iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေန႔တာကို စတင္ဖို႔ အဆိုးရြားဆံုးကိစၥေတြထဲမွာ အိပ္ရာက ထလိုက္တာနဲ႔ ေခါင္းမၾကည္မလင္ျဖစ္ၿပီး ေခါင္းကိုက္ေနတာကလည္း တစ္ခုပါပဲ။ မနက္ခင္းအိပ္ရာထခ်ိန္မွာ ေခါင္းကိုက္တာ တကယ္ကိုဆိုးရြားၿပီး စိတ္ပ်က္စရာ၊ စိတ္႐ႈပ္စရာတစ္ခု ျဖစ္ပါတယ္။ အခုမွ အိပ္ရာကႏိုးလာတာဆိုေပမယ့္ ဘာျဖစ္လို႔ ေခါင္းကိုက္ေနရတာပါလဲ။ ဒီလိုျဖစ္ရတဲ့အေၾကာင္းရင္းေတြ အမ်ားႀကီးရွိပါတယ္။ ဒီထဲကမွ အျဖစ္မ်ားတဲ့ အေၾကာင္းရင္း (၈)ခုကို သိရွိေရွာင္ၾကင္ႏိုင္ဖို႔ ေ၀မွ်လိုက္ပါတယ္။

၁။ အိပ္ေရး မ၀လို႔
လူတစ္ေယာက္ရဲ႕ခႏၶာကိုယ္က ပံုမွန္အားျဖင့္ တစ္ေန႔ကို ရွစ္နာရီခန္႔ အိပ္ဖို႔ လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ အိပ္ခ်ိန္နည္းၿပီး အိပ္ေရးမ၀တဲ့အခါမွာ ခႏၶာကိုယ္က တစ္ခုခုမွားယြင္းေနၿပီလို႔ သတ္မွတ္လိုက္တာေၾကာင့္ ျဖစ္ပါတယ္။ အိပ္ေရးမ၀တဲ့အခါမွာ ခႏၶာကိုယ္က ႏွလံုးခုန္ႏႈန္း၊ ေသြးဖိအားနဲ႔ စိတ္ဖိစီးမႈကို ျမင့္တက္ေစတဲ့ ေဟာ္မုန္းေတြ ထုတ္ေပးတာေၾကာင့္ ေခါင္းကိုက္လာတတ္ပါတယ္။ ဒီလိုမ်ိဳးၾကံဳေတြ႕ခံစားရတယ္ဆိုရင္ အကိုက္အခဲေပ်ာက္ေဆးေတြ ေသာက္သံုးလို႔ရပါတယ္။ ဒါမွမရေသးဘူးဆိုရင္ မိနစ္ႏွစ္ဆယ္၊ နာရီ၀က္ေလာက္ ျပန္အိပ္လိုက္ရင္လည္း ပံုမွန္ျပန္ျဖစ္သြားႏိုင္ပါတယ္။

၂။ လိုတာထက္ ပိုအိပ္မိလို႔
အိပ္ေရးမ၀တာေၾကာင့္ မနက္ခင္းမွာေခါင္းကိုက္ေစႏိုင္တဲ့အတြက္ မ်ားမ်ားအိပ္လိုက္ရင္ ဒီလိုမျဖစ္ေတာ့ဘူးလို႔ မထင္ပါနဲ႔။ အိပ္စက္ခ်ိန္ (၉)နာရီထက္ ပိုၿပီးအိပ္မယ္ဆိုရင္ ဦးေႏွာက္အတြင္းမွာ စီရိုတိုနင္ေဟာ္မုန္းပမာဏ က်ဆင္းသြားၿပီး ဦးေႏွာက္ထဲကို ေသြးေရာက္ရွိမႈနည္းသြားတာေၾကာင့္ ေခါင္းေနာက္တာ ေခါင္းကိုက္တာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒီျပႆနာမ်ိဳးက ႐ုံးပိတ္ရက္ေတြမွာ ျဖစ္တတ္ပါတယ္။ အလုပ္လုပ္စရာမလိုတဲ့အတြက္ ပံုမွန္ထက္ပိုအိပ္မိတာေၾကာင့္ ေခါင္းမၾကည္တာကို ခံစားရမွာျဖစ္ပါတယ္။ ဒီအတြက္ အေကာင္းဆံုးနည္းလမ္းကေတာ့ အိပ္ခ်ိန္ကို ပံုမွန္သတ္မွတ္ထားျခင္းပဲ ျဖစ္ပါတယ္။

