iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္ဝန္ေဆာင္မိခင္ေလာင္းေတြဟာ ကေလးအတြက္ေရာ မိမိအတြက္ပါ လိုအပ္ေသာ ဗီတာမင္ ၊ အာဟာရဓါတ္ေတြ ၾကြယ္ဝဖို႔ လိုအပ္လွပါတယ္ ။ သားသမီးေဇာနဲ႕ မိခင္ေလာင္းေတြဟာ က်န္းမာေရးေကာင္းမြန္ေအာင္ အသီးအႏွံေတြကိုလည္း စားသံုးၾကပါတယ္ ။ သို႔ေသာ္ အခ်ိဳ႕အသီးအနွံေတြဟာ ကေလးအတြက္ေရာ မိမိအတြက္ပါ မလိုအပ္ေသာ ေဘးထြက္ဆိုးက်ိဳးေတြကို ျဖစ္ေစနို္င္ပါတယ္ ။

၁။နာနတ္သီး
ကိုယ္ဝန္ေဆာင္ခ်ိန္အတြင္း နာနာသီးကုိ လြန္ကြ်ံစြာ စားသံုးျခင္းက မိခင္ကိုယ္ခံအားအတြက္ အေနွာင့္အယွက္ ျဖစ္ေစပါတယ္ ။ နာနတ္သီးမွာ bromelain ဓါတ္ေတြမ်ားစြာ ၾကြယ္ဝၿပီး သားအိမ္ေခါင္းကို ေပ်ာ့ေစကာ ကေလး ေစာစီးစြာ ေမြးဖြားနိုင္ပါတယ္ ။ ေတာ္သင့္ရံုစားသံုးျခင္းက ကေလးေမြးဖြားမႈအတြက္ အက်ိဳးသက္ေရာက္မႈ မရွိေသာ္လည္း အလြန္အကြ်ံစားလွ်င္ေတာ့ မေကာင္းပါဘူး ။ အမ်ိဳးသမီး အမ်ားစုဟာ နာနတ္သီးေဖ်ာ္ရည္ မ်ားမ်ားေသာက္သံုးျခင္းက ေမြးဖြားရာတြင္ လြယ္ကူေစတယ္လို႔ ယူဆၾကပါတယ္ ။ လံုးဝမွားပါတယ္ ။ ဒီလိုေတြ အလြန္အကဲ ေသာက္သံုးျခင္း ၊ စားသံုးျခင္းက မိခင္အတြက္ေရာ ကေလးအတြက္ပါ မေကာင္းတာေၾကာင့္ ဒီလိုျပဳမူမႈေတြကို ရပ္သင့္ပါျပီ ။ မျဖစ္မေနစားခ်င္လွ်င္ေတာင္ အနည္းငယ္ေလးမွ်သာ စားသံုးပါလို႔ တိုက္တြန္းလိုက္ပါတယ္။

၂။ စပ်စ္သီး
အထူးသျဖင့္ ကိုယ္ဝန္လရင့္တဲ့အခ်ိန္မွာ ခႏၶာကိုယ္ အပူခ်ိန္အတြက္ စပ်စ္သီးကို မစားသင့္ဘူးလို႔ ေဆးသိပၸံပညာရွင္မ်ားက ဆိုပါတယ္ ။ စပ်စ္သီးေျခာက္ အပါအဝင္ စပ်စ္သီးပါဝင္ေသာ ဘယ္လိုအစားအစာမ်ိဳးမဆို ေရွာင္ရွားသင့္ပါတယ္ ။ စပ်စ္သီးမွာပါဝင္တဲ့ ဓါတ္ေၾကာင့္ မိခင္ကို အဆိပ္သင့္မႈျဖစ္ေစနိုင္ပါတယ္ ။ ဒါ့အျပင္ အစာအိမ္အတြင္း အပူခ်ိန္လြန္ကဲမႈေၾကာင့္ အမ်ိဳးသမီးအတြက္ လႈပ္ရွားမႈေလးေကြးေစျပီး အဆိုးဆံုးကေတာ့ ဝမ္းပ်က္ဝမ္းေလွ်ာမႈ ျဖစ္ေစနိုင္ပါတယ္ ။ ကိုယ္ဝန္ရင့္မာခ်ိန္ ဝမ္းေလွ်ာမႈျဖစ္တာဟာ ေရဓါတ္မ်ား ကုန္ဆံုးနိုင္တဲ့အတြက္ အႏၱရာယ္ရွိတဲ့ အေျခအေနတစ္ခုပါ ။ အလြန္အကြ်ံ  စားသံုးမိလွ်င္ ေဟာ္မုန္းမညီမွ်မႈမ်ား ျဖစ္လာနိုင္ျပီး ေခါင္းမူးေခါင္းကိုက္ျခင္း ၊ ေအာ့အန္ျခင္းတို႔ကိုပါ ျဖစ္ေစနို္င္ပါတယ္ ။

