iMyanmarHouse.com - Best Property Website for Myanmar
×

တဏွာလား..အခ်စ္လား..

သူငါ့ကို ဘာလို႔ခ်စ္တာလဲလို႔ တစ္ခါတစ္ေလမွာ စဥ္းစားဖူးပါလိမ့္မယ္ ။ ဘာေၾကာင့္ခ်စ္တယ္ ဆိုတာကိုလည္း ကိုယ့္ခ်စ္သူကိုလည္း မၾကာခဏ ေမးေလ့ရွိၾကပါလိမ့္မယ္ ။ ရုပ္ေခ်ာလို႔ ခ်စ္တာလား ၊ ခ်စ္စရာေကာင္းလို႔ ခ်စ္တာလား ၊ ပိုက္ဆံရွိလို႔ခ်စ္တာလား ၊ ဂုဏ္ရွိလို႔ခ်စ္တာလား ၊ ကိုယ္လံုးလွလို႔ ၊မိုက္လုိ႔ခ်စ္တာလား ၊ စကားေျပာေကာင္းလု႔ိခ်စ္တာလား ၊ အေနေအးလို႔ခ်စ္တာလား  ၊ ယဥ္ေက်းလို႔ခ်စ္တာလား စသျဖင့္ေပါ့ ။

ဒီေနရာမွာ တဏွာနဲ႕ခ်စ္တာလား ၊ အခ်စ္နဲ႕ခ်စ္တာလားဆိုတာကို ေျပာခ်င္ပါတယ္။ တဏွာဆိုတာ Sex ကိစၥတစ္ခုတည္းကို မဆိုလိုပါဘူး ။ တဏွာဆိုတာကို တပ္မက္ျခင္းလို႔ပဲ အဓိပၸါယ္ ဖြင့္ဆိုပါရေစ ။ မိမိဆီက တစ္စံုတစ္ရာကို တပ္မက္ျပီး ခ်စ္တာဟာ တဏွာကိုဦးစားေပးျပီး ခ်စ္တာပါပဲ ။ အဲ့ဒိတပ္မက္တဲ့ အရာတစ္ခုခု မရွိေတာ့ရင္ အဲ့အခ်စ္ကလည္း ေပ်ာက္ကြယ္သြားပါျပီ ။

သို႔ေသာ္လည္း တကယ့္အခ်စ္စစ္မွာေတာ့ ဘာလို႔ခ်စ္တာလဲဆိုတဲ့ ေမးခြန္းအတြက္ တိက်တဲ့အေျဖမရွိပါဘူး ။ ကိုယ္တိုင္စိတ္ထဲက အမွန္တကယ္ခ်စ္ေနလို႔သာ သူနဲ႕ပတ္သတ္သမွ်က လွပေနတာပါ ။ အျပဳအမူတိုင္းက သေဘာက်စရာ ၊ခ်စ္စရာ ျဖစ္ေနတာပါ ။ ေယာက်ာ္းေလးေတာ္ေတ္ာမ်ားမ်ား ေခ်ာေမာလွပတဲ့ မိန္းကေလးေတြကို သေဘာက်တတ္ၾကပါတယ္ ။ သို႔ေသာ္ စိတ္နွလံုးပိုလွတဲ့သူကိုသာ ေရြးခ်ယ္ၾကတာပါ။ စိတ္လွတဲ့အလွက အေပၚယံရုပ္အလွကို ဖံုးသြားပါတယ္ ။ ဒါကေတာ့ ၾကားျဖတ္ေျပာတာပါ ။ အေပၚယံအလွထက္ စိတ္အလွက ပိုေပၚလြင္ျပီး ပိုၾကာရွည္ခံတာကို ေျပာခ်င္တာပါ ။