၃။ အန္ဒိုဖင္းေဟာ္မုန္း မလံုေလာက္လို႔
မနက္ခင္းအေစာပိုင္းေတြမွာဆိုရင္ သင့္ရဲ႕ခႏၶာကိုယ္က ခံစားမႈေကာင္းမြန္ေစတဲ့ အန္ဒိုဖင္းေဟာ္မုန္းကို လုံလံုေလာက္ေလာက္ မထုတ္ႏိုင္တာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။ ဒီလိုျဖစ္ခဲ့ရင္ ေခါင္းမၾကည္တာ၊ ေခါင္းကိုက္တာမ်ိဳးျဖစ္တတ္ၿပီး တစ္ခ်ိဳ႕လူေတြမွာ ေခါင္းတစ္ျခမ္းကိုက္တာမ်ိဳးအထိ ျဖစ္ႏိုင္ပါတယ္။ အန္ဒိုဖင္းေဟာ္မုန္းမလုံေလာက္တာက ဦးေႏွာက္အတြင္း ေသြးေရာက္ရွိမႈကို နည္းပါးေစတာေၾကာင့္ ေခါင္းကိုက္ေ၀ဒနာကို ခံစားရေစတာျဖစ္ပါတယ္။ ဒီလိုျဖစ္ခဲ့ရင္ ေ၀ဒနာသက္သာေစမယ့္ နည္းလမ္းကေတာ့ မနက္ခင္းကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းေတြ လုပ္တာပဲျဖစ္ပါတယ္။ ေလ့က်င့္ခန္းလုပ္ျခင္းက ခႏၶာကိုယ္က အန္ဒိုဖင္းေဟာ္မုန္းေတြကို ထြက္ေစတာေၾကာင့္ ေ၀ဒနာသက္သာလာမွာျဖစ္ပါတယ္။

၄။ အေသာက္အစား မ်ားသြားလို႔
ပံုမွန္ထက္ပိုတဲ့ အယ္ကိုေဟာပမာဏကို ေသာက္သံုးမိမယ္ဆိုရင္လည္း ေနာက္ေန႔မနက္မွာ အရက္နာက်ၿပီး ေခါင္းကိုက္တာမ်ိဳး ျဖစ္တတ္ပါတယ္။ အရက္ေသာက္သံုးတာမ်ားသြားမယ္ဆိုရင္ ခႏၶာကိုယ္အတြင္း ေရဓာတ္ေလ်ာ့နည္းသြားၿပီး ဦးေႏွာက္ကို ေသြးေရာက္ရွိမႈပမာဏ က်ဆင္းသြားတတ္ပါတယ္။ ဒါ့ေၾကာင့္ အရက္မ်ားမ်ားေသာက္ရင္ အိပ္လို႔ေကာင္းတယ္ဆိုေပမယ့္ ေနာက္တစ္ေန႔မနက္မွာေတာ့ ေခါင္းကိုက္တာကို ခံစားရမွာျဖစ္ပါတယ္။ ဒီလိုကိစၥအတြက္ အေကာင္းဆံုးနည္းလမ္းကေတာ့ ခႏၶာကိုယ္ကို ေရဓာတ္ျပန္ျဖည့္ေပးတာပဲ ျဖစ္ပါတယ္။ ေရ ဒါမွမဟုတ္ ဓာတ္ဆားရည္ေတြ ေသာက္ေပးဖို႔ လိုပါတယ္။ ဗီတာမင္ စီ ေဆးျပားေတြ၊ အမႈန္႔ေတြကို ေရေဖ်ာ္ေသာက္သံုးမယ္ဆိုရင္လည္း အသည္းထဲက အယ္ကိုေဟာဓာတ္ေတြကို အျမန္ဆံုးဖယ္ရွားေပးႏိုင္တာေၾကာင့္ ျမန္ျမန္သက္သာလာေစႏိုင္ပါတယ္။