၃။သေဘၤာသီးအစိမ္း
ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး (သို႔) ကိုယ္ဝန္ေဆာင္နိုင္ရန္ ၾကိဳးစားေနတဲ့ အမ်ိဳးသမီးတိုင္း သေဘၤာသီး အစိမ္းကို လံုးဝ ေရွာင္ၾကဥ္သင့္ပါတယ္ ။ အဆိုးဆံုးကေတာ့ သေဘၤာသီးအစိမ္းမွာ ပါဝင္တဲ့ဓါတ္က သားအိမ္ကို က်ဥ္းေစပါတယ္ ။ကိုယ္ဝန္ေဆာင္ခ်ိန္အတြင္း စားသံုးလွ်င္ အစာမေၾကမႈကိုလည္း ျဖစ္ေစပါတယ္ ။ ဒါ့အျပင္ ေမြးဖြားရာတြင္လည္း ခက္ခဲေစပါတယ္ ။ သို႔ေသာ္လည္း သေဘၤာသီးအမွည့္ကေတာ့ အာဟာရဓါတ္ၾကြယ္ဝျပီး ဝမ္းခ်ဳပ္ျခင္းကိုလည္း မျဖစ္ေစတာေၾကာင့္ စားသံုးလို႔ ရပါတယ္။

၄။မက္မြန္သီး
မက္မြန္သီးဟာ သံဓါတ္အလြန္ၾကြယ္ဝျပီး ပရိုတိန္း ၊ သၾကားဓါတ္ ၊ ဇင့္ဓါတ္ မ်ားလည္း ပါဝင္ပါတယ္ ။ သို႔ေသာ္ မက္မြန္သီးက အပူစာျဖစ္တာေၾကာင့္ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးမ်ား စားသံုးလွ်င္ ေသြးယိုဆင္းမႈမ်ား ျဖစ္နိုင္ပါတယ္ ။ မက္မြန္သီးကိုစားသံုးျခင္းေၾကာင့္ ကိုယ္ဝန္ေဆာင္ေတြမွာ အခန္႔မသင့္လွ်င္ လည္ေခ်ာင္းယားယံျပီး ဓါတ္မတည့္မႈေတြ ျဖစ္ေစနို္င္ပါတယ္ ။ ဒါ့ေၾကာင့္ မိခင္ေလာင္းမ်ားအေနျဖင့္ အလြန္အကြ်ံ မစားမိဖို႔ သတိျပဳသင့္ပါတယ္။

၅။ဇီးသီး
ဇီးသီးမွာ ဗီတာမင္ေအ မ်ားစြာပါဝင္ျပီး မ်က္လံုးက်န္းမာေရးအတြက္ အလြန္ေကာင္းမြန္ပါတယ္ ။ အျခားေသာ အာဟာရဓါတ္မ်ားလည္း ပါဝင္ျပီး က်န္းမာေရးအတြက္ စားသံုးသင့္တဲ့ အသီးတစ္မ်ိဳးျဖစ္ပါတယ္ ။ သို႔ေသာ္ အပူစာျဖစ္တာေၾကာင့္ ကိုယ္ဝန္ေဆာင္မ်ား မစားသံုးသင္ပါဘူး ။ မ်ားမ်ားစားသံုးလွ်င္ ခႏၶာကို္ယ္ အပူခ်ိန္ တက္လာနို္င္ျပီး အစက္အေျပာက္ေတြ ေပၚလာနိုင္ပါတယ္ ။ မိခင္ေရာ ကေလးက်န္းမာေရးအတြက္ပါ ေကာင္းတဲ့ အသီးမဟုတ္တာေၾကာင့္ မစားမိေအာင္ ေရွာင္သင့္ပါတယ္။

