iMyanmarHouse.com - Best Property Website for Myanmar
×

ေခတ္စနစ္မ်ားေျပာင္းလာတိုင္း ႏိုင္ငံ တစ္ႏိုင္ငံရိွ ႏိုင္ငံသား မ်ား၏ အေတြး အေခၚ အယူအဆမ်ားလည္း ေျပာင္းလဲ တတ္သည္။
လူေတာ္မ်ားကို ပို၍လိုလားသည္၊ ေနရာေပးသည္။ လူငယ္ မ်ားကလည္းပို ၍ ပို၍ေတာ္ရန္ အားထုတ္ၾကသည္။ လူ ေတာ္မ်ားေသာ ႏိုင္ငံဆိုလွ်င္ တိုးတက္ ဖြံ႕ၿဖိဳးမႈျမန္သည္။ ေခတ္မီဆန္းသစ္ျခင္း မ်ား၊ ဖန္တီးတီထြင္ျခင္းမ်ားစြာကို ႀကိဳး ပမ္းႏုိင္ၾကသည္။ မိဘမ်ားကလည္း သားသမီးမ်ားကိုပို၍ ေတာ္ေသာ တတ္ ေသာလူေတာ္အျဖစ္ ျမင္လိုသည္။ ေငြ ေၾကးျဖင့္ဝယ္ယူ၍ ရသမွ်အကုန္ဝယ္ယူ ျဖည့္ဆည္းေပးသည္။ ထို႔ေၾကာင့္ လူငယ္ မ်ားစြာတို႔’လူေတာ္’မ်ားျဖစ္လာၾကသည္။
ထိုလူေတာ္မ်ားသည္ တစ္ႏွစ္ထက္ တစ္ႏွစ္ အေရအတြက္ပိုမ်ားလာသည္။ အေတာ္ခ်င္းၿပိဳင္သည္အထိ အင္အား ေကာင္းလာသည္။ ထိုလူေတာ္မ်ားထဲ တြင္ စာေပဗဟုသုတေလ့လာဖတ္႐ႈသူ နည္းပါးေနေသးသည္။ လူေတာ္တစ္ ေယာက္လူေကာင္းျဖစ္ေရး’စာေပေလ့ လာရန္’၊’စာဖတ္ရန္’လိုအပ္ေသးသည္။ စာေပဖတ္႐ႈေလ့လာသူမွသာ ေလာက အေၾကာင္း၊ ဓမၼအေၾကာင္းသိႏိုင္မည္။
”စာဖတ္ျခင္းသည္ ဦးေႏွာက္ တစ္ ခုလံုးကို ေလ့က်င့္ခန္းျပဳလုပ္ျခင္းပင္ျဖစ္ သည္”ဟု ဂြၽန္စတိန္း၏အဆိုအမိန္႔ကို မွတ္သားဖူးသည္။ ျမန္မာႏိုင္ငံ မွ မိဘ အေတာ္မ်ားမ်ားပင္ ကိုယ္တိုင္ကစာအုပ္ စာေပေလ့လာမႈနည္းသည္။ ထိုေသာ အခါ သားသမီးမ်ားအတြက္ စာအုပ္စာ ေပဖတ္႐ႈရန္ အားေပးမႈနည္းၾကသည္။ ”ႀကီးလာရင္ သူတို႔ဘာသာ လိမၼာလာ ၾကမွာေပါ့”ဟု လြယ္လြယ္ေတြးၾက သည္။ အရြယ္ေရာက္ႀကီးျပင္းလာလွ်င္ လိမၼာၾကမည့္အေရးသည္ ထင္သေလာက္ မလြယ္ျဖစ္ေနသည္။ ထိုအရြယ္မွ ”ဒီလို ေနၾက၊ ဒီလိုေျပာၾက၊ ဒီလိုျပဳမူၾက”ဟု တုိက္တြန္းလွ်င္ သူတို႔မနာခံခ်င္ၾကျဖစ္ေန ၾကသည္။။
စာဖတ္ရန္၊ လိမၼာယဥ္ေက်းရန္ ငယ္ စဥ္ကစၿပီးအေလ့အက်င့္ျပဳလုပ္မွရသည္။ ယခင္က စာမတတ္သူပေပ်ာက္ေရးစီမံ ကိန္းျဖင့္ ‘အ’သံုးလံုးသင္တန္းမ်ား ၿမိဳ႕ နယ္အႏွံ႔၊ ေက်းလက္အႏွံ႔ဖြင့္လွစ္သင္ ၾကားေပးခဲ့ၾကသည္။ ယခုႏွစ္ပိုင္းမ်ား တြင္ ”စာမဖတ္သူ ပေပ်ာက္ေရး” အတြက္ ႀကိဳးပမ္းၾကရျပန္သည္။ ေက်း လက္မ်ားတြင္စာၾကည့္တုိက္မ်ားဖြင့္လွစ္ ေစျခင္းျဖင့္ စာဖတ္ရိွန္ျမႇင့္ၾကရသည္။ ႏိုင္ငံေတာ္မွ စာၾကည့္တိုက္မ်ားဖြင့္လွစ္ ေစခဲ့သည္။ စာၾကည့္တုိက္ေဖာင္ေဒးရွင္း မွ စာအုပ္မ်ားလွဴဒါန္းေထာက္ပံ့သည္။ အားတက္စရာျဖစ္သည္။
အသိÓဏ္ျမင့္ရန္၊ ဆင္ျခင္တံုတရား ရိွရန္ စာအုပ္စာေပဖတ္႐ႈၾကေရးကို စာ ေရးဆရာမ်ားကေဟာေျပာၾကသည္။ စာ တတ္ရန္လိုသည္၊ စာဖတ္ရန္လိုသည္ကို အလင္းျပၾကရသည္။ စာတတ္ပုဂၢိဳလ္ မ်ားႏွင့္ စက္ယႏၲရားပစၥည္းသုံးစြဲတတ္ သည့္ လူေတာ္မ်ားကို ႏိုင္ငံေတာ္က လို အပ္သည္။ ထိုနည္းတူပင္လူေကာင္းမ်ား ကိုလည္း ႏိုင္ငံေတာ္ကလိုအပ္သည္။ ထို႔ေၾကာင့္ စာၾကည့္တိုက္ႏွင့္စာအုပ္စာေပ သည္ တစ္ႏိုင္ငံလုံးအတြက္ လိုအပ္ေန ဦးမည္။
