလးေတြရွိၾကတာ မဆန္းေသာ္လည္း ေခြ်းေပါက္က်ယ္ေတြေၾကာင့္ေတာ့ မ်က္နွာအလွပ်က္သလို လူကိုလည္း ရင့္ေစပါတယ္ ။၃ရက္အတြင္း ေခြ်းေပါက္က်ယ္တဲ့ျပႆနာကို သက္သာ ေပ်ာက္ကင္းသြားေစမယ့္ နည္းလမ္းေကာင္းေတြကို ရွာေဖြေတြ႕ရွိထားပါတယ္။

၁။ ပန္းသီးရွာလကာရည္
ပန္းသီးရွာလကာရည္ဟာ အသားအေရအတြက္ေတာ့ သဘာဝ Toner ပါပဲ ။ Toner ဟာ ေခြ်းေပါက္ေတြကို က်ဥ္းေစနို္္တာကို သိရွိျပီး ျဖစ္မွာပါ ။ ပန္းသီးရွာလကာရည္ လက္ဖက္ရည္ဇြန္း ၁ဇြန္းကို ေရ၅ဇြန္းျဖင့္ ေရာလိုက္ပါ ။ ျပီးလွ်င္ စပေရးပလင္းအလြတ္ထဲကို ထည့္လိုက္ပါ ။ မ်က္နွာသစ္ျပီးတိုင္းမွာ မ်က္နွာအနွံ႔ကို ထိုစပေရးျဖင့္ ညွစ္ေပးပါ ။ ေျခာက္ေသြ႕ေအာင္ ေစာင့္ျပီးလွ်င္ moisturizer တစ္မ်ိဳးမ်ိဳး (သို႔) ခရင္မ္ (သို႔) လိမ္းေနၾက စနိုး ၊ နို႔ရည္ကဲ့သို႔ ဟာေတြကို လိမ္းေပးနိုင္ပါတယ္ ။

၂။Aloe Vera Gel
ရွားေစာင္းလက္ပက္အနစ္ကို ညအိပ္ရာဝင္တိုင္း မွာ လိမ္းျပီး အိပ္ေပးပါ ။ ရွားေစာင္းလက္ပက္က အသားအေရ အစိုဓါတ္ကို ထိန္းေပးရံုမက ေခြ်းေပါက္က်ဥ္းေစနိုင္တဲ့ အစြမ္းလည္းရွိပါတယ္ ။ ယခုေနာက္ပိုင္း ထြက္ရွိေနတဲ့ ရွားေစာင္းလက္ပက္ ဂ်ယ္လ္ကိုလည္း အသံုးျပဳလို႕ရပါတယ္ ။

၃။ၾကက္ဥအကာ
မ်က္နွာတစ္ျပင္လံုးကို ၾကက္ဥအကာ လိမ္းေပးလိုက္ပါ ။ ေျခာက္ေသြ႕သြားလွ်င္ ေရျဖင့္ေဆးခ်လိုက္ပါ။ ၾကက္ဥအကာသီးသန္႔ မလုပ္ခ်င္ဘူးဆိုလွ်င္ ပ်ားရည္ (သို႔) သံပုယိုရည္ အနည္းငယ္ ေရာေနွာနိုင္ပါသည္ ။ သို႔ေသာ္ ၾကက္ဥအကာသီးသန္႔ကို အသံုးျပဳျခင္းက ေခြ်းေပါက္က်ယ္ျခင္းအတြက္ ပိုျပီး ထိေရာက္ျမန္ဆန္မႈရွိေစပါတယ္ ။

၄။ Baking Soda
Baking Soda ႏွင့္ေရကို ဆတူေရာစပ္ျပီး မ်က္နွာအနွံ႕ နွိပ္နယ္ လိမ္းေပးပါ ။ ၁မိနစ္ခန္႔ၾကာလွ်င္ ေရျဖင့္ေဆးေၾကာလိုက္ပါ ။ဒီနည္းလမး္ကို ေန႔စဥ္ျပဳလုပ္စရာမလုိဘဲ ၃၊၄ရက္ မွ ၁ခါ ျပဳလုပ္သင့္ပါတယ္။ ေခြ်းေပါက္က်ယ္ျခင္းအတြက္သာမက ဝက္ၿခံေတြကိုပါ သက္သာေပ်ာက္ကင္းေစနိုင္ပါတယ္ ။