Credit:CHAN (ေရႊအင္းေလး)

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကိုယ်ဝန်ဆောင်မိခင်လောင်းတွေဟာ ကလေးအတွက်ရော မိမိအတွက်ပါ လိုအပ်သော ဗီတာမင် ၊ အာဟာရဓါတ်တွေ ကြွယ်ဝဖို့ လိုအပ်လှပါတယ် ။ သားသမီးဇောနဲ့ မိခင်လောင်းတွေဟာ ကျန်းမာရေးကောင်းမွန်အောင် အသီးအနှံတွေကိုလည်း စားသုံးကြပါတယ် ။ သို့သော် အချို့အသီးအနှံတွေဟာ ကလေးအတွက်ရော မိမိအတွက်ပါ မလိုအပ်သော ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ် ။

၁။နာနတ်သီး
ကိုယ်ဝန်ဆောင်ချိန်အတွင်း နာနာသီးကို လွန်ကျွံစွာ စားသုံးခြင်းက မိခင်ကိုယ်ခံအားအတွက် အနှောင့်အယှက် ဖြစ်စေပါတယ် ။ နာနတ်သီးမှာ bromelain ဓါတ်တွေများစွာ ကြွယ်ဝပြီး သားအိမ်ခေါင်းကို ပျော့စေကာ ကလေး စောစီးစွာ မွေးဖွားနိုင်ပါတယ် ။ တော်သင့်ရုံစားသုံးခြင်းက ကလေးမွေးဖွားမှုအတွက် အကျိုးသက်ရောက်မှု မရှိသော်လည်း အလွန်အကျွံစားလျှင်တော့ မကောင်းပါဘူး ။ အမျိုးသမီး အများစုဟာ နာနတ်သီးဖျော်ရည် များများသောက်သုံးခြင်းက မွေးဖွားရာတွင် လွယ်ကူစေတယ်လို့ ယူဆကြပါတယ် ။ လုံးဝမှားပါတယ် ။ ဒီလိုတွေ အလွန်အကဲ သောက်သုံးခြင်း ၊ စားသုံးခြင်းက မိခင်အတွက်ရော ကလေးအတွက်ပါ မကောင်းတာကြောင့် ဒီလိုပြုမူမှုတွေကို ရပ်သင့်ပါပြီ ။ မဖြစ်မနေစားချင်လျှင်တောင် အနည်းငယ်လေးမျှသာ စားသုံးပါလို့ တိုက်တွန်းလိုက်ပါတယ်။

၂။ စပျစ်သီး
အထူးသဖြင့် ကိုယ်ဝန်လရင့်တဲ့အချိန်မှာ ခန္ဓာကိုယ် အပူချိန်အတွက် စပျစ်သီးကို မစားသင့်ဘူးလို့ ဆေးသိပ္ပံပညာရှင်များက ဆိုပါတယ် ။ စပျစ်သီးခြောက် အပါအဝင် စပျစ်သီးပါဝင်သော ဘယ်လိုအစားအစာမျိုးမဆို ရှောင်ရှားသင့်ပါတယ် ။ စပျစ်သီးမှာပါဝင်တဲ့ ဓါတ်ကြောင့် မိခင်ကို အဆိပ်သင့်မှုဖြစ်စေနိုင်ပါတယ် ။ ဒါ့အပြင် အစာအိမ်အတွင်း အပူချိန်လွန်ကဲမှုကြောင့် အမျိုးသမီးအတွက် လှုပ်ရှားမှုလေးကွေးစေပြီး အဆိုးဆုံးကတော့ ဝမ်းပျက်ဝမ်းလျှောမှု ဖြစ်စေနိုင်ပါတယ် ။ ကိုယ်ဝန်ရင့်မာချိန် ဝမ်းလျှောမှုဖြစ်တာဟာ ရေဓါတ်များ ကုန်ဆုံးနိုင်တဲ့အတွက် အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုပါ ။ အလွန်အကျွံ  စားသုံးမိလျှင် ဟော်မုန်းမညီမျှမှုများ ဖြစ်လာနိုင်ပြီး ခေါင်းမူးခေါင်းကိုက်ခြင်း ၊ အော့အန်ခြင်းတို့ကိုပါ ဖြစ်စေနိုင်ပါတယ် ။

