iMyanmarHouse.com - Best Property Website for Myanmar
×

မဂၤလာပါေနာ္။ ၀ိတ္ခ်နည္းေတြ တင္တာမ်ားေနလို႔ ၀ိတ္တက္ခ်င္တဲ့သူေတြအတြက္ ၀ိတ္တက္ေအာင္ျပဳလုပ္နည္းကို မွ်ေ၀ေပးခ်င္ပါတယ္။

သာမန္ထက္ ကိုယ္အေလးခ်ိန္ေလ်ာ့တာဟာ က်န္းမာေရးအတြက္မေကာင္းပါဘူး။ ေလ့လာေတြ႔ရွိမႈအရ ကိုယ္အေလးခ်ိန္ သာမန္ထက္ နည္းတဲ့ အမ်ိဳးသားေတြဟာအေစာဆံုး ေသဆံုးႏိုင္ေခ် ၁၄၀% ရွိၿပီး အမ်ိဳးသမီးေတြမွာ ၁၀၀ % ထိရွိပါတယ္။

ကိုယ္အေလးခ်ိန္ သာမန္ထက္ေလ်ာ့ရတဲ့ အေၾကာင္းရင္ေတြကေတာ့

အစားပံုမွန္မစားျခင္း၊ သို္င္းရိြဳက္ျပႆနာျဖစ္ျခင္း၊ ဆီးခ်ိဳ အမ်ိဳးအစား ၁၊ ကင္ဆာ နဲ႔ ကူးစက္ေရာဂါေတြေၾကာင့္ပါ။

က်န္းမာေရးနဲ႔ညီညႊတ္ၿပီး ၀ိတ္တက္ေအာင္ဘယ္လိုလုပ္မလဲ

၀ိတ္တက္ေအာင္လုပ္မယ္ဆိုရင္ေတာင္ က်န္းမာေရးနဲ႔ညီညႊတ္ေအာင္လုပ္ဖို႔အေရးႀကီးပါတယ္။

ဆိုဒါေတြ ဒိုးနတ္ေတြ မ်ားမ်ားစားတာဟာ ကိုယ္အေလးခ်ိန္တက္ႏိုင္ေပမယ့္ က်န္းမာေရးအတြက္ ဆိုးက်ိဳးျဖစ္ေစပါတယ္။

က်န္းမာေရးန႔ဲညီညႊတ္တဲ့အစားအစာစားၿပီး ေနထိုင္ဖို႔က အေရဒႀကီးပါတယ္။

၁။ ခႏၱာကိုယ္မွာလိုအပ္တဲ့ ကယ္လိုရီထက္ ကယ္လိုရီပိုမ်ားမ်ားစားပါ။

ကယ္လိုရီမ်ားတဲ့အစားအစာေတြ စားေပးပါ။ ကိုယ္အေလးခ်ိန္ ျဖည္းျဖည္းပဲ တက္ခ်င္ေတာ့ တစ္ေန႔ကို ကယ္လိုရီ ၃၀၀ ကေန ၅၀၀ စားေပးပါ။ ျမန္ျမန္တက္ခ်င္ရင္ေတ့ ၇၀၀ ကေန ၁၀၀၀ ကယ္လိုရီပိုစားေပးသင့္ပါတယ္။

၂။ ပရိုတင္းဓါတ္မ်ားမ်ားစားပါ။

ကိုယ္အေလးခ်ိန္တက္ေနတဲ့ ေနာက္ထပ္အေရးႀကီးဆံုးကေတာ့ ပရိုတင္းဓါတ္ျဖစ္ပါတယ္။ ၾကက္ဥ၊ အသား၊ ငါး၊ ႏို႔ထြက္အစားအစာ၊ ပဲအမ်ိဳးမ်ိဳး စတဲ့ ပရိုတင္ဓါတ္မ်ားမ်ားပါတဲ့အစားအစာစားေပးပါ။ whey protein ေတြကလည္း သင့္အတြက္ ေကာင္းမြန္ပါတယ္။