၅။ အိပ္ရင္ ေဟာက္တတ္လို႔
အိပ္ရင္ အရမ္းေဟာက္တတ္သူေတြမွာ အိပ္ေပ်ာ္ေနခ်ိန္ အသက္ရႈရပ္တဲ့ ေရာဂါရွိေနႏိုင္ပါတယ္။ ဒီလို ေရာဂါရွိသူေတြအေနနဲ႔ အိပ္ေနတုန္းမွာ အသက္႐ႈမၾကာခဏရပ္တတ္တဲ့အတြက္ ဦးေႏွာက္ထဲကို ေအာက္စီဂ်င္ရရွိမႈ နည္းသြားတတ္ပါတယ္။ ဦးေႏွာက္အတြင္း ေအာက္စီဂ်င္ေရာက္ရွိမႈ နည္းသြားတဲ့အခါမွာ ဦးေနာက္ေသြးေၾကာေတြ က်ယ္လာၿပီး ေသြးစီးဆင္းမႈမ်ားလာတဲ့အတြက္ ေခါင္းကိုက္ေ၀ဒနာကို ခံစားရတာျဖစ္ပါတယ္။ ဒီကိစၥအတြက္ဆိုရင္ေတာ့ ဆရာ၀န္နဲ႔ ေဆြးေႏြးတိုင္ပင္ၿပီး ကုသမႈခံယူသင့္ပါတယ္။

၆။ ညေနပိုင္းမွာ ေကာ္ဖီေသာက္မိလို႔
ေကာ္ဖီမွာ ပါ၀င္တဲ့ ကဖိန္းဓာတ္ဟာ အာ႐ုံေၾကာစနစ္ကို ႏိုးၾကားတက္ၾကြေအာင္ လႈံ႕ေဆာ္ေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင့္အေနနဲ႔ ေကာ္ဖီပံုမွန္ေသာက္ေလ့ရွိၿပီး အခ်ိန္မွန္မေသာက္မိတဲ့အခါမွာ၊ ဒါမွမဟုတ္ အိပ္ခ်ိန္နဲ႔ နီးကပ္ၿပီးေသာက္မိတဲ့အခါမ်ိဳးမွာ မနက္ႏိုးလာရင္ ေခါင္းမၾကည္တာမ်ိဳး ေခါင္းကိုက္တာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒီကိစၥအတြက္ အေကာင္းဆံုးေျဖရွင္းနည္းကေတာ့ ေကာ္ဖီတစ္ခြက္ေလာက္ ေသာက္လိုက္တာပါပဲ။

၇။ စိတ္ဓာတ္က်ေနလို႔
စိတ္က်ေ၀ဒနာနဲ႔ ဆက္ႏြယ္တဲ့ ေခါင္းကိုက္မႈေတြကလည္း ျဖစ္တတ္ပါတယ္။ စိတ္ဓာတ္က်ဆင္းေနတဲ့ အခါမ်ိဳးမွာ ခႏၶာကိုယ္ စီ႐ိုတိုနင္ေဟာ္မုန္း ထုတ္လုပ္မႈနည္းတာေၾကာင့္ ျဖစ္ပါတယ္။ ဒီေလာက္နဲ႔ မၿပီးေသးပါဘူး။ စိတ္ဓာတ္က်ဆင္းေနတဲ့အခါမွာ ပံုမွန္အတိုင္းမအိပ္စက္ႏိုင္ပဲ အိပ္မေပ်ာ္တာ၊ လိုတာထက္ပိုအိပ္မိတာေတြကလည္း ေခါင္းကိုက္ေ၀ဒနာကို ျဖစ္ေစႏိုင္ပါတယ္။

၈။ ေသြးေပါင္တက္ေနလို႔
ေသြးေပါင္ခ်ိန္တက္ေနတဲ့အခါမွာလည္း ဦးေခါင္းပိုင္းမွာ ေသြးဖိအားပိုမိုသက္ေရာက္လာတာေၾကာင့္ ေခါင္းအံုေခါင္းကိုက္တာမ်ိဳး ျဖစ္တတ္ပါတယ္။ ေခါင္းမၾကာခဏကိုက္ေလ့ရွိတယ္ဆိုရင္ ဆရာ၀န္ျပၾကည့္တာ အေကာင္းဆံုးျဖစ္ပါလိမ့္မယ္။ ေသြးေပါင္ခ်ိန္တက္လို႔ ေခါင္းကိုက္တာမ်ိဳးျဖစ္ခဲ့မယ္ဆိုရင္ေတာ့ အစားအေသာက္၊ အေနအထိုင္ဆင္ျခင္ၿပီး ေသြးေပါင္ခ်ိန္ကို ထိန္းညွိျခင္းအားျဖင့္ အဆင္ေျပႏိုင္ပါတယ္။