တဏွာကို အေျခခံတဲ့ ခ်စ္တဲ့အခ်စ္က မီးေတာက္နဲ႕တူပါတယ္ ။ ျမန္ျမန္ေလာင္ကြ်မ္းျပီး ျမန္ျမန္ေသဆံုးသြားတတ္ပါတယ္ ။ တဏွာကို အေျခခံျပီး ေဆာက္တည္ထားတဲ့ အခ်စ္ကေတာ့ အေနွးနဲ႕အျမန္ ျပိဳကြဲတတ္ၾကတာခ်ည္းပါပဲ ။ ဥပမာ ခႏၶာကိုယ္ကို လိုခ်င္လုိ႔ ခ်စ္တဲ့သူအတြက္ သူလိုခ်င္တဲ့ ခႏၶာ ရျပီးသြားရင္ ျပီးပါျပီ ။ ေမွ်ာ္လင့္စရာ မရွိေတာ့ပါဘူး ။ ေငြကိုလိုခ်င္လို႔ ခ်စ္တဲ့သူအတြက္ ေငြမရွိတဲ့အခ်ိန္ အခ်စ္လည္း မရွိေတာ့ပါဘူး ။ အခ်စ္လို႔သာ ေျပာေနတာပါ ။ အဲ့ဒါကလည္း အခ်စ္အတုအေယာင္ ေတြပါပဲ ။

ဘာကိုမွ မတပ္မက္ဘဲ အရိုးရွင္းဆံုး အခ်စ္နဲ႕ ခ်စ္တဲ့အခ်စ္ကေတာ့ အခ်ိန္အၾကာၾကီးအထိ ရွင္သန္ေနမွာပါ ။ ဂုဏ္၊ေငြ ၊ လွပမႈေတြ မရွိေတာ့လည္း အခ်စ္က ပ်က္စီးသြားမွာမဟုတ္ပါဘူး ။ ခံနိုင္ရည္အားေကာင္းတဲ့ အခ်စ္မ်ိဳးပါပဲ ။ဒီလိုအခ်စ္မ်ိဳးကို ပိုင္ဆိုင္ထားရတဲ့သူဆိုရင္ေတာ့ လံုးဝလက္လႊတ္မခံသင့္ပါဘူး ။တဏွာမပါတဲ့ အခ်စ္ဆိုတာ မရွိဘူးလို႔ ျပန္ေျပာစရာ ရွိပါလိမ့္မယ္ ။ ဟုတ္ပါတယ္ ။ ကိုယ့္ခ်စ္သူကို အစ္မလို ၊ ညီမလို ၊ အစ္ကိုလို ၊ ေမာင္လို ၊ သူငယ္ခ်င္းလိုေတာ့ ဘယ္သူမွ မခ်စ္ၾကပါဘူး။ အနည္းငယ္ေတာ့ ရွိၾကတာပါပဲ ။ ကြာသြားတာက တဏွာကို အရင္းခံတာလား ၊ ေမတၱာကို အရင္းခံတာလား ဆိုတာပါပဲ …။

Credit:CHAN (ေရႊအင္းေလး)

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
တဏှာလား..အချစ်လား..

သူငါ့ကို ဘာလို့ချစ်တာလဲလို့ တစ်ခါတစ်လေမှာ စဉ်းစားဖူးပါလိမ့်မယ် ။ ဘာကြောင့်ချစ်တယ် ဆိုတာကိုလည်း ကိုယ့်ချစ်သူကိုလည်း မကြာခဏ မေးလေ့ရှိကြပါလိမ့်မယ် ။ ရုပ်ချောလို့ ချစ်တာလား ၊ ချစ်စရာကောင်းလို့ ချစ်တာလား ၊ ပိုက်ဆံရှိလို့ချစ်တာလား ၊ ဂုဏ်ရှိလို့ချစ်တာလား ၊ ကိုယ်လုံးလှလို့ ၊မိုက်လို့ချစ်တာလား ၊ စကားပြောကောင်းလု့ိချစ်တာလား ၊ အနေအေးလို့ချစ်တာလား  ၊ ယဉ်ကျေးလို့ချစ်တာလား စသဖြင့်ပေါ့ ။

ဒီနေရာမှာ တဏှာနဲ့ချစ်တာလား ၊ အချစ်နဲ့ချစ်တာလားဆိုတာကို ပြောချင်ပါတယ်။ တဏှာဆိုတာ Sex ကိစ္စတစ်ခုတည်းကို မဆိုလိုပါဘူး ။ တဏှာဆိုတာကို တပ်မက်ခြင်းလို့ပဲ အဓိပ္ပါယ် ဖွင့်ဆိုပါရစေ ။ မိမိဆီက တစ်စုံတစ်ရာကို တပ်မက်ပြီး ချစ်တာဟာ တဏှာကိုဦးစားပေးပြီး ချစ်တာပါပဲ ။ အဲ့ဒိတပ်မက်တဲ့ အရာတစ်ခုခု မရှိတော့ရင် အဲ့အချစ်ကလည်း ပျောက်ကွယ်သွားပါပြီ ။