ဆရာတကၠသိုလ္သခၤ၏ ေဆာင္းပါး တစ္ပုဒ္တြင္ဖတ္ဖူးသည့္အေၾကာင္းအရာ ေလးတစ္ခု မွ်ေဝခ်င္သည္။ ”အဂၤလန္ ႏိုင္ငံတြင္ရပ္ကြက္၊ ေက်းရြာတစ္ခုတည္ ေထာင္မည္ဆိုလွ်င္ မျဖစ္မေနပါရွိရေသာ အရာမွာ စာၾကည့္တိုက္ျဖစ္သည္”ဟု ဖတ္ရသည္။ စာၾကည့္တိုက္ရွိေသာရြာ မ်ားတြင္ စာဖတ္သူမ်ားတိုးပြားလာမည္။ စာၾကည့္တိုက္ မရွိေသာရြာမ်ားတြင္ ရြာ သားအမ်ားစုပင္စာမဖတ္ျဖစ္ၾက။ အျခား ရြာမွ စာၾကည့္တိုက္သို႔ သြား၍ စာဖတ္ရန္ စိတ္ကူးထဲတြင္ပင္ ရွိပုံမရပါ။
တခ်ဳိ႕က ဆင္ေျခေပးသည္။ အူမ ေတာင့္မွ သီလေစာင့္ႏိုင္မည္ဟု။ ”အူမ ေတာင့္ေသာ္လည္း သီလမေစာင့္ပါ”ဟု ေျပာရလိမ့္မည္။ ဆိုလိုသည္မွာ စားဝတ္ ေနေရးျပည့္စုံၿပီး ေငြေၾကးတတ္ႏိုင္ေသာ္ လည္း စာေပဖတ္ရန္ စိတ္မဝင္စားသူ မ်ားရွိသည္ဟု ေျပာလိုသည္။ ကြၽန္မ၏ ေမြးရပ္ဌာေနရြာေလးတြင္စာသင္ေက်ာင္း ရွိသည္။ မူလတန္းေက်ာင္းေဆာင္မွာ ကြန္ကရစ္ခင္း၊ ပ်ဥ္ကာ၊ သြပ္မိုးႏွင့္ တစ္ ရြာလုံးရွိအိမ္မ်ားသည္ တိုက္အိမ္ခ်ည္း ျဖစ္သည္။
သူတို႔ စီးပြားေရးေကာင္းၾကသည္။ ကေလးမ်ားကိုလည္း ေက်ာင္းစာသင္ေစ သည္။ သို႔ရာတြင္ မူလတန္းေအာင္ၿပီး၊ ဖဲကတာရြာရွိ အလယ္တန္းေက်ာင္းတြင္ ေက်ာင္းသြားတက္သူက ခပ္ရွားရွားပင္ ျဖစ္သည္။ အလယ္တန္းေက်ာင္းတြင္ ေျခာက္တန္း၊ခုနစ္တန္းအထိသာ ေက်ာင္း ေနၾကသည္။ ေရွ႕ဆက္ၿပီး ဘယ္သူမွ ေက်ာင္းမတက္ၾကေတာ့ၿပီ။ ‘သူတို႔ဘာ ေတြလုပ္သလဲ’ဟုကြၽန္မေမးေတာ့”ထိုင္း ဘက္အလုပ္သြားလုပ္ၾကတယ္”ဟုေျဖ သည္။ ထိုင္းဘက္တြင္ ပန္းရန္၊ လက္ သမား၊ ေစ်းေရာင္း၊ ကားေမာင္းစသည္ ျဖင့္ အလုပ္လုပ္ၾကသည္။ ရသည့္ပိုက္ဆံ ကို ရြာမွမိဘမ်ားထံပို႔၊ ေျမဝယ္၊ အိမ္ ေဆာက္၊ လွဴဒါန္းစသည္ျဖင့္ တစ္ရြာလုံး ေငြေၾကးျပည့္စုံၾကသည္။
ရြာတြင္လူငယ္၊ လူလတ္မရွိ။ သက္ ႀကီးရြယ္အိုႏွင့္ ကေလးမ်ားသာရွိသည္။ ရြာမွလူငယ္မ်ား ထိုင္းသြား၍အလုပ္လုပ္၊ အိမ္ေထာင္ျပဳ၊ သားသမီးရေတာ့ လူၾကံဳ ႏွင့္ပို႔သူလည္းရွိသည္။ တခ်ဳိ႕က ရြာမွာ မီးဖြားၿပီး ကေလးကိုမိဘမ်ားႏွင့္ထားခဲ့ ၿပီး၊ ထုိင္းသို႔ျပန္သြားသည္။ ရြာတြင္သုံး ေသာပစၥည္းမ်ားမွာ ထိုင္းမွပစၥည္းသာ ႀကီးစိုးသည္။ ထိုင္းသီခ်င္း၊ မြန္သီခ်င္း၊ ထိုင္းဗီဒီယို၊ မြန္ဗီဒီယိုမ်ားကို ၾကည့္ၾက သည္။ လွ်ပ္စစ္ပစၥည္းမ်ား၊ ေစာင္မ်ား၊ အိမ္သုံးပစၥည္းမ်ားအားလုံး ရွယ္ခ်ည္းသုံး ၾကသည္။ သူတို႔၏ရြာဦးေက်ာင္း၊ကြၽန္မ၏ ဦးေလးဘုန္းႀကီးေက်ာင္းတြင္ လွဴဒါန္း ႏိုင္ၾကသည္မွာလည္းသိန္းဂဏန္းေအာက္ မေလ်ာ့ျဖစ္သည္။ ရြာဘုန္းႀကီးေက်ာင္း သည္ ၿမိဳ႕ဘုန္းႀကီးေက်ာင္းအခ်ဳိ႕ထက္ ေကာင္းမြန္တင့္တယ္သည္။ေျပာလိုသည္ မွာ သူတို႔ အူမေတာင့္ၾကသည္ေပါ့။ သို႔ရာ တြင္စာဖတ္မည့္သူရွားသည္။ ဆရာေတာ္ သည္ အျမင္က်ယ္သူ၊ စာေပသမားျဖစ္၍ ေမာ္လၿမိဳင္ၿမိဳ႕မွ စာအုပ္ဝယ္လာသည္။ ဂ်ာနယ္၊ သတင္းစာမ်ားကားၾကံဳႏွင့္မွာ၍ ေက်ာင္း၌ထားေပးသည္ ‘စာလာဖတ္ ၾက’ဟုဖိတ္မႏၲကျပဳသည္။ ၿသ ပါဟုသာ ၾကားရသည္။
ရြာမွသက္ႀကီးရြယ္အိုမ်ားက မ်က္စိ မႈန္ၾကၿပီ။ ထိုင္းမသြားဘဲ ရြာတြင္ေန၍ လယ္ယာ၊ ကိုင္းကြၽန္းလုပ္သူ လူလတ္ ပိုင္းမ်ားက်ေတာ့ မုိးခ်ဳပ္မွလုပ္ငန္းသိမ္း သည္။ စာမဖတ္ႏိုင္ေတာ့ၿပီ။ သည္ေတာ့ ရြာတြင္ စာၾကည့္တိုက္ေလးတည္ေထာင္ ေပးလိုေသာဆႏၵေလး လက္တြန္႔သြား ေတာ့သည္။
”စာဖတ္သူသည္ စာမဖတ္သူထက္ ေခါင္းတစ္လံုးပိုျမင့္သည္”
”စာမဖတ္သူသည္ ျပတင္းေပါက္ မပါေသာအိမ္ႏွင့္တူသည္”
ထိုထို မ်ားလွစြာေသာ အဆိုအမိန္႔ မ်ားျဖင့္ ‘စာမဖတ္သူပေပ်ာက္ေရး’ အတြက္ စာေပေဟာေျပာပြဲမ်ားေဟာခဲ့ ေျပာခဲ့ေသာ ကြၽန္မ၊ ကိုယ့္ေမြးရပ္ေျမ အတြက္ စိတ္မေကာင္းျဖစ္ရသည္။ ဤသို႔ဆိုလွ်င္ ‘သူတို႔လိမၼာေရးျခားရွိရ႕ဲ လား’ ‘သူတို႔လူငယ္ေတြဆိုးသြမ္းေန လား’ဟု ေမးစရာရွိသည္။ ‘လိမၼာၾကပါ သည္၊ ဆိုးသြမ္းေတေပသူမရွိပါ’ဟု ေျဖ ရလိမ့္မည္။ အေၾကာင္းမွာ တစ္ရြာလံုးပင္ ငယ္စဥ္ကေလးဘဝမွစ၍ ဆရာေတာ္ ေက်ာင္းတြင္စာသင္ၾကရျခင္း၊ ဆရာေတာ္ သံဃာေတာ္မ်ား၏ ဆံုးမသြန္သင္မႈျဖင့္ ႀကီးျပင္းလာၾကရျခင္း ႐ုိးသား၊ ႀကိဳးစား ၾကျခင္းတို႔ေၾကာင့္ ျဖစ္သည္။
ၿမိဳ႕ျပမ်ားမွ လူငယ္ အေတာ္မ်ားမ်ား သည္ သူတို႔ျဖတ္သန္းခဲ့ၾကေသာ ေခတ္ အေနအထားေၾကာင့္ ေက်းလက္မွလူငယ္ မ်ားႏွင့္မတူ၊ ေခတ္ႀကီးက အိုင္တီေခတ္ ျဖစ္လာၿပီ။ စက္ပစၥည္းကြၽမ္းက်င္မႈ လည္းပိုမ်ားလာၿပီ။ ဘုန္းႀကီးေက်ာင္း မသြားျဖစ္၊ သံဃာေတာ္မ်ား၏တရားႏွင့္ လည္းေဝး။ သည္ေတာ့ ႐ိုင္းျပရန္လည္း လြယ္ကူသည္။ ဆိုးသြမ္းရန္လည္း မေၾကာက္ေတာ့ၿပီ။ ဆင္ေျခက်ေတာ့ မ်ား ေနေသးသည္။
‘ၤေခနဘသသု ထဲမွာ အကုန္ရွာဖတ္လို႔ ရတယ္။ စာၾကည့္တိုက္မလိုဘူး၊ သယ္ ရခက္တဲ့စာအုပ္ေတြမလုိဘူး’ဟု ေျပာၾက ေသးသည္။ ေျပာသာေျပာသည္ ေဖ့စ္ ဘုတ္ထဲမွ တရားကိုနားေထာင္သူ နည္း မည္။ ဆင္ျခင္တံုတရားကို တည့္မတ္ ေပးမည့္ စာေပမ်ားရွာဖတ္သူနည္းမည္။ အသိÓဏ္ကို ဦးစားေပးမည့္ စာမ်ားဖတ္ သူနည္းဦးမယ္။ ျမင္အပ္၊ မျမင္အပ္၊ ဗီဒီယိုဇာတ္လမ္းမ်ား၊ လိင္ပိုင္းဆိုင္ရာ စာမ်ားကို ရွာေဖြဖတ္႐ႈသူမ်ားမည္။ ထို႔ ေၾကာင့္ထိုထိုေတာ္ေသာ၊ တတ္ေသာလူ ငယ္မ်ားသည္ လူေတာ္ျဖစ္ေနျငား၊ လူ ေကာင္းျဖစ္ရန္ အလွမ္းေဝးေတာ့သည္။
ကြၽန္မေျပာခ်င္သည္မွာ…