၃. အဆီမ်ားတဲ့အစားအစာ တစ္ေန႔ ၃ ႀကိမ္ေလာက္စားပါ။

အဆီမ်ားတဲ့အစားအစာစားေပးပါ။ ေျပာင္းဖူး၊ အာလူး၊ ေပါင္မုန္႔၊ ေထာပတ္သီး စားေပးပါ။

၄။ ခြန္အားျပည့္၀တဲ့အစားအစာေတြစားေပးပါ။
အသင့္ျပဳလုပ္ထားၿပီး က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ သေရစာစားေပးပါ။ ဗာဒံသီး၊ ေျမပဲ၊ စြန္ပလြံံသီး၊ ႏြားႏို႔၊ အဆီျပည့္၀တဲ့ ဒိန္ခ်ဥ္၊ ခ်ိစ္၊ ခရင္မ္၊ ေကြကာအုတ္၊ ၾကက္သား၊ အမည္းသား၊ ၀က္သား၊ ကန္ဇြန္းဥ၊ အာလူး၊ ေခ်ာ့ကလက္အမည္း၊ စတာေတြစားေပးပါ။

အခုအစားအစာေတြဟာ ဗိုက္ျပည့္ေစၿပီး အာအင္းျပည့္၀ေစမယ့္ အစားအစာေတြျဖစ္ပါတယ္။ အသီးအရြက္မ်ားမ်ားမစားလည္းရပါတယ္။ ငွက္ေပ်ာသီးလို ၀ါးစရာသိပ္မလိုတဲ့ အသီးစားပါ။

၅။ ၀ိတ္မပါ။

အားရွိေစၿပီး ၾကြက္သားေတြသန္မာေစဖို႔ ၀ိတ္မေပးပါ။

တစ္ပတ္ကို ၂ ႀကိမ္ ၄ ႀကိမ္ေလာက္ မေပးသင့္ပါတယ္။

ကိုယ္အေလးခ်ိန္တက္ေစမယ့္ ေနာက္ထပ္ အႀကံျပဳခ်က္ေတြကေတာ့
အစာအစားခင္ေရမေသာက္ပါနဲ႔။ ခဏခဏစားေပးပါ။ ႏို႔ေသာက္ပါ။ ပန္းကန္ႀကီးႀကီးနဲ႔ ေျပာင္းစားပါ။ ေကာ္ဖီေသာက္ရင္ ခရင္မ္ထည့္ေသာက္ပါ။ အိပ္ေရး၀၀အိပ္ပါ။ ပရိုတင္းမ်ားမ်ားစားၿပီး အသီးအရြက္ကို နည္းနည္းစားပါ။ ေဆးလိပ္မေသာက္ပါနဲ႔။

စိတ္ရွည္ပါ။

Credit:Mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မင်္ဂလာပါနော်။ ဝိတ်ချနည်းတွေ တင်တာများနေလို့ ဝိတ်တက်ချင်တဲ့သူတွေအတွက် ဝိတ်တက်အောင်ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

သာမန်ထက် ကိုယ်အလေးချိန်လျော့တာဟာ ကျန်းမာရေးအတွက်မကောင်းပါဘူး။ လေ့လာတွေ့ရှိမှုအရ ကိုယ်အလေးချိန် သာမန်ထက် နည်းတဲ့ အမျိုးသားတွေဟာအစောဆုံး သေဆုံးနိုင်ချေ ၁၄၀% ရှိပြီး အမျိုးသမီးတွေမှာ ၁၀၀ % ထိရှိပါတယ်။

ကိုယ်အလေးချိန် သာမန်ထက်လျော့ရတဲ့ အကြောင်းရင်တွေကတော့

အစားပုံမှန်မစားခြင်း၊ သိုင်းရွိုက်ပြဿနာဖြစ်ခြင်း၊ ဆီးချို အမျိုးအစား ၁၊ ကင်ဆာ နဲ့ ကူးစက်ရောဂါတွေကြောင့်ပါ။

ကျန်းမာရေးနဲ့ညီညွှတ်ပြီး ဝိတ်တက်အောင်ဘယ်လိုလုပ်မလဲ

ဝိတ်တက်အောင်လုပ်မယ်ဆိုရင်တောင် ကျန်းမာရေးနဲ့ညီညွှတ်အောင်လုပ်ဖို့အရေးကြီးပါတယ်။

ဆိုဒါတွေ ဒိုးနတ်တွေ များများစားတာဟာ ကိုယ်အလေးချိန်တက်နိုင်ပေမယ့် ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေပါတယ်။

ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာစားပြီး နေထိုင်ဖို့က အရေဒကြီးပါတယ်။

၁။ ခန္တာကိုယ်မှာလိုအပ်တဲ့ ကယ်လိုရီထက် ကယ်လိုရီပိုများများစားပါ။

ကယ်လိုရီများတဲ့အစားအစာတွေ စားပေးပါ။ ကိုယ်အလေးချိန် ဖြည်းဖြည်းပဲ တက်ချင်တော့ တစ်နေ့ကို ကယ်လိုရီ ၃၀၀ ကနေ ၅၀၀ စားပေးပါ။ မြန်မြန်တက်ချင်ရင်တေ့ ၇၀၀ ကနေ ၁၀၀၀ ကယ်လိုရီပိုစားပေးသင့်ပါတယ်။

၂။ ပရိုတင်းဓါတ်များများစားပါ။

ကိုယ်အလေးချိန်တက်နေတဲ့ နောက်ထပ်အရေးကြီးဆုံးကတော့ ပရိုတင်းဓါတ်ဖြစ်ပါတယ်။ ကြက်ဥ၊ အသား၊ ငါး၊ နို့ထွက်အစားအစာ၊ ပဲအမျိုးမျိုး စတဲ့ ပရိုတင်ဓါတ်များများပါတဲ့အစားအစာစားပေးပါ။ whey protein တွေကလည်း သင့်အတွက် ကောင်းမွန်ပါတယ်။

၃. အဆီများတဲ့အစားအစာ တစ်နေ့ ၃ ကြိမ်လောက်စားပါ။

အဆီများတဲ့အစားအစာစားပေးပါ။ ပြောင်းဖူး၊ အာလူး၊ ပေါင်မုန့်၊ ထောပတ်သီး စားပေးပါ။

၄။ ခွန်အားပြည့်ဝတဲ့အစားအစာတွေစားပေးပါ။
အသင့်ပြုလုပ်ထားပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သရေစာစားပေးပါ။ ဗာဒံသီး၊ မြေပဲ၊ စွန်ပလွံံသီး၊ နွားနို့၊ အဆီပြည့်ဝတဲ့ ဒိန်ချဉ်၊ ချိစ်၊ ခရင်မ်၊ ကွေကာအုတ်၊ ကြက်သား၊ အမည်းသား၊ ဝက်သား၊ ကန်ဇွန်းဥ၊ အာလူး၊ ချော့ကလက်အမည်း၊ စတာတွေစားပေးပါ။

အခုအစားအစာတွေဟာ ဗိုက်ပြည့်စေပြီး အာအင်းပြည့်ဝစေမယ့် အစားအစာတွေဖြစ်ပါတယ်။ အသီးအရွက်များများမစားလည်းရပါတယ်။ ငှက်ပျောသီးလို ဝါးစရာသိပ်မလိုတဲ့ အသီးစားပါ။

၅။ ဝိတ်မပါ။

အားရှိစေပြီး ကြွက်သားတွေသန်မာစေဖို့ ဝိတ်မပေးပါ။

တစ်ပတ်ကို ၂ ကြိမ် ၄ ကြိမ်လောက် မပေးသင့်ပါတယ်။

ကိုယ်အလေးချိန်တက်စေမယ့် နောက်ထပ် အကြံပြုချက်တွေကတော့
အစာအစားခင်ရေမသောက်ပါနဲ့။ ခဏခဏစားပေးပါ။ နို့သောက်ပါ။ ပန်းကန်ကြီးကြီးနဲ့ ပြောင်းစားပါ။ ကော်ဖီသောက်ရင် ခရင်မ်ထည့်သောက်ပါ။ အိပ်ရေး၀၀အိပ်ပါ။ ပရိုတင်းများများစားပြီး အသီးအရွက်ကို နည်းနည်းစားပါ။ ဆေးလိပ်မသောက်ပါနဲ့။

စိတ်ရှည်ပါ။

Credit:Mystylemyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top