၃။သင်္ဘောသီးအစိမ်း
ကိုယ်ဝန်ဆောင်အမျိုးသမီး (သို့) ကိုယ်ဝန်ဆောင်နိုင်ရန် ကြိုးစားနေတဲ့ အမျိုးသမီးတိုင်း သင်္ဘောသီး အစိမ်းကို လုံးဝ ရှောင်ကြဉ်သင့်ပါတယ် ။ အဆိုးဆုံးကတော့ သင်္ဘောသီးအစိမ်းမှာ ပါဝင်တဲ့ဓါတ်က သားအိမ်ကို ကျဉ်းစေပါတယ် ။ကိုယ်ဝန်ဆောင်ချိန်အတွင်း စားသုံးလျှင် အစာမကြေမှုကိုလည်း ဖြစ်စေပါတယ် ။ ဒါ့အပြင် မွေးဖွားရာတွင်လည်း ခက်ခဲစေပါတယ် ။ သို့သော်လည်း သင်္ဘောသီးအမှည့်ကတော့ အာဟာရဓါတ်ကြွယ်ဝပြီး ဝမ်းချုပ်ခြင်းကိုလည်း မဖြစ်စေတာကြောင့် စားသုံးလို့ ရပါတယ်။

၄။မက်မွန်သီး
မက်မွန်သီးဟာ သံဓါတ်အလွန်ကြွယ်ဝပြီး ပရိုတိန်း ၊ သကြားဓါတ် ၊ ဇင့်ဓါတ် များလည်း ပါဝင်ပါတယ် ။ သို့သော် မက်မွန်သီးက အပူစာဖြစ်တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ စားသုံးလျှင် သွေးယိုဆင်းမှုများ ဖြစ်နိုင်ပါတယ် ။ မက်မွန်သီးကိုစားသုံးခြင်းကြောင့် ကိုယ်ဝန်ဆောင်တွေမှာ အခန့်မသင့်လျှင် လည်ချောင်းယားယံပြီး ဓါတ်မတည့်မှုတွေ ဖြစ်စေနိုင်ပါတယ် ။ ဒါ့ကြောင့် မိခင်လောင်းများအနေဖြင့် အလွန်အကျွံ မစားမိဖို့ သတိပြုသင့်ပါတယ်။

၅။ဇီးသီး
ဇီးသီးမှာ ဗီတာမင်အေ များစွာပါဝင်ပြီး မျက်လုံးကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပါတယ် ။ အခြားသော အာဟာရဓါတ်များလည်း ပါဝင်ပြီး ကျန်းမာရေးအတွက် စားသုံးသင့်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ် ။ သို့သော် အပူစာဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်များ မစားသုံးသင်ပါဘူး ။ များများစားသုံးလျှင် ခန္ဓာကိုယ် အပူချိန် တက်လာနိုင်ပြီး အစက်အပြောက်တွေ ပေါ်လာနိုင်ပါတယ် ။ မိခင်ရော ကလေးကျန်းမာရေးအတွက်ပါ ကောင်းတဲ့ အသီးမဟုတ်တာကြောင့် မစားမိအောင် ရှောင်သင့်ပါတယ်။

Credit:CHAN (ရွှေအင်းလေး)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top