သို့သော်လည်း တကယ့်အချစ်စစ်မှာတော့ ဘာလို့ချစ်တာလဲဆိုတဲ့ မေးခွန်းအတွက် တိကျတဲ့အဖြေမရှိပါဘူး ။ ကိုယ်တိုင်စိတ်ထဲက အမှန်တကယ်ချစ်နေလို့သာ သူနဲ့ပတ်သတ်သမျှက လှပနေတာပါ ။ အပြုအမူတိုင်းက သဘောကျစရာ ၊ချစ်စရာ ဖြစ်နေတာပါ ။ ယောကျာ်းလေးတော်တေ်ာများများ ချောမောလှပတဲ့ မိန်းကလေးတွေကို သဘောကျတတ်ကြပါတယ် ။ သို့သော် စိတ်နှလုံးပိုလှတဲ့သူကိုသာ ရွေးချယ်ကြတာပါ။ စိတ်လှတဲ့အလှက အပေါ်ယံရုပ်အလှကို ဖုံးသွားပါတယ် ။ ဒါကတော့ ကြားဖြတ်ပြောတာပါ ။ အပေါ်ယံအလှထက် စိတ်အလှက ပိုပေါ်လွင်ပြီး ပိုကြာရှည်ခံတာကို ပြောချင်တာပါ ။

တဏှာကို အခြေခံတဲ့ ချစ်တဲ့အချစ်က မီးတောက်နဲ့တူပါတယ် ။ မြန်မြန်လောင်ကျွမ်းပြီး မြန်မြန်သေဆုံးသွားတတ်ပါတယ် ။ တဏှာကို အခြေခံပြီး ဆောက်တည်ထားတဲ့ အချစ်ကတော့ အနှေးနဲ့အမြန် ပြိုကွဲတတ်ကြတာချည်းပါပဲ ။ ဥပမာ ခန္ဓာကိုယ်ကို လိုချင်လို့ ချစ်တဲ့သူအတွက် သူလိုချင်တဲ့ ခန္ဓာ ရပြီးသွားရင် ပြီးပါပြီ ။ မျှော်လင့်စရာ မရှိတော့ပါဘူး ။ ငွေကိုလိုချင်လို့ ချစ်တဲ့သူအတွက် ငွေမရှိတဲ့အချိန် အချစ်လည်း မရှိတော့ပါဘူး ။ အချစ်လို့သာ ပြောနေတာပါ ။ အဲ့ဒါကလည်း အချစ်အတုအယောင် တွေပါပဲ ။

ဘာကိုမှ မတပ်မက်ဘဲ အရိုးရှင်းဆုံး အချစ်နဲ့ ချစ်တဲ့အချစ်ကတော့ အချိန်အကြာကြီးအထိ ရှင်သန်နေမှာပါ ။ ဂုဏ်၊ငွေ ၊ လှပမှုတွေ မရှိတော့လည်း အချစ်က ပျက်စီးသွားမှာမဟုတ်ပါဘူး ။ ခံနိုင်ရည်အားကောင်းတဲ့ အချစ်မျိုးပါပဲ ။ဒီလိုအချစ်မျိုးကို ပိုင်ဆိုင်ထားရတဲ့သူဆိုရင်တော့ လုံးဝလက်လွှတ်မခံသင့်ပါဘူး ။တဏှာမပါတဲ့ အချစ်ဆိုတာ မရှိဘူးလို့ ပြန်ပြောစရာ ရှိပါလိမ့်မယ် ။ ဟုတ်ပါတယ် ။ ကိုယ့်ချစ်သူကို အစ်မလို ၊ ညီမလို ၊ အစ်ကိုလို ၊ မောင်လို ၊ သူငယ်ချင်းလိုတော့ ဘယ်သူမှ မချစ်ကြပါဘူး။ အနည်းငယ်တော့ ရှိကြတာပါပဲ ။ ကွာသွားတာက တဏှာကို အရင်းခံတာလား ၊ မေတ္တာကို အရင်းခံတာလား ဆိုတာပါပဲ …။

Credit:CHAN (ရွှေအင်းလေး)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top