ပံုႏွိပ္စာလံုးျဖင့္ထုတ္ေဝထားေသာ စာအုပ္စာေပမ်ားကို ဖတ္႐ႈၾကရန္ျဖစ္ သည္။ ျမန္မာႏုိင္ငံမွ လူငယ္မ်ားသည္ လူေတာ္မ်ားျဖစ္ေနၾကၿပီ။
ပညာေတာ္ေသာ၊ ေငြရွာေတာ္ေသာ၊ စက္ပစၥည္း ယႏၲရားမ်ားအသံုးျပဳရာတြင္ေတာ္ေသာ လူေတာ္မ်ား စြာ ေပၚထြန္းေနၿပီ။
၂ဝဝ၄ ခုႏွစ္မွစ၍ ေက်းရြာစာၾကည့္တိုက္မ်ား၊ ကိုယ့္အားကိုယ့္ကိုး စာၾကည့္တိုက္မ်ားတည္ေထာင္မႈ စတင္ခဲ့သည္။ စာၾကည့္တိုက္မ်ားကို ေက်းရြာမ်ားတြင္ သာမကၿမိဳ႕ျပမ်ားမွ ရပ္ကြက္တစ္ခုခ်င္းစီတြင္ စာ ၾကည့္တိုက္ရွိေစသင့္သည္။ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး မ်ားႏွင့္ ဌာနဆိုင္ရာမ်ားကိုၫႊန္ၾကားေစသင့္သည္။ ျပန္ ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရး႐ံုးမ်ားတြင္ စာအုပ္ စာေပရွိေသာ္လည္း စာဖတ္ပရိသတ္မရွိ၊ ဝင္ထြက္ သြားလာသူမရွိ၊ ‘အစိုးရ႐ံုး’ဆိုေသာအဟန္႔ေၾကာင့္ မသြားရဲၾကျခင္းလည္းျဖစ္သည္။’ရပ္ကြက္စာၾကည့္ တိုက္’ျဖစ္ေစ၊ ‘စာေပေရခ်မ္းစင္’ျဖစ္ေစ၊ လက္ဖက္ရည္ဆိုင္ ္နွင့္နီးေသာေနရာမ်ားတြင္ထားေပးလွ်င္ လက္ဖက္ရည္ဆိုင္ ထိုင္စဥ္စာတစ္ပုဒ္ေတာ့ဖတ္ျဖစ္ၾကလိမ့္မည္။
ဘာသာသာသနာႏွင့္ဆိုင္ေသာစာေပမ်ား၊ သုတ စာေပ၊ ရသစာေပႏွင့္ ဂ်ာနယ္ မ်ားလွဴႏိုင္သူက လွဴခြင့္ ၾကံဳလွ်င္လွဴၾကလိမ့္မည္။ ဖတ္သူမွတ္သူကလည္း လက္လွမ္းမီလွ်င္ ဖတ္႐ႈလိမ့္မည္။ အမွားမ်ားေသာ၊ အလြဲမ်ားေသာ၊ လက္ရဲဇက္ရဲမ်ားေသာ ယခုအခ်ိန္ တြင္ စာအုပ္စာေပဖတ္ျခင္းျဖင့္အာ႐ံုကိုေျပာင္းလဲႏိုင္ လွ်င္ အက်ဳိးရွိႏိုင္မည္။ ဆင္ျခင္တံုတရားရွိ၍ လြဲမွားမႈ မ်ားေလ်ာ့လာမွာ ေသခ်ာသည္။
တစ္ေန႔လွ်င္ ထမင္းႏွစ္ခါစားၾကသကဲ့သုိ႔ စာအုပ္ စာေပ ကုိ တစ္ေန႔ႏွစ္ႀကိမ္ေတာ့ဖတ္ပါ။ ရသမွ်စာေပ အသိယူပါ။ မိမိမွတ္Óဏ္ထဲဆယ့္ငါးမိနစ္ပဲ ေရာက္ ေရာက္ အက်ဳိးရွိမည္သာ။ လူေတာ္မ်ားကို လူေကာင္း ျဖစ္လာရန္စာဖတ္ေစျခင္းသည္ လူႀကီးသူမမ်ား ၏တာဝန္ျဖစ္သည္။ ရပ္ကြက္တိုင္းတြင္ စာဖတ္ခြင့္ၾကံဳ လွ်င္ဖတ္ႏုိင္ရန္ စာအုပ္စင္မ်ား(သို႔မဟုတ္) စာအုပ္ လွည္းမ်ားစီစဥ္ေပးၾကရန္ တိုက္တြန္းခ်င္သည္။
ကြၽန္မ ပတ္ဝန္းက်င္ရွိလူငယ္မ်ားစြာကို စာေကာင္း ေလးမ်ားဖတ္ရန္ ကြၽန္မတိုက္တြန္းသည္။ ေရွ႕က ဆရာႀကီး၊ ဆရာမႀကီးမ်ားေရးသားထားေသာစာအုပ္ ကိုငွားရမ္းေပးသည္။ တစ္ႏိုင္တစ္ပိုင္ အခမဲ့စာၾကည့္ အိမ္ေလးကိုအစပ်ဳိး၍ လူငယ္မ်ားစာဖတ္ႏိုင္ရန္ စီစဥ္ ေပးသူမ်ားကို ဂ်ာနယ္ မ်ားတြင္ဖတ္ရသည္။ ဝမ္းသာ အားရျဖစ္မိပါသည္။ သင့္အနီးအနားမွ လူေတာ္မ်ားကို လူေကာင္းျဖစ္ေအာင္စြမ္းေဆာင္လိုလွ်င္ စာဖတ္ရန္ တိုက္တြန္းပါဟု အၾကံေပးလိုက္ပါသည္။

Credit : The Union Daily