မနက္ခင္းမွာ ေခါင္းကိုက္တာက အဆင္ေျပသက္သာေအာင္ အလြယ္တကူလုပ္ေဆာင္ႏိုင္ပါတယ္။ ဒါေပမယ့္လဲ ေခါင္းကိုက္ျခင္းရဲ႕ေနာက္ကြယ္မွာ အျခားႀကီးမားတဲ့ျပႆနာေတြ ရွိေနႏိုင္တာေၾကာင့္ မနက္ပိုင္းပဲျဖစ္ျဖစ္၊ ဘယ္အခ်ိန္မွာပဲျဖစ္ျဖစ္ တစ္ပိတ္ကို ႏွစ္ႀကိမ္ထက္ပိုၿပီး သံုးလကေန ေျခာက္လေလာက္အထိ မၾကာခဏေခါင္းကိုက္ေနမယ္ဆိုရင္ သက္ဆိုင္ရာဆရာ၀န္နဲ႔ ျပသၿပီး စစ္ေဆးကုသမႈ ခံယူဖို႔ အၾကံျပဳလိုက္ပါတယ္။

Credit:Gentleman Magazine

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
တစ်နေ့တာကို စတင်ဖို့ အဆိုးရွားဆုံးကိစ္စတွေထဲမှာ အိပ်ရာက ထလိုက်တာနဲ့ ခေါင်းမကြည်မလင်ဖြစ်ပြီး ခေါင်းကိုက်နေတာကလည်း တစ်ခုပါပဲ။ မနက်ခင်းအိပ်ရာထချိန်မှာ ခေါင်းကိုက်တာ တကယ်ကိုဆိုးရွားပြီး စိတ်ပျက်စရာ၊ စိတ်ရှုပ်စရာတစ်ခု ဖြစ်ပါတယ်။ အခုမှ အိပ်ရာကနိုးလာတာဆိုပေမယ့် ဘာဖြစ်လို့ ခေါင်းကိုက်နေရတာပါလဲ။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဒီထဲကမှ အဖြစ်များတဲ့ အကြောင်းရင်း (၈)ခုကို သိရှိရှောင်ကြင်နိုင်ဖို့ ဝေမျှလိုက်ပါတယ်။

၁။ အိပ်ရေး မဝလို့
လူတစ်ယောက်ရဲ့ခန္ဓာကိုယ်က ပုံမှန်အားဖြင့် တစ်နေ့ကို ရှစ်နာရီခန့် အိပ်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် အိပ်ချိန်နည်းပြီး အိပ်ရေးမဝတဲ့အခါမှာ ခန္ဓာကိုယ်က တစ်ခုခုမှားယွင်းနေပြီလို့ သတ်မှတ်လိုက်တာကြောင့် ဖြစ်ပါတယ်။ အိပ်ရေးမဝတဲ့အခါမှာ ခန္ဓာကိုယ်က နှလုံးခုန်နှုန်း၊ သွေးဖိအားနဲ့ စိတ်ဖိစီးမှုကို မြင့်တက်စေတဲ့ ဟော်မုန်းတွေ ထုတ်ပေးတာကြောင့် ခေါင်းကိုက်လာတတ်ပါတယ်။ ဒီလိုမျိုးကြုံတွေ့ခံစားရတယ်ဆိုရင် အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးလို့ရပါတယ်။ ဒါမှမရသေးဘူးဆိုရင် မိနစ်နှစ်ဆယ်၊ နာရီဝက်လောက် ပြန်အိပ်လိုက်ရင်လည်း ပုံမှန်ပြန်ဖြစ်သွားနိုင်ပါတယ်။

၂။ လိုတာထက် ပိုအိပ်မိလို့
အိပ်ရေးမဝတာကြောင့် မနက်ခင်းမှာခေါင်းကိုက်စေနိုင်တဲ့အတွက် များများအိပ်လိုက်ရင် ဒီလိုမဖြစ်တော့ဘူးလို့ မထင်ပါနဲ့။ အိပ်စက်ချိန် (၉)နာရီထက် ပိုပြီးအိပ်မယ်ဆိုရင် ဦးနှောက်အတွင်းမှာ စီရိုတိုနင်ဟော်မုန်းပမာဏ ကျဆင်းသွားပြီး ဦးနှောက်ထဲကို သွေးရောက်ရှိမှုနည်းသွားတာကြောင့် ခေါင်းနောက်တာ ခေါင်းကိုက်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီပြဿနာမျိုးက ရုံးပိတ်ရက်တွေမှာ ဖြစ်တတ်ပါတယ်။ အလုပ်လုပ်စရာမလိုတဲ့အတွက် ပုံမှန်ထက်ပိုအိပ်မိတာကြောင့် ခေါင်းမကြည်တာကို ခံစားရမှာဖြစ်ပါတယ်။ ဒီအတွက် အကောင်းဆုံးနည်းလမ်းကတော့ အိပ်ချိန်ကို ပုံမှန်သတ်မှတ်ထားခြင်းပဲ ဖြစ်ပါတယ်။