Credit:CHAN (ေရႊအင္းေလး)

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
မျက်နှာပေါ်မှာ ချွေးပေါက်လေးတွေရှိကြတာ မဆန်းသော်လည်း ချွေးပေါက်ကျယ်တွေကြောင့်တော့ မျက်နှာအလှပျက်သလို လူကိုလည်း ရင့်စေပါတယ် ။၃ရက်အတွင်း ချွေးပေါက်ကျယ်တဲ့ပြဿနာကို သက်သာ ပျောက်ကင်းသွားစေမယ့် နည်းလမ်းကောင်းတွေကို ရှာဖွေတွေ့ရှိထားပါတယ်။

၁။ ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ဟာ အသားအရေအတွက်တော့ သဘာဝ Toner ပါပဲ ။ Toner ဟာ ချွေးပေါက်တွေကို ကျဉ်းစေနို်တာကို သိရှိပြီး ဖြစ်မှာပါ ။ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်းကို ရေ၅ဇွန်းဖြင့် ရောလိုက်ပါ ။ ပြီးလျှင် စပရေးပလင်းအလွတ်ထဲကို ထည့်လိုက်ပါ ။ မျက်နှာသစ်ပြီးတိုင်းမှာ မျက်နှာအနှံ့ကို ထိုစပရေးဖြင့် ညှစ်ပေးပါ ။ ခြောက်သွေ့အောင် စောင့်ပြီးလျှင် moisturizer တစ်မျိုးမျိုး (သို့) ခရင်မ် (သို့) လိမ်းနေကြ စနိုး ၊ နို့ရည်ကဲ့သို့ ဟာတွေကို လိမ်းပေးနိုင်ပါတယ် ။

၂။Aloe Vera Gel
ရှားစောင်းလက်ပက်အနစ်ကို ညအိပ်ရာဝင်တိုင်း မှာ လိမ်းပြီး အိပ်ပေးပါ ။ ရှားစောင်းလက်ပက်က အသားအရေ အစိုဓါတ်ကို ထိန်းပေးရုံမက ချွေးပေါက်ကျဉ်းစေနိုင်တဲ့ အစွမ်းလည်းရှိပါတယ် ။ ယခုနောက်ပိုင်း ထွက်ရှိနေတဲ့ ရှားစောင်းလက်ပက် ဂျယ်လ်ကိုလည်း အသုံးပြုလို့ရပါတယ် ။

၃။ကြက်ဥအကာ
မျက်နှာတစ်ပြင်လုံးကို ကြက်ဥအကာ လိမ်းပေးလိုက်ပါ ။ ခြောက်သွေ့သွားလျှင် ရေဖြင့်ဆေးချလိုက်ပါ။ ကြက်ဥအကာသီးသန့် မလုပ်ချင်ဘူးဆိုလျှင် ပျားရည် (သို့) သံပုယိုရည် အနည်းငယ် ရောနှောနိုင်ပါသည် ။ သို့သော် ကြက်ဥအကာသီးသန့်ကို အသုံးပြုခြင်းက ချွေးပေါက်ကျယ်ခြင်းအတွက် ပိုပြီး ထိရောက်မြန်ဆန်မှုရှိစေပါတယ် ။

၄။ Baking Soda
Baking Soda နှင့်ရေကို ဆတူရောစပ်ပြီး မျက်နှာအနှံ့ နှိပ်နယ် လိမ်းပေးပါ ။ ၁မိနစ်ခန့်ကြာလျှင် ရေဖြင့်ဆေးကြောလိုက်ပါ ။ဒီနည်းလမ်းကို နေ့စဉ်ပြုလုပ်စရာမလိုဘဲ ၃၊၄ရက် မှ ၁ခါ ပြုလုပ်သင့်ပါတယ်။ ချွေးပေါက်ကျယ်ခြင်းအတွက်သာမက ဝက်ခြံတွေကိုပါ သက်သာပျောက်ကင်းစေနိုင်ပါတယ် ။

Credit:CHAN (ရွှေအင်းလေး)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top