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ခေတ်စနစ်များပြောင်းလာတိုင်း နိုင်ငံ တစ်နိုင်ငံရှိ နိုင်ငံသား များ၏ အတွေး အခေါ် အယူအဆများလည်း ပြောင်းလဲ တတ်သည်။
လူတော်များကို ပို၍လိုလားသည်၊ နေရာပေးသည်။ လူငယ် များကလည်းပို ၍ ပို၍တော်ရန် အားထုတ်ကြသည်။ လူ တော်များသော နိုင်ငံဆိုလျှင် တိုးတက် ဖွံ့ဖြိုးမှုမြန်သည်။ ခေတ်မီဆန်းသစ်ခြင်း များ၊ ဖန်တီးတီထွင်ခြင်းများစွာကို ကြိုး ပမ်းနိုင်ကြသည်။ မိဘများကလည်း သားသမီးများကိုပို၍ တော်သော တတ် သောလူတော်အဖြစ် မြင်လိုသည်။ ငွေ ကြေးဖြင့်ဝယ်ယူ၍ ရသမျှအကုန်ဝယ်ယူ ဖြည့်ဆည်းပေးသည်။ ထို့ကြောင့် လူငယ် များစွာတို့’လူတော်’များဖြစ်လာကြသည်။
ထိုလူတော်များသည် တစ်နှစ်ထက် တစ်နှစ် အရေအတွက်ပိုများလာသည်။ အတော်ချင်းပြိုင်သည်အထိ အင်အား ကောင်းလာသည်။ ထိုလူတော်များထဲ တွင် စာပေဗဟုသုတလေ့လာဖတ်ရှုသူ နည်းပါးနေသေးသည်။ လူတော်တစ် ယောက်လူကောင်းဖြစ်ရေး’စာပေလေ့ လာရန်’၊’စာဖတ်ရန်’လိုအပ်သေးသည်။ စာပေဖတ်ရှုလေ့လာသူမှသာ လောက အကြောင်း၊ ဓမ္မအကြောင်းသိနိုင်မည်။
”စာဖတ်ခြင်းသည် ဦးနှောက် တစ် ခုလုံးကို လေ့ကျင့်ခန်းပြုလုပ်ခြင်းပင်ဖြစ် သည်”ဟု ဂျွန်စတိန်း၏အဆိုအမိန့်ကို မှတ်သားဖူးသည်။ မြန်မာနိုင်ငံ မှ မိဘ အတော်များများပင် ကိုယ်တိုင်ကစာအုပ် စာပေလေ့လာမှုနည်းသည်။ ထိုသော အခါ သားသမီးများအတွက် စာအုပ်စာ ပေဖတ်ရှုရန် အားပေးမှုနည်းကြသည်။ ”ကြီးလာရင် သူတို့ဘာသာ လိမ္မာလာ ကြမှာပေါ့”ဟု လွယ်လွယ်တွေးကြ သည်။ အရွယ်ရောက်ကြီးပြင်းလာလျှင် လိမ္မာကြမည့်အရေးသည် ထင်သလောက် မလွယ်ဖြစ်နေသည်။ ထိုအရွယ်မှ ”ဒီလို နေကြ၊ ဒီလိုပြောကြ၊ ဒီလိုပြုမူကြ”ဟု တိုက်တွန်းလျှင် သူတို့မနာခံချင်ကြဖြစ်နေ ကြသည်။။
စာဖတ်ရန်၊ လိမ္မာယဉ်ကျေးရန် ငယ် စဉ်ကစပြီးအလေ့အကျင့်ပြုလုပ်မှရသည်။ ယခင်က စာမတတ်သူပပျောက်ရေးစီမံ ကိန်းဖြင့် ‘အ’သုံးလုံးသင်တန်းများ မြို့ နယ်အနှံ့၊ ကျေးလက်အနှံ့ဖွင့်လှစ်သင် ကြားပေးခဲ့ကြသည်။ ယခုနှစ်ပိုင်းများ တွင် ”စာမဖတ်သူ ပပျောက်ရေး” အတွက် ကြိုးပမ်းကြရပြန်သည်။ ကျေး လက်များတွင်စာကြည့်တိုက်များဖွင့်လှစ် စေခြင်းဖြင့် စာဖတ်ရှိန်မြှင့်ကြရသည်။ နိုင်ငံတော်မှ စာကြည့်တိုက်များဖွင့်လှစ် စေခဲ့သည်။ စာကြည့်တိုက်ဖောင်ဒေးရှင်း မှ စာအုပ်များလှူဒါန်းထောက်ပံ့သည်။ အားတက်စရာဖြစ်သည်။
အသိÓဏ်မြင့်ရန်၊ ဆင်ခြင်တုံတရား ရှိရန် စာအုပ်စာပေဖတ်ရှုကြရေးကို စာ ရေးဆရာများကဟောပြောကြသည်။ စာ တတ်ရန်လိုသည်၊ စာဖတ်ရန်လိုသည်ကို အလင်းပြကြရသည်။ စာတတ်ပုဂ္ဂိုလ် များနှင့် စက်ယန္တရားပစ္စည်းသုံးစွဲတတ် သည့် လူတော်များကို နိုင်ငံတော်က လို အပ်သည်။ ထိုနည်းတူပင်လူကောင်းများ ကိုလည်း နိုင်ငံတော်ကလိုအပ်သည်။ ထို့ကြောင့် စာကြည့်တိုက်နှင့်စာအုပ်စာပေ သည် တစ်နိုင်ငံလုံးအတွက် လိုအပ်နေ ဦးမည်။