၃။ အန်ဒိုဖင်းဟော်မုန်း မလုံလောက်လို့
မနက်ခင်းအစောပိုင်းတွေမှာဆိုရင် သင့်ရဲ့ခန္ဓာကိုယ်က ခံစားမှုကောင်းမွန်စေတဲ့ အန်ဒိုဖင်းဟော်မုန်းကို လုံလုံလောက်လောက် မထုတ်နိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ခဲ့ရင် ခေါင်းမကြည်တာ၊ ခေါင်းကိုက်တာမျိုးဖြစ်တတ်ပြီး တစ်ချို့လူတွေမှာ ခေါင်းတစ်ခြမ်းကိုက်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။ အန်ဒိုဖင်းဟော်မုန်းမလုံလောက်တာက ဦးနှောက်အတွင်း သွေးရောက်ရှိမှုကို နည်းပါးစေတာကြောင့် ခေါင်းကိုက်ဝေဒနာကို ခံစားရစေတာဖြစ်ပါတယ်။ ဒီလိုဖြစ်ခဲ့ရင် ဝေဒနာသက်သာစေမယ့် နည်းလမ်းကတော့ မနက်ခင်းကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်တာပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်က အန်ဒိုဖင်းဟော်မုန်းတွေကို ထွက်စေတာကြောင့် ဝေဒနာသက်သာလာမှာဖြစ်ပါတယ်။

၄။ အသောက်အစား များသွားလို့
ပုံမှန်ထက်ပိုတဲ့ အယ်ကိုဟောပမာဏကို သောက်သုံးမိမယ်ဆိုရင်လည်း နောက်နေ့မနက်မှာ အရက်နာကျပြီး ခေါင်းကိုက်တာမျိုး ဖြစ်တတ်ပါတယ်။ အရက်သောက်သုံးတာများသွားမယ်ဆိုရင် ခန္ဓာကိုယ်အတွင်း ရေဓာတ်လျော့နည်းသွားပြီး ဦးနှောက်ကို သွေးရောက်ရှိမှုပမာဏ ကျဆင်းသွားတတ်ပါတယ်။ ဒါ့ကြောင့် အရက်များများသောက်ရင် အိပ်လို့ကောင်းတယ်ဆိုပေမယ့် နောက်တစ်နေ့မနက်မှာတော့ ခေါင်းကိုက်တာကို ခံစားရမှာဖြစ်ပါတယ်။ ဒီလိုကိစ္စအတွက် အကောင်းဆုံးနည်းလမ်းကတော့ ခန္ဓာကိုယ်ကို ရေဓာတ်ပြန်ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ရေ ဒါမှမဟုတ် ဓာတ်ဆားရည်တွေ သောက်ပေးဖို့ လိုပါတယ်။ ဗီတာမင် စီ ဆေးပြားတွေ၊ အမှုန့်တွေကို ရေဖျော်သောက်သုံးမယ်ဆိုရင်လည်း အသည်းထဲက အယ်ကိုဟောဓာတ်တွေကို အမြန်ဆုံးဖယ်ရှားပေးနိုင်တာကြောင့် မြန်မြန်သက်သာလာစေနိုင်ပါတယ်။

၅။ အိပ်ရင် ဟောက်တတ်လို့
အိပ်ရင် အရမ်းဟောက်တတ်သူတွေမှာ အိပ်ပျော်နေချိန် အသက်ရှုရပ်တဲ့ ရောဂါရှိနေနိုင်ပါတယ်။ ဒီလို ရောဂါရှိသူတွေအနေနဲ့ အိပ်နေတုန်းမှာ အသက်ရှုမကြာခဏရပ်တတ်တဲ့အတွက် ဦးနှောက်ထဲကို အောက်စီဂျင်ရရှိမှု နည်းသွားတတ်ပါတယ်။ ဦးနှောက်အတွင်း အောက်စီဂျင်ရောက်ရှိမှု နည်းသွားတဲ့အခါမှာ ဦးနောက်သွေးကြောတွေ ကျယ်လာပြီး သွေးစီးဆင်းမှုများလာတဲ့အတွက် ခေါင်းကိုက်ဝေဒနာကို ခံစားရတာဖြစ်ပါတယ်။ ဒီကိစ္စအတွက်ဆိုရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး ကုသမှုခံယူသင့်ပါတယ်။