ဆရာတက္ကသိုလ်သင်္ခ၏ ဆောင်းပါး တစ်ပုဒ်တွင်ဖတ်ဖူးသည့်အကြောင်းအရာ လေးတစ်ခု မျှဝေချင်သည်။ ”အင်္ဂလန် နိုင်ငံတွင်ရပ်ကွက်၊ ကျေးရွာတစ်ခုတည် ထောင်မည်ဆိုလျှင် မဖြစ်မနေပါရှိရသော အရာမှာ စာကြည့်တိုက်ဖြစ်သည်”ဟု ဖတ်ရသည်။ စာကြည့်တိုက်ရှိသောရွာ များတွင် စာဖတ်သူများတိုးပွားလာမည်။ စာကြည့်တိုက် မရှိသောရွာများတွင် ရွာ သားအများစုပင်စာမဖတ်ဖြစ်ကြ။ အခြား ရွာမှ စာကြည့်တိုက်သို့ သွား၍ စာဖတ်ရန် စိတ်ကူးထဲတွင်ပင် ရှိပုံမရပါ။
တချို့က ဆင်ခြေပေးသည်။ အူမ တောင့်မှ သီလစောင့်နိုင်မည်ဟု။ ”အူမ တောင့်သော်လည်း သီလမစောင့်ပါ”ဟု ပြောရလိမ့်မည်။ ဆိုလိုသည်မှာ စားဝတ် နေရေးပြည့်စုံပြီး ငွေကြေးတတ်နိုင်သော် လည်း စာပေဖတ်ရန် စိတ်မဝင်စားသူ များရှိသည်ဟု ပြောလိုသည်။ ကျွန်မ၏ မွေးရပ်ဌာနေရွာလေးတွင်စာသင်ကျောင်း ရှိသည်။ မူလတန်းကျောင်းဆောင်မှာ ကွန်ကရစ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးနှင့် တစ် ရွာလုံးရှိအိမ်များသည် တိုက်အိမ်ချည်း ဖြစ်သည်။
သူတို့ စီးပွားရေးကောင်းကြသည်။ ကလေးများကိုလည်း ကျောင်းစာသင်စေ သည်။ သို့ရာတွင် မူလတန်းအောင်ပြီး၊ ဖဲကတာရွာရှိ အလယ်တန်းကျောင်းတွင် ကျောင်းသွားတက်သူက ခပ်ရှားရှားပင် ဖြစ်သည်။ အလယ်တန်းကျောင်းတွင် ခြောက်တန်း၊ခုနစ်တန်းအထိသာ ကျောင်း နေကြသည်။ ရှေ့ဆက်ပြီး ဘယ်သူမှ ကျောင်းမတက်ကြတော့ပြီ။ ‘သူတို့ဘာ တွေလုပ်သလဲ’ဟုကျွန်မမေးတော့”ထိုင်း ဘက်အလုပ်သွားလုပ်ကြတယ်”ဟုဖြေ သည်။ ထိုင်းဘက်တွင် ပန်းရန်၊ လက် သမား၊ ဈေးရောင်း၊ ကားမောင်းစသည် ဖြင့် အလုပ်လုပ်ကြသည်။ ရသည့်ပိုက်ဆံ ကို ရွာမှမိဘများထံပို့၊ မြေဝယ်၊ အိမ် ဆောက်၊ လှူဒါန်းစသည်ဖြင့် တစ်ရွာလုံး ငွေကြေးပြည့်စုံကြသည်။
ရွာတွင်လူငယ်၊ လူလတ်မရှိ။ သက် ကြီးရွယ်အိုနှင့် ကလေးများသာရှိသည်။ ရွာမှလူငယ်များ ထိုင်းသွား၍အလုပ်လုပ်၊ အိမ်ထောင်ပြု၊ သားသမီးရတော့ လူကြုံ နှင့်ပို့သူလည်းရှိသည်။ တချို့က ရွာမှာ မီးဖွားပြီး ကလေးကိုမိဘများနှင့်ထားခဲ့ ပြီး၊ ထိုင်းသို့ပြန်သွားသည်။ ရွာတွင်သုံး သောပစ္စည်းများမှာ ထိုင်းမှပစ္စည်းသာ ကြီးစိုးသည်။ ထိုင်းသီချင်း၊ မွန်သီချင်း၊ ထိုင်းဗီဒီယို၊ မွန်ဗီဒီယိုများကို ကြည့်ကြ သည်။ လျှပ်စစ်ပစ္စည်းများ၊ စောင်များ၊ အိမ်သုံးပစ္စည်းများအားလုံး ရှယ်ချည်းသုံး ကြသည်။ သူတို့၏ရွာဦးကျောင်း၊ကျွန်မ၏ ဦးလေးဘုန်းကြီးကျောင်းတွင် လှူဒါန်း နိုင်ကြသည်မှာလည်းသိန်းဂဏန်းအောက် မလျော့ဖြစ်သည်။ ရွာဘုန်းကြီးကျောင်း သည် မြို့ဘုန်းကြီးကျောင်းအချို့ထက် ကောင်းမွန်တင့်တယ်သည်။ပြောလိုသည် မှာ သူတို့ အူမတောင့်ကြသည်ပေါ့။ သို့ရာ တွင်စာဖတ်မည့်သူရှားသည်။ ဆရာတော် သည် အမြင်ကျယ်သူ၊ စာပေသမားဖြစ်၍ မော်လမြိုင်မြို့မှ စာအုပ်ဝယ်လာသည်။ ဂျာနယ်၊ သတင်းစာများကားကြုံနှင့်မှာ၍ ကျောင်း၌ထားပေးသည် ‘စာလာဖတ် ကြ’ဟုဖိတ်မန္တကပြုသည်။ သြ ပါဟုသာ ကြားရသည်။
ရွာမှသက်ကြီးရွယ်အိုများက မျက်စိ မှုန်ကြပြီ။ ထိုင်းမသွားဘဲ ရွာတွင်နေ၍ လယ်ယာ၊ ကိုင်းကျွန်းလုပ်သူ လူလတ် ပိုင်းများကျတော့ မိုးချုပ်မှလုပ်ငန်းသိမ်း သည်။ စာမဖတ်နိုင်တော့ပြီ။ သည်တော့ ရွာတွင် စာကြည့်တိုက်လေးတည်ထောင် ပေးလိုသောဆန္ဒလေး လက်တွန့်သွား တော့သည်။
”စာဖတ်သူသည် စာမဖတ်သူထက် ခေါင်းတစ်လုံးပိုမြင့်သည်”
”စာမဖတ်သူသည် ပြတင်းပေါက် မပါသောအိမ်နှင့်တူသည်”
ထိုထို များလှစွာသော အဆိုအမိန့် များဖြင့် ‘စာမဖတ်သူပပျောက်ရေး’ အတွက် စာပေဟောပြောပွဲများဟောခဲ့ ပြောခဲ့သော ကျွန်မ၊ ကိုယ့်မွေးရပ်မြေ အတွက် စိတ်မကောင်းဖြစ်ရသည်။ ဤသို့ဆိုလျှင် ‘သူတို့လိမ္မာရေးခြားရှိရဲ့ လား’ ‘သူတို့လူငယ်တွေဆိုးသွမ်းနေ လား’ဟု မေးစရာရှိသည်။ ‘လိမ္မာကြပါ သည်၊ ဆိုးသွမ်းတေပေသူမရှိပါ’ဟု ဖြေ ရလိမ့်မည်။ အကြောင်းမှာ တစ်ရွာလုံးပင် ငယ်စဉ်ကလေးဘဝမှစ၍ ဆရာတော် ကျောင်းတွင်စာသင်ကြရခြင်း၊ ဆရာတော် သံဃာတော်များ၏ ဆုံးမသွန်သင်မှုဖြင့် ကြီးပြင်းလာကြရခြင်း ရိုးသား၊ ကြိုးစား ကြခြင်းတို့ကြောင့် ဖြစ်သည်။
မြို့ပြများမှ လူငယ် အတော်များများ သည် သူတို့ဖြတ်သန်းခဲ့ကြသော ခေတ် အနေအထားကြောင့် ကျေးလက်မှလူငယ် များနှင့်မတူ၊ ခေတ်ကြီးက အိုင်တီခေတ် ဖြစ်လာပြီ။ စက်ပစ္စည်းကျွမ်းကျင်မှု လည်းပိုများလာပြီ။ ဘုန်းကြီးကျောင်း မသွားဖြစ်၊ သံဃာတော်များ၏တရားနှင့် လည်းဝေး။ သည်တော့ ရိုင်းပြရန်လည်း လွယ်ကူသည်။ ဆိုးသွမ်းရန်လည်း မကြောက်တော့ပြီ။ ဆင်ခြေကျတော့ များ နေသေးသည်။
‘ၤခေနဘသသု ထဲမှာ အကုန်ရှာဖတ်လို့ ရတယ်။ စာကြည့်တိုက်မလိုဘူး၊ သယ် ရခက်တဲ့စာအုပ်တွေမလိုဘူး’ဟု ပြောကြ သေးသည်။ ပြောသာပြောသည် ဖေ့စ် ဘုတ်ထဲမှ တရားကိုနားထောင်သူ နည်း မည်။ ဆင်ခြင်တုံတရားကို တည့်မတ် ပေးမည့် စာပေများရှာဖတ်သူနည်းမည်။ အသိÓဏ်ကို ဦးစားပေးမည့် စာများဖတ် သူနည်းဦးမယ်။ မြင်အပ်၊ မမြင်အပ်၊ ဗီဒီယိုဇာတ်လမ်းများ၊ လိင်ပိုင်းဆိုင်ရာ စာများကို ရှာဖွေဖတ်ရှုသူများမည်။ ထို့ ကြောင့်ထိုထိုတော်သော၊ တတ်သောလူ ငယ်များသည် လူတော်ဖြစ်နေငြား၊ လူ ကောင်းဖြစ်ရန် အလှမ်းဝေးတော့သည်။
ကျွန်မပြောချင်သည်မှာ…