၆။ ညနေပိုင်းမှာ ကော်ဖီသောက်မိလို့
ကော်ဖီမှာ ပါဝင်တဲ့ ကဖိန်းဓာတ်ဟာ အာရုံကြောစနစ်ကို နိုးကြားတက်ကြွအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ကော်ဖီပုံမှန်သောက်လေ့ရှိပြီး အချိန်မှန်မသောက်မိတဲ့အခါမှာ၊ ဒါမှမဟုတ် အိပ်ချိန်နဲ့ နီးကပ်ပြီးသောက်မိတဲ့အခါမျိုးမှာ မနက်နိုးလာရင် ခေါင်းမကြည်တာမျိုး ခေါင်းကိုက်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီကိစ္စအတွက် အကောင်းဆုံးဖြေရှင်းနည်းကတော့ ကော်ဖီတစ်ခွက်လောက် သောက်လိုက်တာပါပဲ။

၇။ စိတ်ဓာတ်ကျနေလို့
စိတ်ကျဝေဒနာနဲ့ ဆက်နွယ်တဲ့ ခေါင်းကိုက်မှုတွေကလည်း ဖြစ်တတ်ပါတယ်။ စိတ်ဓာတ်ကျဆင်းနေတဲ့ အခါမျိုးမှာ ခန္ဓာကိုယ် စီရိုတိုနင်ဟော်မုန်း ထုတ်လုပ်မှုနည်းတာကြောင့် ဖြစ်ပါတယ်။ ဒီလောက်နဲ့ မပြီးသေးပါဘူး။ စိတ်ဓာတ်ကျဆင်းနေတဲ့အခါမှာ ပုံမှန်အတိုင်းမအိပ်စက်နိုင်ပဲ အိပ်မပျော်တာ၊ လိုတာထက်ပိုအိပ်မိတာတွေကလည်း ခေါင်းကိုက်ဝေဒနာကို ဖြစ်စေနိုင်ပါတယ်။

၈။ သွေးပေါင်တက်နေလို့
သွေးပေါင်ချိန်တက်နေတဲ့အခါမှာလည်း ဦးခေါင်းပိုင်းမှာ သွေးဖိအားပိုမိုသက်ရောက်လာတာကြောင့် ခေါင်းအုံခေါင်းကိုက်တာမျိုး ဖြစ်တတ်ပါတယ်။ ခေါင်းမကြာခဏကိုက်လေ့ရှိတယ်ဆိုရင် ဆရာဝန်ပြကြည့်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ သွေးပေါင်ချိန်တက်လို့ ခေါင်းကိုက်တာမျိုးဖြစ်ခဲ့မယ်ဆိုရင်တော့ အစားအသောက်၊ အနေအထိုင်ဆင်ခြင်ပြီး သွေးပေါင်ချိန်ကို ထိန်းညှိခြင်းအားဖြင့် အဆင်ပြေနိုင်ပါတယ်။

မနက်ခင်းမှာ ခေါင်းကိုက်တာက အဆင်ပြေသက်သာအောင် အလွယ်တကူလုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့်လဲ ခေါင်းကိုက်ခြင်းရဲ့နောက်ကွယ်မှာ အခြားကြီးမားတဲ့ပြဿနာတွေ ရှိနေနိုင်တာကြောင့် မနက်ပိုင်းပဲဖြစ်ဖြစ်၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် တစ်ပိတ်ကို နှစ်ကြိမ်ထက်ပိုပြီး သုံးလကနေ ခြောက်လလောက်အထိ မကြာခဏခေါင်းကိုက်နေမယ်ဆိုရင် သက်ဆိုင်ရာဆရာဝန်နဲ့ ပြသပြီး စစ်ဆေးကုသမှု ခံယူဖို့ အကြံပြုလိုက်ပါတယ်။

Credit:Gentleman Magazine

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top