ပုံနှိပ်စာလုံးဖြင့်ထုတ်ဝေထားသော စာအုပ်စာပေများကို ဖတ်ရှုကြရန်ဖြစ် သည်။ မြန်မာနိုင်ငံမှ လူငယ်များသည် လူတော်များဖြစ်နေကြပြီ။
ပညာတော်သော၊ ငွေရှာတော်သော၊ စက်ပစ္စည်း ယန္တရားများအသုံးပြုရာတွင်တော်သော လူတော်များ စွာ ပေါ်ထွန်းနေပြီ။
၂ဝဝ၄ ခုနှစ်မှစ၍ ကျေးရွာစာကြည့်တိုက်များ၊ ကိုယ့်အားကိုယ့်ကိုး စာကြည့်တိုက်များတည်ထောင်မှု စတင်ခဲ့သည်။ စာကြည့်တိုက်များကို ကျေးရွာများတွင် သာမကမြို့ပြများမှ ရပ်ကွက်တစ်ခုချင်းစီတွင် စာ ကြည့်တိုက်ရှိစေသင့်သည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် ဌာနဆိုင်ရာများကိုညွှန်ကြားစေသင့်သည်။ ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးများတွင် စာအုပ် စာပေရှိသော်လည်း စာဖတ်ပရိသတ်မရှိ၊ ဝင်ထွက် သွားလာသူမရှိ၊ ‘အစိုးရရုံး’ဆိုသောအဟန့်ကြောင့် မသွားရဲကြခြင်းလည်းဖြစ်သည်။’ရပ်ကွက်စာကြည့် တိုက်’ဖြစ်စေ၊ ‘စာပေရေချမ်းစင်’ဖြစ်စေ၊ လက်ဖက်ရည်ဆိုင် ်နှင့်နီးသောနေရာများတွင်ထားပေးလျှင် လက်ဖက်ရည်ဆိုင် ထိုင်စဉ်စာတစ်ပုဒ်တော့ဖတ်ဖြစ်ကြလိမ့်မည်။
ဘာသာသာသနာနှင့်ဆိုင်သောစာပေများ၊ သုတ စာပေ၊ ရသစာပေနှင့် ဂျာနယ် များလှူနိုင်သူက လှူခွင့် ကြုံလျှင်လှူကြလိမ့်မည်။ ဖတ်သူမှတ်သူကလည်း လက်လှမ်းမီလျှင် ဖတ်ရှုလိမ့်မည်။ အမှားများသော၊ အလွဲများသော၊ လက်ရဲဇက်ရဲများသော ယခုအချိန် တွင် စာအုပ်စာပေဖတ်ခြင်းဖြင့်အာရုံကိုပြောင်းလဲနိုင် လျှင် အကျိုးရှိနိုင်မည်။ ဆင်ခြင်တုံတရားရှိ၍ လွဲမှားမှု များလျော့လာမှာ သေချာသည်။
တစ်နေ့လျှင် ထမင်းနှစ်ခါစားကြသကဲ့သို့ စာအုပ် စာပေ ကို တစ်နေ့နှစ်ကြိမ်တော့ဖတ်ပါ။ ရသမျှစာပေ အသိယူပါ။ မိမိမှတ်Óဏ်ထဲဆယ့်ငါးမိနစ်ပဲ ရောက် ရောက် အကျိုးရှိမည်သာ။ လူတော်များကို လူကောင်း ဖြစ်လာရန်စာဖတ်စေခြင်းသည် လူကြီးသူမများ ၏တာဝန်ဖြစ်သည်။ ရပ်ကွက်တိုင်းတွင် စာဖတ်ခွင့်ကြုံ လျှင်ဖတ်နိုင်ရန် စာအုပ်စင်များ(သို့မဟုတ်) စာအုပ် လှည်းများစီစဉ်ပေးကြရန် တိုက်တွန်းချင်သည်။
ကျွန်မ ပတ်ဝန်းကျင်ရှိလူငယ်များစွာကို စာကောင်း လေးများဖတ်ရန် ကျွန်မတိုက်တွန်းသည်။ ရှေ့က ဆရာကြီး၊ ဆရာမကြီးများရေးသားထားသောစာအုပ် ကိုငှားရမ်းပေးသည်။ တစ်နိုင်တစ်ပိုင် အခမဲ့စာကြည့် အိမ်လေးကိုအစပျိုး၍ လူငယ်များစာဖတ်နိုင်ရန် စီစဉ် ပေးသူများကို ဂျာနယ် များတွင်ဖတ်ရသည်။ ဝမ်းသာ အားရဖြစ်မိပါသည်။ သင့်အနီးအနားမှ လူတော်များကို လူကောင်းဖြစ်အောင်စွမ်းဆောင်လိုလျှင် စာဖတ်ရန် တိုက်တွန်းပါဟု အကြံပေးလိုက်ပါသည်။

Credit : The Union Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top